Tuesday, November 13, 2012

သက်တံ့ ၄ စင်း

သက်တံ့ ၁၀ စင်းလုံးကို တစ်ခါတည်း ရေးလိုက်ချင်ပေမယ့်  ဖတ်ပြီးရင် မေ့တတ်တဲ့ ကျနော့်အကျင့်ကြောင့်  နည်းနည်းချင်းစီရေးလိုက်ပါတယ် ။

ကိုဏီ ... သူ့ကို ကျနော် ဘလော့မရေးတဲ့ ၂၀၀၉ လောက်မှာ စပြီးနာမည်ကြားဖူးတာ  ကျနော် ဘလော့ပြန်ရေးတော့ သူက ကျန်းမာရေးကြောင့် ဘလော့နားတော့ သိပ်မရင်းနှီးလိုက်ဘူး  ကျန်းမာရေးကြောင့် ဘလော့နားတဲ့အကြောင်း အသံဖိုင်လေးတင်ထားတုန်းက သိပ်မ၇င်းနှင်္ီးပေမယ့်  စိတ်မကောင်းဖြစ်မိသေး  သူ့အသံက  ဂရုဏာသံပါတယ်  (ကောင်မလေးတွေဆို ကြွေလောက်တယ် ) ။   စာအုပ်တောင်းတုန်းက ဖုန်းဆက်ဖြစ်တော့ ဖော်ဖော်ရွေရွေနဲ့ စကားတွေ ပြောပေးတဲ့အတွက်  ကိုဏီ့ ...ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျား ။

 



အသံများနှင့်မှာ ကောင်လေးတစ်ယောက်နဲ့ သက်မဲ့ဘူတာရုံလေးအကြောင်း  ရိုးရိုးလေးပေမယ့် လောကနိယာမအကြောင်းလေးတွေ ပါးပါးကလေး ပြောပြသွားတာ ကြိုက်တယ် ။  ကျနော်လည်း  အဲ့လိုလေးရေးတတ်ချင်တာ ဒါပေမယ့်  မရေးတတ်ဘူးရယ် ။ ဘူတာရုံလေးဟာ လောကကြီးနဲ့ သဟဇာတဖြစ်ဖို့အကြောင်း ပတ်ဝန်းကျင်နဲ့ ဘယ်လိုအခြေနေမျိုးမှာပဲဖြစ်ပါစေ  နေတတ် ဖြေသိမ့်နိုင်ဖို့လိုတယ်ဆိုတာ ကောင်လေးကိုပြောပြသွားတာ
ပေါ့။  ကျနော်ဖတ်ဖူးတဲ့ ပေါ်လီယာနာ ၀တ္ထုထဲက ဇတ်ကောင်လေးနဲ့တောင် ခပ်ဆင်ဆင် ။


နောက်တစ်ပုဒ် နိဂုံမဲ့တေးသွား   အဲ့ဝတ္ထုလေး တကယ်ကောင်းတယ်   ။ ကောင်းတယ်ဆိုတာထပ် ချစ်စရာကောင်းနေတော့တာ   အဲ့စာလေးဖတ်ရင်း ကျနော့် ဘယ်ဘက်ရင်အုံလေး တစ်ချက်ချက် ထ ခုန်တယ် ။ ဟုတ်တယ် .. မောင် လို့ ခေါ်သံ ကြားရင်  သိပ်ရင်ခုန်တာ  တိုက်ဆိုင်မှုရှိတိုင်းပေါ့ ။ ပြီးတော့ ဇတ်ကြောင်း ကို ပြသွားတာလေး သဘောကျတယ်  ဇတ်လမ်းထဲက မြင်ကွင်းတွေကိုယ်တိုင်မြင်ရသလို  ယင်ကောင်ပျံတာပဲ ကြားလိုက်ရသလို မိုးတွေပဲ  ကိုယ့်နားရွာနေသလိုမျိုးပေါ့ ။  ဇတ်လမ်းထဲက မောင် နဲ့ တူတဲ့ ခံစားချက်မျိုး  ကျနော်လည်းဖြစ်ဖူးတယ် စိတ်ဆိုးလို့ ဆိုးမှန်းမသိ   အချော့ခံချင်တယ်ပြောမလား ကိုယ့်စိတ်ခံစားချက်ကို သူမသိတဲ့ အခါမျိုးမှာ  လူက နေမထိ ထိုင်မသာ ဖြစ်လို့  တစ်ခုခုကို အရွဲ့တိုက်ချင်နေတာမျိုး  ပြီးတော့  သွယ် မေးတဲ့  အမေးကို ဆောင့်ကြီးအောင့်ကြီးနဲ့ မုန့်လင်မယား တွေလို့  ဖြေတာလေးလည်း ကြိုက်တယ်း) တစ်ခြားမုန့် ဘာလို့ မ၀ယ်ခဲ့တာလဲ ဖြစ်မိသေး  :P   ကျနော် မုန့်လင်မယား မစားဖူးဘူးဗျ ။

