Thursday, April 4, 2013

ပျောက်ဆုံးသွားသော ဂရုစိုက်မှုများ

ဒီကိစ္စကို  သတိထားမိလာတာကြာပါပေါ့ ရေးလည်းရေးချင်သား    ဒါပေမယ့် မရေးဖြစ်ဘူး တော်ကြာ ကိုယ်မသုံးနိုင်လို့ သူများ သုံးနေကြတာကို  မလိုနာလို့ပြောတယ်ေ၇းတယ်ထင်မှာစိုးလို့ပါ  ခုလည်း ကိုယ်ကျင်လည်နေတဲ့  ၀န်းကျင်မှာ  ဒါမျိုးတွေ  မြင်မြင်လာရတော့   ရေးချင်စိတ်ကဖြစ်လာပြီး  ဒီပို့စ်ကို စရေးချင်စိတ်ဖြစ်လာတာက  ကိုညိမ်းနိုင် ၊ကိုလတ် တို့နဲ့ ကမ်းခြေသွားကတည်းကပါ ။

ကိစ္စက  ပွတ်ကြတဲ့ကိစ္စ  ဘာပွတ်ကြတာလည်းဆိုတော့ ဖုန်း ပေါ့  ဘာတဲ့ အိုင်ဖုန်းတွေ အိုင်ပတ်တွေပါ  ရထားပေါ်မှာလည်း ပွတ်ကြ ၊ ကားပေါ်လည်းပွတ်ကြ  ဘယ်နားတွေ့တွေ့  ပွတ်နေကြတာတွေ့တော့  အမြင်ကတ်စရာတွေတောင်ဖြစ်လို့ ။  နည်းပညာတွေ တိုးတက်လာတာနဲ့ အမျှ  လူတစ်ယောက်နဲ့တစ်ယောက်  ကူးလူးဆက်ဆံမှုတွေက ရှားပါးသွားလိုက်တာ  စိတ်မကောင်းစရာ ။  တစ်ချို့တလေများဆို စားပွဲတစ်ခုံထဲ ထိုင်းနေကြတာချင်းတောင် သူကလည်း သူ့ပါသာပွတ် တစ်ခြားတစ်ယောက်ကလည်း သူ့အထာနဲ့ သူပွတ်နေလိုက်ကြတာ  တစ်ချို့ဆို ခရီးသာဆုံးတယ် ကိုယ့်ဘေးက လူဟာ ယောက်ျားလေးလား မိန်းခလေးလားတောင် သိမှာမဟုတ် ။

ကမ်းခြေက ဆိုင်မှာ အစားသောက်တွေ မှာစားဖြစ်တော့ ကိုညိမ်းနိုင်  ကိုပြောမိသား “ ကျနော်တော့လေ  နည်းပညာတွေ တိုးတက်လာတာ သဘောကျပေမယ့် အဲ့လိုကြီး တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံချိန်လေးမှာတောင်  စကားမပြောနိုင်ပဲ  ပွတ်နေကြတာကြီး မကြိုက်လိုက်တာဗျာ ”  ဆိုတော့ ကိုညိမ်းနိုင်က ထောက်ခံသား  ဒါပေမယ့်  ကိုယ်တွေမရည်ရွယ်ပဲ  ဒဲ့ထိသွားတာက ကိုလတ်  သူက တစ်ချိန်လုံးပွတ်နေတာကြီးကိုး   ပြုံးစိစိနဲ့ မင်းလည်းနောက် သုံးလာမှ သိမယ်တဲ့  ။

သက်မဲ့ အရာတွေပေါ်တွယ်တာသွားတာနဲ့အမျှ  ကိုယ့်ဘေးနားက  သက်ရှိတွေကို မေ့မြောသွားတတ်ကြတာတွေ့ရတော့ စိတ်မကောင်းစရာ ။ မြို့ကြီးတွေမှာ တွေ့ရတဲ့  မကြိုက်နှစ်သက်စရာခေတ်ပေါ်စရိုက်တွေကြားမှာ အထာမကျသေးတဲ့ ကျနော်ကတော့ ကျေးလက်က  လူနေမှုစနစ်လေးကိုတောင်  သွားပြန်သတိရမိပါရဲ့ ။ပျောက်ပျက်ခြင်းမရှိတဲ့  အရာတွေထဲမှာ  မမြင်နိုင်တဲ့ သံယောဇဉ်ဆိုတာ ရှိပါသေးတယ် ။ ကျနော်ကတော့ ဆက်သွယ်ရလွယ်တဲ့ အင်တာနက်ခေတ်ကြီးမှာတောင်   လက်ရေးနဲ့  စာရေးတဲ့ အခါတွေရေးသေးတယ်  ကိုညိမ်းနိုင် ကို လေဆိပ်သွားပို့တော့  ကိုညီလင်းသစ် နဲ့ဆုံမှာသိတာမို့ စာကလေးတော့ ရေးလိုက်ချင်သား ဒါပေမယ့်လည်း  တစ်မျိုးဖြစ်နေမှာစိုးလို့ မရေးဖြစ်လိုက်တော့ (ကိုယ့်ပါသာတွေးနေတာ တကယ်ဆို တန်ဖိုးရှိလက်ဆောင်တစ်ခုခုပေးလိုက်သင့်တာ မင်းစာကြီးက ဘာဟုတ်မှာတုန်းဆိုပြီးတော့ပေါ့ ) ။

