လူတန်းစား ပေါင်းစုံးနေထိုင်ရာ ဒီမြို့ လေးမှာ လူမျိုးတူခြင်း ကူညီရိုင်းပင်းတက်တဲ့သူတွေ ရှိသလို ၊ အချင်းချင်းခေါင်းပုံဖြတ်မှုတွေ ရှိတယ် ၊ ဘ၀တူချင် စာနာနားလည်ပေးနိုင်တဲ့သူတွေ ရှိနိုင်သလို မေတ္တာတရားခေါင်းပါးတဲ့ သူတွေလည်းရှိနေသေးတယ် ။စားသောက်ဆိုင်တွေ မှာပျော်ပါးနေတဲ့ သူတွေ ရှိသလို ၊ ညဘက်ပါ မနားမနေနဲ့  ပင်ပင်ပန်းပန်းလုပ်နေရတဲ့ သူတွေ ရှိတယ်။ ဒီမြို့လေးမှာပေါ့ ခံစားချက်တွေကို မြေမြှပ် သည်းခံခြင်းတရားဆိုတာတွေကို လက်ကိုင်ထားပြီး ရှင်သန်နေထိုင်နေရတဲ့သူတွေ့ ရဲ့ဘ၀ ကို သင် ဘယ်လို မျှဝေခံစားပေးနိုင်မလဲ??? အကြောက်တရာတွေက ညစဉ်အိပ်မက်တွေလို သူတို့ ဘ၀ကို ခြောက်လှန့် နေတယ် ကိုယ့်အသက်ကိုယ်တောင် အာမ မခံနိုင်တဲ့ ဒီလိုမြို့ လေးမှာ ဘာကြောင့် သူတို့ တွေ နေထိုင်နေရသလဲ ပြဇတ်ပေါင်းများစွာထဲက မလှပတဲ့ တစ်ခန်းရပ်ပြဇတ်တွေလို့  ဖွင့်ဆိုမိရင် ပိုတယ်လို့ မဆိုနိုင်ဘူးထင်တယ် ။
ပြဇတ်(၁)
ည( ၁၀ ) နာရီ ၀န်းကျင်း နေထိုင်ရာ တန်းယား အတွင်းသို့  ဆယ်ဘီးကား ၂ စီး ရဲ့ မောင်နှင်သံနဲ့  အတူ ကျနော့်ရဲ့ အချက်ပေးသံ '' ဟေး ဟေး... ထကြတော့ ထကြတော့ ငါးကား ၀င်လာပြီကွ '' ဒီအသံကတော့ အသင့်တင့်လို ဆိုနိုင်တဲ့ ငါးဒိုင်း အလုပ်ရုံတစ်ခုရဲ့ ခေါင်းဆောင်းလို့  သတ်မှတ်ထားတဲ့ ကျနော့်ရဲ့ အသံပါပဲ ။ဒီလို အိပ်ကောင်းနေတဲ့အချိန် ကိုယ်တိုင်တောင် မထချင်ပဲ သူများကိုယ်လည်း ဘယ်နှိုးချင်ပါ့မလဲ ဒါပေမယ့်လည်း အလုပ်ဆိုတော့လည်း ဘယ်တတ်နိုင်မလဲလေ ။ အိပ်ယာ သိမ်းတဲ့ သူသိမ်း၊ အလုပ်အင်္ကျီဝတ်တဲ့သူက၀တ် ( ကျနော်တို့ အလုပ်က ငါးရွေး ငါးထမ်းတဲ့ အလုပ်ဆိုတော့ ရှင်းရှင်းပြောရရင် အနံ့ အသက်မကောင်းဘူးပေါ့ဗျာ ) ။ ငါးကားလည်း ရုံထဲကို ဆိုက်တာနဲ့  ကားပေါ်က ငါးပုံးတွေကို ချတဲ့သူချ ၊ ရေခဲတုံးထုတဲ့သူထု ပြီး ငါးရွေးတဲ့ သူက ရွေး နဲ့ တစ်ချို့ တွေအိပ်ကောင်းနေတဲ့ အချိန်မှာ သူတို့ တွေကတော့ အလုပ်ထဲမှာ အသံတွေက ဆူညံနေတာပေါ့ ။
ကောင်ကလေး ၂ ယောက်ရဲ့ တီးတိုးသံ ကျနော်ကြားရင်းပြုံးမိတယ်
