Monday, January 31, 2011

ကျနော့်ဆွေမျိုးများ

ဆရာမ ခင်ခင်ထူးရဲ့ “အညာသူ အညာသား ကျမဆွေမျိုးများ” စာအုပ်ဖတ်ပြီး အတုခိုးတယ်ပဲဆိုဆို ဘာပဲဆိုဆို ကျနော်လည်း ရေးစရာဘာမှမရှိတော့ အောက်သူအောက်သား ကျနော့်ဆွေမျိုးများ ရေးကြည့်ပါအုံးမယ် ဇတ်ကတော့ တော်တော် ရှည်မယ့် အဖြစ် ဒါပေမယ့် အကျဉ်းချုံးကြည့်ပါမယ်း) ။ ကျနော်က သံလွင်မြစ်ကို ထက်ဝက်ပိုင်းမယ်ဆိုရင် ဒီဘက်တစ်ခြမ်းမြို့ပေါ့ စစ်တောင်းမြစ် နဖူး ရန်ကုန်ဘက်က လာမယ်ဆိုရင်တော့ မွန်ပြည်နယ်ဝင်ဝင်ချင်းမြို့လေးဟာ ကျနော်တို့မြို့လေးပါ မွန်ပြည်နယ်ဆိုပေမယ့် ကျနော့်ရဲ့ မွေးရပ်မြေလေးမှာ ကျနော် မွန်တွေကိုမမြင်ဖူးပါဘူး ကျနော်တို့မြို့မှာ ဗမာက 60 % ဆိုရင် ကရင်က 40% လောက်ရှိပါတယ် ။ ကျနော်တို့ကတော့ ကိုယ့်ကိုယ်ကို တိုင်းရင်းသားမဟုတ်တော့ ၀ဲ တယ်လို့ တစ်ခါမှမထင်ပါဘူး ဒါပေမယ့် ရန်ကုန်ဘက်ကလို အပေါ်သားတွေ ကျနော်တို့ အောက်သား စကားနားထောင်တာနဲ့ သိတယ်တဲ့ အသံဝဲလို့ဆိုလား ။ ကျနော်တို့တွေက စကားလုံးတစ်လုံးရဲ့ အလယ်သံကို သံရှည်ဆွဲပြီးပြောတတ်ကြပါတယ် ဥပမာ “မဟုတ်ဘူး ” ဆိုပါဆို့ ဘူး ဆိုတဲ့ အလယ်စကားလုံးရောက်ပြီဆိုရင် ကျနော်တို့က အရှည်ကြီးဆွဲတတ်ပါတယ် ။

စကားပြောရင်လည်း ရိုင်းတာတော့မဟုတ်ဘူး ကျနော်တို့က “ အင် ” တွေ ” အေ” တွေ တော်တော်ကို သုံးဖြစ်တယ် ။ ခေါ်လို့ထူးရင်လည်း ခင်ဗျား ၊ ရှင် လို့ ထူးကြတာထပ် “ ဟမ်း ၊ ဟင်း” လို့ပဲထူးတယ် အဲ့အကျင့်က ဒီရောက်တော့ တော်တော်ပြင်ရပါတယ် ။ ရွာမှာတုန်းက တောထဲမှာကျ အမေက မှာထားတယ် မောင်နှမတွေ လူကွဲသွားရင် တစ်ယောက်နဲ့ တစ်ယောက် နာမည်မခေါ်ကြနဲ့တဲ့ သရဲတွေ မကောင်းဆိုးဝါးတွေက လူယောင်ဆောင်ပြီး ခေါ်သွားတတ်တယ်ဆိုတော့ ကျနော် တို့ရွာတွေဘက်က တောသားတွေက တောထဲ ထင်းခွေ နွားကျောင်း ကြရင် တအူအူ နဲ့ အသံတွေ အချက်ပေးလို့ တောက အဲ့အကျင့်က မြို့ရောက်တော့ ခက်တာပါပဲ ကျနော့်ကို တစ်ယောက်ယောက်က ခေါ်လိုက်ရင် ဗျာ လို့မထူးမိပဲ အူးအူး လို့ ထူးမိတာကြောင့်ပါ ။


