Wednesday, October 19, 2011

ကျနော့်စာအုပ်စင်လေး

ခုရက်ပိုင်း စာအုပ်တွေနဲ့ ဇိမ်ယူနေတယ် စာရေးဖို့ စာတွေ လိုက်ဖတ်ဖို့လည်း ချောင်ခိုနေတယ်း) ။ အိမ်ကပြန်လာတုန်းက စာအုပ်ကြီးတစ်ထုတ်နဲ့ ပါသွားတဲ့ အ၀တ်စားတွေ စာအုပ်တွေ ထည့်ပြီးတော့ အိတ်က ပြည့်သွားနဲ့ ပြန်တောင်မပါလာတော့ ကျနော်ကတော့ လဲတာပဲ စာအုပ်တွေတော့ အပါယူသွားရမယ် ဒီမှာ စာအုပ်က ရှားလည်းရှား ဈေးလည်းကြီးတယ် ။ စာအုပ်တွေကို မက်စက်တယ် ဒီတစ်ခေါက်ပြန်လာတော့ စာအုပ် ၁၁ အုပ်ဝယ်ခဲ့တာ အဲ့တာကို အမှတ်မှားပြီး ၁၃ အုပ်ထင်နေတာ စာအုပ်ပျောက်တယ်ဆိုပြီး အိမ်မှာ သောင်းကျန်းလိုက်သေးတယ် တူ ၂ယောက်က ခဏ ယူဖတ်မိတာမှားတာပဲတဲ့ မျက်နှာကြီးစူပုတ်ပြီး “ ငါ့စာအုပ်တွေက လာလာ မကလိပါနဲ့ဆိုတာကို ” ပါးစပ်က ဗြစ်တောက် ဗြစ်တောက်နဲ့ နောက်မှ စာအုပ် ဘောက်ချာလေးပြန်တွေ့ပြီး ၁၁ အုပ်ထဲပါတာ သိတော့တယ် စပ်ဖြီးဖြီး နဲ့ ဟဲဟဲ ကျနော် အမှတ်မှားတာဆိုတော့ သူ့သားတွေကို ပြသနာသွားရှာတဲ့ အစ်မက နင်ဟာတော့လေတဲ့း) ။

လေကြောကရှည်မိပြီ ခုက ကြွားမလို့ စာအုပ်တွေအကြောင်း ။ ပြီးခဲ့ လပိုင်းတွေက ဟော့စ်ဖြစ်နေတဲ့ ဆရာမဂျူး ရဲ့ “ ပိုချစ်တဲ့သူ ကိုယ်ဖြစ်ပါရစေ ” ဆိုတဲ့ စာအုပ်လေးဖတ်ပြီးသွားတယ် ကောင်းပါတယ် ပညာပေးလေးတွေလည်းရလိုက်တယ် ဆရာမရဲ့ စာအုပ်တွေကိုတော့ စဖတ်ဖူးကတည်းက စာအုပ်တွေ ပြန်ရှာဝယ်စုပြီး ဖတ်ဖြစ်တယ် ဒါပေမယ့် ခုနောက်ပိုင်းစာတွေကတော့ အရင်လို ခပ်ပြင်းပြင်း အချစ်လေးတွေ ရင်ထဲလှိုက်ဖိုသွားလောက်မယ့် (ဥပမာ- အမှတ်တရ ၊ မိန်းမတစ်ယောက်၏ ဖွင့်ဟ၀န်ခံချက် ) ခံစားချက်မျိုးတော့ မရတော့ဘူးပေါ့း) ။ဒါပေမယ့်လည်း ကြိုက်ပါတယ် ။

