ကျနော်လည်း ပြန်ရောက်ကတည်း က ဒီ့ပြင်ရေးစရာတွေလည်း ဘာမှမရှိတာနဲ့ ရိုက်ခဲ့တဲ့ပုံတွေနဲ့ပဲ ဆားချက်နေတော့တယ် ။ ဒါပေမယ့် နှစ်သက်ကြမယ်ထင်ပါတယ် ကျနော် ရွာအကြောင်းတွေရေးတိုင်း အားပေးကြတဲ့သူတွေရှိနေတာမို့ပါ အထူးသဖြင့် (Gyidaw )း) ။ တကယ်တော့လည်း ကျနော့် ရွာကလေးက တကယ်ပဲ ကြီးကျယ်ခမ်းနားမှု ဘာမှမရှိပါဘူး အကယ်၍များ ရွာကို အလည်လာကြရင်များ ဘယ်တွေများလိုက်ပို့ရမှာပါလိမ့်လို့တွေးမိတယ် အိမ်ခြေကလည်း ၃၀ နီးပါးလောက်ပဲရှိတဲ့ ရွာသေးသေးလေး ဒါပေမယ့် ကျနော်ကတော့ ရွာကလေးနဲ့ ပက်သက်လို့ ဘယ်တော့မှ သိမ်ငယ်စိတ်မ၀င်ခဲ့ဖူးပါဘူး ကျောင်းတုန်းက သူငယ်ချင်းတွေ လိုက်လည်မယ်ဆိုရင် ” ကြိုပြောထားတာနော် ငါတို့ကဆင်းရဲတဲ့တောသားတွေ ရွာမှာလည်း ဘာမှမရှိဘူး ” အဲ့လိုကိုကြိုပြောထားတာပါ ။ ရွာကို ပြန်ရောက်တုန်း ရွာက သူတွေက “ ဘယ်တော့ပြန်ရောက်လဲ ၊ ထမင်းလာစားအုံးအိမ်မှာ ၊ ငါ့မောင်က ဖြူပြီးချောလာတယ်ဟဲ့ ၊ မိန်းမ မယူသေးဘူးလား လူပျိုကြီးရ ” ဒီလို ဒီလို ဟန်ဆောင်မှုကင်းတဲ့ နှုတ်ဆက်သံတွေနဲ့ ဆီးကြိုလို့ပါ ။
မိုးတွင်းဆိုတော့ အိမ်ရှေ့တွေမှာ ဗူးပင် ၊ ပဲတောင့်ရှည်ပင်တွေလည်းစိုက်ထားကြတာများတယ် ။
အသိ အစ်ကိုတစ်ယောက်ကပြောတယ် မောင်မျိုးက ကြက်တောင် အလွတ်မပေးပဲ ရိုက်လာပါလားတဲ့ ဘလော့ဂါဆိုတာ ဒီလိုပဲ မဲမဲမြင်ရာ ရိုက်ချင်နေတော့တာလို့ပြောလိုက်တယ် ဟုတ်တယ်မှတ်လားး)
စိမ်းစိုနေတဲ့ ရွာလမ်းကလေး ဟိုးလမ်းဆုံးမှာ ၀ါးရုံတောတွေရှိတယ် ။
ကွမ်းခြံတွေဘက် သွားတဲ့လမ်း ။
ဗူးစင် တော်တော် သန်တယ်ပြောရမယ် အကင်းလေးတွေလည်းထွက်နေတာ အများကြီးပဲ အညွန့်တွေလည်းသန်တယ် ။ ဆေးဖျန်းတာနည်းတော့ သဘာဝ အတိုင်းသီးတဲ့အသီးတွေမို့ စားရတာတော်တော် ကောင်းပါတယ် ။
ဆနွင်းပျိုးခင်း တော်တော်လှတယ် ကျနော်ရောက်သွားတဲ့အချိန်က ညနေခင်းလေးဆိုတော့ နေလည်းအေးနေပြီ လေကလေးကလည်း အေးအေး နဲ့ စိမ်းလန်းတဲ့ ဒီလိုမြင်ကွင်းမျိုးလေးတွေတွေ့ရတာ စိတ်ထဲကြည်နူးမိတာတော့အမှန်ပဲ ။
ဒါက ရွာမှာ ဧည့်သည်သွားလုပ်တုန်းက စားခဲ့တာလေး တော်တော်စားကောင်းတယ် ဗူးသီးဟင်းကလည်း ချိုနေတာပဲ ။အားလုံးလည်း စိတ်ဝင်စားရင် ၀င်တီးသွားကြပါအုံးး) ။
21 comments:
မောင်မျိုးရေ
ငပိရည်ပန်းကန်လေးကိုကြည့်ပြီး
သရေကျလိုက်တာဟာ
ကျမတို့စီမှာကငပိ၇ည်တော့ရှိပါရဲ့
Ready made ထုပ်တွေဆိုတော့စားရတာ
မလတ်ဆတ်ဘူး..