ဇတ်လမ်းလေးက  သံသယတွေကြားက မောင်နဲ့ သွယ် ရဲ့ အကြောင်းလေးပေမယ့် စာရေးသူရဲ့ ဖန်တီးမှုကြောင့် ဇတ်ကကြွလာတာမျိုးပါ  ဖတ်ဖူးတဲ့သူတိုင်း နှစ်သက်မယ်လို့ထင်ပါတယ်  တစ်ခုလေးပဲ  အဲ့ ၀က်ခေါင်းသုတ် နဲ့ ၀က်ခြေထောက်စွပ်ပြုတ်   အနံ့ခပ်ပြင်းပြင်းကြီး နှာခေါင်းထဲ ၀င်လာသလိုပဲ  ။ အတွေးဝင်မိတာ စာရေးသူက အဲ့လို မုန့်လင်မယားတွေ ၀က်ခြေထောက်တွေများ ကြိုက်နေရော့သလားလို့   ။ စာရေးသူနဲ့ဆုံမှ  ၀ယ်ကျွေးခိုင်းဖို့ မှတ်ထားလိုက်တယ် ။






မမြတ်မွန် ကို အွန်လိုင်းဝတ္ထုတို ပြိုင်ပွဲတွေမှ စသိတာ ။ ဖေ့ဘွတ်မှာမြင်ဖူးလိုက်တာ တရုတ်သိုင်းကားတွေထဲက မင်းသမီးနဲ့တူတယ်  ။ စကားတော့မပြောဖူးဘူး။ သူ့ရဲ့ ၀တ္ထု ၂ ပုဒ်လုံးက နိုင်ငံခြားရောက်သူတွေရဲ့အတွေ့ကြုံလေးတွေ  ကျနော်တို့မသိတဲ့  အကြောင်းရာတွေ သိနိုင်တယ် ။ မေတ္တာဖြင့်ကာ..... ... မှာ  နိုင်ငံခြားမှာ ကြီးပြင်တဲ့ ခလေးတွေရဲ့ စရိုက် မြန်မာမှုမဆန်တော့တာတွေကို စာရေးသူက ပေးသွားတာ  မြန်မာ့လူနေမှုမဟုတ်တဲ့နေ၇ာမှာ ကြီးပြင်းတဲ့ ခလေးတွေရဲ့ စရိုက် ကိုယ့်သားသမီးကို မြန်မာ့ယဉ်ကျေးမှုအတိုင်းသား ရှိစေချင်တဲ့ မိဘရဲ့ မေတ္တာ  ။ ကျနော်တို့ဆီမှာလည်း မြင်ဖူးပါတယ်  ခလေးတွေမိဘတွေအပေါ်ဆက်ဆံတာက  ကိုယ့်ယဉ်ကျေးမှုနဲ့ မညီတော့ မြင်ရ ကြားရတာ ဆိုးတယ်    ဇတ်ကောင်ရဲ့ မြန်မာပြည်ပြန်ကြဖို့ ဆုံးဖြတ်ချက်အတွက် လေးစား သဘောကျတယ်  သူ့ဆုံးဖြစ်ချက်မှန်ပါတယ် ။ ငွေနောက်သာ ဆက်လိုက်နေမိရင် သားသမီးတွေရဲ့နောင်ေ၇း  တွေးရင်းနဲ့ကို ရင်လေးစရာ ။

