Saturday, November 10, 2012

သက်တံ့ ၂ စင်း

သက်တံ့ ၁ဝ စင်း   .......အမှတ်တရများစွာဖြင့်  ချစ်ခင်ခြင်းများစွာဖြင့်   ဖတ်ပါသည် ။ 


 ဒီစာအုပ်လေးကို ရဖို့ ရာဇ၀င်လေးရှင်းပြချင်ပါသေးတယ်  ဒါကြောင့် ပို့စ်ရှည်သွားမှာ စိုးတာနဲ့  ၂ စင်းပဲ အရင်ရေးပါတယ် ။  ကျနော်နေတဲ့ နေရာက နယ်စပ်သာပြောတယ်  ပြည်မထဲက လာမယ်ဆိုရင်  ကားလမ်းကမကောင်း   ဇိမ်ရှိရှိ နဲ့ လာဖို့ဆိုတာ အဆင်မပြေဘူး   ။  ကိုယ်ကလည်းမပြန်ဖြစ်  စာအုပ်ကလေးကိုလည်းဖတ်ချင်တယ် ဘယ်လိုလုပ်ရပါ့   မှန်တာဝန်ခံရရင်  ခင်မင်စွဲကြောင့် ခုလို အပူရှာရတာပါ  ဘယ်လောက်ကြိုက်တဲ့ စာအုပ်ဖြစ်ဖြစ် ရေးမှတ်ထားပြီး  ကိုယ်ရန်ကုန်ရောက်မှ ၀ယ်တတ်တာ  ခုတော့ အဲ့အထိမစောင့်နိုင်လို့ဘယ်သူ့ဆီက  ရမလဲ  အရင်ချောင်းရပါတယ် ။ အွန်လိုင်းမှာ  ကိုဏီလင်းညို ကိုတွေ့တော့ တောင်းတယ် သူက ရှိသေးတယ် ပြောတယ် ဒါမယ့်  လူကြုံက  သိပ်ရှားတာ   မြ၀တီက  အသိဦးလေးရန်ကုန် ဆင်းမယ်ဆိုတော့  သူ့ကို မှာလိုက်တယ် သူ ယူခဲ့ပေးချင်အောင်တော့ ပြောရတာပေါ့  * ကျနော့်အစ်ကိုတစ်ယောက် စာအုပ်ထုတ်လို့ဗျ  အဲ့တာ ကျနော့်ကို  ယူခဲ့ပေးလို့ရမလား  ဖုန်းဆက်ထားပြီးပြီ   ဟုတ်တယ် ဟုတ်တယ်  အရေးကြီးလို့ မဟုတ်ရင်  နောက်မှ  ကျနော်ပြန်မှ ယူတာပေါ့ ခုကတော်တော်အရေးကြီးလို့  နော် ဦး နော်  *  ပြီးတော့ သူ အကူညီပြန်တောင်းတာလေး လုပ်ပေးရသေးတယ်း) ။  အားကိုးရသား  ကိုဏီ့ အိမ်အထိ သွားယူပေးတယ်တဲ့  ။  သူ ရန်ကုန်က ဖုန်းဆက်တိုင်း   မပြန်လာသေးဘူးလား ခဏခဏမေးတယ် သတိရလို့မဟုတ်ဘူးရယ် စာအုပ်လိုချင်လို့   :P

နောက်တစ်ခု....ကျနော်က အမှတ်တရတွေကို သိမ်းဆည်းရတာ သိပ်မြတ်နိုးပါတယ်  ကောင်းသော အမှတ်တရဖြစ်ဖြစ် ဆိုးသော အမှတ်တရဖြစ်ဖြစ်ပေါ့  ဒါကြောင့် ဒီစာအုပ်ထဲက အစ်ကို/ အစ်မ တွေဆီက  လက်မှတ်ကလေးတွေ မေးလ်ကနေ တောင်းလိုက်တယ်  ။ဖိုတိုလုပ် ပြီးရင် စတစ်ကာလေးလုပ်ဖို့ဆိုတဲ့ စိတ်ကုးကလေးနဲ့ပါ အားလုံး အလုပ်ရှုပ်သွားကြမယ်ဆိုတာ သိပါတယ် ။  အမှန်ပါ ကျနော်လည်း သိပ်အားပြီး လိုက်လုပ်နေတာမဟုတ်ပါဘူး အကယ်လို့ မိတ်ဆွေများ စိတ်အနှောင့်ယှက်ဖြစ်ခဲ့ရင် တောင်းပန်ပါတယ်ဆိုတာ ပြောပြချင်ပါသေးတယ် ။လက်မှတ်ကလေးတွေ ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဗျာ ။