'' ဟေ့ကောင်.....ဖိုးကျော် မင်းအခုရွေးနေတဲ့ ငါးအကောင်ကြီးကြီး တစ်ကောင်လောက် ကစ်ထားလိုက်စမ်းကွာ ''
''ဟားး...မင်းကလည်း ငါ့ကို ဆဲခံထိအောင်လုပ်နေပြန်ပြီကွာ ''
'' မင်း ညနေကမတွေ့ ဘူးလား ရုံမှာ အလုပ်သမားတွေကို ချက်ကျွေးဖို့  ညနေက သူဌေးမ ဈေးက ၀ယ်ခဲ့တာ ၁၀ ဘတ်တန် ဂေါ်ဖီထုပ်ကွ ''
'' ဟေ...ညနေကပဲ ချဉ်ပေါင်ဟင်းစားပြီးပြီလေ လာပြန်ပြီလား ဂေါ်ဖီ ''
'' အေးပါဆို.......... ''
'' ကစ်မယ်ကွာ....ရော့ မင်းကတစ်ကောင် ငါကတစ်ကောင် ညနေ ကိုယ့်ပါသာချက်စားမယ် ''
အင်းးးးးးးးး ကျနော်ကြားနေပေမယ့် လည်း မကြားချင်ယောင်ဆောင်နေလိုက်ပါ
ပြဇတ်(၂)
မုန်တိုင်းသတင်းတွေ ကြားရ ၊ သတင်းလိုင်းတွေမှာ မှာ ကြည့်နေရတာနဲ့  စိတ်မချမ်းသာလိုက်တာနော် ။ အိမ်ကော ဘယ်လိုနေသေးလဲ မသိ ငါတို့ မြို့ လေး ဘာမှမဖြစ်ဘူးဆိုပေမယ့် စိတ်တော့ ပူမိသေးတယ် အိမ်မှက ဘယ်သူမှရှိကြတာမဟုတ် ဖုန်းကလည်း ခေါ်မရပါလားနော်း( ဘာမှမဖြစ်လို့ ထင်တယ် တစ်ခုခုဖြစ်ရင်တော့ အိမ်ကတစ်ယောက်ယောက်တက်လာမှာပဲ စိတ်တွေကပူ ၊ အလုပ်ထဲလည်း စိတ်ကမရောက် နေရတာ ထိုင်းထိုင်းမှိုင်းမှိုင်း နဲ့  သက်ပြင်းက လည်း ချရပါ များလွန်းလို့  ရင်ဘတ်တောင်အောင့်နေပြီးးးးးးးး
ညနေ ၅ နာရီ ကျော်ကျော် အိမ်ရှေ့က အစ်မ တစ်ယောက်
'' သက်ဦးရေ့....ဖုန်းလာနေတယ်ဝေ့ ''
" ဟုတ်ကဲ့ ..ဟုတ်ကဲ့ '' ..............အိမ်ကပဲ ဖြစ်မယ် ........ဟူးးး ဘာမှမဖြစ်ကြပါစေနဲ့ လို့  သာ ဆုတောင်းရမှာပဲ ။
''ဟယ်လို ............အငယ်ကောင်လားးး''
''ဟုတ်ကဲ့ .....မကြီး ပြော ဘာဖြစ်ကြသေးလဲ အိမ်မှာ စိတ်ပူနေတာ ဖုန်းလည်းဆက်မရ ''
''အေးး...သိတယ် အိမ်မှာ ဘာမှမဖြစ်ကြပါဘူး ဒါပေမယ့် နင့် မလေး တို့  ကွမ်းတွေ စိုက်ထားတာ အခု မုန်တိုင်းဝင်တော့ အကုန်လုံးပြိုကုန်တယ်''
ဟင်း.................ဒုက္ခ အိမ်ထောင်ကျထားတာက မကြာသေး ကလေးကလည်း အငယ်လေးတွေ ရှိသေးတယ် သူ့ ယောက်ျားကလည်း ရိုးရိုးအအ စိတ်ညစ်လိုက်တာ။
''ကွမ်းတွေ စိုက်ထားတာတောင်မကြာသေးဘူး ဖြစ်ပြန်ပြီနော် စိတ်ညစ်လိုက်တာ ''
''အေးလေ....
