Monday, May 14, 2012

ပြာသို

အေးချမ်းတဲ့ တောရွာလေးတစ်ရွာမှာ မောင်ပြာသို ကိုမွေးခဲ့တယ်။ အေးချမ်းတဲ့နှင်းနဲ့  ပြာသိုလမှာ မအေးချမ်းစွာနဲ့  ပြာသိုရောက်လာခဲ့ပါပြီ။ ထိုညက အဖေက ကိုင်းထဲက သခွားခြံမှာ ညသွားစောင့်အိပ်တယ်။ ဒီနှစ် သခွားတွေ အထွက်များတော့ ပြာသိုတို့  မိသားစုအတွက် ချောင်လည်မှာလေ။ တိရိစ္ဆာန်ရန်နဲ့  သူခိုးရန်ကလည်း ကြောက်ရသေးတယ်။ ဒါကြောင့် အဖေက ကိုင်းထဲက တဲအိမ်လေးမှာ တစ်ယောက်တည်း ညသွားစောင့်အိပ်တယ်။ ပြာသို့ ကိုယ်ဝန်နဲ့  အမေ အသက်ကကြီး အရုပ်ကလေးတွေလို စုပြုံနေတဲ့ သားသမီးတွေ မွေးပြီးတာတောင် ပြာသို့ ကို လောကထဲရောက်အောင် ဘာလို့  ခေါ်လာသေးသလဲ အမေရာ။ တကယ်ဆို လူ့ ဘ၀ ဒီလောက် ကြမ်းတမ်းမယ်ထင်ရင် ပြာသို အမေ့ဝမ်းထဲ ရောက်မလာပါဘူး။ တောရွာဓလေ့ မွေးကာနီးအမျိုးသမီးတွေအတွက် နာ့စ်မတွေ မလိုဘူး။ အကောင်းစားဆေးဝါးတွေ ကြိုတင်ပြင်ဆင်မှုတွေ မရှိခဲ့ဘူး။ ပြာသို့ ကို မွေးဖွားခါနီ အမေက ခြံထွက်နနွင်းတစ်ချို့ နဲ့  လုံချည်ဟောင်းတစ်ချို့ သာ အမေ ပြင်ဆင်ထားခဲ့တယ်။

အဲ့ဒီညက အမေ့ဝမ်းထဲမှာ ပြာသိုလေးက အပြင်လောကကို ရောက်ဖူးချင်လှပါပြီဆိုပြီး ရုန်ကန်နေလေရဲ့။ လက်သည်က တစ်ခြားရွာက ကိုယ်ဝန်သည်တစ်ယောက် မွေးဖို့ သွားနေတယ်။ နာကျင်မှုတွေနဲ့  မိခင်မေတ္တာတွေ အပြည့်နဲ့  အသက်ကိုလောင်းကြေးထပ်၊ လက်သည်မပါဘဲ အမေက ပြာသို့ ကို သူတစ်ယောက်တည်းမွေးခဲ့တာလို့  ပြန်ပြောပြတိုင်း အမေ့ကို သနားတဲ့စိတ်၊ လေးစားမိတဲ့စိတ်တွေနဲ့  ပြာသို့ ရဲ့ အနှိုင်းမဲ့ မိခင်ကို ချစ်မြတ်နိုးမိတယ်။ တကယ်ဆို လောကထဲကို ကြမ်းကြမ်းတမ်းတမ်းရောက်လာပြီး မွေးခဲ့တဲ့ ကောင်က ဘ၀ကြမ်းကြမ်းတွေကိုလည်း စိတ်ဓာတ်ခိုင်ခိုင်နဲ့ ကျော်ဖြတ်ဖို့  ကောင်းတယ်မဟုတ်လား။ အခုတော့ ...။
ပြာသို လောဘ မကြီးခဲ့ပါဘူး။ သူများတွေ ၀တ်ချင်သလို ပြာသိုလေးလည်း ၀တ်ချင်ခဲ့တာ။ သူတို့ စားသလို စားချင်ခဲ့တာပါ။ လူမှန်းသိတတ်စကတည်းက ဘ၀ကြမ်းကြမ်းတွေက သူ့ ကိုစိန်ခေါ်နေပြီ။