+++++++++++++++++++++++++++++++++++++++++++++++++++++


စာအုပ်မျက်နှာဖုံးလေးကအစ ချစ်စရာကောင်းပါတယ် အွန်လိုင်းစုစည်းမှုနဲ့လည်းကိုက်တယ်  ပြီးတော့ မတူတဲ့ နေရာတစ်ခုစီက  အရောင်ကွဲကြသူများရဲ့ စုစည်းမှုက တစ်စုတစ်စည်းထဲ ။  ကိုကျော်အောင်မော် ရဲ့ အမှာစာကို ဖတ်ရင်း  ကိုယ်လည်း သူနဲ့ ခံစားချက်ကလေးရလိုက်တယ်  သက်တံ့တွေ တစ်စင်းပြီး တစ်စင်း ဆေးရောင်ချယ်သွားကြတာ လှလှပပ   ပြီးတော့  ဒင်းတို့တွေ ရေးတတ်လိုက်ကြတာဆိုပြီး မနာလိုတွေတောင်ဖြစ်လို့  အဟုတ်။



ခုတော့  သက်တံ့ ၁၀ စင်း ကျနော့် စာအုပ်စင်ပေါ်ရောက်ပြီ  သူတို့ဆီကို လိုက်လည်စရာမလိုပဲ ခုတော့ ကိုယ့်စာအုပ်စင်ပေါ် သူတို့ရောက်လာရပြီပေါ့း) ။



စာအုပ်ရတဲ့ ညနေပဲ  ချက်ပြုတ် စားသောက်  ရေမြန်မြန်ချိုးပြီး  စာအုပ်ကလေးကိုဖတ်ပါတယ် ။ ပြီးတော့ အမှတ်တရ  ဖြစ်အောင် ဓာတ်ပုံလေး  အရိုက်ခံလိုက်သေးတယ် ။ ကဲ  .....စဖတ်ပါပြီ ။
အမှာစာမှာ ဆရာကြီး  ၂ယောက်လုံးညွှန်းထားတဲ့ အမွေအနှစ်ကို စဖတ်တယ် ။  မလေးဟာ  သိပ်နုညံ့တဲ့ ရိုးသားတည်ငြိမ်တဲ့ အမျိုးသမီး တစ်ယောက်ပါ  သူ့ကို ကျနော် ဘလော့မရေးခင် ဟိုး ၂၀၀၇  လောက်ကတည်းက သိတယ် ကျနော် စာမရေးခင် စာဖတ်ကတည်းက  သူ့ဆီပုံးကလေးမှာ  သွားသွားရန်တွေ့တတ်တာ ။ စာ ကဗျာ ၀တ္ထုကလေးတွေကို  စကားနုနုလှလှကလေးတွေနဲ့ ပုံဖော်တတ်တဲ့ မလေး ရဲ့ စာကို  ကျနော်က လှိုင်းခွပ်ကလေးတွေ  ပြီးတော့ သဲသောင်ပြင်   ၊ ဆံပင်တွေ လေထဲတိုးဝှေ့သွားတဲ့ အကြောင်းတွေပဲလို့ထင်လိုက်တယ်း)  စိတ်မဆိုးနဲ့  ကျနော်က မလေးစာတွေ နောကြေနေပြီးသားမို့ပါ  ဒါပေမယ့် အမွေအနှစ်ကိုဖတ်လိုက်ပြီးတော့ ပန်းခင်းထဲမှာ ကျားတစ်ကောင်ကိုတွေ့လိုက်ရသလို  အရေးသားမျိုးကိုတွေ့လိုက်တယ်  ဒီပို့စ်ကို ဖတ်ဖူးသလိုလိုပဲ သိပ်မသေချာဘူး မမှတ်မိတာလည်း ဖြစ်နိုင်တယ် ။

