အိမ်ဆိုတာ
ကျနော်တို့အတွက် ဘယ်အချိန်ဖြစ်ဖြစ် နားခိုရာ အမောပြေရာ နေရာတစ်ခုပဲ ။
ဒါပေမယ့် အဝေးရောက်သူများ အဖို့တော့ အိမ်မဟုတ်ပေမယ့်
အခန်းလေးတွေဟာလည်း အမောပြေရာ နေရာတစ်ခုလို့ ကျနော်တော့ ယူဆတယ် ။
ရွာမှာတုန်းက တဲအိမ်ကလေးပဲမို့ အခန်းရယ် မယ်မယ်ရရမရှိ အစ်မ တွေအတွက်
အိမ်တွင်းခန်းလေး တစ်ခုရယ်သာ ကျနော်ကတော့ အမေ နဲ့ အဘကြား
တိုးကပ်အိမ်လို့ပေါ့ ။ ၂ တန်းကျောင်းသားတုန်းက အစ်မရဲ့
စားသောက်ဆိုင်လေးမှာ နေရင်း ကျောင်းတက်ခဲ့ရတော့ နေရာကျဉ်းကျဉ်းလေးရယ်မို့
ညဘက်ကျ ခုံကလေးတွေ စီ ပြီးအိပ်ရတော့ အဲ့တုန်းက ကျနော်
အရမ်းတောင့်တမိတာ ကိုယ်ပိုင်အခန်းလေးတစ်ခုရယ် အိပ်ရင်း ခုံပေါ်က
မလိမ့်ကျချင်တော့ဘူးလေ ကျောပြင်းကျယ်ကျယ်ချလို့ရတယ်ဆိုရင် ကျေနပ်ပြီး ။
ဒါပေမယ့် တက္ကသိုလ်ကျောင်းသား အထိ ဆိုင်ကျဉ်းကလေးထဲမှာ
အဲ့လိုအိပ်ခဲ့ရတာဆိုရင်တော့ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်လို့
ဆိုရက်ကြလေမလား ။
အလုပ်ဝင်တော့ အလုပ်ကနေရာပေးတယ်ဆိုပေမယ့် ဟောကြီးဖြစ်နေသလိုမျိုး ပြီးတော့ လှေကားအတက်ဆင်းနဲ့နီးတော့ နေရတာမသင့်တော်တာနဲ့ ကိုယ့်ပါသာ အခန်းလိုက်ကာတွေဝယ် အခန်းလေးဖွဲ့လို့ အခန်းကလေးဖြစ်အောင်လုပ်ခဲ့ရတယ် စာအုပ်စင်ကလေးရှိမယ် အ၀တ်တန်းတစ်ခုရှိမယ် တိုလီမိုလီ ထည့်ဖို့ ခြင်း ၃ ခြင်းလောက်ရှိမယ် အဲ့တုန်းက ကျပြန်တော့ ကျနော်လိုချင်တာ အခန်းတံခါးလေးပါတဲ့ အခန်းလေးတစ်ခန်း လဟာပြင်ကြီးဖြစ်နေတဲ့ ခံစားချက်ကြီးမကြိုက်တော့ပြန် တစ်ခါတလေ ဘော့စ်သားလေးက ကိုယ့်အခန်းကိုဝင်လို့ ပေါင်တာမှုန့်တွေ ဖျူးတဲ့ အခါဖျူး စာအုပ်တွေ ဖွလိုဖွနဲ့ ဒေါသတွေ ငယ်ထိပ်တက်ဆောင့်ပေမယ့်လည်း သည်းခံရတာ အခါခါ မရှိမယ့် ရှိမယ့် ငွေတို ငွေစ ကလေးလည်း ပျောက်လိုပျောက်ပေါ့ အဲ့လိုအခါများဆို လောကကြီးကို စိတ်ကုန်ချက် မရှိပါဘူးဆို ငွေက ပျောက်တော့ ခံစားချက်က သူတောင်းစား ခွက်ပျောက်တဲ့ ခံစားချက်နဲ့တောင် ဆင်နေမလားမသိ ။