ကျနော်က အဖေ (အဘ)ကရင် အမေ ဗမာစပ်ပါ ကိုယ့်ဆွေမျိုးအကြောင်းပြောရမယ်ဆိုရင် မွေးသဖခင်ဘက်က စရမယ် ဒါမယ့် အဘတို့ဘက်ကအမျိုးတွေက ကရင်တွေပီပီ စကားနည်းပြီး အခေါ်အပြောနည်းကြပါတယ် အမေတို့ရွာမှာပဲ ကျနော်တို့တွေ အခြေချတာဆိုတော့ ကျနော်တို့တွေက အဘအမျိုးတွေနဲ့စိမ်းတာပေါ့ အဘရဲ့ အဖွားမဆုံးခင်တုန်းကတော့ ရွာနီးနားစပ်က အမျိုးတွေက နှစ်တိုင်းလိုလို ကျနော်တို့ရဲ့ အဘွားကို သွားသွားကန်တော့ကြပါတယ် အဲ့တာဆို လှည်းတန်းကြီးက အရှည်ကြီးနဲ့ ဧည့်သည်တွေဖြစ်တဲ့ ကျနော်တို့ခလေးတွေကို အမျိုးတွေက သိပ်ဂရုစိုက်တာ မရမ်းသီးတွေတက်ခူး လူင်္ကြီးတွေကတော့ ရေဇလုံတွေထဲ တောအရက်တွေထည့်ဖျော် သီချင်းတွေဆိုကြ ကကြနဲ့ အဲ့အဘွားကို သွားကန်တော့တဲ့ရက်ရောက်တိုင်း ကျနော်တို့တွေ အရမ်းပျော်ကြပါတယ် အဘွားဆုံးတော့ အဘဘက်ကအမျိုးတွေနဲ့တောင် မဆုံတာကြာပါပြီး အဘ ဘက်က အမျိုးတွေက စကားပြောပုံကတစ်မျိုး “ လေ ” နောက်ဆုံးစကားလုံးမှာ ထည့်ပြောတတ်ပါတယ် ဥပမာ “ မဟုတ်ဘူးလေ ” ၊ “ဟုတ်တယ်လေ ” တလေလေ နဲ့ စကားက၀ဲဝဲ နားထောင်လို့ သိပ်ကောင်းပါတယ် အဘက ကရင်ဖြစ်ပေမယ့် ဗမာတောထဲမှာပဲ နေရတဲ့ ကျနော်တို့မောင်နှမတွေ ကရင်လိုတစ်လုံးမှမတတ်ကြပါး) ။ ဒါပေမယ့် ကျနော်က ကရင်သွေးတစ်ဝက် ။

မာတာမိခင်ဘက် ရောက်ပြီး တော်တော်ရှုပ်မယ့် အမျိုးပါ အမေက နည်းနည်းကုလားသွေးပါတယ်ထင်တယ် ဟီးး ကျနော်တို့ ကုလားလိုရှင်မပြုဘူးနော်း) ။အဖိုးက ဗမာ ၊ အဖွားက ကုလားစပ် ဆိုတော့ ကျနော်တို့ အမေက ဗမာကုလားပေါ့ ဗမာကုလားနဲ့ ကရင်နဲ့ပေါင်းတော့ ကျနော်တို့က ဘာမှန်းကိုမသိတော့ပါဘူး ။ ကုလားတွေက ခလေးတော်တော်ချစ်ကြတယ်မှတ်လား မွေးလိုက်တဲ့ ခလေး အရင်တုန်းက အဖိုးတစ်ယောက်စာက သားသမီးတွေများလည်း လောက်ငှတာဆိုတော့ အဖွားကတော့ ခလေးမွေးသက်သက်ပေါ့ တကယ်ပါ အမေ တို့ မောင်နှမ ၁၅ ယောက်တောင်ရှိပါတယ် အမေပြောပြတာပဲ အငယ်လေးထဲက ဆုံးသွားတာ ၃ ယောက်ဆိုတော့ လောလောဆယ် အမေ့မောင်နှမက ၁၃ ယောက် ဘယ်လောက်တောင်များ ဆိုးလိုက်တဲ့ ကျနော့်အဖွားလည်းလို့ အမေက သားအကြီးဆုံးကိုယ်ဝန်လေးနဲ့မှာ အဖွားကလည်း အားကျမခံ ဗိုက်ကလေးနဲ့တဲ့ ဖြစ်ပုံက အမေက ဒုတိယမြောက်သမီး ကိုကြီးကိုမွေးပြီး ၃ လလောက်နေမှ အဖွားက ဦးလေး အငယ်ဆုံးကိုမွေးတယ် ၁၅ ယောက်တောင်မွေးလာတာဆိုတော့ သူလည်းနို့ဘယ်ထွက်တော့မတုန်း အဲ့တော့ အမေက သားအကြီးဆုံးကိုလည်းနို့တိုက် မောင်အငယ်ဆုံးကိုလည်း နို့တိုက်ပေါ့ ။ ကျနော့်အစ်ကိုင်္ကြီးက ဦးလေး ကို ဦးလေး လို့ နာမ်စားခေါ်ပေမယ့် စကားပြောပါများတဲ့ အခါကျ မင်းနဲ့ငါပဲဖြစ်ဖြစ်သွားကော အဲ့တာ အဖွားကြောင့် အခေါ်ဝေါ်တွေ ရှုပ်ကုန်တာ ။