အမွေအနှစ်ဟာ လက်ရှိဖြစ်ပျက်နေတဲ့  အခြေနေကို ထင်ဟပ်စေပါတယ်  ပြီးတော့ နိုင်ငံခြားရောက် မြန်မာတွေအတွက် ဖတ်သင့်တဲ့ စာတစ်ပုဒ်   အဲ့တာထက်ပို  မိခင်ဘာသာစကားကို မေ့ပါပြီဆိုတဲ့  ဇီးသီးသည် ကိုဗျိုင်း မဗျိုင်း တွေဖတ်သင့်တဲ့ စာတစ်ပုဒ်  ။  တစ်ခါတလေ   စကားပြောရင်း အီး လို ညှပ်ညှပ်ပြောတတ်တဲ့ ကိုယ့်ကို  အရှက်ရစေတဲ့ စာတစ်ပုဒ် ။ ကျနော်ပတ်ဝန်းကျင်မှာ ဒီထဲက အဖြစ်မျိုးကြုံဖူးပါတယ်  ကုန်တိုက်မှာ ဈေးသွားဝယ်တဲ့အခါ  ငွေရှင်းကောင်တာက အမျိုးသမီးတွေက  ဈေးဝယ်ပြောတာ နားလည်ရဲ့သားနဲ့ မသိသလို ထိုင်းလိုပြန်ပြောတာမျိုး ခဏခဏ ကြုံဖူးပါတယ်  ။ ဘန်ကောက်လိုနေရာမှာ နေတာ  ၅ နှစ်ကျော်  မြန်မာပြည်ပြန်ကာနီးကျ  မှတ်ပုံတင်စစ်ရင် ဘယ်လိုလုပ်မလဲ သမီးက မြန်မာလိုမပြောတတ်တော့ဘူးဆိုတဲံ့အမျိုးသမီးငယ်တွေကိုတွေ့ရတဲ့အခါ  အရွဲ့တိုက်ပြီး  * မြန်မာလိုမပြောတတ်တော့ရင်  လ၀က  ကနင့်ကိုဖမ်းလိုက်မယ်* လို့ ရွဲ့ပြောခဲ့တာလေး အမှတ်ရတယ် ။  ဆရာရဲသျှမ်းစကား အတိုင်းပြောရရင် မလေးကို ကျေးဇူးတင်တယ်  ဟုတ်တယ် မလေး  တကယ် တာဝန်ကျေတယ် မောင်တွေ  ကြယ်တွေမဟုတ်ပဲ ဒါမျိုးခပ်ပြင်းပြင်းလေး ဖတ်ရတဲ့အတွက်ပိုကျေးဇူးတင်တယ် ။


ဒီမနက်  အွန်လိုင်းမှာ  မလေးနဲ့ စကားခဏပြောဖြစ်တော့ အမွေအနှစ်ကိုဖတ်ပြီး ခရေရှင်ကိုဖတ်လိုက်တော့  အရသာမတွေ့တော့ဘူးလို့ပြောလိုက်တယ်း)  သူက ဘာလို့ ခရေရှင်ကို အရင်မဖတ်လဲ မေးသေး  ။ ခရေရှင်မှာ စာရေးသူရဲ့ မူရင်း ၀ါကျစကားလုံးရွေးချယ်မှု  လှလှကလေးတွေကို တွေ့ရသလို  အလွမ်းဓာတ်ခံရှိတဲ့ ခံစားချက်ကလေးတွေကိုလည်းတွေ့ရမှာပါ ။  ရုပ်ရှင်လတ်မှတ်ကလေးနှစ်စောင်ကို ဖတ်တုန်းကအရွယ်   ၂၀စွန်းစ အရွယ်မှာ ကျနော်ဖတ်ရင်တော့ သိပ်ကြိုက်တာလို့ပြောမိချင်ပြောမိမှာ  ခုတော့  အရွယ်ကလေးရလာတော့  အဲ့တာတွေ သိပ်စိတ်မထိတော့ဘူးရယ်  စာကမကောင်းလို့မဟုတ် ကျနော့်ခံစားချက်တွေ  ဖုန်တက်နေလို့ပါ  ။ခရေရှင်မှာ  အကြိုက်ဆုံးက ကဗျာ   ။ ပုံဖော်သွားတာလေး သိပ်ကြိုက်တယ် ။