အဲ့ဒါ ငါ့မောင် အဆင်ပြေရင် နင့်မလေး အတွက် ပိုက်ဆံ ပို့ လိုက်အုံးနော် အစ်မလည်း ဒီမှာ ပိုက်ဆံတွေ လွန်ထားလို့  ''
''ဟား..........လုပ်ပြန်ပြီး
သူတို့  ကွမ်းစိုက်တုန်းက အရင်နှီးလိုတယ်ဆိုလို့  ကျနော်ပဲ ပို့ ထားရတာ ဘာမှန်းလည်း မသိဘူးး ''
''အော်............
ငါ့မောင်ရယ် ကိုယ့် ညီကိုမောင်နှမအဆင်မပြေတော့ ဘယ်လိုလုပ်မလဲ လိမ္မာတယ်နော် ဒီတစ်ပါတ် ဈေးလာတက်ဝယ်မယ့် ဒေါ်စန်းနဲ့ ထည့်ပေးလိုက်နော် ''
'' အောက်ပြန်ဆင်းမလို့  စုထားတာလေးတော့ ကုန်ပြန်ပြီးး ''
''အေးပါ.....နောက်လတွေ နင့်ပါသာ စုထားလိုက်တော့ မပို့ နေနဲ့  ကြားလားးး ''
''ဟုတ်...ဟုတ် အဲ့ဒါဆိုလည်းး ထည့်ပေးလိုက်တော့မယ် ဘယ်တက်နိုင်မလဲ ''
သူ့ ကတော့ အလိုမကျသံတွေနဲ့  ပြန်ပြောလိုက်ပေမယ့် တကယ်ဖြစ်လာတယ်ဆိုတော့လည်း ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ မှသူစိမ်းမဆန်နိုင်ဘူးလေ သွေးကစကားပြောလာတယ် ။ အင်းးးးးးး...............ဒီလ အ၀တ်စားဝယ်မယ်လို့  စိတ်ကူထားတာလေးတောင် မ၀ယ်ဖြစ်ပဲ စုထားတာလေး ပေးလိုက်အုံးမယ်လေ အိမ်ကတော့ ပြန်ရမှာပေါ မသေခင်တစ်နေ့  ။ ရောင်းရင်းတို့ ကော ကိုယ်လွတ်ရုန်းနိုင်တဲ့ အခြေနေမျိုးဖြစ်ပေမယ့် ကိုယ့်ရဲ့ ခံစားချက်တွေကို ဦးစားမပေးပဲ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို လုပ်လိုက်ရတဲ့ သူတစ်ယောက်ကို ဘယ်လို သုံးသပ်မလဲ ???????????????။
7 comments:
ဒီမောင်လေးတယောက်ဟာ ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့မို့ မျက်စေ့တွေ လဲ လည်လည်နေပါတယ်...။ အခုတော့ နောက်ကို လာလည်နိုင်အောင် လင့်ခ် လာပြန်ယူသွားပါတယ်...။
ကိုယ့်ဘလော့ဂ်လေး စရေးဖြစ်တဲ့ အချိန်တွေမှာ လာလာ အားပေးခဲ့တဲ့ မောင်လေး မောင်မျိုးကို အမြဲ အမှတ်ရနေမှာပါ...။
မဲဆောက် ရှုခင်းလေးတွေ လာဖတ်သွားပါတယ်..
မောင်မျိုးခံစားတင်ပြ ဘဝသရုပ်ဖော်...။ ဆက်ရေးပါ ညီလေး...။
နားရင်းအုပ်ချင်တယ်......
ပြန်ရေးနေတာတောင် အကြောင်းကြားဖော်မရဘူး။
ငါက ရွှန်းမီဆီမှာ မင်းcomment ရေးထားတာတွေ့လို့ လိုက်လာတာ.... မောင်မျိုးလက်ရာ ဘဝသရုပ်ဖော် ကိုယ်တွေ့တွေ ပြန်ဖတ်ရတော့မယ်ပေါ့.....
ကောင်းတယ်..မောင်မျိုးရေ..
ဘဝအကြောင်းပေါ့နော်..
a ko myo yar,
Time will come for all of us.
lets just keep hope.
U've accepted the situation and had a kind heart.That is why u can help and cheer others..
All or ur post wont go trivia.
At least it will help ignorance like us to realize what life is about.
Thanks anyway, a ko myo.
May u keep sharing...
cheer..
ဟင်းးးးးးးးးးးးးးးးး
သက်ပြင်းတွေ ချရလွန်းလို့ အသက်တွေ တိုကုန်တော့မယ်ဟာာာ
မိုးခါး
Post a Comment