Friday, April 20, 2012

ပြောပြချင်တာတွေလည်း အများကြီးပဲ .....

ပြောပြချင်တာတွေလည်း အများကြီးပဲ တစ်ခါတလေ များလွန်းလို့ ဘယ်က စပြောရမှန်းတောင်မသိဖြစ်တတ်တာပေါ့း) ဘာလိုလိုနဲ့ ကျနော်လည်း ကျနော့် ဘလော့လေးကို ပစ်ထားမိတာ တော်တော်ကြာသွားတယ် ဘလော့တွေလည်းမလည်ဖြစ် စာအသစ်တွေလည်းမဖတ်နိုင် ။

ပြောပြချင်တာတွေလည်း အများကြီးပဲ ဒီလဆန်းလောက်ကတည်းက ကျနော် အိမ်ပြန်ဖြစ်သွားတာ ဗြုန်းစားကြီး ဒါပေမယ့် သင်္ကြန်ရက်အတွင်း အမေနဲ့ ပြန်နေခွင့်ရတဲ့ အခွင့်ရေးလေး ပေးသနားတဲ့ ချစ်လှစွာသော ဘော့စ်ကို ကျေးဇူးအများကြီးတင်ပါတယ် ။ သင်္ကြန်ရက်အတွင်း ကိုယ်က တကယ့် ဒိတ်အောက်ကြီးလိုပါပဲ တူတွေနဲ့လည်း မလည်ချင်တော့ ကိုယ့်ပါသာ အိမ်တွင်းအောင်းနေရတဲ့အဖြစ် တိုက်တိုက်ဆိုင်ဆိုင် စတိတ်ကျောင်းတုန်းက သူငယ်ချင်းက လာခေါ်တာနဲ့ အတက်နေ့မှာ သင်္ကြန်ရေကစားထွက်ဖြစ်ပါတယ်း) အဖြစ်ကတော့ မနှစ်ကနဲ့မတူ ကျနော်တို့အရပ်ဖက်က နယ်မြို့ပဲဆိုတော့ သိပ်ပြီး ရေကစားကြတာ မယဉ်ကြဘူး ခွက်စောင်းခုတ်တာတို့ သနပ်ခါးလူးရင် ဆိုင်ကယ်နဲ့ အရှိန်နဲ့လာနေလည်း လှမ်းပုတ်ထည့်လိုက်တာလို့ ဆိုးပါတယ် အတက်နေ့က ရေကစားထွက်တဲ့ မင်းသားလေး ကျနော့်ကို ခွက်စောင်းတင် မဟုတ်ပဲ ရေပုံးလောက် စောင်းခုတ်ထွက်လိုက်တာ အကောင်းသေးသေး ကျနော် ဆိုက်ကယ်ပေါ်က ပြုတ်ကျ နေကပူ ရေငန်က အေးပြီး စပ်နဲ့ မို့ တစ်ရက်ပဲလည် တစ်ရက်ပဲ ဆေးခန်းရောက်သွားပါတော့တယ်ဗျာ ။
ကျနော်တို့ရပ်ကွက်ထဲမှာ ဒီလိုကဲကြတယ်း)

ပြောပြချင်တာတွေလည်း အများကြီးပဲ အလုပ်ကိစ္စလေးနဲ့ရန်ကုန်ရောက်သွားတာ အသိသူငယ်ချင်းရန်ကုန်မှာမရှိတဲ့ ကျနော် ဖေ့ဘွတ်က စာဖတ်သူ အစ်မတစ်ယောက်ရဲ့ အိမ်မှာ ခပ်တည်တည် သွားတည်းလိုက်တာပေါ့း) ( ဆိုးတယ်နော့် ) သဘော ကောင်းတဲ့ အစ်မက စာအုပ်လည်းလက်ဆောင်ပေး ဒန်ပေါက်တွေ မုန့်ဟင်းခါးတွေလည်း ချက်ကျွေးလိုက်တယ် ကျေးဇူးတင်တယ် မသူဇာ ။
မနက်စာ မုန့်ဟင်းခါး
ညစာ နီလာဒန်ပေါက်လည်းဝယ်ကျွေးသေးတယ် ။
တစ်ခါတုန်းက အမှတ်တမဲ့ ပြောဖူးတယ် ပဲပြုတ်ဆီဆမ်းလေးစားချင်လိုက်တာလို့ အစ်မနဲ့တွေ့တော့ အဲ့တာမေ့နေတာ သေချာလေးပြင်ဆင်ပြီး ကျွေးတော့ ကျေးဇူးလည်းတင် အားလည်းနာလိုက်တာ


