Tuesday, June 1, 2010

ကိုသင်္ကြန် + မမိုးချစ်သူ

မေလ (၂၉) ရက် အဲ့ဒီညနေခင်းက မိုးစက်လေးတွေ တဖွဲဖွဲကျနေတယ် ။ မိုးကိုချစ်တဲ့ကောင်မလေး နဲ့ ကောင်မလေးကိုချစ်တဲ့ အစ်ကိုကြီး တစ်ယောက် လှပတဲ့နှစ်ကိုယ်တူကမ္ဘာလေးကို တည်ထောင်လိုက်ကြပြီး သိပ်ကိုပျော်စရာကောင်းတဲ့နေ့လေးပါပဲ သူတို့၂ယောက်ရဲ့ ပေါင်းစည်းမှုလေးမှာ ကိုယ်လည်း အမှတ်တရအဖြစ်ပျက်လေးတွေပါဝင်ခွင့်ရခဲ့တဲ့အတွက် ၀မ်းသာတယ် ။မှတ်မိသေးတယ် “လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးရတယ်ကွ” လို့ပြောတတ်တဲ့ ကျနော့်ဆရာကို တောင်ပေါ်ကို မြန်မြန်ရောက်အောင်တွန်းပို့ခဲ့တဲ့ နေ့တွေက တကယ့်ကိုပြန်တွေးရင် ရယ်စရာကောင်းနေတာပါပဲ ။ချစ်သူများနေ့က ချစ်သူကို ပန်းစည်းင်္ကြီးလက်မှာကိုင်ပြီး သွားတွေ့တာ ပြန်လာတော့ ရှက်လိုက်တာကွာလို့ ညည်းတတ်တဲ့ အစ်ကို ခုတော့ မင်္ဂလာဆောင်မှာ ပြုံးနေလိုက်တာ ကမ္ဘာပေါ်မှာ အဲ့နေ့က သူ့လောက်ပျော်တဲ့သူ ရှိမယ်တောင်မထင် ။

အဲ့နေ့ညနေက က မမီး နဲ့ ကျနော် ၂ယောက်တူတူသွားဖြစ်တယ် ။ မဲဆောက်က အကြီးဆုံးဟိုတယ်ဆိုတော့ ကိုယ့်မှာ ယောင်လို့တောင် သွားဖြစ်တဲ့နေရာမဟုတ် ။ မင်္ဂလာဆောင်ကို ကြောင်တောင်တောင် သွားရင်းတွေးဖြစ်တာ ရွှေပြည်ကြီးမှာလို ဆောင်းဘောက်ကြီးတွေ အကျယ်ကြီးဖွင့် စကားတွေအော်ပြော အဲ့လိုထင်နေတား) ဟိဟိ ဘာသံမှ မကြားရ တကယ့်ကိုအေးချမ်းနေတာပဲ သီချင်းသံလေးက ငြိမ့်ငြိမ့် စကားသံလေးတွေက တိုးတိုးတိတ်တိတ်နဲ့ အေးချမ်းပြီး ပျော်စရာကောင်းတဲ့ မင်္ဂလာပွဲလေးပါ ။ ကျနော် နဲ့ မမီးကတော့ ထိုင်းတွေကြား ကြောင်တောင်တောင်ဖြစ်ဖို့နေနေသာသာ ၂ယောက်ထဲနဲ့ဆူညံနေတာပဲ ။ ဓာတ်ပုံရိုက်ဖို့ကိုလည်း ““ ရိုက် ရိုက် ” နဲ့ ဆူညံနေတာ ။မင်္ဂလာဆောင်မှာ အခမ်းနားမှူးက ထိုင်းလိုပြောတော့ အစ်ကိုနဲ့ အစ်မက တိုးတိုးကြိတ်ကြိတ်ဖြစ်နေတား) အစ်မက နားမှမလည်တာ ။

သတို့သား သတို့သမီးက ကျေးဇူးတင်စကားပြောတော့ အစ်ကိုကထိုင်းလို တိုတိုတုတ်တုတ် ပြောပြီးတော့ အစ်မ ဘယ်လိုပြောမှာပါလဲ စဉ်းစားနေတာ အင်္ဂလိပ်လိုပြောသွားတာများ နားထောင်ကောင်းနေတာပဲ စိတ်ထဲလည်းပျော်သွားတယ် ( ငါတို့ ဗမာတွေကို ညံ့တယ်ထင်တဲ့ဟာတွေတွေ့တယ်ဟုတ် လက်ခုပ်သာတီးကြတယ် တစ်ယောက်မှ နားလည်မှာမဟုတ်ဘူးဆိုတဲ့ အတွေးက ရွှေပီပီ ရွှေအတွေးတွေးသွားတယ် ) ။ အခမ်းနားပြီးမှ ပြန်လာဖြစ်တယ် ပြီးတော့ ဓာတ်ပုံတွေရိုက်ကြ အစ်မက လာလာ မြှားနတ်မောင် ဆိုတော့ ရှက်ချင်ယောင်ဆောင်နေတဲ့ကျနော့်ကို ဆရာကပါ လာလာ ဒီကောင်မပါလို့ဘယ်ဖြစ်မလဲတဲ့ ဟဟား ။ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံတွေ အမှတ်တရ တင်ပေးလိုက်ပါတယ် ဓာတ်ပုံတွေတင်တာမကြိုက်ပေမယ့် ခွင့်ပြုမယ်လို့ထင်လို့း) ဒီလိုတွေပြောပြီးတော့ပဲ ကိုယ်လုပ်ချင်တာတွေလိုက်လုပ်နေတာပါပဲ ။ ဆရာနဲ့ အစ်မရေ မဆူနဲ့နော် ကျနော်ကတော့တင်လိုက်ပြီး ။