++++++++++++++++++++++++++++++++++++++++++++++++++++++






ဒါက  ကိုညီ့ ရဲ့  အမှတ်တရ လက်မှတ်ကလေး  သိပ်ကျေးဇူးတင်ပါတယ်  သူရေးထားတဲ့ စာထဲကလို  သူ့မှာ လူ လူချင်း အသိမှတ်ပြုမှုရှိတယ် ။ အမ နဲ့ အဘ အကြောင်း  ကျနော့်ရဲံ  အလွဲကလေးတွေကို  နှစ်သက်တတ်တဲ့  ကိုညီ  နဲ့က  ခုတစ်ခေါက်စာပြန်ရေးမှ သိတာ စာတစ်ပုဒ်တိုင်း လေးနက်တဲ့ မှတ်ချက်ကလေးတွေ ပေးတတ်သလို   သူ့စာတွေတိုင်းမှာ  ကော့မန့်တွေကို  မှတ်မှတ်ရရ ရီပလိုင်းပြန်နေတာဆိုလို့  ဘလော့ဂါတွေထဲ သူတစ်ယောက်ပဲ ရှိမယ်ထင်တယ် ။မိသားစုနဲ့ ဖြစ်ပေမယ့်  စာတွေပုံမှန်ရေး ပုံမှန်ဖတ်နေနိုင်တာကိုက  ဘလော့အပေါ်ကော မိတ်ဆွေတွေ အပေါ်မှာပါ   အလေးထားမှုကို တွေ့လိုက်ရတယ် ။အစ်ကိုရေးတဲ့ စာနှစ်ပုဒ်လုံးကို ဖတ်ရင်း  ခံစားလိုက်ရတာက  စိမ်းမနေဘူး အစ်ကိုတစ်ယောက်နဲ့  လက်ဖက်၇ည်ဆိုင် တူတူထိုင်ပြီး  သူပြောပြတဲ့ အကြောင်းနားထောင်လိုက်ရသလိုပဲ  ခံစားမှုက နွေးတယ် ။

ကတ်ကြေးတစ်ကိုက်  မှာ  ဖခင်တစ်ယောက်ရဲ့  မေတ္တာတရား အကြောင်းလေး    အဲ့စာဖတ်ရင်း  ဒါက ကိုယ်တွေ့မို့  အဲ့လောက်ရေးနိုင်တာလို့ဖြစ်မိတယ် ဟုတ်တယ်လေ   ဒီလိုစာမျိုး ကျနော့်ေ၇းခိုင်းကြည့်ပါလား  ဘယ်လိုမှကိုရေးတတ်မှာမဟုတ်  ပြီးတော့  အဲံ့လို ခံစားချက်လေးကို ချစ်တယ် ကျနော်လည်း  ခလေးအဖေ ဖြစ်ချင်စိတ်လေး ၀င်သွားမိတယ်  ကျနော်ဆိုလည်း  အဲ့လိုဖြစ်မှာလို့ပေါ့   ဒါပေမယ့် ဝေးခဲ့ပြီး ပန်းခရမ်းပြာရေပဲး) ကတ်ကြေးညှပ်တော့မယ်ဆိုတော့  ကိုယ့်လက်ကလေးတောင် လိုက်ပြီး တုန်သွားမိသလိုပဲ  ဟုတ်သား   သားကလေး နာသွားရင် ဒုက္ခနော် ။ အရိပ်ရဖို့ အသီးစားရဖို့ထက်  ချစ်ခြင်းမေတ္တာဖြင့်သာ စိုက်ပျိုးခဲ့တဲ့  သစ်ပင်ကလေးက  လောကအလည်မှာ  လှပစွာ ရှင်သန်နေမယ်ဆိုတာ ယုံကြည်မိတယ် ဘာလို့ဆို  ဒီသစ်ပင်ကလေးမှာ  ချစ်ခြင်းတရားတွေနဲ့  ဥယျာဉ်မှူး နှစ်ဦးရှိနေတယ်လေ ။