ဒါ ခုလောလောဆယ် ဖတ်နေတဲ့စာအုပ်ပါ သိပ်ကြိုက်ပါတယ် ကျနော်က ဆရာမ ခင်ခင်ထူးရဲ့ စာတွေကိုဆို အဟောင်းလေးတွေ အတိုလေးတွေကအစ သဲကြီးမဲကြီးရှာဖတ်တယ် အစ်မရွှေစင်ဦး ဆီက ဆရာမရဲ့စာလေးတွေကိုလည်း ပရင့်ထုတ်ပြီး ဖတ်တဲ့ အခါလည်းဖတ်တာပဲ ။ မအိမ်ကံ ကို ရွှေမှာ ဟိုတစ်ပိုင်း ဒီတစ်ပိုင်း ဖတ်ရကတည်းက စိတ်ဝင်စားနေတာ ခုတော့ ဖတ်ခွင့်ရပြီ မပြီးသေးပါဘူး ကြွားချင်လွန်းလို့သာတင်လိုက်တယ် ။ မအိမ်ကံ ကို သိပ်ထက်တဲ့ အမျိုးသမီး လို့ ကောက်ချ ချမိပါတယ် ပြီးတော့ ရွာဓလေ့ လေးတွေက သိပ်မြန်မာဆန်ပြီး စကားပြောလေးတွေကို အရမ်းကိုကြိုက်ပါတယ် ။

ဒီစာအုပ်လေးကိုလည်း ကျနော် ခဏခဏ ပြန်ဖတ်တယ် ကိုကျီးညို ၊ မခင်နှောင်းတို့နဲ့တောင်တော်တော်ရင်းနှီးနေပြီး) ခဏခဏ ပြန်ဖတ်လွန်းလို့ စာအုပ်လေးလည်း ကြေနေပြီ မြန်မာ့ ကျေးလက် စာအုပ်လေးမို့ ကိုကြီးကျော် နတ်ပွဲအကြောင်း စုံစုံလင်လင်နဲ့ ကြေကွယ်ဖွယ် ဇတ်သိမ်းလေးတွေ နဲ့ စာအုပ်ကောင်းလေးမို့ မိတ်ဆွေတွေကိုလည်း ရှာဖတ်စေချင်ပါသေးတယ် ။

ဒါတွေကိုတော့ ဟိုစု ဒီစုနဲ့ အားလုံးက ဖတ်ြပီးသားတွေပါ ။ ကြာဆစ်ကြိုး ထဲက မိုင်ခိုး ဆိုတဲ့ ၀တ်ထုတိုလေးလည်း ချစ်စရာကောင်းပါတယ် ။ ဆရာကြီးဘုန်းနိုင်ရဲ့ စာအုပ်လေးကိုတော့ အဟောင်းဆိုကနေပြန်ဝယ်ထားတာ ကဗျာလေးတွေ သိပ်ကောင်းတယ် အဲ့ဒီ စာအုပ်လေးထဲမှာ ။

ကျနော် အရမ်းကြိုက်လို့ ပျောက်သွားတယ်ဆိုပြီး အပိုင်သိမ်းလိုက်မိတဲ့ ဆရာမောင်လှမျိုး(ချင်းချောင
်းခြံ ) ရဲ့ အလွမ်းလက်တစ်ဆစ် ဆိုတဲ့ ၀တ္ထုထဲက စကားပြောလေးပါ။ဘယ်တော့မှမမေ့ဘူးဆိုတဲ့ ဝေါဟာရက ပျော်ရွှင်ကြည်နူးစရာတွေအတွက်ပဲကောင်းတယ် ။ တစ်ခြား အနိဌာရုံကိစ္စမျိုးတွေအတွက်တော့ ဘယ်တော့မှ မမေ့ဘူးဆိုတဲ့ စကားက ဘယ်တော့မှမကောင်းဘူး ။ ဘယ်တော့မှမမေ့ဘူး သူငယ်ချင်းရယ် ဆိုတဲ့ လွမ်းစရာတွေပဲ ကောင်းတယ် ဘယ်တော့မှမမေ့ဘူးဆိုတဲ့ နာကျင်စရာမျိုးက ဘယ်တော့မှ ဘယ်သူ့အတွက်မှမကောင်းဘူး ”။


နတ်နွယ် ရဲ့ စာအုပ်ကိုတော့ ဒီမှာ ရေးဖူးပါတယ် သေးတယ် ။ဆရာဖေးမြင့် ရဲ့ စာအုပ် ၂ အုပ်ကတော့ ဆရာဦးဟန်ကြည် လက်ဆောင်ပေးထားတာပါ ။



