Tuesday, November 8, 2011

မောင်ဗလ


ကျနော် နာမည်တွေများတဲ့အကြောင်း ဒီမှာ ရေးဖူးပါတယ် ။ ခုတစ်ခါ နာမည်လေးတစ်ခု ထပ်ရသွားပြန်ပြီ မောင်ဗလ တဲ့ ခင်ရတဲ့ သူငယ်ချင်းအစ်ကိုနဲ့ညီ တွေ ပေးလိုက်တာပါး) ပြီးတော့ ကျနော့်ကို အားကစားလုပ်ဖို့ တိုက်တွန်းကြတယ် ၀တာ မ၀တာ အပထား အသက်ကလေးငယ်ငယ်နဲ့ လူအိုရုပ်ကြီးပေါက်နေတဲ့ မှိုင်မှိုင်တွေတွေဖြစ်နေတဲ့ ကျနော့်ကို စိတ်လေးလန်းဆန်း ကျန်းမာရေး ကောင်းစေချင်တဲ့ စိတ်နဲ့ပါ အငယ်လေးထဲက သာရည်ကွင်း ပစ်တာလောက်ပဲတတ်တဲ့ ကျနော် ဘာဆို ဘာမှမလုပ်တတ်ပါဘူး အိမ်မှာ ပြီးခဲ့တဲ့ လတွေက ပန်းရံ လာလုပ်တဲ့ အစ်ကိုတွေရှိတယ် အဲ့အစ်ကိုတွေက ကျနော့်ကို ဒီ အလေးတုံးလေးတွေ လက်ဆောင်လုပ်ပေးသွားတာပါ ။

အရင်က ပဲတောင့်ရှည်လောက်ပဲ ရှိတဲ့ ကျနော့်လက်မောင်းလေး ခရမ်းသီးလောက်ဖြစ်လာတာကို သဘောတကျကျ နဲ့ ဖြစ်လို့ပါ ။ အလေးတုံးအကြီးကြီးကို အစ်ကိုတစ်ယောက် ရော့မကြည့်ဆိုပြီးထိုးပေးလိုက်တာ ပေါ့ပေါ့လေးထင်လို့ မလိုက်ပါတယ် “ အားအား မရဘူး ပြန်ယူပြန်ယူ ” ဆိုပြီးပေးလိုက်ရတယ် သူမယူရင် သူ့ပေါ် ကျနော် ပစ်ချလိုက်မှာ သိနေတာကိုး ။ ခုနောက်ပိုင်းမှာ အလုပ်တွေက အမည်ဖော်မရပါပဲ တော်တော်ကိုရှုပ်လာတာပါ ဘာရယ်လို့ အမည်ဖော်လို့မရပဲ ရှုပ်နေတာမျိုး အခန်းရောက်တာနဲ့ တန်းအိပ်လိုက်တာပဲ တစ်ကိုယ်လုံးလည်း ညောင်းချိလို့ အဲ့တော့ မောင်ချူချာ က ကျန်းမာရေးတွေ ပိုပိုဆိုးလာတယ် ချွေးကမထွက် အညောင်းကမိ ဆိုတော့ တကယ့် လူမမာရုပ် အဲ့တော့ ကျနော် အားကစားလေး လုပ်ဖြစ်ပါတယ် ။

အားကစားလုပ်တော့လည်း ရာဇ၀င်နဲ့ စစချင်းမတော့ ကိုယ်လက်တွေ နာလို့ ဆေးပါသောက်ရတယ် အကြံပေးတဲ့ သူတွေကိုပဲ ငါ့များ မကောင်းကြံလေသလားလို့ထင်မိတယ် ။ ဖြည်းဖြည်းချင်း အဆင်ပြေသွားလို့တော်ပါသေးရဲ့ ဒီနေရာမှာ လွဲတာလေးက တစ်ခု ကျနော့် အခန်းက ၂ ထပ်မှာ ကျနော်တို့အိမ်ခေါင်းရင်းမှာက အမျိုးသမီး အလှပြင်ဆိုင်လေးရှိပါတယ် ကျနော့်အခန်းနဲ့ တည့်တည့်က သူတို့ဆိုင်ရဲ့ နောက်ဖေးနဲ့ကွက်တိ ကျနော် အားကစားလုပ်တဲ့ ညဦးပိုင်းဆို သူတို့က လျှော်ဖွတ် ချက်ပြုတ်နေကြတယ် ပထမတော့ မသိဘူး ကျနော်က အပီပြင်ကို sexy body ကိုပြလို့ အလေးတုံးကြီး မနေတဲ့အချိန် သူက ကျနော့်ကိုမြင်ပြီး ဘာကောင်ကြီးလဲဟလို့ထင်လားမသိ ဘာမပြောညာမပြောနဲ့ ထိုင်ရယ်နေလိုက်တာ တကယ့် ငပေါကောင်ကြီးတွေ့လို့ ရယ်နေတဲ့ပုံနဲ့ အီးးး...ရှက်လိုက်တာဗျာာ အဲ့တည်းက အားကစားလုပ်ရင် မီးတွေပိတ် အခန်းတံခါးပိတ်ပြီး တိတ်တိတ်လေး ကျင့်တာ အာနိုးတို့ စတားလုံးတို့လိုဖြစ်ဖို့း) ။