နောက်တစ်ပုဒ်  ..အသိမှတ်ပြူမှု တဲ့ ကိုယ်သိပ်ကြိုက်တဲ့  စကားလုံးလေ ။ ဟုတ်တယ်  လူမှုဝန်းကျင်မှာ   ဒီစကားလုံးဟာ သိပ်လိုအပ်တယ်  ပြီးတော့  လက်တွေ့ကျင့်သုံးနိုင်ဖို့လည်း လိုအပ်တယ် ။  လူတစ်ယောက်ဟာ  အသိမှတ်မပြု ခံရတာလောက်  ခံရခက်တာမရှိ  မိသားစုဖြစ်ဖြစ် မိတ်ဆွေ သူငယ်ချင်းဖြစ်ပေါ့ ။ ကျေးဇူးတင်စကား လေးက ပြောရ မခက်လှပါဘူး ၀တ်ကျေတန်ကျေမဟုတ်ပဲ   တကယ်ပဲ ကိုယ့်အပြုမူက  ကျေးဇူးတင်စကားဆိုတတ်ဖို့လိုတဲ့အကြောင်း  စာရေးသူက  ချပြသွားတယ် ။ စာဖတ်ပြီး ကျနော်အကြိုက်ဆုံးစာသားလေးက **  အမုန်းဆိုတာ  သစ်ရွက်ပါးပါးလေး တစ်ရွက်လိုပါပဲ ။ နားလည်မှုဆိုတဲ့ လေပြေလေးသာ ညင်ညင်သာသာ တိုက်ခတ်မယ်ဆိုရင် လေအဝှေ့မှာ မြောက်ခနဲ လွင့်ပါပြီး  အချစ်ဘက်အခြမ်း နဲ့  သိမ်မွေ့စွာ ပြန်ကျလာနိုင်ပါတယ် ။ **   လှလိုက်တဲ့  ဥပမာလေး   ရိုးရိုးကလေးနဲ့ နားလည်ရ လွယ်တယ်    ဟုတ်တယ် ကျနော်တို့တွေ နားလည်မှု လေပြေကလေး  တိုက်ခတ်ဖို့သိပ်လိုတာပေါ့ ။  ပြီးတော့ *  ဒီစာကြောင်းရောက်တဲ့အထိ  အသိမှတ်ပြု ဖတ်ပေးတဲ့အတွက်  ကျေးဇူး အများကြီးတင်ပါတယ်  ။*  ဆိုတာလေးကိုက  စာဖတ်သွားတဲ့သူကို   အသိမှတ်ပြုမှု ရှိတဲ့ စာရေးသူရဲ့ နှလုံးသား နုညံ့မှုလေးပါ ။  ဒီစာကလေး  ဖတ်ခွင့်ရတဲ့အတွက် ကျနော်ကလည်း ကျေးဇူးတင်ပါတယ်လို့  အသိမှတ်ပြုပါရစေခင်ဗျား  :) ။



P>S = အမှန်ကတော့   ၅  စင်းလောက်ရေးမလို့ပါ  လေကရှည်ရင်  တော်တော် ဖြတ်မရတာမို့  အပိုင်းနဲ့တင်ပါမယ် ခင်ဗျား ။














11 comments:

:P said...

ကြောင်ကြောင်ရေ..
ရီဒါထဲက ဖတ်ပြီးသားကို ကောမန့်ရေးချင်လို့ ဘလော့ကို လာခဲ့တာ..။ အစ်မလည်း အဲဒီစာအုပ် လိုချင်တာ..။ ဒီမှာတော့ လွယ်မယ်ထင်တာပဲ ..။ ရောင်းတဲ့ ဆိုင်ကို မရောက်သေးလို့..ကျန်ချင်မှလည်း ကျန်မယ်..။
မောင်မျိုးစာရေးတာ အရေးအသား ချောမွေ့ ပြေပြစ်လာတယ်လို့ လာချီးကျူးတာ...။ စာအုပ်ရီဗျူးရေးတာ ၂ အုပ် စလုံး အစ်မ စိတ်ဝင်စားတယ်.. ဒီစာအုပ်ကတော့ ဘလော့ဂါတွေ ရေးတာဆိုတော့ ဖတ်ချင်တာ အစတည်းက..ရီဗျူးကိုဖတ်ပြီး ပိုစိတ်ဝင်စားနေတယ်..လောလောဆယ် ဝယ်ထားတဲ့ သူငယ်ချင်း ဆီက ငှားဖတ်အုံးမယ်။
မင်းမှုထမ်း ဆိုရင် အခန်းဆက် ပြတ်တောင်း ပြတ်တောင်း ဖတ်ရတုံးက သိပ် စိတ်မဝင်စားလှဘူး.. မောင်မျိုးရဲ့ ရီဗျူး ဖတ်လိုက်တော့ အရမ်း ဖတ်ချင်စိတ်ပေါက်သွားတယ်.. ရွာပြန်ဖြစ်ရင် အဲ့ဒီစာအုပ် ဝယ်မယ်လို့ ဆုံးဖြတ်ထားတယ်..။
ဆက်ရေးပါ..... တိုးတက်လာဘီ... (ဘတ်စကားပေါ်ကို)
(စပယ်ယာ တွန်းချခံဖို့ပဲ ကျန်တော့တယ်..) ဟိဟိ
မစဒက