ဒါကတော့ ဖတ်ရ လွယ်မယ်ထင်တဲ့ စကားလုံးရိုးရိုး ၀ါကျ ရိုးရိုးလေးတွေနဲ့ ဖွဲ့ထားတဲ့ ထိုင်းစာအုပ်လေး၂အုပ်ပါ တစ်နေ့ကို တစ်ရွက်ရဲ့ ၃ ပုံ ၂ ပုံလောက်တော့ ပြီးတယ်း) တစ်နေ့နေ့တော့ ပြီးမှာပေါ့နော့် ။ วิธีชนะใจคน ဆိုတာလေး စိတ်ဝင်စားဖို့ကောင်းလို့ အရင်ဖတ်ဖြစ်တယ် ။ လူရဲ့စိတ်ကိုဖတ်တတ်ဖို့ နည်းလမ်း တဲ့ တိုက်ရိုက်ပြန်ရရင်တော့ လူရဲ့စိတ်ကို နိုင်မည့်နည်လမ်း ပေါ့ တစ်မျိုးကြီးဖြစ်နေသလားလို့ ။

မလေးအိမ့် ရဲ့ စာအုပ်အောက်က မြင်းရုပ်ကလေးနဲ့က မင်းမှုထမ်းစာအုပ်ပါ ။ မင်းမှုထမ်း ရွှေအမြုတေမှာ အခန်းဆက်ဖော်ပြခဲ့တဲ့ စာအုပ်ကောင်းတစ်အုပ် မြို့မှာတုန်းက စာအုပ်ဆိုင်က သူငယ်ချင်းဆိုင်မှာ စကားသွားသွားပြောရင်း အခန်းဆက်တွေဖတ်ဖြစ်တယ် တစ်ချို့လတွေက သူ့ဆိုင်မှာမရှိတော့ မဖတ်ရဘူး ကိုယ်ဖတ်ခဲ့ရတဲ့အပိုင်းတွေက
တော်တော် ကောင်းခန်းရောက်နေပြီ ။ နောက်တော့ ရွှေအမြုတေမှာပဲ ကြော်ငြာထားတာတွေ့တယ် စာအုပ်ထုတ်ဖြစ်တဲ့အကြောင်း အဲ့တည်းက သိပ်လိုချင်ခဲ့တဲ့စာအုပ်လေး ။ ရန်ကုန်ရောက်တုန်းက စာအုပ်ဆိုင်ရောက်တော့ သွားကိုင်ဖြစ်တာ စာအုပ်ဈေးကြည့်ပြီး ဖျားသွားတယ် ၅၅၀၀ တောင် တအားလည်းလိုချင်တယ် ၀ယ်လိုက်ရင်လည်း ကားခအပြင် လမ်းမှာ ရေသောက်ဖို့တောင်မရှိတော့ဘူး ကိုယ်လိုချင်မှန်းသိလို့ လမ်းစရိတ်အတင်းထိုးထည့်ပေးခဲ့တဲ့ သူငယ်ချင်းမ မိုင်ရာ နဲ့ ညီလေး ရှင်းသန့်ကို ကျေးဇူး အများကြီးတင်ပါတယ်း) ။ မလေး ရဲ့ စာအုပ်အကြောင်းလေးလည်း ဒီမှာ တင်ဖူးတယ် စာလုံးပေါင်းတွေကတော့ လက်ကုန်မှားတယ် ဒါပေမယ့် ပြင်ရမှာ ပျင်းတယ်း)



ဒါတွေကတော့ မဖတ်ရသေးပါဘူး ။ စိတ်ပင်းပန်းတိုင်း ဒီလို စာမျိုးလေးတွေ ခွန်အားဖြစ်စေတာ ကျေးဇူးတင်စရာ ။


ဒါတွေလည်းမဖတ်ရသေးဘူး ဖတ်ပြီးလို့ ကြိုက်တာလေးတွေ ရေးဖို့အဆင်ပြေတာလေးဆို ရီဗြူးလေး ရေးပါအုံးမယ် ။