နောက်ပြီး ဟာ့စ်ထိတဲ့ နေရာတစ်ခုရှိပါသေးတယ် အဖိုးက အရင်ကတော့ ကျနော်တို့မြို့မှာ နည်းနည်းနာမည်ကြီးတဲ့ထဲပါတယ်ဆိုလား အင်းး ပြောရရင်တော့ ချမ်းသာတယ်ပေါ့ ချမ်းသာတာကလည်း စိန်ကုန်သည် စက်သူဌေး ဘာညာဆိုတော်သေးတယ်တယ် ခုတော့ ကျွဲ ပါ ။ အဖိုးပိုင်တဲ့ ကျွဲက ရာချီပါတယ်တဲ့ သားသမီးတွေ အိမ်ထောင်ကျရင် အဖိုးက လက်ဖွဲ့အနေနဲ့ ကျွဲတွေ အကောင်၂၀လောက်ပေးပေးလိုက်ပါတယ် (စကားချပ် ။အမေက အဘကို ရန်ဖြစ်တိုင်း စကားနာထိုးတာ သူ့ကိုရတုန်းက အဘက ငွေ ၃၅၀ ပဲပါပြီး အမေ့ဘက်က ကျွဲအကောင် ၂၀ ပါတယ်ဆိုတာပါ ) ။ အဖိုးနာမည်က ဦးချစ် ရှေ့က သူဌေးနာမ်စား ကျွဲတပ်ခေါ်တော့ အဖိုးက ကျနော်တို့အရပ်ဖက်မှာတော့ ကျွဲငချစ် ကျွဲငချစ် နဲ့ နာမည်က မသေသေး ခုထိ ..ဟဲ့..ဒါက ဟိုဒင်းသားဆိုတော့ ကျွဲငချစ်မြေးပေါ့ အဖိုးတို့ခေတ်က လူကြီးပိုင်းတွေက ကျနော်တို့ကိုတွေ့ရင် အဲ့ အဖိုးရဲ့ ဂုဏ်ပုဒ်ကြီးထည့်ထည့်ပြောတာပါ စိတ်ညစ်ထှာ ..။