မနှစ်က အမေ နဲ့ အဘ လာနေတော့ ကိုယ့်အိပ်မက်ကလေးတွေ ပြည့်လို့ပေါ့ တိုက်ခန်းလေးတစ်ခန်းမှာ ချစ်တဲ့ အဘ နဲ့ အမေ ရှိတယ် မနက်မိုးလင်းကနေ မိုးချုပ်ထိ မပျင်းစေရမယ့် တူဆိုးလေး ၂ကောင်ရှိမယ် ။ ဒီ ခံစားချက်ကလေးကလည်း လပိုင်းလောက်သာ စားစရိတ် နေစရိတ်ကြီးတဲ့ နေရာမှာ ကြာကြာရပ်တည်နိုင်ဖို့ဆိုတာကလည်း အခြေနေကမပေးပြန် မိဘတွေ ပြန်တော့ တိုက်ခန်းလေးမှာ တစ်လလောက်ထပ်နေလိုက်သေး ထမင်းအိုး မှိုတက်နေတာကိုလည်း ဆေးချင်မှဆေးတယ် အိပ်ယာလည်း ခေါက်ချင်မှ ခေါက်တယ် ထမင်းစာရင် ချက်ရမှာ ပျင်းလိုက်တာ ဗိုက်လည်းဆာလိုက်တာဗျာလို့ လေသံပစ်လိုက်တာနဲ့ ခြေရင်းခန်းက သိပ်သဘောကောင်း သိပ်ချစ်စရာကောင်းတဲ့ အန်တီကြီးက ထမင်းစားဖို့ အတင်းလာခေါ်ကော တစ်ခါ နှစ်ခါလောက် မူပေမယ့် နောက်ပိုင်းကျ အန်တီကြီး အိမ်မှာ ပဲသွားသွားစားလိုက်တော့တယ် ဟင်းချက်စရာလေး ၀ယ်ထည့်ပေးပြီးတော့ပေါ့ ။
နေရာသစ်တစ်ခုကို ပြောင်းလာပြန်တော့ အလုပ်မရခင်စပ်ကြား ညီမ၀မ်းကွဲလေးတွေအခန်းမှာ နေရပြန် ညီမ အပျိုလေးတွေဆိုပြန်တော့ သူတို့လည်းနေရတာမလွတ်မလပ် ပြီးတဲ့အခါ သူတို့ဘဲဘဲတွေဆီက ညဘက်ဖုန်းလာတဲ့အခါကျ စကားပြောရတာ မလွတ်လပ်ဘူးထင်ပါ့ ““ နင်ကလည်း ပြောရတာသဘောမပေါက် ငါတို့ အစ်ကိုရောက်နေလို့ဆို စကားပြောလို့မလွယ်ဘူး နောက်မှဆက်တော့ ဒါပဲ ”” ညီမတွေက ကိုယ့်ကို အားနာလို့ အိပ်ရေးပျက်မှာစိုးလို့ စကားမပြောကြပေမယ့် ကိုယ်က ဘယ်သူချစ်ခြင်းမှ ခွဲချင်တဲ့သူမျိုးမဟုတ်ဘူးး) ။ အိမ်ရှင် သူဌေးက အခန်းတွေ ဖွဲ့ထားလိုက်တာများ နေရာလွတ်တောင်မရှိ ဖုန်းပြောလည်းမလွတ်လပ် စားပြီးလည်း အခန်းထဲ ချက်ပြုတ်တော့လည်း အခန်းကျဉ်လေးထဲ ဒီ့ထက်ဆိုးတာက တိုက်ခန်းတစ်ထပ်မှာ အိမ်သာ ရေချိုးခန်း တစ်ခန်းပဲရှိတော့ သုံးရတာ လုံးဝ အဆင်မပြေ သိပ်စိတ်ညစ်ဖို့ကောင်းတာပဲ ရေချိုးလည်းတန်းစီစောင့်ရ အိမ်သာဝင်ပြီဆိုတာနဲ့ ကျနော်က နည်းနည်း ကြီးကျယ်တော့ ခေါင်းမြီးကြီးခြုံလို့ပေါ့ ကိုကြီးကျယ်အတွက် သင်ခန်းစာတွေပဲထင်ပါ့ဗျာ တစ်ခါတလေ ကျနော်တို့ ဘ၀မမေ့ဖို့ ရွာမှာတုန်းက ခြုံတောတိုးခဲ့ရတာတွေကို ပြန်အမှတ်ရဖို့ လို့အောင့်မေ့ပြီး စိတ်ကိုဖြေလျှော့ရပြန် ။