အောက်ဆုံးက ဂျူး တစ်အုပ်ပဲဖတ်ရသေးတယ် ကျန်တာတွေမဖတ်ရသေးဘူး မြန်မာ အက်ဆေး ၁၀၁ မှာတော့ ဟိုးတုန်းက စာရေးဆရာကြီး ဆရာမကြီး တွေရဲ့ အက်ဆေးတွေလည်းပါတာ မာတိကာမှာ တွေ့လိုက်တယ် ။

စာဖတ်ခြင်းဟာ ကျနော့်အတွက်တော့ အကောင်းဆုံး အပန်းဖြေနည်းတစ်ခုပါပဲ ဒီလိုစာတွေဖတ်ခွင့်ရတဲ့ အချိန်တွေ စာပေနဲ့ မဝေးတဲ့နေရာ မှာ နေခွင့်ရနေသေးတဲ့ ကိုယ့်ကိုယ်ကိုလည်း ၀မ်းသာစရာလို့ပြောရမယ်ထင်ပါ့ ။စာပေဟာ မာကြောနေတဲ့ စိတ်ရိုင်းတွေကို ညင်သာစေတဲ့ လေပြေအေးလေးနဲ့ တူပါတယ် ။ မိတ်ဆွေတို့လည်း လေပြေအေးလေးကို ခံစားနိုင်ကြပါစေဗျာ ။


23 comments:

Than Lae said...

အိမ်တစ်အိမ်ကိုရောက်ရင် စာအုပ်စင်ကိုကြည့်ပြီး သူ့ အဆင့်အတန်းကို ခန့် မှန်းနိုင်တယ်တဲ့ .. စာပေကိုချစ်မြတ်နိုးစွာ စုဆောင်း ဖတ်ရှုတတ်တဲ့ မောင်မျိုးကို တကယ်လေးစားတယ်ဗျာ။ အားလည်းပေးတယ် ... စာအုပ်၊ စာပေတွေကြားထဲမှာ ပျော်ရွှင်ငြိမ်းချမ်းပါစေနော် .. ^_^

Cameron said...

အိမ်နီးရင် စာအုပ်ငှားပါတယ် အမဆီမှာ ဂျူးအစအဆုံးရှိတယ်....။

မိုးခါး said...

ဟမ်
လက်ရေးက မလှရတဲ့အထဲ စာလုံးပေါင်းက မှားသေးတယ် .. ပေတံဇောင်းနဲ့ လက်ထိပ်တော့ ညားတော့မယ် .. :P

မဒီခ said...

ဖေမြင့်နဲ့ ဂျူး စာအုပ်လေးတွေ ကျောင်းတက်တုန်းက အတော်နှစ်သက်စွာ ဖတ်မိခဲ့တယ်။ ဒီတစ်ခါတော့ ဆရာမခင်ခင်ထူးစာအုပ်လေးတွေ ဖတ်ကြည့်ဖို့ စိတ်ကူးရသွားတယ် .. ဝေမျှလို့ ကျေးဇူးပါဗျာ ...

ညီရဲ said...

စာအုပ်တွေ တော်တော်လေး စုံတာဘဲ...
ငှားလို့ ရရင် ကောင်းမယ်...
ကျွန်တော်လဲ စာဖတ်ဝါသနာပါတယ်...

ညီလင်းသစ် said...

ကျနော်လည်း ဆရာမ ခင်ခင်ထူးရဲ့ စာတွေ အခုမှ လိုက်ဖတ်နေရတယ်ဗျ၊ မြန်မာစာအုပ်တွေနဲ့ နီးနီးနားနား နေတုန်းက အချိန်တွေကို ပြန်သတိရတယ်၊ ညီ စာအုပ်တွေ အများကြီး ဝယ်လာတာကို အားကျသွားတယ်...။

မြသွေးနီ said...

စာအုပ်တွေအားလုံးက မြသွေးနီအကြိုက်တွေချည်းပါလားနော်..။
စာအုပ်လေးတွေနဲ့ ပတ်သက်လာရင် တန်ဘိုးထားတတ်သူမို့ လေးစားပါတယ် မောင်မျိုးရေ..။

ညိမ်းနိုင် said...

