အားမာန် အပြည့်နဲ့  ကြိုလင့်နေမယ့် လက်များ အခုတော့ အားတွေ ပျော့လို့ ပါလား ဟုတ်တယ် အချိန်ဆိုတာ လူကိုမစောင့်တဲ့ သူ့ အတွက် ဘာမှမဟုတ်လိုက်တဲ့ အခိုက်တန့် လေးက ဇရာဆိုတာကို ကြံကြံခံနေတဲ့ လူသားနှစ်ဦ့း အတွက် တော်တော်ကြီးကို ယိုယွင်းသွားခဲ့ရပြီးး ။ အပြန်ခရီးမှာ ပျော်ရွှင်မှုတွေ မသယ်ဆောင်လာနိုင်ခဲ့သလို ပြီးပြည့်စုံတဲ့ အရာတွေလည်း သူ့ မှာတစ်ခုမှ ပါမလာခဲ့ဘူးး အမေ့အတွက် စိန်နာကပ်ကြီးတစ်ရံမပါသလို အဖေ့အတွက် အကောင်းစားမျက်မှန်တစ်လက်လည်း ပါမသွားခဲ့ဘူး ။ ဒါပေမယ့် သူ့ ရဲ့ ချွေးနည်း စာလေးပေါ့ဗျာ အဲ့ဒီအဖိုးအခလေးမှာ သည်းခံခဲ့ရခြင်းတွေပါတယ် ၊ နှဖူးကချွေး ခြေမ မကျခဲ့ရပေမယ့် စိတ်ဓာတ်တွေ ထိုးထိုးကျခဲ့ဖူးပြီး ရှာခဲ့ရတဲ့ မဖြစ်စလောက် အဖိုးအခလေးနဲ့  အမေ သိပ်ကြိုက်တဲ့ ကြက်သွေးရောင် ထမီလေးတစ်ထည်၊ အဖေ့အတွက် အဖော်ပြုစရာ ရေဒီယိုလေးတစ်လုံး ထိုနှစ်ခုသာ ။
တစ်ချိန်က ဖျတ်လတ်တက်ကြွနေတဲ့ အဖေ အခုတော့ အားတွေတောင် ကုန်ခမ်းနေသလို အဖေ့ရဲ့ ရုပ်သွင်က မမေးပါပဲ ဖော်ပြနေပြီးး ။ အဖေ ပေါက်နေတဲ့ ပေါက်တူးကို ယူပြီး လုပ်ပေးချင်ပေမယ့် မပေါက်တက်ဘူး အဖေ သားမွေးထားတော့ အားဆိုရင် ဒီအားကတော့ အဖေ အတွက် သုံးစားမရတဲ့ အားတစ်ခုပါ အဲ့ဒီအတွက် ခွင့်လွှတ်ပါလို့  တောင်းဆိုပါရစေ ။ တစ်ချိန်က အသားညိုညိုနဲ့  အရမ်းလှပါတယ်ဆိုတဲ့ အမေ အခုတော့ မလှပနိုင်တော့ဘူးးး အမြဲတမ်းမွှေးမြနေတဲ့ ပါးပြင်ပေါ်က သနပ်ခါးဆိုတာတော့ အဝေးကိုရောက်လို့  အုန်ဆီ မွှေးမွှေးကို ခေါင်းအမြဲလိမ်း ဘီးစဘတ်နဲ့ ကျက်သရေရှိစွာ လှပနေတဲ့ အမေ အခုတော့ တစ်ခေါင်းလုံး စွတ်စွတ်ကိုဖြူနေပြီး အရင်ကအတိုင်း မပြောင်းလဲပဲ သူတို့ မှာရှိတော့တာဆိုလို့သားသမီးတွေအတွက် မပြောင်းလဲတဲ့ မေတ္တာစမ်းရေတွင်းင်္ကြီးပါပဲ။
(၅၂၈) မေတ္တာတရားတွေကလည်း လောဘတွေ ဒေါသတွေကြားမှာ ပျောက်ဆုံးခဲ့ကြပြီး သီချင်းစာသားလေးတစ်ခုလိုပေါ့ ဒါတွေကို “ မသိဟန်ဆောင်ခဲ့ပါတယ် ၊ မသိသလိုနေခဲ့ပါတယ် ” ။သူ့ ဘက်ကိုယ့်ဘက်ဆိုတာတွေ ကို သူကမှစိတ်မ၀င်စားတာ သူ့အတွက် အားထားရာ ဆိုလို့ ဒီလူသားနှစ်ဦးပဲ ဝေတ္တရားကျေ ဖော်ရွေမှုတွေနဲ့သုံးစားမရတဲ့ ဟန်ဆောင်အပြုမူတွေကို လျှောက်ခဲ့တဲ့လမ်းတွေက သင်ပေးထားလို့  အလွတ်ရနေပြီး ။ ၀မ်းသာလို့ ကျတဲ့ အမေ့ပါးပြင်က မျက်ရည်စတွေ အတွက် စိတ်မကောင်းဘူး “ ဒါ ကျမ သား အငယ်ဆုံးလေ အသက်ကဖြင့် ၂၀ ကျော်ပြီး သူ့ ကိုယ်သူ ခလေးထင်နေတယ် ” ဆိုတဲ့ မာန်လေးနဲ့ ကြွားနိုင်သေးတဲ့ အမေ့စကားအဆုံးမှာတော့ အသုံးမကျတဲ့ ဒီသားက ပြုံးနေမိတယ် ( အပြုံးတုတစ်ခုပေါ့ ဘာကြောင့်ဆို သူက အမေ့အတွက်ကြွားလောက်စရာ သားတစ်ယောက်မှမဖြစ်ခဲ့တာပဲ ) ။