သက်ဝေ said...

စင်စင်ပြောသလိုပါပဲ... မောင်မျိုးစာရေးတာ Decent ဖြစ်လာတယ်... ဖတ်လို့ ပိုကောင်းလာတယ်... အခု ဒီ Review လေးကိုလည်း ကြိုက်တယ်... ဆက်ရေးအုံးနော်...း)

mstint said...

သက်တံ့ ၂ စင်းနဲ့အပြိုင် မောင်မျိုးရဲ့အရေးအသားတွေ ဖတ်လို့ကောင်းတယ် ကျန်တဲ့သက်တံ့လေးတွေအတွက် စောင့်ဖတ်နေမယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညီလင်းသစ် said...

“... သူတို့ဆီကို လိုက်လည်စရာမလိုပဲ ခုတော့ ကိုယ့်စာအုပ်စင်ပေါ် သူတို့ရောက်လာရပြီပေါ့း)”
အဲဒီ စာကြောင်းလေးဖတ်ပြီး သဘောတကျနဲ့ ထိုင်ရယ်နေမိတယ်...၊

ညီ့ရဲ့ သုံးသပ်ချက်တွေအတွက် ကျေးဇူး အများကြီး တင်ပါတယ်ဗျာ၊ ခင်မင်ရတဲ့ ညီငယ်တစ်ယောက်ဆီက ပွင့်လင်းနွေးထွေးတဲ့ အမြင်တွေကို အခုလိုသိရတာ ဝမ်းမြောက်စရာ ကောင်းလှတယ်၊ အပေါ်က မိတ်ဆွေတွေ ပြောသွားသလိုပါပဲ၊ ညီ့ရဲ့ စာအုပ်ရီဗျူးတွေက တကယ့်ကို တခုတ်တရနဲ့ ဖတ်ရမယ့် စာရင်းထဲမှာပါတယ်..၊ ကျန်တဲ့ သက်တံ့ ၈ စင်းပေါ် သုံးသပ်ချက်ကိုလည်း စောင့်နေမယ်ဗျို့....။

rose of sharon said...

မောင်မျိုးရေးထားတာဖတ်ပြီးမှ အမဖတ်ပြီးခဲ့တဲ့ အဲဒီစာအုပ်လေးက ပိုပြီးလေးနက်သွားသလိုဘဲ... စာရေးကောင်းတယ်...အမကဖတ်ပြီးသားတွေကိုအဲလိုပြန်မရေးတတ်ဘူး....

အိမ့်ချမ်းမြေ့ said...

ဒီရီဗြူးလေးရေးဖို့ ကြိုးစားအားထုတ်မှု..
လက်မှတ်လေးတွေကို မြတ်နိုးမှု..

