Saturday, June 5, 2010

ဘယ်အသင်းဗိုလ်စွဲမလဲ ....



ဘောလုံးနဲ့ကျနော်ဘယ်လိုမှ တွဲလို့မရတဲ့ အတွဲပေါ့ ကိုယ့်ခြေသလုံးက လေတိုက်ရင်လဲမယ့်အနေထားဆိုတော့ ဘောလုံးကန်လို့မဖြစ် ခဏကျိုးသွားမှဖြစ် ဟုတ်ပေ့ဖြစ်နေအုံးမယ် ။ အဲ့လို ဘောကန်တာ ၀ါသနာမပါပေမယ့် ရွှေယောက်ဖရဲ့ ကောင်းမှုကြောင့် ကျနော် ၈ တန်းကျောင်းသား အဖြုအမဲ နဲ့ အားကစားဂျာနယ်တွေဖတ်ဖြစ်ပါတယ် စာဖတ်ဝါသနာပါတဲ့ကျနော့်အတွက်တော့အပျော်ဖတ်ပါပဲ နောက်ပိုင်းတော့ အင်အား ၊ တက်လမ်း ဂျာနယ်တွေ ။ ဘောလုံးပွဲသာမကြည့်တယ် ဘယ်ဘောလုံးသမား ဘယ်အသင်းကိုဘယ်လောက်နဲ့ပြောင်းတယ် ဘယ်ဝန်းကစားတာလား ညာဝန်းကစားတာလား အားလုံးသိ ။ ဖာဂူဆန်ကြီးက စိတ်တိုတိုနဲ့ ဖိနပ်ကို ကန်ထုတ်လိုက်တာ ဘက်ခမ်း မျက်ခုံးကို ထိသွားလို့ အသင်းပြောင်းတဲ့အထိ ဖြစ်သွားတာတွေ ၊ နောက်တန်းမှာ စိတ်ချရတဲ့ အက်ရှလေကိုလ်းတစ်ယောက် ဟိုမော်ဒယ်မလေးကို ဟိုလိုပုံတွေပို့လိုက်တာကောပေါ့ ။

ကျောင်းတက်ကြတုန်းက အဆောင်မှာ ဘောလုံးကန်ကြလို့ လူမပြည့်ရင် ကျနော့်ကို အတင်းဆွဲခေါ်ကြပါတယ် လူမပြည့်လို့ဆွဲခေါ်ရတယ်ဆိုတော့ အရည်ချင်းကတော့ မက်ဆီနဲ့ နင်လားငါလားပေါ့ ။ ဒါပေမယ့် ကျနော်က ဂိုးပဲစောင့်တယ် ပြီးရင် “ငါ ဘောင်ဘီးမ၀တ်ဘူးနော် လုံချည်နဲ့ပဲ ဖမ်းမယ် တော်ကြာ ဟိုအဆောင်ကကောင်မလေးတွေ ငါ့ကြည့်ပြီးရယ်ကြမှာ ” တကယ်တော့ ကျနော်က အကြံနဲ့ပါ ဂိုးဝင်တော့မယ် ဂိုသမားက ဖမ်းမနိုင်တော့ဘူးဆို ကျနော်က လုံချည်ကြီးဖြန့်ပြီး ဟိုပြေး ဒီပြေးလိုက်လုပ်ကေား) အဲ့တော့ ဂိုးမ၀င်တော့ဘူးပေါ့ ၀င်ရင်လည်း လုံချည်ထဲတိုးသွားကော ဟိဟိ အဲ့လိုတော်တာ ။