နောက်တစ်ခု အခေါ်ဝေါ်တွေက ထပ်ရှုပ်တာပြောပါတယ် ဦးလေးက သူ့အမတွေ အစ်ကိုတွေကို “မမ ” ၊“ကိုလေး” လို့ခေါ်တော့ ဦးလေးနဲ့ သိပ်မကွာကြတဲ့ အစ်ကိုဝမ်းကွဲတွေ အစ်မ၀မ်းကွဲတွေကလည်း တကယ်ဆိုရင် သူတို့ရဲ့ အဒေါ်တွေ ဦးလေးတွေကို “ မမ ” ၊ ” ကိုလေး” လို့ ခေါ်ကြပြန်ကော ကျနော်တို့အငယ်တွေကလည်း အကြီးတွေ ခေါ်တဲ့အတိုင်း လိုက်ခေါ်တော့ ပြသနာတွေက ရှုပ်လို့ ကိုယ်တွေဆွေမျိုးချင်းခေါ်တာကျ ဘာမှမဖြစ်ပေမယ့် ဘေးလူတွေက သိပ်နားမလည်သလိုလို “ ဟဲ့... အဲ့တာ နင်တို့အမေ ညီမ မဟုတ်လား ဘယ့်နှဲံ့ မမခေါ်တာလဲ ” အဲ့လိုမျိုးတွေဖြစ်တတ်ပါတယ် ။ ကျနော်တို့ ၀မ်းကွဲတွေက အရင်းတွေလို ချစ်ကြပါတယ် ပူးပူးကပ်ကပ်နဲ့မသိရင် အရင်းတွေအတိုင်းပဲ အမ၀မ်းကွဲတွေများတော့ မျက်နှာ ရှိပါတယ် ဟဲဟဲ ။ ကျနော်တို့မြို့က ရွာနာမည်လေးတွေက ချစ်ဖို့ကောင်းပါတယ် ကြာဖြူ ၊ ကြာနီ ၊ အောင်သပြေ ၊ ကံကော် ပန်းနာမည်လေးတွေ ။ အဒေါ်တွေ ရွာဘက် သွားလည်ရင် လတ်လတ်ဆတ်ဆတ် အသီးရွက်တွေနဲ့ ဘူးသီးနဲ့ကြက်သားဟင်း ပူပူစားရပါတယ် ရေခဲရိုက်ကြက်မဟုတ်ပါ အိမ်အောက်က ကြက်ကို လေးခွနဲ့ပစ်ပြီး ချက်ချင်းချက်တာမျိုး ။


ယောက်ဖတွေက ကိုယ်တွေရောက်သွားရင် ရှကီလေးကို ပုန်းလျှိုခွက်လျှိုနဲ့ မော့စရာမလိုတော့ပါဘူး “ ယောက်ဖ သောက်လေး ချကွ ” ဆိုပြီး သူတို့ကြီးမော့နေတော့တာ မူးရင် သွေးဆိုးတဲ့ ယောက်ဖတွေနဲ့ အစ်မတွေ နပန်းသတ်ကြရင် ကျနော့်မှာ မျက်နှာပူလိုက်တာ အမေက “ ဟဲ့ ..နင်တို့ မမ တို့ ရွာကို အလည်သွားလိုက်ပါအုံး ” ဆိုရင် ”တော်ပါပြီဗျာ ကိုယ့်ကြောင့် နပန်းသတ်ပွဲတွေမကြည့်ချင်တော့ဘူး” လို့ပြောတော့ အမေက ပြုံးစိစိ ။ ဘာပဲဖြစ်ဖြစ် ခုချိန်ပြန်စဉ်းစား ကျနော်တို့တွေကို မျက်နှာမငယ်ရလေအောင် ခလေးတွေ စီမံကိန်းနဲ့ မွေးပေးခဲ့တဲ့ အဖွားကို ကျေးဇူးအများကြီးတင်ပါတယ် မွေးရပ်မြေက ရွာတော်တော်များများမှာ ကျနော်တို့အမျိုးတွေရှိတာပေါ့ ဆွေကြီးမျိုးကြီးတော့မဟုတ်ဘူး ဆွေများမျိုးများပါး) ။ နောက်ပြီး အဖိုးလို စည်းကမ်းကြီးပြီး တော်တဲ့ သူမျိုးသာ ကျနော်တို့အရွယ်ရောက်တဲ့ အချိန်ထိ အသက်ရှည်ရှည်နဲ့ နေနိုင်ခဲ့မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ကျနော်တို့တွေလည်း အဖိုးရဲ့ အရှိန်လေးတော့ ရှိအုန်းမှာ အဲ့အခါကျ ကျနော်လည်း ကျွဲသူဌေးလေး ငမျိုး ပေါ့ တနည်း ကျွဲငမျိုးပေါ့ဗျာ ။






17 comments:

မိုးယံ said...