မင်္ဂလာဆောင်ဖိတ်စာ
မင်္ဂလာစင်မြင့်

ဒီပုံလေးက မင်္ဂလာခန်းမထဲမ၀င်ခင်အ၀င်ဝက အလှဓာတ်ပုံအသေးလေးတွေနောက်ခံထာပြီး ဓာတ်ပုံရိုက်ကြတဲ့နေရာလေးပါ ။ ပြန်တော့ လူတွေကလည်းရှင်းနေတာပဲ အဲ့ပုံသေးလေးတွေကို ကင်မရာနဲ့သွားချိန်ရိုက်နေရင်း ပုံလေးတွေက အရမ်းလှနေတာနဲ့ တစ်ပုံခိုးခဲ့တယ် မမီးကတော့ ဟဲ့ဟဲ့ မောင်မျိုးမလုပ်နဲ့လေတဲ့ နောက်ကျသွားပြီး ဓာတ်ပုံက ကျနော့်ဘောင်းဘီအိတ်ထဲတောင်ရောက်နေပြီး ။

အခမ်းနားမှူး မိန့်ခွန်းပြောကြားနေတဲ့ပုံ ။

ပြန်ကာနီးတော့ ရိုက်ခဲ့တဲ့ပုံ ။

ဒါက ဓာတ်ပုံရိုက်ရင် ကိုယ်လုံးမပါစေနဲ့လို့ပြောတဲ့ မမီး :)

မဖွရရင် မနေနိုင်လို့ အစ်ကိုက အစ်မကို နမ်းနေတဲ့ပုံလေးတင်လိုက်အုံးမှ ဟီဟီး သူများကောင်းစားနေရင်အဲ့လိုပဲမနာလိုဖြစ်တတ်တယ်။
အားကျစရာကြီးနော့်





ရိုက်ခဲ့တာတွေတော့ အများကြီး ဒါပေမယ့်တော်ပါပြီး ။ အစ်ကိုရင်းတစ်ယောက်လိုကောင်းပြီး လေးစားဖို့ကောင်းတဲ့ ကိုသင်္ကြန် နဲ့ အရုပ်မလေးလိုချောပြီး ကျနော့်ကို မောင်လေးလို့ နုနုညံ့ညံ့လေးခေါ်တတ်တဲ့ အစ်မ မိုးချစ်သူ တို့ ဇနီးမောင်နှံဆံဖြူသွားကျိုးတဲ့အထိ အချစ်တွေမပြယ်ပဲ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးတည်ဆောက်နိုင်ပါစေလို့ အမှန်အကန် ဆန္ဒပြုလျှက် ။

5 comments:

မိုးခါး said...

ဆုတောင်းပေးပါတယ်း)))
မင်္ဂလာရက်မြတ်မှသည် ဆံဖြူသွားကျိုးတဲ့အထိ ပျော်ရွှင်စွာ လက်တွဲသွားနိုင်ပါစေ ..း))

ကျောပိုးအိတ် said...

မောင်မျိုးရေ

အားကျစရာနော် ။

ကိုယ့်အလှည့်ဘယ်တော့လဲ စောင့်ရင်း စောင့်ရင်း ဆံဖြူသွားကျိုးးးးးးးးးး အဲလေ မှားကုန်ပြီဟာ။

အကိုနဲ့  ညီမလေး ဆုမွန်တို့  သက်ဆုံးတိုင် ရိုးမြေကျ ကြင်ကြင်နာနာနဲ့  ပေါင်းသင်းနိုင်ပါစေရှင်။

း)

မောင်မျိုးရေ
နင့်အလှည့်ကရော ဘယ်တော့လဲအေ့
အဟီးးးးးးးးး

လင်းဦး(စိတ်ပညာ) said...

သြော်.. ဟိုမောင်မျိုးနဲ့ ဒီမောင်မျိုးက အတူတူပဲကိုး....

အဆင်ပြေပါစေ.... :))

~ဏီလင်းညို~ said...

ကွင်းထိုးဖိနပ်လေးနဲ့၊ အင်္ကျီအဖြူ၊ ဘောင်းဘီအပြာရောင်နဲ့ ဓာတ်ပုံနားမှာ ဓာတ်ပုံရိုက်ခံနေတာ.......မောင်မျိုးလား......?

လူချောပဲဗျို့...........။

ခင်မင်တဲ့
ဏီလင်းညို

blackroze said...

ကဲ..အားကျနေရုံနဲ့မပြီးသေးဘူး
အချိန်ရှိတုန်းလှုပ်ရှားကြပါစို့....
တကယ်ဖြစ်ချင်တကယ်လုပ်
အဟုတ်ဖြစ်ရမည်တဲ့
ကြိုးစားကြပါစို့.... :PPPP

LinkWithin

Related Posts Plugin for WordPress, Blogger...