ပြီးတော့ ကျနော်က အစွဲနဲ့ ဘောလုံးကို အားပေးတာ ပွဲဘယ်လောက်ကောင်းကောင်း ကိုယ်မကြိုက်တဲ့အသင်းဆို လုံးဝကိုထမကြည့်တာ ကိုယ်အားပေးတဲ့အသင်း ဥပမာ မန်ယူဆိုရင် ရှုံးတော့မယ်သိတာနဲ့ တီဗွီပိတ်ပြီး အိပ်လိုက်ကော ။ သူငယ်ချင်းတစ်ယောက် ကဘောလုံးအသင်းထက် ဘောလုံးသမားတွေထက် မောရင်ဟိုကို ပိုကြိုက်တယ် ။ တစ်ယောက်ကတော့ ရုပ်ဖြောင့်တဲ့ စီရော်နယ်ဒိုရဲ့ ပရိတ်သတ် ကျနော်ကတော့ ဖာဂူဆန်ကြီးပေါ့း) ။ ညည ဘောလုံးပွဲအကြောင်း ငြင်းရင် အော်ကြတဲ့ အခါတွေ မှတ်မိသေး ။ အိမ်က တူက ရပ်ကွက်ပွဲမှာ ရှေ့တန်းက ၀င်ကစားတယ် ဂိုးဝင်တဲ့အခါကျတော်ပါသေးရဲ့ ဂိုးများမ၀င်လို့ကတော့ ဆဲလိုက်တာများ အော်.....ငါ့အစ်မနှယ့်နော် နေရင်းထိုင်ရင် သူ့မှာ ယောက်ျားတွေများသွားလိုက်တာလို့ သံဝေဂ ရမိတယ် သူကတော့ ဘောလုံးသမားအမေဆိုတော့ ပွဲတိုင်းလိုက်လိုက်ကြည့်နေတာကျင့်သား ရသွားပြီထင်ပါ့ ။

လေကြောရှည်နေတာနဲ့ ဒီပို့စ်ရဲ့ ဆိုလိုရင်းပါ ပျောက်သွားတယ် ကိုအောင်ပျု တဂ်ထားတဲ့ ကမ္ဘာ့ဖလားမှာ ဘယ်အသင်းဗိုလ်စွဲမလဲဆိုတော့ ပြောနေစရာလိုလို့လားဗျာ အင်္ဂလန်ပဲ ဗိုလ်စွဲမှာပေါ့ ။ နောက်တန်းမှာ ဖာဒီနန် ၊ တယ်ရီ ၊ ကိုလ်း သူတို့ရှိတယ် ဘယ်ရှေ့တန်းသမားကျော်မလဲ ။ အလယ်တန်းမှာ လမ်းပတ် ၊ဂျိုလ်ကိုလ်း ပြီးတော့ ရှေ့တန်း ရွန်းနီ ။ ကျနော်ကြိုက်တဲ့ မန်ယူကစားသမားတွေ အများစုပါတာကြောင့်လည်း အင်္ဂလန်ကို ချစ်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကျနော်တို့ ဗေဒင်နည်းအရ ပြောရရင် အင်္ဂလန်ဆိုတော့ တနင်္ဂနွေနံ ၊ ကန်မယ့်နေရာက တောင်အာဖရိက တောင်ကို ဂဌုန်က အတောင်ပံခပ်ပြီး ကျော်မယ့် နမိတ်ကိုပြနေတယ် ။ အုပ်စုအဆင့်တွေမှာ 13/19/23 နေ့တွေမှာကန်မှာဆိုတော့ ပေါင်းခြင်းက 55 ။ 55 ဆိုတော့ မမ ကြာသပတေးနံဖြစ်တဲ့အတွက် ဓာတ်တူနာမ်တူ ဆေးဘက်ယူ တနင်္ဂနွေနံ နဲ့ ကြာသပတေးနံဟာ မိတ်ဖက်တွေဖြစ်တာကြောင့် အင်္ဂလန်က အုပ်စုပထမ နဲ့တက်မယ် ။