မသိကိန်း၏တန်ဖိုး ကတော့ ကျနော်တို့နယ်တွေဘက်ကြားဖူးနေကြလေး  ရှေးအယူခေါ်မလား များများသိတော့ များများတွေးမိတာမျိုး ကိုယ့်အတွေးကတင် ကိုယ့်ကို စိတ်အနှောင့်ယှက်ဖြစ်စေတာမျိုးပေါ့ ။လှည်းဦးတိုက် လှေဦးတိုက် တို့ ကြက်လျှာစွန်း တို့ အဲ့တာတွေက ခိုက်တဲ့အကြောင်း  လူကြီးတွေပြောတာကြာဖူးတယ် ။  ဒီဇတ်လမ်းမှာ  ကျနော်အကြိုက်ဆုံးက အရင်အိမ်ငှားပြောသွားတဲ့ စကားလေး  * တစ်ချို့ကိစ္စတွေက မသိတာ ပိုတန်ဖိုးရှိတယ်တဲ့  *  ဟုတ်ပါ့ များများသိရင် များများ ပိုတွေးရတာဖြစ်တတ်တယ်မှတ်လား  ။




အမြဲတမ်း ဦးထုပ် စောင်းနေတတ်တဲ့ လူကြီးပေါ့း)  သူ့အကြောင်း များများမသိဘူး  သိတာကတော့ ကိုယ့်လိုပဲ မန်ယူ ပရိသတ်ဆိုတာလောက်ပဲသိတယ်  ။ များများမသိတော့များများမရေးတတ်ဘူး အဲ့တော့မရေးရတော့ဘူးပေါ့ ။ ဘက်မလိုက်ပဲပြောမယ် ဒီစာအုပ်မှာ ကျနော်အကြိုက်ဆုံးက   ကိုမြစ်ကျိုးအင်း ရဲ့  နှလုံးသားရှိတဲ့အရပ်   ကိုပါ သိပ်ကြိုက်တယ် သေချာတာကတော့ ဖတ်ပြီးသားစာအုပ်လည်းပြန်ပြန်ဖတ်တတ်တဲ့ ကျနော့်အတွက်  ဒီဝတ္ထုကတော့ ကျနော် ခဏခဏကိုပြန်ပြန်ဖတ်မိမယ့် တစ်ပုဒ်ပဲ ။  အဝေးရောက်သူတွေအတွက် မိသားစုအပေါ် ခံစားချက်လေး ကိုယ်လည်း အဝေးရောက်သားတစ်ယောက်မို့ တစ်ချို့ခံစားချက်တွေ တူတယ် ။ ကိုယ့်အဖြစ်က  သူ့အဖြစ်ထပ်တောင်ဆိုးသေး  အစ်ကိုတွေ က မူးတတ်တော့ ပြောရမှာပျင်းလို့  ဟလို လို့ အာလေးလျှာလေးသံနဲ့ ထူးသံကြားတာနဲ့ကို ဖုန်းချပစ်လိုက်မိတာ ။

ခုချိန်ထိ မိသားစု နဲ့စကားပြောရင် သားလို့ ပြောမိတာချင်းလည်းတူတယ်  ။ တန်ဖိုးဖြတ်မရတဲ့ စစ်မှန်တဲ့ မေတ္တာတရားတွေကို ကျနော်တို့ရဲ့ လုပ်အားတွေနဲ့ ကျနော်တို့တစ်ခါတလေ တန်ဖိုးဖြတ်မိတယ်လေ  ဒီစာကလေးဖတ်ရင်း  အစ်ကိုတွေအပေါ်စိတ်ကောက် စကားမပြောမိတာကြာတဲ့ ကျနော့်ကိုယ် ကျနော်တောင် ငါမှားနေပါလားလို့ အတွေးဖြစ်မိပါတယ် ။ မှားတာကို မှားတယ်ဆိုတာ ၀န်ခံဖို့ထပ် ငါ့လုပ်ရက်မှားနေပါလားဆိုပြီး  နောင်တအတွေးတွေ ပိုက်ထွေးထားတဲ့ ကိုယ်တိုင်တောင် ပင်ပန်းလိုက်တာလို့တွေးသနားမိပါရဲ့ ။ ဒီထဲက အစ်ကိုကြီးရဲ့ မူးပြီးအက်ကြောင်ထပ် ပြောတာတွေ ကျနော်လည်းကြုံဖူးတယ်း)  ခုချိန်ထိ အစ်ကိုတွေက ငါ့ညီ ဆိုတဲ့  နာမ်စားလေးသာ သုံးနေတုန်းပေမယ့်  တစ်ခါတလေ ခေါ်ရင် ဗျာလို့မထူးပဲ ဟင်း လို့ သံရှည်စွဲ ထူးတတ်တဲ့ ကျနော့်ကို သူတို့ဘယ်လိုစိတ်မျိုးနဲ့ခွင့်လွှတ်တာပါလိမ့်။  ကျနော်တို့အတွက် စစ်မှန်တဲ့ နားခိုရိပ်ဟာ နှလုံးသားရှိတဲ့အရပ်ပေါ့  အဲ့တာတွေဟာ မိသားစု ဆီမှာပဲ ကျနော်တို့ ရနိုင်လိမ့်မယ် ။



