image from yenta4.com
အချစ် ဆိုတာကိုယ့်အတွက်တော့ အမေ့ခံနှလုံးသားနဲ့ တည်ဆောက်ထားတဲ့ ဖော့ဖယောင်းအိမ်ကလေးတစ်လုံးပါ ။ အဲ့ဒီအိမ်လေးမှာ မသေချာခြင်းတွေရှိတယ် ချစ်သူနှစ်ဦးအတွက် ဘယ်တော့မှ မဆုံမယ့် လမ်းပြိုင်နှစ်ကြောင်းနဲ့ အတ္တမာနတွေရှိတယ် ။ ကိုယ့်အတွက်ကတော့ ချစ်သူကိုချစ်နေရခြင်းဆိုတဲ့ အတ္တနဲ့ မရှိသင့်တဲ့ မရှိမာနတွေရှိတယ် ။ ဖော့ဖယောင်းအိမ်လေးမှာ ချစ်သူအတွက် ပျော်ရွှင်ခြင်းတွေ အမှတ်တရတွေကို သိမ်းဆည်းထားတဲ့ နှုတ်ခမ်းပဲ့ စုဗူးတစ်လုံးရှိတယ် ။ တကယ်တော့ ချစ်သူကို ချစ်ခဲ့ရခြင်းဟာလည်း အိပ်မက်ထဲ ထီပေါက်ရသလိုပါပဲ မိုးလည်းလင်းကော ခြေခြေမြစ်မြစ် ဘာမှမရှိတော့ဘူး။
အရင်က “ မောင်....ရှင် ကျမကို ဒီနေ့ချစ်တယ်မပြောရသေးဘူးနော် ” အဲ့လို ဂျစ်တိုက်တတ်တဲ့ ကောင်မလေးက အခုတော့ “ ကျမ အလုပ်တွေရှုပ်နေတယ် မောင် ” တဲ့ အချစ်ဆိုတာလည်း အချိန်နဲ့အမျှ ပြောင်းလည်းတတ်ပါလားဆိုတာ ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပေးလိုက်တဲ့ သင်ခန်းစာပါပဲ ။ “ ကျနော့်အစာအိမ် ပြန်နာနေလို့ ” အဲ့လိုစကားလေးကြားလိုက်တာနဲ့ စိတ်ပူတဲ့မျက်နှာကလေးနဲ့ ချက်ချင်း ကျနော့်နှဖူးပေါ်သူ့လက်နွေးနွေးလေးရောက်လာတတ်တယ် ပြီးတော့ ချစ်သူ့ရဲ့ စိတ်ပူးတဲ့လေသံလေးနဲ့မေးတဲ့ “ ဆေးသောက်ထားရဲ့လား အရမ်းများနာနေသလားမောင် ဒါမှမဟုတ် နွားနို့ပူပူလေးတစ်ခွက်လောက်သောက်ထားလိုက်ပါလား ” အဲ့စကားလေးတွေနဲ့တင် ကျနော့်ရောဂါ 100% လောက်ပျောက်ခဲ့ရတယ်ဆိုတာ ခုတော့ ချစ်သူက မေ့ချင်ယောင်ဆောင်ခဲ့ပြီလေ ချစ်သူပြောတဲ့ ၀တ္တရားကျေ စကားက “ အင်းးး ဆေးသောက်ထားလားတဲ့ ” ။
“ခင်ဗျား အဲ့လို စကပ်တိုတိုလေးတွေဝတ်ထားတော့ ဘိုးတော်ကြီးတွေက ငမ်းငမ်းတတ်ကြည့်ကြတော့မှာပေါ့ဗျ” စကပ်တိုတိုဝတ်တိုင်း စကားများရတဲ့ သူနဲ့ ကျနော့်အတွက် စိတ်ဆိုးရင် ခင်ဗျားလို့ ခပ်ကြမ်းကြမ်းခေါ်တတ်တဲ့ ကျနော့်စကားတွေမှာ ဟိုတုန်းကတော့ချစ်သူက ကျေနပ်စွာနဲ့ “ အင်းပါ မောင် မကြိုက်ရင် နောက်မ၀တ်တော့ဘူး တကယ်ပြောတာ ” ။ ခုတော့ “ဟေး မင်းအဲ့တာကြီးဝတ်သွားမလို့လား ” မေးမိတဲ့ကျနော့်အပြစ် ချစ်သူရဲ့ တန်ပြန်စကားတစ်ခွန်းက ဓားသွားလိုချွှန်မြလျှက် “ တော်စမ်းပါ အရေးမပါတာတွေ အရင်တိုင်းပြောတတ်တုန်းပဲ ” တဲ့ ။ ချစ်သူရယ် မင်းမို့ပြောရက်တယ် ။ “ ခြေထောက်တွေ နာနေတယ်ဆို ဒေါက်မြင့်ဖိနပ်တွေ မစီးနဲ့ ” ကျနော့်ရဲ့ ဂရုတစိုက်စကားတွေကြားမှာ ချစ်သူက ပြုံးလို့ တစ်ခွန်းတည်း “ ဟုတ်ကဲ့ ” တဲ့ ချစ်သူရဲ့ နှာခေါင်းချွန်ချွန်လေးကို ဆွဲလိမ်ပစ်လိုက်တယ် ။