ကန်တဲ့ရာသီက ဂျွန်လ ဖြစ်တဲ့အတွက် ဂျွန်ကို လန် (အင်္ဂ်လန်) က တက်ခွထားတဲ့ ရာသီ ဆိုတော့ကားး ဗိုလ်လုပွဲမှာ အင်္ဂလန်က ဘရာဇီးကို 10-1 ဂိုးနဲ့ နိုင်သွားပါကြောင်း ။ ဖြောင်း ဖြောင်း ဖြောင်း ပိတ်ပွဲအခမ်းနားကိုတော့ မေခလာက ဂိုးသွင်းကောင်းတဲ့ ကိုကိုသီချင်းကို သီဆိုဖျော်ဖြေပေးရန်အတွက် မြန်မာအစိုးရကို ဘောလုံးပွဲကျင်းပရေးကော်မတီမှ အဿပြာ ၂ ဒေါ်လာထိုးပြီး လာဘ်ထိုးထားကြောင်းခင်ဗျား။

ဆက်ပြီးရေးပေးစေချင်တဲ့သူကတော့ ခံစားမှုသံစဉ်မှ blackroze ကို ရေးပေးစေချင်ပါတယ် ခင်မင်မှုပေါ့ အဆင်ပြေရင် ရေးပေးပါ ။ ကျေးဇူး ။

7 comments:

ကိုအောင် said...

အင်္ဂလန်အသင်း ဗိုလ်ဆွဲမယ့်ညမှာ မောင်မျိုးတစ်ယောက်
ဘယ်လောက်တောင် ပြုံးပျော်နေမလဲဆိုတာ တွေးရင်း
ကြိုပြီး ပျော်နေမိတယ်။ Tag ဂိမ်းကို အခုလိုလို
ပျော်ပျော်ရွှင်ရွှင် ရေးပေးတာ ကျေးဇူးကမ္ဘာပါ။ ဂိုးသမား
လုပ်တုန်းက ပုဆိုး ကျွတ်ကျဖူးလား ... တိချင်လို့ .....း)

Anonymous said...

ကိုအောင် တယောက် အချင်းချင်း ကို တိချင် နေသေးလား ... အင်္ဂလန် အသင်း ဘယ်တုန်းကများ
နိုင်လို့လဲ .... ဂျာမဏီ နဲ့ အီတလီ နိုင်ပါစေ ....း))

mie nge

blackroze said...

ရေးဖို့...အရှိန်ယူနေပါပြီ..း)

ဒါပေမဲ့ကျမကတော့..Englandမဟုတ်ဘူးနော်...

Tag ထားတဲ့အတွက်ကျေးဇူးပါ..

Anonymous said...

အင်္ဂလန် ကွာတားဖိုင်နယ် အဆင့်ကကျော်ရင်ကံကောင်း ဗိုလ်လုပွဲရောက်ဖို့ ဝေလာဝေးးးး စိတ်မဆိုးကြေး စောင့်ကြည့်လိုက်ကြနော် အင်္ဂလန် ပရိသတ်များ.....

မောင်မောင်

Maung Myo said...

ကိုအောင် ကျနော်ကလည်း ကျေးဇူးတင်ပါတယ်ဗျာ တကယ် ..။

ခံစားမှု သံစဉ်...ရေးပေးတာကျေးဇူး အစ်မရေးတာ တကယ်ဖတ်လို့ကောင်းတယ်ဗျး)

မီးငယ် နဲ့ ကိုမောင်မောင်ရေ ဘောလုံးဆိုတာလုံးနေတာကြီးပဲ အရာရာဖြစ်နိုင်တာပဲကို ကျနော်စိတ်မဆိုးတတ်ပါဘူး ကျနော်ကတော့ ရှုံးလည်း အင်္ဂလန်ပဲလေး) မန့်သွားတာ ရှဲရှဲ ။

:P said...

ကမ္ဘာ့ဖလားပွဲနီးလာပြီ။ ကိုယ်လည်း နားမလည်ပဲ ရောယောင် အိပ်ရေးပျက်ရတော့မည်။ တီဗီ မောင်ပိုင်စီးခြင်းခံရတော့မည်။ တွေးရင်း ရင်မောသည်။

Anonymous said...

golden goose sneakers men
cheap golden goose sneakers
cheap jordans
fear of god hoodie
hermes outlet
kyrie 9
golden goose sneakers outlet
golden goose sneakers women
cheap curry shoes
off white outlet online

LinkWithin

Related Posts Plugin for WordPress, Blogger...