ဘလော့ဘိုအေကြီး ကိုရန်အောင်....   စာအုပ်ထဲမှာတော့ ရေခဲငှက် တဲ့ အေးစက်စက်တော့နိုင်မယ်ထင်တယ် ။ဘလော့ခေတ်ဦးမှာ  နည်းပညာအကြောင်းတွေ ရေးပြီး ဖော်ဖော်ရွေရွေရှိတတ်တဲ့ သူပေါ့  ဒါပေမယ့် ကျနော်နဲ့တော့မရင်းနှီးဘူး ကျနော့်စာတွေလည်း သူလာဖတ်တာမတွေ့ဘူး  သူ့ဆီမှာလည်း ကျနော် ကော့မန့်မပေးဖူးဘူး  ရေခဲငှက် ရဲ့ ကဗျာတွေပဲ ဖတ်ဖူးတာ   ရန်အောင် ဆိုတာကြီးက  ကျနော်နဲ့တော့စိမ်းတယ် (ခုနောက်ပိုင်းတော့ မစိမ်းတော့ပါဘူး :P  )အမှာစာမှာ ရေးထားတာလေ  အဝေးက မိခင်ကြီးကို ပထမဆုံး စာအုပ်ကလေးနဲ့ ဂါဝရ ပြုအပ်ပါတယ်ဆိုတာလေး ဖတ်မိတော့  ကိုယ်ပါ ၀င်ရောက်ခံစားမိတယ်  ။ မြင်းရိုင်း ရဲ့ ဇတ်ရုပ်ကလေးကို   ဒီအမှာစာ မှာ တွေ့လိုက်ရသလိုပဲ ။   ကျနော်မရှင်းတာလေးက  စာမူများကို မိတ်ဆွေစိတ်  ၊စာပေမောင်နှမစိတ် အပြည့်ဝထားပြီး  ရေးသားပေးပို့ကြတဲ့ ဘလော့ဂါလူငယ်များကို ကျေးဇူးအထူးတင်ရှိပါကြောင်း ဆိုတဲံ့နေရာလေး.....  ဂုဏ်ပြုပြောကြားလိုပါတယ် ဆိုတော့  အင်း  ဂုဏ်လည်းပြုတယ် ကျေးဇူးစကားလည်းဆိုတော့ ကျေနပ်စရာ ကောင်းပြန်ကော ။


မြင်းရိုင်းဟာ ထက်မြက်တဲ့ သားတစ်ယောက်အကြောင်း ၊ အဝေးရောက်ရုန်ကန်နေတဲ့ သူတစ်ယောက်အကြောင်း  ကိုယ်မသိတဲ့ စာရေးသူရဲ့  ဘ၀တစ်စိတ်တစ်ဒေသ ကို  လှမ်းတွေ့လိုက်ရတယ် ဖခင်ကြီးကွယ်လွန်ခါနီး အချိန်မှာ   မိသားစုရဲ့ ခံစားချက်တွေက  တကယ်ပဲကြေကွဲစရာ ။  ဒီဇတ်လမ်းထဲက အစ်မတွေလို ကျနော့်အိမ်ပြန်ချိန်တွေ နောက်ကျမှာ သိပ်ကြောက်မိတယ် ။မြင်ရိုင်းမှာ ကျနော်ကြိုက်တဲ့ စာကြောင်းလေးက * အဖေ့ကိုကြည့်ရတာ  မကြာခင်မှာ စိမ်းကားသွားတော့မယ့်  အရင်းနှီးဆုံးလူတစ်ယောက်နဲ့  လမ်းခွဲစကားဆိုနေရသလိုပါပဲ *  ဆိုတာလေး   သရုပ်ဖော် စကားလုံးက  အဲ့နေရာမှာ သိပ်လိုက်ဖက်တယ်ထင်လို့ထင်ပါတယ် ။မြင်းရိုင်းဟာ မိခင်အတွက်  အမှောင်ကို ခွင်းမယ့် အလင်းတန်းလေးတစ်ခုပါပဲ   ကျနော်တို့မသိတဲ့ စာရေးသူရဲ့ ပုံရိပ်တစ်ချို့ကို မြင်းရိုင်းမှာ  ၀ိုး၀၀ါး တွေ့လိုက်ရတယ် ။



ဆက်ပါအုံးမယ် ။။။









7 comments:

Anonymous said...