ခုချိန်ထိ ခရမ်းသီးလောက်ပဲ ရှိတဲ့ လက်မောင်းက ထပ်မကြီးလာသလို ဘာမှလည်းမထူခြားလာပါဘူး ဒါပေမယ့် စားကောင်း အိပ်ကောင်းနဲ့ လောကဓံတရားတွေကိုလည်း ခံနိုင်ရည်ရှိလာသလားလို့ ။ သူများတွေ ပိန်ဖို့ ကျင့်နေရတဲ့အချိန် ကျနော်က ကံအကျိုးပေးကောင်းလို့ မ၀တာလို့ ကိုယ့်ကိုယ်ကို တွေးပစ်လိုက်တယ် စိတ်ချမ်းသာစရာကောင်းသားး) သူငယ်ချင်းတွေလည်း ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာာ ။



24 comments:

မဒမ်ကိုး said...

အလေးတုံးလဲပိသွားပါဦးမယ်ကွယ်း)

ခင်တဲ့

မိုးခါး said...

ဟားဟား .. ငါ့နှယ်နော် ..
နင့်စက်ဆီ ဘော်ဒီမြင်သွားတဲ့ကောင်မလေးတွေကို သွားရန်တွေ့ပီး တာဝန်ယူခိုင်း .. ဒါလုံးဝ မဖြစ်သင့်တဲ့ ကိစ္စ :P

မြသွေးနီ said...

သြော်...ဗ..ဗလ..အင်အားပြချင်နေသူကိုး...။
သူများတွေ အဆီတွေ တက်နေလို့ ၀ိတ်ချနေရချိန် ဒီလို မူရင်းပိန်လေးက ပိုတောင်မကောင်းဘူးလား မောင်မျိုးရေ.. :)

Yan Naing said...

အားကျတယ်သူငယ်ချင်းရေ။ ငါကတော့ အားကစားလုပ်ရမှာ ပျင်းတဲ့နေရာ နှစ်ယောက်မရှိဘူး။ အားကစားတစ်ခုခု လိုက်စားသင့်မှန်းသိပါရက်နဲ့ ဘုန်းကြီးတစ္ဆေဖြစ်နေတာ :P
တစ်နေ့နေ့တော့.. တစ်ခုခု လုပ်ဦးမှ :D

Yadanar Soe said...

ပိဦးမယ်နော်..

(စေတနာပါ)

Than Lae said...

ပဲတောင့်ရှည်လောက်ကနေ ခရမ်းသီးလောက်ဖြစ်လာတယ်ဆိုလို့  ဘယ်ဆိုးလို့ တုန်းဗျ ... :P
တစ်ကိုယ်လုံးလည်း ညောင်းချိလို့ ကျန်းမာရေးအတွက် အားကစားလုပ်ချင်ရင်တော့ အလေးမတာတစ်ခုတည်းမဟုတ်ပဲ အခြား ပြေးတာတို့ ၊ ရေကူးတာတို့ ၊ စက်ဘီးစီးတာတို့ ကို အချိန်လေးနဲ့ သတ်သတ်မှတ်မှတ်လေးလုပ်ပေးနိုင်ရင် ပိုကောင်းတယ် ဆရာမျိုးရဲ့ ... အကြံပေးတာနော် .. ကိုယ်ကျန်းမာလို့  စိတ်ချမ်းသာပါစေဗျာ ..

Su Myat Htar said...

