Saturday, January 8, 2011

ဖျော်ရည်

အတိတ် က အရိပ်မည်းတွေ
ပစ္စုပန် ကို အရိပ်လာမကျမယ့်နေ့
ကိုယ့် အနာဂတ်ကို ကိုယ်အဖီထိုးမယ်
လွမ်းဆွေးမှု အမှိုက်သရိုက် နဲ့ ၀မ်းနည်းခြင်း ဖိနပ်စုတ် ကိုချောင်ထိုး
တိတ်တဆိတ်လေး လဲလျောင်းချင်းစမ်းပါဘိ
ရစ်ပတ်တတ်တဲ့ သံယောဇဉ် နဲ့ ပူလောင်လွန်းတဲ့ ချစ်ခြင်းကြားမှာ
ကိုယ့်ကိုယ်ကို လောင်ကျွမ်းလို့ လောင်ကျွမ်းမှန်းမသိလိုက်
သံသယ များများ ထည့်လို့
အချစ်တစ်ခွက် ဖျော်သောက်ချင်မိ
တမ်းတမိပါရဲ့ အချစ်တွေ ပိုပိုလျှံလျှံ ဖိတ်စင်ခဲ့တဲ့
အရင်က အချိန်တွေရယ်..................။

9 comments:

အင်္ဂါဟူး said...

အချစ်ဖျော်ရည် သောက်သွားဒယ်.. ကုန်ပြီ .. ရှိသေးရင် နည်းနည်းပေးပါ

အုပ်ကြီး said...

အချစ်ဖျော်ရည်တစ်ခွက် ..
အလွမ်းလျှော့ထည့်ဗျာ ...
သွေးတိုးရှိလို့  :)

Anonymous said...

ခုတလော အချစ်ဖျော်ရည်တွေ တော်တော်ရောင်းကောင်းတယ်ထင်ရဲ့..
ငဟူးတစ်ယောက်လဲ အချစ်ဖျော်ရည်သောက်
အင်း...ဟုတ်တော့ဟုတ်နေပြီ

ညိမ်းနိုင် said...

ဖျော်ရည်တစ်ခွက်လောက်....:)..။

Anonymous said...

တခါမှတောင် မကြားဖူးဘူးရယ်
အချစ်ဖျော်ရည်တဲ့ ကောင်းလားဟင်:)

Baby taster

ဆွေလေးမွန် said...

အချစ်တစ်ခွက် ဖျော်သောက်ချင်မိ
တမ်းတမိပါရဲ့ အချစ်တွေ ပိုပိုလျှံလျှံ ဖိတ်စင်ခဲ့တဲ့
အရင်က အချိန်တွေရယ်

အရင်က အချိန်တွေဆိုတော့ ခုသောက်တာမဟုတ်ဘူးပေါ့
အချစ်တွေပိုပြီး ဖိတ်ကုန်တော့
ခုတော့ အလွမ်းတွေပဲ လက်ကျန်နေသလား တွေးချင်စရာ..အလွမ်းကြီးပဲတော့ ဖျော်မသောက်နဲ့ ဟီး ....ဆေးခါးကြီးသောက်ရသလိုပဲ..
မျက်စိမှိတ်မှိတ်ပြီး
ဟင်းကနဲ့ သက်ပြင်းချ
ကြိတ်မှိတ် မျိုချရတဲ့ ဒုက္ခမသေးဘူး..

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘယ်ဈေးမှာ ရောင်းတုန်း
ဝယ်သောက်ရအောင်လို့...
ဒါမှမဟုတ် ဘယ်သူမှ မရောင်းသေးရင်လည်း အရင် တီထွင်ပြီးရောင်းသင့်တယ်..
နံမည်နဲ့တင် လာသောက်ကြလို့ သူဌေးဖြစ်မှာသေချာတယ်..

မိုးခါး said...

ဖိတ်အောင်လုပ်ရသလား
နှမြောစရာ :D

ShwunMi- said...

ကြက်ဟင်းခါးသီး မပါလို့လားမသိ.. သောက်လို့မကောင်းဘူး ;P

LinkWithin

Related Posts Plugin for WordPress, Blogger...