ငပ်မွှေးမွှေးလေးနဲ့ထမင်းကိုနယ်ပြီး
စားပလိုက်ချင်တာ ဘေးနားက
ပန်းကန်ကဒညင်းသီးတွေလား
ဗူးသီးဟင်းနဲ့ငါးကြော်လားမောင်မျိုး
ရှလွတ် ...
ရွေး ဒညင်းခွက်ကြော်နဲ့ ငပိရည်ချို နိပ်ဟ ရှလွတ် ရှလွတ်
မောင်မျိုးရွာကလေးက စိမ်းစိုပြီး အေးချမ်းလိုက်တာ။ ဗူးစင်ကြီးနဲ့ ဗူးသီးကြီး သဘောကျတယ်။ ဗူးသီးကြော် ကြော်စားလိုက်ရရင် :P
အောက်ဆုံးက ဟင်းပွဲတွေပုံကတော့ ကြည့်ရင်းနဲ့ပဲ ဗိုက်က ဂွီခနဲ မြည်လာလို့ ဂလုခနဲ တံတွေးမြိုရင်း ကွန်မန့်ရေးလိုက်ပါ၏။
စိမ်းစိုတဲ့ ရှုခင်းတွေကြားက အိမ်လေးတွေ၊ ဖြောင့်ဖြူးတဲ့မြေသားလမ်းလေးနဲ့  သီးပင်၊ စားပင်တွေပါမကျန်မြင်လိုက်ရတာ အေးချမ်းပါဘိ။ ကင်မရာ သစ်သစ်လေးမို့  လားမဘိ။ ကာလာကလည်း ကောင်းမှကောင်းပဲ။ စားမြိန်စေမဲ့ ထမင်းဝိုင်းလေးနဲ့ မောင်မျိုးတို့ ရွာလေးရဲ့ ပုံရိပ်တွေက အေးချမ်းသွားစေတယ်.....
ချက်ချင်းကိုပဲ အိမ်ပြန်ချင်သွားတယ် ကိုမျိုးရေ...:(
လွမ်းလိုက်တာဗျာ....
အောင်မလေး ခူးချင်စရာတွေပါလား လက်နဲ့လိုက်ဆိတ်ချင်စရာတွေပါလားလကွယ်
အောက်ကဟင်းပွဲတွေကတော်တော်စားကောင်းမယ်ထင်တယ် ဟိဟိ ၀င်လွေးသွားဦးမှပဲး)
ခင်တဲ့
မဒိုးကန်
အဲလို ထမင်းပွဲ မျိုးနဲ့ မစားရတာ ကြာဘီ...လွမ်းတယ်။
အဆင်ပြေရင် နင်တို့ရွာလိုက်လည်ဦးမယ်...။
ဟုတ်တယ် မောင်မျိုးရေ
စိမ်းစိမ်းစိုစို ရွာကလေးက တကယ့်ကို အေးချမ်းမဲ့ပုံပါဘဲ
အစ်မတို့ ရွာတွေလည်း တစ်ချိန်ကတော့ စိမ်းစို အေးချမ်းခဲ့ပါရဲ့
ခုချိန်မှာတော့ ကျောက်တူးသူတွေကြောင့် တောလည်းပြုန်း တောင်လဲပြုန်း ချောင်းလည်းကော
သစ်ပင်တွေလည်း ပျောက်ကုန်ပါပြီ
မောင်မျိုးရဲ့ ရွာကလေးကြည့်ပြီး ဟိုးယခင်က ကိုယ့်ရွာလေးကိုယ် ပြန်သတိရမိပါရဲ့။
ပကာသန မပါတဲ့ ဟင်းခွက်တွေက တောဓလေ့အတိုင်း စေတနာအပြည့်နဲ့ ချက်ထားတာမို့ ချိုနေမှာဘဲဆိုတာ သံသယမရှိပါဘူးကွယ်
မဲမဲမြင်တိုင်းရိုက်တဲ့ဘလော့ဂါမောင်မျိုး :D ရွာဓလေ့လေးတွေကို ချစ်တယ်...
ထမင်းဝိုင်းလေးကအစရိုးသားမှုတွေအပြည့်နဲ့...