တူတော်မောင် က ပြောမရ ဆိုမရ ဒီဦးလေး ဘေးကနေ တွတ်ထိုး ( စကားအစပ်မပြတ် ဆုံးမ) နေနိုင်မှ တော်ကာကျတာ အဲ့တော့ သူ့နဲ့ နီးနီးနားနားနေရအောင်ဆိုပြီး အခန်းထပ်ပြောင်းရပြန် တကယ်တော့ ကျနော်က အခန်းပြောင်း ပစ္စည်းတွေ ရွှေ့ရတာလောက် စိတ်ရှုပ်တာမရှိဘူး ဒါပေမယ့်လည်း ဘ၀ က ဘာမှအတည်မကျသေးတော့ ပြောင်းရပြန်ပါပေါ့ ကိုင်ပိုင်ဆိုင်တဲ့ အခန်းတွေမဟုတ်ပေမယ့် အဝေးက ပြန်လာတိုင်း ကိုယ့်အခန်းလေးထဲရောက်လိုက်ရရင်ကိုပဲ စိတ်ချမ်းသာလို့ ။နှီးနီးနားနား အလုပ်ရှာ အလုပ်ကရပြန်တော့ ကိုယ်နဲ့မကိုက်ပြန် ရေကြည်ရာ မြက်နုရာတွေကိုထပ်ရှာရပြန်တာပေါ့ အလုပ်ကလေးရတဲ့ဆီ ရွှေ့ရတော့မယ်ဆိုတော့ သူတို့က တစ်နေရာ ကိုယ်ကတစ်နေရာ တစ်ယောက်တည်း နေရတဲ့ ဘ၀ကလည်း ငြီးငွေ့စရာကောင်းချက် ပြောမနေချင်တော့ဘူး အဖော်ရှာဖို့ဆိုတာကလည်း အစွမ်းအစ ကမရှိ အဲ့တော့ နှစ်ယောက်တည်းကမ္ဘာမဟုတ်ပဲ တစ်ယောက်တည်း ကမ္ဘာကို ဖြတ်သန်းဖို့ ကျနော် အခန်းရှာပုံတော် ဖွင့်ရအုံးမယ် ။
အခန်းထဲက နွေးထွေး လုံခြုံမှုမျိုးကို ကျနော်နှစ်သက်တယ် အဝေးရောက်သူများအဖို့ အခန်းလေးတစ်ခန်းဟာ မိမိအိမ်ရဲ့ လုံခြုံမှုမျိုးမဟုတ်ပေမယ့် ခပ်ဆင်ဆင် နွေးထွေးမှုမျိုးကို ပေးနိုင်တယ်လို့ ခံစားရတယ် ။ ကျနော်တို့တွေ အခန်းတွေ ဘယ်လောက်များများအထိ ပြောင်းနေရအုံးမှာပါလိမ့် ကြင်နာသူမရှိတဲ့ အခန်း အဖော်မရှိတဲ့ အခန်းမှာ တစ်ကိုယ်တည်းသမားတစ်ယောက် အချိန်တွေကို ဖြတ်သန်းတော့မယ်ဆိုရင်တော့ သေချာတယ် အဲ့အခန်းက ကျနော့်ကို ခံစားမှုအသစ်တွေ ပြီးတော့ ညည ကျနော်မပျင်းဖို့ ရေစက်ကျသံပဲဖြစ်ဖြစ် ပတ်ဝန်းကျင်က အသံတစ်ခုခုဖြစ်ဖြစ် ဘေးအခန်းတွေက