ပြာသိုဒီနေ့  ကျောင်းစတတ်မယ့်နေ့  ဆရာဝန်ကြီးလုပ်မှာလား စစ်ဗိုလ်ကြီးလုပ်မှာလားလို့  မေးတိုင်း ပြာသိုလေးအမြဲဖြေခဲ့တာ ကျောင်းဆရာတစ်ဦးလုပ်မယ်ဆိုတာပါပဲ။ မူလတန်းကျောင်းသားဘ၀ အစ်ကို ၀တ်လို့ အရောင်တွေ လွင့်ပြယ်နေတဲ့ ကျောင်းဘောင်းဘီလေးက ပြာသို့ အတွက်ပေါ့။ လွယ်အိတ်လေးကတော့ တစ်ခါခါ အဖေ မြို့ကို တက်ရင် လွယ်နေကျ အိတ်ကလေး။ ပြာသို သိပ်ကြိုက်တဲ့ အပြာရောင်အိတ်ကလေးမှာ အမွှေးဖွားဖွားလေးတွေနဲ့ ။ မရှက်တတ်ခဲ့ဘူး ဟောင်းနေပေမယ့်။ ဖိနပ်လေးကပြတ်သွားပေမယ့် ၀ယ်ပေးမယ်ပြောလိုက် မ၀ယ်ပေးနိုင်လိုက်ဖြစ်နေတဲ့ အမေ့ဝမ်းနည်းမျက်နှာကိုသူက မသိနားမလည်ခင်ထဲက အလွတ်ရခဲ့တာ။ ကျောင်းစာအုပ်လေးလား။ အဖေ ပြာသို့ အတွက် ၀ါးချမ်းလေးတွေနဲ့ ညှပ် မိုးတွင်းဘက် ငါးမျှားတဲ့အချိန်သုံးတဲ့ အပ်ချည်လုံးအကြီးစားနဲ့  ချုပ်ပြီးသုံးရတဲ့ ကျောင်းစာအုပ်လေးတွေပါ။ ကျောင်းမှာ ဆန်ပြုတ်တိုက်အုံးမယ်တဲ့ ပိုက်ဆံထည့်ရဦးမယ်။ အမေ့ဆီကတောင်းနေတာလည်း ၃ ရက်ရှိပြီး မတောင်းချင်တော့ဘူး။ ပြာသို အမေ့ကိုလည်း သနားလှပြီ။ ဘယ်တတ်နိုင်မလဲ။ ဆန်ပြုတ်တိုက်မယ့်နေ့။ ကျောင်းမသွားတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။

အလယ်တန်းကျောင်းသားဘ၀ ပြာသိုက ဘ၀နာခဲ့တာပါ။ ဒါကြောင့် အဆင့်တစ်မရခဲ့ပေမယ့် ပြာသို ဘယ်တော့မှ စာမေးပွဲမကျခဲ့သလို ရွာက ကျောင်းကလေးမှာ စာတော်တဲ့သူတွေထဲ ပါခဲ့တာပေါ့။ ထောက်ပံ့ကြေးဆု လျှောက်ကြမလားတဲ့ ဆရာမအသံနဲ့ အတူ ကျောင်းသား ၆ ဦးလက်ညှိုထောင်းလိုက်ကြတဲ့ အဲဒီအထဲမှာ ပြာသိုလည်းပါတာပေါ့။ ထောက်ပံ့ကြေးဆုရရင် အမေ့ဆီက သူတောင်းစရာမလိုတော့ဘူးလေ။ ခက်တာက လိုတာ ၅ ဦးထဲ။ အခု လက်ညှိုးထောင်နေတာက ၆ ဦးဖြစ်နေတယ်။ တစ်တန်းလုံးတိတ်ဆိတ်နေတယ်။ အဲ့ဒီအချိန်မှာ ပြာသို့ ဘေးက သူငယ်ချင်းက “ဆရာမ ..ပြာသို့ ကိုရွေးပါ။ သူအမေ့က ဒီနှစ်နေလည်းမကောင်း သူတို့ မောင်နှမတွေကလည်း အများကြီး။ စာအုပ်တစ်အုပ်ထဲမှာ ဘာသာစုံးပေါင်းရေးနေတာ ကြည့်ကြည့်ဆရာမ” ဆိုပြီး အဖေချုပ်ပေးထားတဲ့ ၀ါးခြမ်းညှပ် ကျောင်းစာအုပ်လေးကို ဆရာမကို လှမ်းပေးလိုက်တယ်။ အဲဒီတုန်းက ပြာသို့ ဘ၀မှာ ၀မ်းအနည်းဆုံးတွေနေ့ တွေထဲက တစ်နေ့ ပါ။ တစ်တန်းလုံးက သူ့ ကိုကြည့်နေကြတာ သနားတဲ့ မျက်လုံးတွေနဲ့။ ပြီးတော့ လက်ထောင်ထားကြတဲ့ အတန်းဖော်လေးတွေ အားလုံးလည်း မတိုင်ပင်ဘဲ လက်ကလေးတွေ ပြန်ရုတ်လိုက်ကြတယ်။ ၀မ်းနည်းလိုက်တာ။ အဲဒီနေ့ က ပြာသို ကျောင်းလွယ် အိတ်ကို ကိုင်ပြီး အတန်းထဲက ပြေးထွက်ခဲ့တယ်။ ပြီးတော့ အမေအိမ်ကို မနားတမ်းပြေးပြီး ပြာသို ရှိုက်ကြီးတငင်ငိုခဲ့တယ်။ အမေက ဘာမေးခွန်းတစ်ခုမှ မမေးဘဲ ပြာသို့  ခေါင်းကိုပွတ်သပ်နေတာပေါ့။ မော့ကြည့်လိုက်တဲ့ အခိုက် အမေ့ပါးပြင်မှာမျက်ရည်စတွေနဲ့ ...။