စင်ကာပူက မြန်မာစာအ်ုပဆိုငတွေမှာ မနေ့ကသွားရှာတာမရခဲ့ပါဘူးဟယ်.... :-(


Review တွေရေးကောင်းနေ.. ငါက ဖတ်ချင်နေပြီ။
မစဒက

mstint said...

ကိုရီးယားဇာတ်လမ်းကိုကြည့်ရသလိုပါပဲ ဇာတ်ရှိန်ရနေတော့ မရပ်ချင်ဘူးလေ ဒါပေမယ့် ဖန်တီးသူရဲ့ အာဘော်အတိုင်း ဆက်ရန်မျှော်ယုံပေါ့နော်း)
မောင်မျိုးပြောလို့သိသွားပြီ မောင်မြစ်မွေးနေ့မှာ ဦးထုပ်လက်ဆောင်ပေးမယ် :P
လက်ရေးလေးတွေက သပ်ယပ်ပြီးလှတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လပြည့်ရိပ် said...

ဟုတ်တယ်.. အန်တီတင့်ပြောသလိုပဲ .. လက်ရေးလေးတွေ အားလုံးလှတယ်။ သူတို့ကိုအားကျလို့ ကိုယ့်ဖာသာကိုယ် ခုလေးပဲ စာရွက်ပေါ်မှာ ကိုယ့်လက်ရေးကိုယ် ချရေးကြည့်တော့ အနုပညာမဆန်တဲ့ လက်ရေးကိုပဲ တွေ့ရတယ်... :)

Cameron said...

ဟုတ်ပါ့ မောင်မျိုးအရေးကောင်းလို့ စာအုပ်လေးကိုပိုဖတ်ချင်သွားကြပြီ...အမတောင် အကုန်မဖတ်ရသေးဘူး ကိုဏီ ကိုညီလင်းနဲ့ မလေးစာတွေပဲဖတ်ရသေးတယ် ကိုယ်ဖေးဘရိတ်ကိုအရင်ရွေးဖတ်တာလေ...အဲစာအုပ်တောင်ဆိုင်မှာမတွေ့တော့ဘူးကွယ်....ရောင်းကောင်းချက်

ညီရဲ said...

မဖတ်ဖြစ်သေးဘူး... ဟိုနေ့ က သွားဝယ်တာ ကုန်သွားပြီတဲ့... ဝယ်ထားတဲ့ သူငယ်ချင်းဆီကဘဲ ငှားဖတ်ရတော့မယ်...

Maung Myo said...

အစ်မကြီးစင်... ရွှေဒေါင်းတောင်မှာရေးထားတဲ့ မရွှေအိမ်စည် ရဲ့ ရီဗြူးပိုမိုက်တယ် သွားဖတ်ကြည့် ကျနော်တောင် သူရေးထားတာဖတ်ပြီး ဆက်ရေးဖို့ လက်တွန့်နေတယ်း)

တီတင့်..ကောင်းတယ် ဦးထုပ် ဆို သူသဘောကျမယ်ထင်တယ် ။

မလပြည့်.. ကျနော်လည်း တူတူပဲ ဗျိုင်းပျံလက်ရေးဖြစ်နေတယ် စာလုံးပေါင်းက မှားတတ်သေးတော့ ပိုဆိုးဗျာ ။

မမိုး... ကျနော်လည်းတူတူပဲ ခင်မင်သူတွေ အရင်ဖတ်မိသွားတယ် ရေးပေါ့ဗျ တစ်ယောက်တစ်မျိုး ခံစားပုံချင် မတုမှမတူတာ ဖတ်ရတာပေါ့ ။

ကိုညီရဲ.. ဖတ်ကြည့်ပါ ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပဲ အစ်ကို ။

San San Htun said...

မောင်မျိုးရဲ့  ရီဗျူးဖတ်ပြီး အဲဒီစာအုပ်ကို ဖတ်ချင်နေတယ်..

LinkWithin

Related Posts Plugin for WordPress, Blogger...