လေထုတွေကပဲ ပြောင်းလဲသွားသလား အချစ်အလေးချိန်တွေကပဲ ၀ိတ်ကျသွားသလားမသိ ချစ်သူ ဒေါက်မြင့်ဖိနပ်စီးလို့ ကျနော်ဆွေကြည့်လိုက်ရင် “ ဒီဖိနပ် ဘယ်လောက်တန်လဲ သိလို့လား ” ။ “စာတွေ အဲ့လောက်ကျက်နေရတာ ပင်ပန်းမှာပေါ့ နားနားနေနေ နေစမ်းပါလို့ ” ပြောလိုက်မိရင် “ညဏ်ရည်မမှီတိုင်း လာပြောမနေနဲ့ ” တဲ့ ဟုတ်ပါပြီး အဲ့လို သူမရဲ့ ခနဲ့တဲ့တဲ့စကားတွေကြားရင် ကျနော့်ရဲ့ ယောက်ျားမာနတွေအစွယ်တမြှားမြှားနဲ့ မင်းကိုငါ ချစ်နေသေးလို့ပေါ့ကွာလို့ အကျယ်ကြီး အော်ပစ်လိုက်ချင်တယ် ။ ချစ်သူနဲ့ ကျနော့်အတွက် တံတိုင်းတွေခြားသွားခဲ့ပြီး ပြီးတော့ တယောက်နဲ့တယောက် ကျောချင်းကပ်လျှက်ကနေ တလှမ်းချင်း မျက်နှာချင်းဆိုင်အရပ်ကို ဦးတည်နေကြပြီးဆိုတာ နှစ်ဦးစလုံးသိနေလျှက်နဲ့ ပြန်ဆုံဖို့မဖြစ်နိုင်တော့တာ ....................။
အချစ်ကသင်ပေးလိုက်တာ ကဗျာတစ်ပုဒ်ထွက်လာတယ်ဝါကျမလှတဲ့အချစ်ကဗျာလေးတစ်ပုဒ်ပေါ့...............
အချစ်ဆိုတာ
မခေါ်ပဲလာတဲ့ ဧည့်သည်ပါပဲ
စားချင်တာစားသွား
ပြောချင်တာပြောသွားတဲ့
အလိုက်ကန်းဆိုးမသိတဲ့
ဧည့်သည်ဆိုး.............။
13 comments:
အချစ်ဆိုတာ အဲဒီလိုပဲ.. အချိန်ကိုလိုက်ပြီး ပြောင်းလဲတတ်တာ.. :P
အချစ်က ဆိုးတာလား၊ ချစ်သူက ဆိုးတာလား ...း)
ရယစ်ကြီးနဲ့ ခြစ်လို့ပါလား ..း))
အင်းးး ဒီလိုပဲ အဲဒီအခြစ်ကြီးက ပြောင်းလဲတတ်လား မသိဘူးနော် ..း))
များများခြစ်နိုင်ပါစေ :P
ကိုမျိုး..သိပ်မခံစားနဲ့ နှလုံးသားကနူးညံ့တယ်..ဒဏ်မခံနိုင်ဘူး..။ =)
တစ်ယောက်ယောက်ကို ပြောနေသလိုပဲ၊ ?
ယောက်ျားတွေမှာ ချစ်တတ်တဲ့ နှလုံးသား တကယ်ရှိတာလား ဟင်.....
သိင်္ဂါကျော်...ဟုတ်မယ်ထင်တယ်ဗျး)
ကိုအောင်ပျူ.....၂ ခုစလုံးဖြစ်နိုင်တယ် တကယ်ပြောတာ ။
မိုးခါးစုတ်...နင်ကတော့ ပြောအားရှိတာပေါ့ ဟင်းနော် ငါလေ တယ်.....း)
ညီဖြိုး..... ခံစားချက်တူလို့ဖြစ်မယ် ။
ကိုမျိုး..သိပ်မခံစားနဲ့ နှလုံးသားကနူးညံ့တယ်..ဒဏ်မခံနိုင်ဘူး..။ =)
sosegado ... အင်း ဒီလိုပါပဲဗျ ဘာရယ်တော့မဟုတ်ပါဘူးး ။
Crystal လက်တစ်ဖက်ထဲတောင်မှ အတိုအရှည်မတူသေးတာ ယောက်ျားချင်းဆီလည်းတစ်ယောက်ချင်းဆီက ဘယ်တူနိုင်မလဲနော် အဲ့တာဆို မိန်းခလေးတွေကကော အချစ်ဆိုတာကို နှလုံးသားနဲ့ဆုံးဖြတ်တာလား ဦးနှောက်နဲ့ဆုံးဖြတ်တာလားး ??? .
အတိုအရှည်နဲ့ ဆုံးဖြတ်တာပါ.. စိတ်ကိုပြောပါတယ် ;D
အဲဒီလို ဧည့်သည်ဆိုးဆိုရင်လဲ မကြိုဆိုပဲ သိချင်ဟန်ဆောင်လိုက်ပေါ့  အကြံပေးတာပါ။းp
သာယာချမ်းမြေ့ပါစေနော်
မိုး
အဲဒီလို ဧည့်သည်ဆိုးဆိုရင်လဲ မကြိုဆိုပဲ သိချင်ဟန်ဆောင်လိုက်ပေါ့  အကြံပေးတာပါ။းp
သာယာချမ်းမြေ့ပါစေနော်
မိုး
b9h51f8k62 e0r72n1z88 k6h27v7j93 o7w12n7w89 b0a71d9t18 e3r83g8o77
supreme
air jordan
yeezy boost 350
goyard
golden goose sneakers
golden goose
hermes birkin
yeezy 350 v2
birkin bag
goyard bag
Post a Comment