ဘူးသီကြော်ချက်မစားရတာကြာပေါ့ ညီရာ...စားချင်ထှာ၊
ဘူးသီးတွေကလည်း ကောင်းလိုက်တာ...၊အပင်အတော်
သန်တယ်...၊ငယ်ငယ်က ဘူးပင်စိုက်ခဲ့ဖူးတာသတိရမိတယ်၊
ဘူးစင်အောက်မှာ သိပ်ဆော့လို့ကောင်းပေါ့...၊ကွမ်းပင်
အကြောင်းလည်း ခုမှဖတ်သွားရတယ်..
မိုးအုံ့နေတဲ့ လမ်းလေးအောက်က နေပူနေတဲ့ လမ်းလေးကို ကြိုက်လိုက်တာ..
ဒီစနေ/တနင်္ဂနွေတော့ ဗူးသီးဟင်းနဲ့ ဆားထောင်းလုပ်ပြီး စားလိုက်ဦးမယ်..
အေးကြည်မကိုကော ဓာတ်ပုံ မရိုက်ခဲ့ဖူးလား..
မြင်ချင်တယ်း)
မောင်မျိုးရယ် ဒီနေ့အိမ်မှာထမင်းမချက်ဘူး ခေါက်ဆွဲချက်စားကြတာ...။ တနေကုန်ထမင်းမ၀င်တော့ မတင်းတိမ်ဘူးဖြစ်နေတယ် ညည်းဟင်းခွက်တွေတွေ့တော့ ဗိုက်ပိုဆာသွားတယ်ကွယ်...။ လူဇိုး ဗူးစင်ကဗူးသီးတစ်လုံးခူးပြီး ကြော်စားလိုက်ရကောင်းမယ်...။
ရွာအကြောင်းကို အပြောနဲ့ (အဲ.. အရေးနဲ့) သိခဲ့ရပြီးပြီ၊ အခု အပြနဲ့ ဆိုတော့ ပိုပြီး ရင်းနှီးသွားတယ်၊ လိုက်လည် ချင်စိတ်တွေ ဖြစ်လာပြီဗျ..၊ ရွာရဲ့ အငွေ့အသက်ကို ခံစားချင်လို့ လိုက်လာတဲ့ သူတွေကို ဘယ်မှ အထူးအထွေ လိုက်ပြစရာလည်း မလိုပါဘူး ညီရာ..၊ ရွာ ရောက်ရင်ကို ကျေနပ်ကြမယ့် သူချည်းပါ၊ အထူးသဖြင့် အောက်ဆုံးပုံထဲကလို ဟင်းအစပ်အဟပ်နဲ့ ဧည့်ခံခဲ့ရင် မောင်ကြီးမပြန်နိုင် ဖြစ်ကြမှာ အသေအချာဗျ...။း)
ရွာလေးက စိမ်းစိုနေတာဘဲနော်...
အဲဒီဗူးသီးတွေ ကြည့်ထားတယ်...
သူခိုးကြီးနေ့ ကျရင် လာခိုးရမယ်...
ရွာမှာဆိုရင် ဒီအချိန်ဆိုရင် ဘယ်အိမ်မှာ ကြက်မွေးတယ်၊ ဘူးသီးရှိတယ် ဆိုတာ လိုက်စနည်းနာနေတာကို ပြန်သတိရမိတယ်...
တော်တော်အေးချမ်းမှာ
ဗိုက်ဆာလိုက်တာ .. :P
မောင်မျိုးရေ...
ဖတ်ရင်းနဲ့ နောက်ဆုံး ထမင်းပွဲလည်းရောက်ရော ဂလုခနဲ ဖြစ်သွားရတယ်။ နှိပ်စက်ပါ့နော်..။
နောက်နေ့တော့ ငပိရည်လေး ကျိုရတော့မှာပေါ့။
ရိုးရှင်းတဲ့ ထမင်းဝိုင်းလေးမှာ ဖော်ရွေမှုတွေကို ခံစားလို့ရတယ်။
ထမင်းဝိုင်းကို ခေါ်ခေါ်မခေါ်ခေါ် ဝင်တီးမှာပဲ။း)
ကဲ ဝါးပြီးပြီ ပြန်ပြီဗျိုးးး။း)
ခင်တဲ့
မေသိမ့်
အိမ်ခြေ သုံးဆယ်နီးနီးဘဲ ရှိတယ်ဆိုရင်တော့ သူကြီးမင်းတို့ တုံးဖလားရွာနဲ့ အတူတူဘဲ။ ဒါပေမဲ့ မောင်မျိုးတို့ ရွာလေးက ပိုလှတယ်ထင်တာ။ စားပင်သောက်ပင်တွေလဲ ပေါများတယ်။ ကြည့်ရတာ မျက်စိကို အေးသွားတာဘဲ။
ခင်မင်လျှက်
ဒီတခါ ဟိုအမ့ အိမ်ကောသွားခဲ့သေးလား?
Post a Comment