၀၀ပိန်ပိန်...နေကောင်းကျန်းမာနေရင် ပြီးတာဘဲလေ..။ရည်းစားပူမိသလို မှိုင်မှိုင်တွေတွေကြီးတော့ မနေနဲ့ပေါ့နော..။ အလေးမတာထက် ချွေးထွက်အောင် လေ့ကျင်ခန်းလေး မှန်မှန်လုပ်ရင် အဆင်ပြေပါတယ်..။ စားကောင်း အိပ်ကောင်းနဲ့ လောကဓံတရားတွေကိုလည်း ခံနိုင်ရည်ရှိသည်ထက် ပိုရှိလာပါစေ...။

Cameron said...

တို့လဲ သင်တန်းမှာ အလေးတုံးမနေတယ် နောက်တွေ့မှာ ဗလပြိုင်ကြတာပေါ့..း))

Angelhlaing(May everybody be happy and healthy! said...

အဲလိုကုသိုလ်ထူးတာမျိုး လိုချင်တယ်...ကိုမျိုးရေ... ဝလာမှာစိုးလို့ ဆင်ခြင်ရတဲ့ ဒုက္ခက သေးတယ်အောင့်မေ့လို့လား...နော် ..:):)

AH said...

ကိုမျိုးရေ.... ၀ိတ်အရင် မ မနဲ့၊ အပေါ်ကြီး အောက်ရှုးသွားမယ်၊ ပေါင်တို့၊ ခြေသလုံးတို့ ကြီးအောင် အရင်လုပ်ရတယ်။ အဲ့ဒါ ထိုင်ထများများ အရင်လုပ်ရတယ်၊ အောက်ပိုင်းခိုင်တော့မှ ၀ိတ်မ။

အချွန်နဲ့ မခဲ့ပြီဗျို့...... :)

ကြယ်စင်အလင်း said...

အားပေးတရ်.. အားပေးတရ်.. အစားလဲများများစား..
ဝိတ်တက်ချင်ရင် တနေ့ နွားနို့ ၄လီတာသောက်လို့လဲ
ကြားဖူးတယ်။ ၁လထဲနဲ့ ၂၅ ပေါင်တက်တယ်ဆိုပဲ။
ဟီး... ညီတော့ မသောက်နိုင်လို့ မ၀ချင်တော့ဘူး။
ခပ်ပိန်ပိန်လေးပဲကောင်းတယ်။ ကျန်းမာနေရင် အဓိကပဲမလား။..

ညိမ်းနိုင် said...

ပိန် ပိန် ဝ ဝ....နေကောင်းကျမ်းမာရွှင်လန်းနေဖို့ကအရေး
ကြီးတယ်ထင်တာပဲဟ...၊ကျမ်းမာရေးလိုက်စားတဲ့အနေနဲ့
အားကစားလုပ်တာတော့အားပေးသဟ..၊လုပ်သာလုပ်..:)

ဟန်ကြည် said...

မိုက်ပါဘိ မောင်မျိုးရယ်...အပင်ပန်းခံပြီး အလေးတုံးတွေ မရတယ်လို့...လွှင့်ပစ်လိုက်စမ်းပါ...ကြက်ဥပြုပ်နှစ်လုံးယူ...ဘယ်တစ်လုံး ညာတစ်လုံးကိုင်ပြီး တစ်ရက်ကို ငါးခါလောက်မ...လက်မောင်းကြွက်သား မကြီးဦးတောင် အခြေအနေပေးရင် မနှဲလေး လုပ်စားလို့ ရချင်ရဦးမယ်...ဟဲ ဟဲ...

အလေးမရင်လည်း စနစ်တကျ မတော်မူပါ ငါ့ရှင်...သက်ဆိုင်ရာ ကြွက်သားတွေအတွက် မ-နည်းမျိုးစုံရှိပါသတဲ့...တော်ကြာ အချိုးညီညီ မကျင့်မိလို့ ကြီးတဲ့နေရာကြီး သေးတဲ့နေရာသေး ဖြစ်နေရင်ဖြင့် ပဲတောင့်လို ဘော်ဒီဖြစ်နေပါလိမ့်မဗျား...

ညီရဲ said...

မောင်ဗလရေ...
sexy body နဲ့ ပုံလေး ရိုက်ပြီး ဘလော့ဂ်မှာ တင်ပေးဖို့ တောင်းဆိုပါတယ်...
စတာညီရေ...
အားကစားကတော့ လူတိုင်း လုပ်သင့်တယ် ဒါမှ ကျန်းမာရေးနဲ့ ညီညွတ်မှာ...