ဘာရယ်မဟုတ်ပါဘူး ဒီပို့စ်ကြီးက ဟိုရောက်ဒီေ၇ာက်ဖြစ်နေတယ်  တစ်ခါတလေ တကူးတက  စာတစ်တန် ပေတစ်တန် ရေးဖွဲ့လိုက်ပေမယ့်  ဟလိုလေးတစ်ချက်တောင် ပြန်မလာတဲ့ ပျောက်ဆုံးသွားတဲ့ ဂရုစိုက်မှုတွေ ပြန်ပြောင်းအောင့်မေ့ရင်းပေါ့ ။



11 comments:

ဆွေလေးမွန် said...

ဟုတ်ပ့ါ မောင်မျိုးရေ
ဟောင်ကောင်မှာဆိုရင် ဖုန်းကိုဖက်ရှင်တစ်ခုလိုပဲ version အသစ်ထွက်တာနဲ့ အပြိုင်အဆိုင် ၀ယ်ကြပြီ။ ဒီက apple ဆိုင်တွေမှာ ဆိုရင် လူတန်းရှည်ကြီးနဲ့ တန်းစီပြီးတောင် ၀ယ်ကြတာ.
ပြီးတော့ မောင်မျိုးပြောသလိုပဲ သက်မဲ့ပစ္စည်းလေးတွေကိုပဲ ဂရုစိုက်နေကြတာ...

Mg Goldfish said...

I agree with you. If I face this situation when I go out for friend gathering, I simply tell them to stop looking at their phone.

But I also do the same when I am alone on the train..

ကကလ said...

အဟီး........... သေချာတာပေါ့။ ငါလည်းအဲ့လိုပဲ (တခါတခါ) တွေးမိပါတယ်ဟ။ ဒါပေမယ့် လူက အဲ့သည် အပြားလေးပေါ်က စိတ်က ခွာမရနိုင်တာ... အဲ့လိုဖြစ်နေတာ။ ခုတော့ လျော့လိုက်ပါပြီ။ မပွတ်တော့တာ ဖေစ့်ဘုတ် ပိတ်လိုက်ကထဲကပါပဲ။ ပြန်ဖွင့်ရင်တော့ ပြန်ပွတ်မှာပေါ့။

တကယ့်တကယ် ဆိုရင်တော့.... ကိုယ့် လက်တွေ့ ဘ၀ ဘေးကလူနဲ့ .. အတုအယောင် ကမ္ဘာ ထဲက လူတွေနဲ့  (အဲ့လိုပဲ ပိုးစိုးပက်စက် ပြောပါရစေ) ချိန်ခွင်လျာညှိပြီး နေနိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ။ လက်တွေ့ ဘေးမှာ ရောက်လာတဲ့လူကိုမှ တန်ဖိုးမထားနိုင်ဘူး ဆိုရင်တော့.. ဒါ သိပ်သဘာဝ မကျဘူးလို့ ပဲ ထင်ပါတယ်။ ကိုယ်လည်း သဘာဝကျအောင် ကြိုးစားနေပါတယ်ခမျ။ :D :D :D

တန်ခူး said...

မောင်မျိုးရေ... အမှန်ပဲ... နောက်ဆို စကားတောင် သေချာပြောတတ်ကြတော့မလားနော်... သားက သူ့ အချစ်ဆုံးသူငယ်ချင်းက ipadဆိုလို့  အဲဒီတုန်းက တော်တော်ကို ရှင်းပြလိုက်ရသေးတာ... နောက်ဆုံးအပိုဒ်ကတော့ ဒီကအမကြီးကို တမင်ကို စောင်းရေးထားသလိုပဲနော်... မဆက်သွယ်ဖြစ်ပေမယ့် အမြဲသတိရနေပါတယ် မောင်မျိုးရေ... ဘာကြောင့်အကြာကြီး မဆက်သွယ်ဖြစ်တဲ့အကြောင်းကို အမအီးမေးလ်ပို့ လိုက်ပါ့မယ်... ဒါဆို မောင်မျိုးနားလည်သွားမှာပါ... အမသတိရနေတယ်ဆိုတာ မောင်မျိုးအကို သိပါတယ်... မယုံရင်မေးကြည့်ပါ... ခုတော့ဘလော့ပေါ်ပြန်ရောက်ပြီဆိုတော့ မကြာမကြာလာဖြစ်မှာပါ... အစစ အဆင်ပြေပါစေ

Anonymous said...