ပြောပြချင်တာတွေလည်း အများကြီးပဲ အမေနဲ့ ပြန်တွေ့တော့ ၀မ်းသာသွားအောင် ဖုန်းမဆက်ပဲ ပြန်သွားလိုက်တယ် ကျနော့်ကိုတွေ့တော့ အမေက အကြောင်းမကြား ဘာမကြားနဲ့တဲ့ တစ်ခေါက်ပြန်လို့ တွေ့တိုင်း အမေက ပိုပို အိုစာသွားသလိုပါပဲ မပြောင်းလဲသေးပဲ နုပျိုနေသေးတာဆိုလို့ အမေ့ရဲ့ မေတ္တာတရားတွေပါပဲ ကျနော်စားချင်တယ်ဆိုလို့ ဘူးသီးနဲ့ကြက်သားရယ် ပြီးတော့ သရက်သီး အရိုင်းသုတ်လေးလည်း သုတ်ကျွေးလိုက်သေးတယ် အမေက သိပ်ချစ်ဖို့ကောင်းတား)
ဘူးသီးနုနုနဲ့ ကြက်သား အဲ့နေ့က အမေ နဲ့ တူတူဈေးသွားကြတယ် ။
ဒါက သရက်သီးသုတ်ဗျာ စားကောင်းမှကောင်း ။

ပြောပြချင်တာတွေလည်း အများကြီးပဲ ဘလော့နဲ့ပက်သက်တဲ့ အမှတ်တရတွေကတော့ အများကြီးပါပဲ ပြောရင်ကုန်မှာကိုမဟုတ် ကျနော် ပြောပြချင်တာက ဘလော့ဂါတွေက တစ်ယောက်နဲ့တစ်ယောက် ထူးဆန်းစွာနဲ့ ခင်မင်မှုတွေ ရှိတတ်ကြတယ်ဆိုတာပါ ။ မနိုင်း ကို စာအုပ်လက်မှတ်ထိုးပွဲတုန်းက သွားနှုတ်ဆက်ဖူးတာက လွဲလို့ စကားလည်းကြာကြာ မပြောဖူးပါဘူး ။ မေးလ် တော့ တစ်ခါတလေ အဆက်သွယ်ရှိတယ် ။ တဂ်ပို့စ်လေး တစ်ခုမှာ ( အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ...... တဲ့ ကျနော် အမေ့အိမ်ဝန်းထဲက ရေတွင်းလေးကို ခလေးတွေရေခပ်တဲ့အခါ စိတ်ပူလို့ အုတ်ရေတွင်းကလေး လုပ်ပေးချင်တယ်ဗျ ဒီနေ့ပဲ အိမ်နဲ့ဖုန်းပြောဖြစ်လို့ မှာလိုက်သေးတယ် ပန်းရံဆရာမေးပြီး ကျနော့်ကိုဖုန်းပြန်ဆက်ပေးလို့ ကျန်တာတွေတော့ ဖြစ်ချင်တာသိပ်မရှိလှပါဘူး ။ ) ဆိုပြီးရေးဖူးပါတယ် အမှတ်တမဲ့ပါပဲ အဲ့တာ မနိုင်း က သူလှူပါရစေတဲ့ ကျေးဇူးလည်းတင်တယ် အားလည်နာတယ် ပြီးတော့ အစ်မက တစ်မျိုးမထင်စေချင်ဘူး ရွာမှာနေခဲ့ဖူးတဲ့သူတစ်ယောက်အနေနဲ့ လှူချင်စိတ်ကလေးဖြစ်လို့ပါဆိုတော့ ကျနော်လည်း လက်ခံလိုက်ပါတယ် မနိုင်းကို ကျေးဇူး အများကြီးတင်ပါတယ် ရေတွင်းပြီးတဲ့နေ့က အိမ်မှာ ဆန်ပြုတ်လည်း ခလေးတွေကိုတိုက်လိုက်တယ် ပိုတဲ့ ပိုက်ဆံလေးနဲ့ အမေကတော့ မေးသား နိုင်းနိုင်းစနေ ဆိုတဲ့ ဘယ်ကကောင်လေးတုန်းဟဲ့ တဲ့း) ရွာက ခလေးတွေကတော့ အဲ့တာ ဇာတ်လိုက် နာမည်တဲ့ ကျနော်ကတော့ ပြုံးပဲ ပြုံးနေလိုက်တယ် ။
ရွာရောက်တော့ ဓာတ်ပုံရိုက်ခဲ့တယ် ကျနော်တို့ခြံဝန်းကလေးထဲက မနိုင်းလှူတဲ့ အုတ်ရေတွင်းကလေးပါ ။


ပြောပြချင်တာတွေလည်း အများကြီးပဲ နောက်တော့ ပြောပြအုံးမယ်ဗျာ မောလို့ ခဏ နားအုံးမယ် ။ မင်္ဂလာနှစ်သစ်ပါလို့ နောက်ကျစွာ မိတ်ဆွေများကို ဆုတောင်းပါတယ်း)) ရေလိုအေးလို့ ပန်းလိုမွှေးကြပါစေဗျာ ။







15 comments:

နေ၀သန် said...

ပျော်စရာကြီးနော်..း))... သင်္ကြန်တွင်း အိမ်ပြန်ချင်လိုက်တာ.. မောင်မျိုးတို့တော့ ကံကောင်းပါလေ့...း))

ခင်မင်လျက်
နေ၀သန်

Cameron said...

