Friday, October 14, 2011

စာပေလုပ်အား


ခေါင်းစဉ်ကြီးက ကြီးကျယ်နေသလိုများဖြစ်နေသလားတော့မသိ ဒါပေမယ့် ဒီပို့စ်မှာ ဒီခေါင်းစဉ်လေးပဲ ပေးချင်လို့ပါ ။ စာပေလုပ်အား ကျနော်ကတော့ ဒီလို လုပ်အားလေး ပါခွင့်ရတဲ့အတွက် တကယ်ပဲ ၀မ်းသာကြည်နူးမိပါတယ် ။ ကျနော်တို့မဲဆောက်မှာ အများစုဟာ စာပေနဲ့ ဝေးနေကြတယ်လို့ထင်ပါတယ် အင်တာနက်နဲ့နီးစပ် စာကို တန်ဖိုးကြီးပေးဝယ်ရပေမယ့်လည်း စာမဖတ်ပဲ မနေနိုင်တာမို့ ၀ယ်ဖတ်တဲ့ သူတွေက အနည်းစုပါ ။ကိုယ်ဖတ်ရ မြင်ရတဲ့ သတင်းတွေကို သိစေချင်လို့ ပြောပြချင်ပေမယ့်လည်း ကိုယ့်ကို လေပေါကောင်ကြီးများ ထင်သွားမှာစိုးတာနဲ့ မပြောဖြစ်ပါဘူး အဲ့တော့ အကောင်းဆုံး သက်သေပြချက်က သူတို့ကို စာအဖြစ်နဲ့ ချပြလိုက်တာ အကောင်းဆုံးနည်းလမ်းပါ ။

မဲဆောက်မှာ နေလာတာ ၅ နှစ်ကျော်သာ ရှိခဲ့ပြီး ဘယ်လိုအသင်းဖွဲ့မျိုးမှာမှ ၀င်မပါခဲ့ပါဘူး ခေါင်းရှုပ်နားရှုပ်မယ့် ဒဏ်တွေကိုလည်းမခံနိုင်ပါဘူး အဲ့တာကြောင့် ကုတ်ကုတ်ကလေးပဲနေတယ် ။အရင်ပို့စ်တွေမှာ ရေးခဲ့ဖူးသလိုပဲ ကျနော်က ဘလော့ဂါ သာဆိုတယ် ဘလော့ရေးနေတဲ့အကြောင်းအပြင်မှာ သိတဲ့သူရှိရင် နေရတာ ရှက်တယ်ဆိုတာလေး အဲ့တာကြောင့် ဘယ်သူ့ကိုမှမပြောပဲ တိတ်တိတ်ကလေးပဲ ရေးပါတယ်း) ။ ဒီအဖွဲ့လေးမှာ လုပ်အားပေးဖြစ်ဖို့ အကြောင်းတိုက်ဆိုင်သွားတာက ကျနော့်ကို ထိုင်းစာသင်ပေးတဲ့ဆရာ့ကြောင့်ပါ ။ သူငယ်ချင်းတစ်ယောက်ရဲ့ စာတမ်းအတွက်ရေးပေးဖြစ်တဲ့ ပို့စ်လေး Shutter Island
ရေးပြီးတော့ အင်္ဂလိပ်လို ဘာသာပြန်ဖို့ အခက်ခဲရှိတာနဲ့ ကျောင်းမှာ ပြန်အကူညီတောင်းဖြစ်မှ ဆရာက သိသွားတာ မပြောပါနဲ့ဆိုတာကို သွားပြောလိုက်တဲ့ သူငယ်ချင်းကရှိသေးး) ဆရာက “ ဟ...ကိုမျိုး က ဒါမျိုးလည်းဖြစ်တယ်လား ” တဲ့ ပြီးတော့ ကောင်းတယ် ကောင်းတယ် ဆိုပြီး အားပေးတယ် ခုလည်း ဘလော့ကို သူမကြာမကြာ ၀င်ဖတ်ဖြစ်တယ် ပြောတယ် ကျေးဇူးပါ ကျနော့်ဆရာ ။