ကိုယ်တော့ ပွတ်စရာ ဘာမှ မရှိဘူး။
ပျောက်ဆုံးသွားတဲ့ ဂရုစိုက်မှုတွေအကြောင်းတော့ စိတ်ထဲငြိမ်ငြိမ်လေးစိုက် တွေးနေမိတယ်.....။

သူသူ

Ma Tint said...

ခေတ်ရေစီးကြောင်း တိုးတက်မှုကြောင့် တစ်ဖက်မှာဆုံးရှုံးမှုတွေလည်း လိုက်လျောညီထွေစွာနဲ့ ဟန်ချက်ညီညီ ပြောင်းလဲနေတယ်။ ကောင်းမှု မကောင်းမှုဆိုတာ ဒွန်တွဲလျှက်ပေါ့ မောင်မျိုးရေ...
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မေဓာဝီ said...

အဲဒီ ပွတ်တဲ့ကိစ္စ အမလဲ ပြောချင်နေတာ ကြာပေါ့။ ဘိလပ်မှာတုန်းကတည်းက ရထားပေါ် ဘတ်စ်ပေါ် လူတိုင်းနီးပါး ပွတ်နေကြတာ မြင်လို့ ကိုယ်က စိတ်ထဲ အပြစ်တင်မိတာ။ အခု ဒီလဲကျရော အသက် ၈ နှစ် ၉ နှစ်ကလေးတွေကအစ ပွတ်နေကြတော့တာပဲ။ အရင်လို ပြေးလွှားကစားတာတွေ တောင် နည်းလာပြီ။
နည်းပညာတိုးတက်လာတာနဲ့အမျှ ဆုတ်ယုတ် ဆုံးရှုံးမှုတွေကလည်း မနည်းဘူး မောင်မျိုးရေ ... ။ ဉာဏ်နဲ့ချင့်ချိန်မှ ... ။

မြသွေးနီ said...

မရှိမကောင်း ရှိမကောင်းကြီးပါ မောင်မျိုးရေ...။ ခံစားချက်တွေ တဖြည်းဖြည်းပါးလျလာနိုင်တာ သတိပြုလာတယ်..။

ညိမ်းနိုင် said...

ဒီမှာလည်း လူတကာပွတ်နေကြတာပါပဲမောင်မျိုးရယ်..၊
ကိုယ်တွေလည်း တစ်ယောက်တည်း ရထားစီး၊ကားစီးရ
တဲ့အခါပွတ်တာပဲရယ်...၊အပျင်းပြေပေါ့လေ...၊ဘေးမှာ
သယ်ရင်းပါရင်တော့ သယ်ရင်းနဲ့ပဲစကားပြောသပေါ့...၊
ပြောရင်းမောသွားတဲ့အခါ၊ပြောစရာကုန်သွားတဲ့အခါ
မတော့ ကိုယ့်ရှိတာထုတ်ပွတ်တာပေါ့လေ...၊ဖုံးပြောပါ
တယ်....:))) ဘာပဲပြောပြော လူမှုဆက်ဆံရေးနယ်ပယ်
မှာ ခေတ်မှီလောကဓာတ်ပစ္စည်းတွေကြောင့် နွေးထွေးမှု
တွေ ပျောက်ဆုံးတာကတော့ အမှန်ပဲရယ်....။

Anonymous said...

ဟင်းဟင်းဟင်း .. စောင်းမြောင်းပြောဆိုခြင်း သည်းမခံပါ ..။


မစဒက

အလွမ်းပြေ said...

သူငယ်ချင်းတွေ ဆုံဖြစ်ရင် ဟေး ဓါတ်ပုံရိုက်မယ်ဆိုပြီး အားလုံး ပြုံးပျော် လက်တွေထောင် ဓါတ်ပုံရိုက်ပြီး သွားတာနဲ့.. အားလုံး မောင်မျိုးပြောသလိုပဲ ပွတ်နေကြလိုက်တာ.. သူငယ်ချင်းတွေ ဆုံရတာ ခုတော့ ခံစားချက်လျော့လာသလိုပဲ။ အဲဒီလို ဖြစ်နေတာ ခံစားလို့ မရဘူး ပြောဖြစ်ရင်း အခုတော့ တို့ ငယ်သူငယ်ချင်းတွေဆုံဖြစ်ကြရင်..လူစုံတာနဲ့ အားလုံး ပိတ် တဲ့ သဘော တူညီမှု ရထားတယ်..

LinkWithin

Related Posts Plugin for WordPress, Blogger...