မအိမ်ကံ နဲ့ မင်းမှုထမ်းဖတ်ချင်တယ်.....

mstint said...

'စာအုပ်စင်' ပီသပါပေတယ် မောင်မျိုးရေ။
တန်ဘိုးရှိတဲ့စာပေတွေ စုစည်းရာလေးပါလား။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးယံ said...

ပရိတ်ကြီးစာအုပ်ကို ဖတ်ပါ...။ ဒါပေမယ့်.. ပရိတ်ကြီးဆိုတာ... ရွတ်ဆိုဖို့ သက်သက်မဟုတ်ပဲ...လိုက်နာ ကျင့်ကြံ ရတာဆိုတာကိုပါ သိနိုင်ပါစေ...

စိတ်ပင်ပန်းတဲ့အခါ ......
ဆရာတော် ဦးဇောတိက ရဲ့“ တွေးမိတိုင်ပျော်တယ်” နဲ့ “ ဘ၀အဆင့်အတန်း” အရှင် ဆန္ဒာဓိက ရဲ့ “ ငြိမ်းအေးသော ဘ၀ပိုင်ရှင်” ကို ဖတ်... အဲဒါတွေက စိတ်ကို ငြိမ်းချမ်းစေတယ်...ပီတိဖြစ်စေတယ်...ခွန်အားတက်စေတယ်...။ (တစ်ခြားတွေလဲ ရှိပါသေးတယ်..အဲဒါလေးတွေကတော့...မှတ်မိနေလို့)

နေ၀သန် said...

မင်းပုံနဲ့.. စာအုပ်နှစ်အုပ်ပျောက်တယ်ထင်ပြီး.. သောင်းကျန်းတဲ့ပုံနဲ့.. တူနှစ်ယောက်ကို မာန်ကြိမ်းတဲ့ပုံကို မြင်ယောင်ပြီး.. ပြုံးတုံ့တုံ့လေးဖြစ်သွားတယ်...း)))

ခင်မင်လျက်
နေ၀သန်

သူကြီးမင်း (တုံးဖလား) said...

ဖတ်ချင်စရာ စာအုပ်တွေချည်းပါဘဲ။
စဉ်းစားမိတယ်။ စာဘဲ ဖတ်နေရရင် ကောင်းမလားလို့။ ဘလော့ရောဂါရနေတော့ မရေးဘဲလဲ မနေနိုင်ပြန်ဘူးးး။

ခင်မင်လျှက်

ချော(အစိမ်းရောင်လွင်ပြင်) said...

မောင်မျိုးရဲ့စာအုပ်တွေ စုံလှချည့်
စာအုပ်တွေကြည့်တာနဲ့ စာသူရဲမှန်းသိသွားပြီ။
ဒါနဲ့ စာအုပ်တွေထဲမှာ မချောရဲ့ စာအုပ် ဝယ်မလာဘူးလား။ မောင်မျိုးတို့က မျက်နှာလိုက်တယ်နော်။ တို့စာအုပ်ကို ဘာလို့ မဝယ်ဘဲ ချန်ထားတာတုန်း။
အဲ.. မေ့လို့ .. စာအုပ်က ထုတ်မှ မထုတ်ရသေးတာဘဲ။ နောက် အနှစ် ၂၀၀ ကျရင် စာအုပ်ထုတ်ဖို့ စဉ်းစားထားတာ ။ အဲဒါနဲ့ မှားသွားတယ် ထုတ်ပြီးပြီမှတ်လို့ ဟိဟိ

နှင်းနဲ့မာယာ said...

ခင်ခင်ထူးယူမလား
ဂျူးယူမလား
ဒူဘိုင်းကိုလာခဲ့
ဖတ်ချင်တဲ့စာအုပ် အကုန်ရှိတယ်....

နှင်း

AH said...

ဝိုး... စာအုပ်တွေအများကြီးပဲဝေ... ပြန်လာရင် ကိုမောင်မျိုးဆီလာ အကြမ်းအိုးလေးခင်း၊ ထန်းလျှက်လေး မြှုံ့ပြီးတော့ အဲဒီစာအုပ်တွေ ထိုင်ဖတ်လို့ကတော့ ဇိမ်ဘဲ... :)

Angelhlaing(May everybody be happy and healthy! said...