အမေ့အနားမှာ ပူပူးကပ်ကပ်မနေနိုင်ကြတော့ အမေ့မျက်ရည်တွေအတွက်လည်း စိတ်မကောင်းဖြစ်မိပါသေးတယ်ဆိုရင် ဒီစကားက လွဲလို့ သူ့ မှ စကားလုံးတွေ ရှားပါးနေပါပြီဗျာ။ အတောင်ပံစုံလို့  ပြန်သွားကြတဲ့ ငှက်တွေကတော့ သူတို့ အသိုက်မြုံလေးမှာ ရုန်ကန်လှုပ်ရှားနေကြတုန်း သူကတော့ အတောင်မစုံပေမယ့် အဝေးကို ပြန်ချင်တဲ့ ငှက်တစ်ကောင်ပါ ...အဲ့ ငှက်ကလေးလည်း တကယ်ဆို နီးနီးနားနား သစ်ပင်ကြီးမှာပဲ ခိုနားချင်တာပေါ့ ဒါပေမယ့် ဆွေးမြည့် နေတဲ့ သစ်ပင်အိုကြီးမှာ နားဖို့ ကို စိတ်မပါဘူးဆိုရင်တော့ ငှက်မိုက်လို့ ဆိုနိုင်သလား ။အခု သူနားနေတဲ့ သစ်ပင်ကြီးမှာ သူပေးရင် ပေးနိုင်သလောက် မေတ္တာတရားတွေ ပြန်ရနိုင်တယ် သူ့ တစ်ကောင်စာအတွက် လောက်ငှအောင် သူရှာစားနိုင်တယ်။ပြဇတ်တွေရယ် တကယ်ဆို သူနယ်လှည့် ကနေတဲ့ ဇတ်မင်းသားတစ်ယောက် မဖြစ်ချင်ခဲ့ပါဘူး သူရဲ့ ရွာကလေးမှာပဲ ပျော်ပျော်ပါးပါးနဲ့  ကချင်ခဲ့တာ ။ဝန်မခံချင်ပေမယ့် သူသိနေတယ် သူဟာ ပျော့ညံ့ညံ့ ဇတ်မင်းသားတစ်ယောက်ပါဆိုတာကို ။

7 comments:
ဇာတ်သမား လာရင် မှတ်သားစရာတွေ ကျန်ခဲ့တာပေါ့
...း)
"သားဆိုတာ အား... "
ပေါက်တူးပေါက်နိုင်မှအားဖြစ်တာမဟုတ်ဘူးဝေ့.... ။
ဒီခေတ်ကြီးထဲမှာ နယ်လှည့်ဇာတ်သမားတွေ များပါတယ်အေ..
ဇာတ်ခေါင်းမကွဲ၊ ကနေနိုင်သေးရင် ပြီးတာပဲ။
အင်းးး
ဘာပြောရမှန်းမသိဘူးကိုမျိုးရေ
မိဘမေတ္တာဆိုတာကအစုန်အဆန်မခွဲခြားပါဘူး
သားသမီးတွေကသာ...
စိန်နားကပ်နဲ့ ရေသဘင်မျက်မှန် မပါလာရင် ပြန်မလာနဲ့...
းဝ)
ကိုလူထွေးပြောသလိုပဲ ..း)
ဇာတ်မင်းသားလေး ပန်တျာမောင်မျိုးပေါ့ :P
အဖေအမေ့အတွက် ရည်ရွယ်ချက်ကောင်းလေးနဲ့ အသိုက်အမြုံကို ခွာခဲ့တာမို့  အောင်မြင်မှာပါ မောင်မျိုးရေ... သားတယောက်ရှိတယ်ဆိုတဲ့အသိနဲ့ တင် အမေက အားရှိပြီးသားပါ... အမဆို သားလေးငယ်သေးပေမယ့် စိတ်ထဲမှာ အား ဖြစ်နေတာ... ရည်ရွယ်ချက်ကို ဇွဲမလျော့ပဲ စိတ်အားထက်သန်စွာကြိုးစားရင် ဘယ်နေရာရောက်ရောက် အောင်မြင်မှာအမှန်ပါ... အားတင်းထား...
Post a Comment