မောင်မျိုး ရန်ကုန်ရောက်တာ ဖုန်းပဲဆက်ပြီး မတွေ့လိုက်ရလို့ တကယ်စိတ်မကောင်းဘူး...။ မောင်လေးကို အစ်မက မုန့်လိုက်ကျွေးချင်တာ ဘုရားလိုက်ပို့ပေးချင်တာ...ဖုန်းထပ်မဆက်လာလို့ ဘယ်လိုမှ ဆက်သွယ်လို့မရဘူး...။ ဖဘမှာတွေ့တုန်းကလဲ သေချာစကားမပြောလိုက်ရဘူး...။ နောက်တခါရောက်ရင်တော့ တွေ့ချင်ပါသေးတယ်..။

Anonymous said...

စားမယ် စားချင်စရာလေး

ဟန်ကြည် said...

ဒီတစ်ခါပြန်သွားတာ အသံလေးဘာလေး မပေးပါလား...သင်္ကြန်တစ်ရက်ပဲ လည်ပေလို့သာပေါ့...သုံးရက်လောက်သာ လည်မိရင် ဒီခေတ်ကလေးတွေလက်ချက်နဲ့ အသက်ပါထွက်ရချေရဲ့...အခုရော ကျန်းမာရေး အိုခေပြီလား...လူမလာ...ဖုန်းမဆက်နဲ့း(

mstint said...

လူမသိသူမသိ တိတ်ကလေး အမိမြေကိုနင်းသွားတာကိုး
ပြောပြချင်တာတွေအများကြီးဆိုပြီး နည်းနည်လေးပဲ ဖတ်ရတယ် မောင်မျိုးရေ။ ဆက်ရန်လေးရှိသေးလားး)
နိုင်းနိုင်းစနေရဲ့ အလှူအတွက်လည်း သာဓု သာဓု သာဓု ခေါ်ဆိုသွားပါတယ်ကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

အစားအသောက်တွေတော့ ရှယ်ဘဲ မောင်မျိုးရေ
မောင်မျိုးအမေရဲ့ လက်ရာ သရက်သီးအရိုင်းသုပ်လေးက တကယ့်ကို သွားရည်ကျချင်စရာ...
မသူဇာရဲ့ စေတနာကလည်း လက်ဖျားခါလောက်ရဲ့.
မနိုင်းရဲ့ သဒ္ဓါတရားကိုလည်း ချီးကျူးမိပါတယ်။
မောင်မျိုးမှာ မိတ်ဆွေကောင်းတွေ အများကြီးရှိတာလည်း ဝမ်းသာစရာ...
ပိုစ့်လေးဖတ်ပြီး ကြည်နူးမိတယ်။

Anonymous said...

အဲ့ဒီ့ သရက်သီး သုပ် လေး က
စားချင်စရာလေးး ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

နွေးတေးရှင်(မင်းဧရာ) said...

ကိုမျိုး...
ကျွန်တော် လင့်ချိတ်ထားပေမယ့်လို့ အစ်ကို့ထဲကိုမရောက်ဖြစ်ဘူးဗျာ။

ရောက်မည့်ရောက်တော့လည်း တစ်ခေါက်ဆို တစ်ခေါက်ပဲဗျို့ ဖတ်ရတာ သိပ်အရသာရှိတယ်။

နောက်ထပ်ကျန်နေသေးတဲ့ ပြောပြစရာတွေကိုလည်း အမောဖြေပြီရင် ဆက်ပြောဗျာ။

SHWE ZIN U said...

အင်း ပျော်စရာကြီးဘဲ မုံဟင်းခါးလေး နဲ့ သရက်သီး သုတ်ကလေး က မျက်စပြစ် ပြနေလေရဲ့

ခင်မင်တဲ့
အမရွှေစင်

Anonymous said...

အုတ်ဘောင်ရေတွင်းလေးကြည့်ရတ ရင်အေးစရာ..
သရက်သီးသုတ်ပန်းကန်မျိုး အမတို့ အိမ်မှာလည်း ရှိတယ်ဟ...

မစဒက

မောင်သီဟ said...

အမ် ဘယ်တုန်းကပြန်သွားတာတုန်း
လာမယ်လို့ မမိုးငွေ့ပြောသား
တွေ့လိုက်ရဖူးဝူးးး

THS said...

အမေပြုံး သုတ်ကျွေးတဲ့ သရက်သီး အရိုင်းသုတ်လေး စားဖူးချင်တာ..း-)

San San Htun said...

္မမသူဇာနဲ့  မနိုင်း သာဓု..သာဓု..သာဓု..မောင်မျိုးရေ ကျန်းမာရေးကို ဂရုစိုက်..ဓာတ်ပုံတွေ ကြည့်ပြီး စားချင်သွားတယ်

ဘာနေ said...

ရေတွင်းအလှူလေးအတွက် သာဓု ခေါ်ပါတယ်ဗျာ ..
ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ ။

Anonymous said...

palm angels
kyrie 8
golden goose online
kyrie shoes
hermes
golden goose sneakers
curry 9
golden goose outlet
hermes outlet
curry shoes

LinkWithin

Related Posts Plugin for WordPress, Blogger...