စာချစ်သူတစ်ဦးမို့ အားကျမိပါရဲ့ ကိုမျိုးရေ...
စာအုပ်စင်လေးမှာ စုံစုံလင်လင်လေးနဲ့ ကျေနပ်စရာ..အတိပါပဲ... အဲလိုမျိုး ဖတ်ခွင့်ရဖို့ အခြေနေကတော့ ဝေးနေအုံးမယ် ထင်ပါရဲ့...:(

blackroze said...

ကျမလည်းစာအုပ်တွေစုရတာ
ဝါသနာပါတယ်..
မောင်မျိုးရဲ့စာအုပ်တွေကိုကြည့်ပြီး
ကွန်ပြူတာကနေဖတ်တာမဟုတ်ဘဲ
စာအုပ်ကိုလက်ကနေအားရပါးရ
ကိုင်ပြီးဖတ်ရတဲ့အရသာကိုတောင်အရမ်း
ပြန်လွမ်းသွားတယ်...
စာအုပ်စာပေလူ့မိတ်ဆွေ တဲ့မောင်မျိုးရေ
ကျမတော့အားပေးတယ်..

Phyo Evergreen said...

ကိုမျိုးဆီမှာ စာအုပ်တွေအများကြီးပါလား...။ မဖတ်ရသေးတာတွေအများကြီးဘဲ....စာမဖတ်ဖြစ်တာလည်းကြာပြီ..။ ကိုမျိုးကြောင့် အခုစာဖတ်ချင်စိတ်တွေပြန်ပေါ်လာပြီ..။

ကြယ်စင်အလင်း said...

အတော်ပဲ.. မြန်မာပြန်ရင် စာအုပ်တွေဝယ်ဖို့စဉ်းစားနေတာ။ ဘာစာအုပ်တွေဝယ်လာရမလဲ အကြံရပြီ။ အကုန်သယ်နိုင်မလားတော့မသိဘူး။ ကိုကြီးမျိုးစာအုပ်တွေက ဖတ်ချင်စရာတွေကြီးပဲ။ အိမ်လာလည်ရင် ပေးဖတ်ရမယ်။ဟဲဟဲ.

ဘာနေ said...

စာအုပ်ကလေးတွေ ကြိုက်တယ်ဗျာ ..
ဂျူး ရေးတာတွေကိုလည်းကြိုက်တယ် ..
ဆရာဖေမြင့် ဘာသာပြန်တွေကိုလည်း ကြိုက်တယ်..
တခါတခါကြ စာအုပ်ကလေး ဖတ်နေလိုက်ရင် စိတ်တွေက လွင့်မနေပဲ ကျေနပ်စိတ် စာကို ခင်တဲ့ စိတ်တွေနဲ့ အပန်းဖြေသလိုပါပဲ ..။

San San Htun said...

မောင်မျိုးကို အားကျလိုက်တာနော်..အိမ်မှာ ဖေ၊ မောင်မောင်နဲ့  အမက စာအုပ်သရဲတွေလေ..အင်တာနက်မှာ ဖတ်ရတာထက် စာအုပ်လေးကို ကိုင်ပြီး ဖတ်ရတာကို ကြိုက်တာ...

မေသိမ့်သိမ့် ကျော် said...

အကြိုက်ချင်းတူတယ်။ စာအုပ်တွေကသိပ်ကောင်းတဲ့ အဖော်မွန်ပါ။

ခင်တဲ့
မေသိမ့်

မြစ်ကျိုးအင်း said...

စာပေချစ်သူမို့လို့ ဝမ်းမြောက်မိတယ်။ ကျနော်လည်း စာအုပ်လေးတွေ စုဖြစ်တာ စင်ပေါ်မှာတောင် အတော်လေး များလာပြီ။ စာအုပ်တွေပြည့်နေတဲ့ စင်ကို ကြည့်ရတာကိုက အရသာ တမျိုးပါပဲ။

LinkWithin

Related Posts Plugin for WordPress, Blogger...