လာထားနော်
အရေခွံတွေရမယ် အရေခွံတွေ။
တမိနစ်အတွင်း အပြောင်းအလဲလုပ်နိုင်သော
လွယ်ကူမြန်ဆန်သက်သာဈေးချို အရေခွံ။
ပါးလျားသေသပ်လှပ
အရာမထင်စေနိုင်သော အရေခွံ။
နှစ်ဖက်လှသုံးဖက်လှအပြင်
လေးဖက်မြင် ငါးဖက်မြင်အထိ အဆင့်မြင့် အရေခွံ။
မိုးရေခံ တာရှည်ခံ မပျက်စီး
အိုင်ပီ(IP65) စက်မှုသုံးအရေခွံ။
ပင်လယ်ရေထိသော်လည်း
သံချေးမတက်တဲ့ မိုနဲ(monel) အရေခွံ။
နောက်ဆုံးပေါ် အရေခွံ..။
ဒိတ်အောက်ခါနီးအရေခွံ…။
အိတ်စပရာဖြစ်တော့မယ့် အရေခွံ။
အမေရေ သား အရေခွံတွေ ကြွပ်ဆတ်ဆတ်နဲ့မို့
၂၀၁၂ အရေခွံလေး လဲပစ်လိုက်တယ်…
ကဲ အရေခွံတွေ ရမယ် အရေခွံတွေ။
အရှက်နည်းစေဖို့အတွက်
ခပ်ထူထူ အရေခွံ။
လျှပ်ပေါ်လိုသူအတွက်
လော်လီဖော် အရေခွံ။
နာမည်တပ်လိုသူများ
nameplate အရေခွံ ။
9 comments:
အရေခွံသုပ်စားချင်လိုက်တာ =)
စိတ်မဆိုးနဲ့နော်.. သတိရလို့ လာလည်ရင်း စတာပါ။
ရာသီဥတုဒဏ်တွေ မထိအောင် လှလှလေးဝတ်ထားတယ် =)
အကိုလည်း အရေခွံတစ်ခုလောက်.....လိုချင်လို့
အစ်မအတွက်တော့ ငြိမ်းချမ်းထွေးတဲ့ ဝတ်ရုံတစ်ခုလောက်နော်...
(အရေခွံ=ဝတ်ရုံ)
ကိုမျိုးတို့ ရေးဟန်တွေပြောင်းလဲနေတယ်.. မိုက်တယ်.. တစ်ခုတော့ပြောပါရစေ.. လူဆိုတာ မွေးရာပါဗီဇစိတ်အတိုင်း (လူ့လောကကို ဆိုးကျိုးမဖြစ်ဘူးဆိုရင်) နေတာအကောင်းဆုံးပါပဲ.....
ခင်မင်လျက်
နေ၀သန်
ကဗျာလေးကောင်းတယ်ဗျာ။ အားပေးသွားကြောင်းပါခင်ဗျာ။
မိုက်တယ် ကိုမျိုးရေ
ကဗျာလေးကို ကြိုက်တယ် ဒို့လဲ အရေခွံ တခုလောက် ဝယ်ချင်ပ
ခင်မင်တဲ့
ရွှေစင်ဦး
အင်း လူချင်းတူပေမယ့် အသက်ရှူပုံချင်းတော့ ကွဲတာပါပဲ မောင်မျိုးရေ...ဒါပေမယ့် ဦးဟန်ကြည်လို လူမျိုးတွေချည်းပဲ ရှိရင်တော့ အနှီအရေခွံကုန်သည် ရောင်းပမ်းမလှတာနဲ့ ရင်းစားပြုတ်ဖို့များနေရဲ့...
တစ်ခါတစ်လေမှာလည်း...အေ၇ခွံတွေက..ကိုယ်တိုင်လဲလှယ်မ၀တ်ဆင်စရာမလိုပဲနဲ့...သူ့အလိုလို..လဲလှယ်.၀တ်ဆင်တတ်ကြပြန်တယ်...
ပုတ်သင်ညိုလို ပတ်ဝန်းကျင်ကို လိုက်ပြီး အရောင်ပြောင်းရင် ကောင်းမယ်နော် :P
Post a Comment