ချစ်ခင်ခြင်းများစွာဖြင့် ဖတ်သည်ဆိုတဲ့ ဝါကျအစမှာကတည်းက ကိုယ်တိုင် ချစ်ခင်မှုတွေ စီးမျောသွားသလို...
တစ်စုံတစ်ရာကိုလွမ်းသွားတယ်...
ဘာကိုလည်း ဆိုတော့....
ဘလောဂ်ခေတ်ဦးရယ်ကိုပေါ့....း))

အစ်မနဲ့ မောင်မျိုး အွန်လိုင်းပေါ်မှာ ခင်ခဲ့တာ ၁၀စုနှစ် တစ်ဝက်ကျိုးပြီပဲ...
ဒီ ၅ နှစ်မှာ.. မင့်အစ်မလည်း နူးညံ့မှုတွေ နှုန်းမြေပဲ့သလို ဖြစ်လို့..။
သြော်... ကျားတွေကြားက ပန်း.... ဟုတ်ပါဘူး..
"ပန်းတွေကြားက ကျားတစ်ကောင်" (အသုံးနှုန်းလေး ကြိုက်တယ်)ဖြစ်ဖူးတဲ့..
ငါးကြင်းဆီနဲ့ငါးကြင်းကြော်ကိစ္စ ရှိသေးတယ်နော်...

ကျေးဇူးမောင်လေးရေ...
နောင်ဆက်ရေးမယ့် ရီဗြူးလေးတွေကို စောင့်မျှော်လျှက်....

မိုးငွေ့........ said...

အဲဒီစာအုပ်ကို ရီဗျူးရေးမယ်ဆိုတာ မောင်မျိုးဦးသွားပြီ ဟုတ်ပြီ မောင်လေး နောက်ရေးမယ့် သက်တန့်တွေအကြောင်းစောင့်ဖတ်ဦးမယ်...။

လပြည့်ရိပ် said...

မောင်မျိုးရေ.. ဆက်ပါဦး ..

မောင်မျိုး said...

အစ်မကြီးစင် ..ကျေးဇူးတင်တယ် မြှောက်ပြောပေးလို့ တစ်ခုပဲ စပယ်ယာ ကိစ္စကတော့ ကျေနပ်ဘူးဗျား) အစ်မကြီးကော့မန့်တွေဖတ်ရရင် ကျနော်ပျော်တယ်ဗျ ။

မသက်ဝေ...ဆြာမကြီးက ချီးကျူးတော့ ပျော်သွားတယ် ။

တီတင့်... ဟုတ်ကဲ့ပါ ဆက်ရေးဖို့ကြိုးစားနေပါတယ်။

ကိုညီ... ကျေးဇုးတင်ပါတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်ဗျာ ဒီလိုပဲ နွေးထွေးမှုတွေက ရောင်ပြန်ဟပ်တတ်တယ်ထင်ပါ့ အစ်ကို ။

မရို့စ်... ကျနော်လည်း ဒီလိုပဲ လိုက်ရေးလိုက်တာ စာတစ်အုပ်ဖတ်ရင်း ကုန်ကြမ်းရှာတာမျိုးပေါ့ ကာလာပင်လေး လိုင်းတားပြီးတော့လေး)

မလေး... ဟုတ်တယ် ဘလော့ခေတ်ဦးက ပျော်စရာကောင်းတယ် ခုကျ ဆရာကြီးတွေများတယ် ။ ငါးကြင်း ကိစ္စကော ရမ်ဘို ကိစ္စ ပါ သတိရပါ့း) ဒါပေမယ့် ဆက်ဒူးကြစို့ ။

မမိုး... ရေးပေါ့ အစ်မရ တစ်ယောက်တစ်မျိုး မြင်တာချင်း မတူကြတာဖတ်ချင်တယ် ။

မလပြည့်... ဟုတ်ကဲ့ အစ်မ ။ရေးနေတယ် ။

မိုးယံ said...

ကြောင်းမျိုးကတော့ ပဲချည်းပဲ.....ချွဲလိုက်တာလဲ တရော်နဲ့ ရေချိုးတဲ့ ငါးရှဥ့် အင်ဂျင်ဝိုင်ပုံးထဲမှာ...တစ်ကိုယ်လုံး မုန့်ညှင်းဆီ လိမ်းနေသလားမှတ်ရတယ်။

san htun said...

အမှတ်တရအဖြစ် ဓာတ်ပုံအရိုက်ခံနေတယ့် မောင်မျိုးကို တွေ့ တော့ မနာလိုချက်..ကိုယ်လည်း အဲဒီလို စာအုပ်ကိုင်ပြီး ဓာတ်ပုံအရိုက်ခံချင်လို့ ..း)

LinkWithin

Related Posts Plugin for WordPress, Blogger...