ဟဲ့မောင်မျိုး... “ဟမ်” ၊ ဟမ် မလုပ်နဲ့.. သရဲဆွဲမယ် ..“ အူးအူး ” လို့ပဲ ထူး။

ကုလားလိုရှင်ပြုတယ်တော့ မသုံးပါနဲ့ကွာ။ ဗမာတွေက ရှင်ပြုတယ်ဆိုတာ သာ့သနာ့ဘောင်ဝင် မြင့်မြတ်တဲ့ ရှင်ရဟန်းဘ၀ကို ရယူကြတာပါ. အတိဒုလ္လဘ သာသနာကွဲ့။ငါတို့ဆို ကိုရင်ဝတ်ဖို့အရေး အဖေချွေးနဲစာလေးစုတာ ကြာလွန်းလို့ ငါ့ဟမ်းချိန်းလေးတောင် ရောင်းပြီးရှင်ပြုရတာဟဲ့။

ဟိုဒင်းကို ခလေးမွေးကောင်းအောင် ဖြတ်တာကို ရှင်ပြုတယ်လို့တော့မသုံးစေချင်ဘူး. (ရေးရတာလဲ ခပ်လန့်လန်ရယ်)

ခါတနာ လုပ်တယ်.. စူနိုက်လုပ်တယ်ဆိုလာပဲ ။ အဲလို သုံးပါကွာ.။ ရှင်ပြုတယ်တော့ မသုံးစေချင်ဘူး ၊ မိုးခါးရေ မသောက်နဲ့ တစ်ယောက်ကစပြီး ပြုပြင်ရမှာပေါ့။

ငါလဲတွေ့တိုင်းနင့်ပဲ ဆရာလုပ်ရတာဟေ့ (ရေးရတာလဲ ခပ်လန့်လန်ရယ်)

Baby taster said...

ဒါဆို မောင်မျိုးက အူတတ်တာပေါ့ ဟဟ
ကျွဲငချစ်မြေး ကျွဲမောင်မျိုးပေါ့ :P

ရွှေရတုမှတ်တမ်း said...

ဟာ....ကြောင်မျိုး ကနေ ကျွဲမျိုး ဖြစ်သွားပြီ.......

ကိုဇော် said...

မိုးယံ ပြောတာ အမှန်ပဲ ညီရေ. .
ခါတနာ လို့ ပြောင်းသုံးသင့်တယ်။

ဆက်ပါဦး ကျွဲငမျိုးရေ . . .

Maung Myo said...

မိုးယံ နဲ့ကိုဇော်ရေ တစ်ချို့သော အကြောင်းရာတွေက ကာယကံရှင်က အများကြီးတွေးလိုက်မိတာမဟုတ်ပေမယ့် ရှု့ထောင့်တော်တော်များများက ဝေဖန်ခံရတဲ့အခါ အဲ့လူဟာ နောက်ဆိုရင် စကားတစ်ခွန်း စာတစ်ကြောင်းရေးဖို့ကို တော်တော် တွန့်သွားတတ်ပါတယ် ဒါက ကျနော် စာရေးခဲ့ဖူးတဲ့ အခိုက်တန့်အတွင်း ရခဲ့တဲ့ အတွေ့ကြုံမျိုးပေါ့ ကုလားတွေ ဟိုဟာလုပ်တာ ဒီဟာလုပ်တာကို ရှင်ပြုတယ်လို့ သုံးတယ်လား ဘာလားဆိုတဲ့ သမိုင်းကြောင်း ရာဇ၀င်ကိုကျနော်ါအတိကျမသိပါဘူး ဒါပေမယ့် ဒီစာမှာ ဒါကို အငယ်လေးထဲကကြားနေကျ ကျနော်တို့အရပ်ဖက်မှာ ဟာသစကားတစ်ခုကို ထည့်ရေးလိုက်တာပါ။ ခါတနာ လုပ်တယ်.. စူနိုက်လုပ်တယ်ဆိုတာတွေလည်း မသိဘူး အမှန်တော့ ခုရက်ပိုင်း နေသိပ်မကောင်းတော့ အမေ့ကိုသတိရတယ် ပြီးတော့ ကြင်နာတတ်တဲ့ ဆွေမျိုးတွေကို သတိရတယ် ဒါကြောင့် ဒီစာကိုရေးဖြစ်တယ် ခုတော့ ဒီင်္လိုတွေဖြစ်ပြီး နည်းတောင်နည်းသေးတယ် ဟဟား လူတွေက နေမကောင်းဖြစ် စိတ်မကြည်ရင် လေသံကမာတတ်တယ်ဆိုသလားလို့ လေသံမာသွားရင် ဆောတီးပါ ဘာသာရေးအကြောင်းဆွေးနွေဖို့ကျနော့်မှာ ဗဟုသုတမစုံဘူးရယ် ။း) ကျနော့် အဲ့စာကြောင်းလေးရေးမိလို့ ငရဲအိုးထဲ ဇောက်ထိုးမကျဘူးလို့ထင်တာပဲ :P