စူးစမ်းအကြည့်တွေကိုပဲဖြစ်ဖြစ် ခံစားမှု အသစ်တွေ ရစေနိုင်မှာပါ ။ ပြီးတော့ စားရေးပျင်းနေတဲ့ ကျနော့်အာရုံတွေကို ကျနော့်အခန်းသစ်လေးက စားရေးချင်စိတ်တွေ ပေးနိုင်ပါစေလို့ ဆုတောင်းမိပါရဲ့ ။ အခန်းသစ်ကလေးကို ရောက်တဲ့အခါ ခံစားမှု အသစ်လေးတွေ ဖောက်သည်ချပါအုံးမယ် ။

8 comments:
နွေးထွေးတဲ့အိမ်ဟာ ဘ၀အမောတွေကိုပါ ပြေစေနိုင်သလို အခြေအနေကြောင့် အဝေးရောက်နေသူတို့ အဘို့လည်း ကိုယ်နေတဲ့အခန်းလေးဟာ တစ်နေ့တာအတွက် ပင်ပန်းမှုတွေကို ဖြေသိမ့်နိုင်စွမ်းရှိတာပေါ့ကွယ်။
မောင်မျိုးနဲ့ဆုံတဲ့အခါ 'ချက်ရမှာ ပြင်းလိုက်တာ ဗိုက်ဆာလိုက်တာ' လို့အသံပေးရင် ထမင်းကျွေးမှာလား :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဒီလိုပါပဲ ကိုမျိုးရေ တစ်နေ့နေ့တော့ ကိုမျိုးကိုယ်တိုင် ပိုင်ဆိုင်တဲ့ အခန်းလေးတစ်ခန်း ရှိလာမှာပါ။
အဲဒီ ခံစားချက်ကို နားလည်တယ်..ကိုယ်တိုင် ဖြစ်နေလို့ ..နွေးထွေးတယ့် အခန်းလေးကနေ အံထွက်လာမယ့် ပို့ စ်လေးတွေ စောင့်မျှော်နေတယ်နော်..း)
အကိုလည်း ငယ်ငယ်ကတည်းက ကိုယ်ပိုင်အခန်းလေး
တစ်ခုကိုသိပ်တောင့်တခဲ့တာပဲရယ်...၊ကိုယ့်အခန်းလေးထဲ
ရောက်မှ လုံခြုံနွေးထွေးမှုကို ရလိုက်သလိုခံစားရတယ်...။
အစ်မ လဲ အခန်းကို အရမ်းမက်မောတယ်။ ပြန်လာလို့မှ သက်တောင့်သက်သာ နားလို့ရမယ့်၊ စိတ်ချမ်းချမ်းသာသာ စာရေးလို့ရမယ့် အခန်းမျိုး..။
ခုထိလည်း စိတ်မချမ်းသာသေးဘူး..။
အဲ့တော့ ကိုယ်ချင်းစာတယ်..။
နွေးထွေးတဲ့အခန်းငယ်တစ်ခုကို လူတိုင်းတောင့်တကြတယ်..။
အထူးသဖြင့် မိသားစုရဲ့ မေတ္တာတွေနဲ့ လွှမ်းခြုံထားရင် ဘယ်လောက်သေးငယ်တဲ့ အခန်းငယ်လေးဖြစ်စေဦးတော့ ဘာနဲ့မှမလဲနိုင်တဲ့ ရေမီးအစုံခေတ်ပေါ်ကွန်ဒိုကြီးလိုကို ခံစားရတယ်။
နွေးထွေးလုံခြုံတဲ့အခန်းလေးပိုင်ဆိုင်ပါစေရှင်...
အိုင်အိုရာ
t7o49j6p55 s7j13v8m90 a6r74v1j69 h7f64l0c13 k9q83n6d11 h4p40a8m39
Post a Comment