P.S  =   လွန်ခဲ့တဲ့ ၃-၄  နှစ်လောက်ကရေးဖုးတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်  ပြန်ရှာတွေ့တာနဲ့တင်လိုက်တာပါ  ။   ဒါပေမယ့်  သူများဆီကကြီးပြန်တွေ့တာ ရေးတာကတော့ ကျနော်ပါး)  

12 comments:

မိုးငွေ့...... said...

ဖတ်ပြီး ဂရုဏာသက်မိတယ်...။ ငယ်ငယ်တုန်းက မောင်နှမတွေ ကျောင်းအတူသွားတာကိုလဲ ပြန်သတိရမိတယ်...။ စာရေးကောင်းတယ် နာ့မောင်လေး...။

ခရစ္စတလ် said...

ပုလဲတွေ ခပေါ့ ပြာသိုရယ် ...

Anonymous said...

ဝမ်းနည်းလွယ်ပါတယ်ဆိုမှ .. နော် ..း(

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Anonymous said...

ငယ်ဘဝတွေကိုပြန်လွမ်းမိသွားတယ်


မောင်ဘကြိုင်

နေ၀သန် said...

အိုး... ဒီမနက်ဘယ်လိုဖြစ်နေပါလိမ့်.. စာတွေလိုက်ဖတ်တာ... တိုတိုလေးတွေနဲ့ ရင်ထဲထိတဲ့ စာတွေများနေတယ်... စာလေးက တိုတယ်.. ဒါပေမယ့်.... ပါးပါးလေးနဲ့ ထိတယ်ဗျာ... အရေးအသားညှက်ပါပေ့..း))

ခင်မင်လျက်
နေ၀သန်

san htun said...

ဟတ်ထိတယ် ပြာသိုရယ်...

မိုးဇက် said...

ကျနော်စိတ်မကောင်းပါဘူး........... ပြာသိုဟာ ကျနော်ဖြစ်ခဲ့လို့ပါ ........

Anonymous said...

အရင်ရေးခဲ့တုံးက..ဖတ်ခဲ့သလိုဘဲ..ထိတယ်..
ဆက်သာရေး...

mstint said...

ဘဝနဲ့ယှဉ်တဲ့ အဖြစ်အပျက်ကလေးတွေပါလား။ အရေးအသားလေးတွေ ကောင်းတယ် မောင်မျိုးရေ။
ဘဝရပ်တည်မှုအတွက် လက်တွေ့ဘဝမှာ ရင်ဆိုင်နေရသူတွေ ဒုနဲ့ဒေးရှိကြတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လွမ်းသုရင် said...

I had been read and really like this post since long long ago. If i'm not wrong, you posted it in mgmyo.co.cc, isn't it?

Anonymous said...

အရမ်းကောင်းပါတယ်

Mya said...

အခုမှ အစ်ကို့စာတွေဖတ်ဖြစ်တာပါ... အားပေးနေမယ်

LinkWithin

Related Posts Plugin for WordPress, Blogger...