ပြီးခဲ့တဲ့ တနင်္ဂနွေကတော့ ဒီဂျာနယ်လေးမှာ ပါဝင်ကြမယ့်သူများရဲ့ ပထမဆုံး အစည်းဝေးပွဲလေးလုပ်ဖြစ်ကြပါတယ် ကျနော်လည်း သွားတက်ဖြစ်ပါတယ် ။ တကယ်လေးစားဖို့ကောင်းပါတယ် အများအားဖြင့် လူငယ်လေးတွေ ကျနော့်ထပ် ငယ်တဲ့ သူလေးတွေ အများကြီးပဲ ဒီအဖွဲ့လေးကိုစတင်လှုပ်ရှားတဲ့ ညီလေးဆိုရင် အသက်ကလေး ၁၉ နှစ်တည်းနဲ့ စာပေအကြောင်းပြောသွားတာ လက်ဖျားခါဖို့တောင်ကောင်းတယ် သူ့အိတ်ထဲက မုန့်ဖိုးလေးစု သူကိုယ်တိုင် ဒီဇိုင်းဆွဲနဲ့ တော်တော်လေး အပင်ပန်းခံခဲ့ရတာတွေ့တယ် ။ ဒီဇိုင်းပိုင်း တာဝန်ယူတဲ့သူ ဘလော့ဆောက်ဖို့အတွက် တာဝန်ယူတဲ့သူ ဖြန့်ချီရေးအတွက် ၊ကိုယ်တိုင် ကာတွန်းဆွဲမယ့်သူ ၊တာဝန်ယူသူ စုံလို့ပါပဲ လူအင်အားနည်းပေမယ့် တက်တက်ကြွကြွ လုပ်ကြတာလေးတွေ့ရတယ် လူကြီးပိုင်းတွေထဲကလည်း အကြံပေး အနေနဲ့ ဆရာတော်တစ်ပါး နဲ့ ဆရာကြီး ၂ယောက်လည်းပါပါတယ် ။

ဒီအဖွဲ့လေးက မအားတဲ့ကြားက ကိုယ်ကျိုးမဖက် ဘာအကျိုးမှ မမျှော်ပဲ စေတနာသက်သက်နဲ့ လုပ်ကြတဲ့ အဖွဲ့လေးမို့ ကျနော်လည်း ရေရှည်လုပ်အားပေးဖြစ်မှာပါ ပြီးတော့ ကျနော့်ရဲ့ ဘလော့ဂါ မိတ်ဆွေများဆီမှ သင့်တော်တဲ့ပို့စ်လေးတွေများတွေ့ခဲ့ရင်လည်း ကြိုတင်ခွင့်တောင်းပြီး စာမူ အလှူခံချင်ပါသေးတယ် ခွင့်ပြုမယ်ဆိုရင်ပေါ့ ။ စိတ်အဟာရ စာအဟာရ ပြည့်ဝစေဖို့ ကျနော်တို့ရဲ့ ခေတ်လူများ၏မှတ်စု ဂျာနယ်မှ ကြိုးစားပါအုံးမယ် ။ ဒီပို့စ်လေးနဲ့အတူ စာပေလုပ်အား ပါဝင်ခွင့်ပေးခဲ့တဲ့ ဆရာနှင့် ညီလေးစင်္ကြာ ကိုကျေးဇူးတင်ပါတယ်။

21 comments:

မေသိမ့်သိမ့် ကျော် said...

စာပေလုပ်အားပေးလေး အတွက် ဂုဏ်ယူပါတယ်။


ခင်တဲ့
မေသိမ့်

မိုးခါး said...

ဂွတ်ထ .. အားပေးနေတယ်ဟေ့ ...း)

မေဓာဝီ said...

ကောင်းတယ် မောင်မျိုးရေ ... ဒါမျိုးက အတွေ့အကြုံလဲရ ဗဟုသုတလဲရ ကုသိုလ်လဲရပါတယ်။
လူငယ်တွေ တက်တက်ကြွကြွလုပ်ကြတာဆိုလို့ အားရစရာပဲ။ ဂျာနယ်လေး ရေရှည်တည်တံ့ပါစေ ... ။

မဒမ်ကိုး said...

သြော် ဘယ်မှာနေနေ စာပေကို ၀ါသနာပါတဲ့သူတွေက တကယ်ကိုပါကြတာပါပဲလေ..

ခင်တဲ့
မဒိုးကန်

Angelhlaing(May everybody be happy and healthy! said...

ဂုဏ်ယူပါတယ်ကိုမျိုးရေ...ဝါသနာပါရာ အလုပ်မှာ.. လုပ်အားပေးခါင့်ရတာ လည်း ပီတိဖြစ်စရာ...ပါပဲ :)

ညီလင်းသစ် said...