ဘာပဲဖြစ်ဖြစ်နောက်ဆို ဆင်ခြင်ရတာပေါ့ ကျေးဇူးပါ ။

ချော(အစိမ်းရောင်လွင်ပြင်) said...

အော် မောင်မျိုးက မျက်နှာကြီးမျိုးဘဲကိုးး)
ကျွဲပိုင်ကြီးဆိုတော့ ရွာမှာ အတော်မျက်နှာပွင့်မဲ့သူ
ရွာအကြောင်းလေးတွေဖတ်ရတာ စိတ်ဝင်စားစရာ ပျော်စရာ..
များများရေးပါဦး

Anonymous said...

မောင်မျိုးကျွဲစီးနေတဲ့ပုံတင်ပေးပါ

နေ၀သန် said...

ကြောင်ဖစ်လိုက်.. ကျွဲဖစ်လိုက်.. ဒီတိရစ္ဆာန်ထဲကကို မထွက်တော့ဘူး.... လုမြောင်ရာ... :P.. မင်းက ကရင်စပ်တယ်လား.. ငါနဲ့တူတူပေါ့...း)

ခင်မင်တဲ့
နေ၀သန်

Anonymous said...

ဖုန်းဆက်တာ (၁၀၁)ကြိမ်မြောက်ပြီ
ဘယ်နှခုမြောက်နံပါတ်ပြောင်းသလဲ
ရောက်တဲ့အရပ်က အဆင်ပြေတဲ့နေရာမှာ
နံပါတ်ထားပေးခဲ့ပါ
နေကောင်းသက်သာပါစေ
ပုံ...လဒ

Than Lae said...

မောင်မျိုးတို့ က တစ်ကယ် ဆွေမျိုးတောင့်တာပဲဗျ ကျွန်တော်က မွန်တော့ သိပ်မမြင်ဖူးဘူး။ ဒါပေမဲ့ မောင်မျိုးမျက်နှာကတော့ ဗမာ သိပ်မစစ်မှန်းထင်မိပါတယ်။ အဖေကို အဘ လို့ ခေါ်တာလားဗျ။ ကျွန်တော်တို့ တော့ ဘာကြောင့်မှန်းမသိ အမေရဲ့ အဖေ(အဘိုး) တစ်ဦးတည်းကို အဘ လို့ ခေါ်မိနေတယ်လေ။ အဘိုးကလည်း သူ့ ကိုယ်သူ အဘ လို့ ပြောရတာ ပိုအာတွေ့ တယ်ထင်ပ။ ဒါ့ထက် မောင်မျိုး ဆယ်တန်းတုန်းက စာစီစာကုံးတွေ ပထမချည်း ရမှာပဲနော်။ ထင်သာ မြင်သာအောင် ရေးတတ်လို့ ပါ။ I like your Post!,,,, :)

ညီလင်းသစ် said...

သိပြီ...၊ ဒါ့ကြောင့် မောင်မျိုးစကားပြောရင် (စာရေးရင်) အဆုံးသတ်က “ပြီ” လို့ ရေးရမယ့်အစား “ပြီး” လို့ ဖြစ်, ဖြစ်သွားတာကိုး...၊း) ကျနော်လည်း ကရင်ရွာမှာ နေခဲ့တော့ အဲဒီလို အသုံးတွေ သတိထားမိတယ်၊

ဆွေမျိုးတွေချည်းပဲ လူခွဲ၊ ဘောလုံးအသင်းတွေ ထောင်ပြီး MNL လိုမျိုး ကျွဲဖလား league လုပ်လို့တောင် ရတယ်၊ :D

အဖြူရောင်နတ်သမီး said...