ညီလင်းသစ် said...

ဘိုဘိုဟန်ကတော့ ခေတ်အမှီဆုံး ပြားချပ်ချပ်ဆိုပြီး အားပေးသွားခဲ့ တာပဲဗျ..၊း) ယောင်္ကျားလေးတွေလည်း အနည်းအပါးတော့ သက်ဆိုင်လိမ့်မယ် ထင်ရတာပဲ..၊ အလေးမတာ ကောင်းပါတယ်၊ ခန္ဓာကိုယ်အချိုးအစား အတွက် နည်းစနစ်ကျကျနဲ့ လုပ်ဖို့သာ မမေ့ပါနဲ့ဗျာ..၊ အလေးအပင်တွေ ဖြစ်လို့ မှားသွားခဲ့ရင် လက်ဗလာနဲ့ ကိုယ်လက်လှုပ်ရှား လုပ်တာထက် ပိုပြီး 'ထိ' နိုင်ပါတယ်၊ အဆင်ပြေပါစေ ညီရေ...။း)

နေ၀သန် said...

ဗလငါးတန်နဲ့ ပြည့်စုံပါစေဗျား

ခင်မင်လျက်
နေ၀သန်

blackroze said...

ဟေးးဟေးးး
ကြိုးစားထားမောင်မျိုးရေ

mstint said...

မော်ဒယ်လ်ခေတ်မှာ မောင်မျိုးရဲ့ ကိုယ်ခန္ဓာအချိုးအစား အံဝင်ဂွင်ကျပါတယ်ကွယ်။ 'အသက်ကလေးငယ်ငယ်နဲ့ လူအိုရုပ်ကြီးပေါက်နေတဲ့ မှိုင်မှိုင်တွေတွေဖြစ်နေတဲ့သူ' ဆိုပြီး ကိုယ့်ကိုယ်ကို နှိမ့်ချမနေပါနဲ့။ သူများတွေ ငွေတွေအကုန်ခံပြီး ဝိတ်ချနေကြရတာ မမေ့နဲ့ မောင်ညိန်းပြောသလို ကျန်းမာရွှင်လန်းစေဘို့ပဲလိုတယ်လေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

တကယ်ကြီးမနေတယ်ပေါ့ ဟုတ်လား။။
ကောင်းပါ့ကောင်းပါ့
ခရမ်းသီးလောက်ကနေ ဘူးသီးလောက်ကြီးဖြစ်လာပါစေလို့ ..း)
ဒါနဲ့ အလေးမတာ အချိန်တော့ အတော်ပေးရတယ်. ချက်ခြင်းကြီး သိသိသာသာ တက်မလာဘူး.. နှစ်နဲ့ချီပြီး မ မှ အလေးချိန်ဖြေးဖြေးချင်းတိုးတာ..
စိတ်တော့ရှည်ရတယ်.. အလေးမတုန်းမှာ အစားလဲ များများစားပေး.. ဒါမှ အသားဖြစ်လာမှာ..
ဒါကြောင့် အာနိုးတို့လိုဖြစ်ချင်ရင် စိတ်ရှည်ရှည်နဲ့ မပါ..
စိတ်အားမလျော့ပါနဲ့ မောင်မျိုးရေ..

ShwunMi- said...

သူများတွေ ပိန်ဖို့ ကျင့်နေရတဲ့အချိန် ကျနော်က ကံအကျိုးပေးကောင်းလို့ မ၀တာ ...
ငါ အားရှိသွားပီ သယ်ရင်း.

San San Htun said...

မောင်မျိုးရဲ့  စက်ဆီဘော်ဒီကို မြင်ပြီး ရင်ခုန်ရုံတင်မက ရင်ပါတုန်သွားကြတယ် ဆိုပဲ... :)

Anonymous said...

မဟားဒယား အော်ရီသွားတယ်

မစဒက

thethes said...

j8n80s8c15 s8c01u0c53 a0b34l9n36 o2d04g7r11 r0v78s0p51 i6y68e5n90

tunethi said...

o2t65y6r07 p6w33u0d61 t5l23m9h57 z6i55g4m40 g6w04z6q75 f4g51w9v87

LinkWithin

Related Posts Plugin for WordPress, Blogger...