ဝမ်းသာတယ် ညီရေ..၊ တကယ်ပဲ အကျိုးရှိတဲ့ လုပ်ရပ်ပါပဲ..၊ Carry on...!

...အလင်းစက်များ said...

အမှန်တော့ မောင်မျိုးလို စာရေးကောင်းတဲ့သူတွေ ဒီလို လုပ်သင့်ပါတယ်။ (စောစောစီးစီးကထဲက)

ဘာနေ said...

အားပေးပါတယ်ဗျာ .. စာပေနဲ့ အသိဥာဏ် တိုးတက်ဖို့ လုပ်ရပ်တိုင်းဟာ တန်ဖိုးရှိပါတယ်ဗျာ .. ပိုပြီး အဆင်ပြေ ချောမွေ့ပါစေဗျာ

Cameron said...

ဂုဏ်ယူဝမ်းမြောက်ကြောင်းပါ မောင်မျိုး....။ ကိုယ်ကိုယ်တိုင် မပါဝင်ရပေမယ့် အဝေက အားပေးပါတယ်...။

ခင်တဲ့
မိုးငွေ့

သူကြီးမင်း (တုံးဖလား) said...

အားပေးလျှက်ပါဘဲ။ စာပေဆိုတာ လူတွေရဲ့ မိတ်ဆွေဘဲ မဟုတ်လား။

ခင်မင်လျှက်

မိုးယံ said...

သာဓု သာဓု သာဓု

ညိမ်းနိုင် said...

ကောင်းစွ..ငါ့ညီ....သိပ်ကောင်းတယ်...ဂျာနယ်က စာ
စောင်အနေနဲ့လား...အွန်လိုင်းအနေနဲ့လား...နှစ်မျိုးစလုံး
လား...၊အွန်လိုင်းပေါ်မှာဘလော့အနေနဲ့ဆို လာအားပေး
မယ်နော့....။

ညီရဲ said...

လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို လုပ်ခဲ့တာဘဲ...
ဂုဏ်ယူပါတယ်ဗျာ....
ရေရှည်လုပ်အားပေးနိုင်ဖို့ မျှော်လင့်မိပါတယ်...

blackroze said...

မောင်မျိုးရေ
ကောင်းတဲ့အလုပ်ပါဘဲကွယ်
အားပေးပါတယ်..

AH said...

Cheers Bro! Bravo.

ချော(အစိမ်းရောင်လွင်ပြင်) said...

အားပေးပါတ်ယ မောင်မျိုးရေ
ရှေ့ဆက်ပြီးလည်း စာပေအတွက် အကျိုးရှိတဲ့ တစ်ထောင့်တစ်နေရာက ထမ်းရွက်နိုင်ပါစေ
မောင်မျိုးအတွက်လည်း စာပေနယ်တစ်နေရာမှာ ခိုင်ခိုင်မာမာရပ်တည်နိုင်ပါစေလို့ ..

San San Htun said...

ကောင်းတယ် မောင်မျိုးရေ...တကယ်အကျိုးရှိတယ်...အမလည်း နီးရင် ပါဝင်အားဖြည့်မှာ အသေအချာပဲ...

စော(အဝါရောင်မြေ) said...

အခမဲ့ စာစောင်ဝေမှာလားဟင်?

Maung Myo said...

မစော...ဟုတ်ကဲ့ အခမဲ့ ဝေမှာပါ လောလောဆယ် စောင်ရေ ၁၅၀ လောက်စတယ်ဗျ ။

Anonymous said...

မဲဆောက်က ဂေါက်သီးရိုက်ကျင့်တဲ့ ကွင်းနားမှာ ဆရာဦးငြိမ်းဝေရဲ့ စာကြည့်တိုက်ရှိတယ်လေ။ စာအုပ်တွေ စုံမှစုံပဲ။ အလုပ်သမားတွေအတွက် ဖွင့်ထားတာ။ သွားကြည့်ပါလား။
အမခင်မင်းဇော်

Anonymous said...

yeezy boost 350 v2
supreme shirt
kevin durant shoes
kd 12
off white outlet
supreme hoodie
curry 6
curry shoes
nike sb dunks
giannis shoes

LinkWithin

Related Posts Plugin for WordPress, Blogger...