ကျွဲသထိန်းးးးး ကြီးရေ...
ဆွေမျိုးတွေအကြောင်းဖတ်သွားပါတယ်...
:P
သူ့လိုပဲ...
ပီကြည့်ပြီး...
:D
ဒီသွားပါတယ်...

blackcoffee said...

ကျွဲသူဌေးလေဆို တော်ပြီပေါ့။ ကျွဲငမျိုးတော့ မလုပ်ပါနဲ့ ဗျာ။ မကောင်းပါဘူး...

မေဓာဝီ said...

ကျွဲသူဌေးလေး မောင်မျိုး ...
မရဲဘဲ ကျွဲမစီးနဲ့နော်။ တော်ကြာ ကျွဲနှစ်ကောင် ခတ်တဲ့ကြား မြေဇာပင် ဖြစ်အုံးမယ်။ ကျွဲကူးရေပါ ဖြစ်ရင်တော့ အကောင်းဆုံးပဲပေါ့ ... ။
အဟဲ ကျွဲသူဌေးလေးအတွက် ကျွဲပါတဲ့စကားပုံ သိသလောက်ရေးလိုက်တယ်။ :))

Maung Myo said...

မချော.... ဟုတ်တယ် အစ်မရေ အရင်တုန်းက တော့ ရွာမှာ ကျနော်တို့က အဆင်ပြေတော့ မျက်နှာပွင့်တာပေါ့ ခုတော့ မျက်နှာပိတ်ကုန်ပြီး ဟဟား ရွာအကြောင်းလေးတွေ နောက်ကြုံရင် ထပ်ရေးအုံးမယ်း)

အနော်နိမတ်..... ရှိတော့ရှိတယ် ပြဘူး ။

နေ၀သန်...မင်းပြောမှ သတိထားမိတယ် ဟုတ်ပါ့ ငါကလည်းနော်း) မင်းမျက်နှာက ကရင်လိုလို တရုတ်လိုလိုနဲ့ တစ်ခုခုတော့စပ်မယ်လို့ထင်သား ။

လဒ.....အာကိုက အလုပ်များတယ်လေကွယ် နင့်ဖုန်းက အစုတ်ကြီးမို့ဖြစ်မယ် ။

မသန်းလဲ့ ..ကျေးဇူးပါ။

ကိုညီ...ဟုတ်လား ဘေးလူတွေက သတိထားမိတယ်နော့် ကျနော့်ကိုယ်ကျနော်တော့ ဟုတ်နေပြီထင်တာ ဟဟား ကျနော်တို့အမျိုးတွေက မိန်းခလေးတွေများတော့ ကန်လို့မရဘူုးအစ်ကိုရး)

အဖြူရောင်.....ပီ ကြည့်တော့ ဒီ သွားတာ ကျနော်လည်း ဘာမှန်းမသိတော့ ဂူသွားတယ် ဟီး

ဘလက်ကော်ဖီ...သောက်ချင်တယ် အယ်လေ ဟုတ်ကဲ့ ကျွဲတော့မလုပ်ဘူး သူဌေးပဲလုပ်တော့မယ်ဗျ ။

မမေ...အစ်မကတော့ စာတွေအများကြီးဖတ်တော့ စကားပုံတွေ အများကြီးသိတယ်နော့် အစ်မပြောခဲ့တဲ့ စကားပုံ ကျနော်သိပ်မကြားဖူးသေးဘူးး တကယ် ။

needaez said...

v1z00f0h79 e4j00u6n28 o0j37y1j32 p0j48f4r23 x5a88c8s64 m4k05n7v48

shasoo said...

t5s56b1d29 q1e00e2e34 l8t96d2e77 s4d28k5x87 z0k58n5j63 l5y41k3r73

LinkWithin

Related Posts Plugin for WordPress, Blogger...