Wednesday, November 30, 2011

စပ်မိစပ်ရာ ....၁/၂/၃/၎

၁-၂-၃-၎
အသိညီလေးက ပြောတယ် စိတ်ဆိုးပါ ဒေါသမထွက်ပါနဲ့တဲ့ သေချာပြန်စဉ်းစားတယ် ဘာကိုဆိုလိုတာလဲပေါ့ အစပိုင်းတော့ စိတ်ဆိုးတဲ့နောက်တော့ ဒေါသထွက်မှာပေါ့လို့ သေသေချာချာပြန်တွေးတော့မဟုတ်ပါဘူး သူက ဆက်ပြောတယ် စိတ်ဆိုးလို့ ဒေါသနဲ့ တုံ့ပြန်တော့မယ်ဆိုရင် ၁-၂-၃-၄ ရေတွက်လိုက်ပါ စိတ်အေးအေးထားလိုက်ပါတဲ့ သိပ်ကို အဖိုးတန်တဲ့ လက်ဆောင်စကားလေးပါ နဂိုကတည်းက ကိုယ့်ကိုယ်ကို မရင့်ကျက်ဘူးဆိုတာ သိနေသား တစ်ခုခုဆို ချက်ချင်းပြန်တုံ့ပြန်တတ်တဲ့ ကျနော့်အတွက်တော့ ဒီနည်းလေးက တော်တော် အသုံးဝင်ပါတယ် စိတ်ထဲကနေလည်း စိတ်ဆိုးစရာနဲ့ကြုံတိုင်း၁-၂-၃-၄ ရေတွက်လို့ပါ ။ အလုပ်တစ်ခုမှာ ကိုယ်ကတော့နေနေတာကြာပြီဆိုတော့ ဘယ်သူမှရာထူးမပေးပဲ စိနီယာဖြစ်လို့ပါ အဲ့တာကြီးလည်းမကြိုက်လှပါဘူး စိတ်ရှုပ်တယ် ဘော့စ်နဲ့တူတူလိုက်သွားတော့ အလုပ်လာလျှောက်တဲ့သူက ကိုယ့်ကို ရိုရိုကျိုးကျိုးနဲ့ လက်ကလေးနောက်ပစ်လို့ ““ အဲ့...မလုပ်နဲ့ မလုပ်နဲ့ အဲ့လိုကြီး ကျနော့်ကို မဆက်ဆံနဲ့ဗျ နေရခက်တယ် ကျနော်ဘာမှမဟုတ်ဘူး ဒီတိုင်းပဲ အေးဆေးဆက်ဆံပါ ရတယ် ” လို့ပြောတော့သူလည်း တော်တော်စိတ်ပေါ့သွားတယ်ထင်တယ် ။ကျနော်က အဲ့လိုပဲ ကြောင်ဆိုရင်တောင် လက်သည်း ထုတ်မပြချင်တဲ့ ကြောင်ပဲဖြစ်ချင်တယ် ။


ပြီးခဲ့တဲ့တစ်ပါတ်လောက်က ဘော့စ်နဲ့ဆက်နွယ်ပြီး အင်တာဗျူးသမားတွေ ကို စကားပြန်သွားလုပ်ပေးဖြစ်တယ် သိပ်ကျွမ်းလို့တော့မဟုတ်ပါဘူးး) ဟိုရွှီးဒီရွှီးနဲ့ ငရွှီးကြီးပေါ့ ဒါပေမယ့် သူများက တစ်ခေါက်ပြောရင် ကျနော်က နှစ်ခေါက်ပြန်နေရတာ မနက် ၁၁ နာရီလောက်နေပြောလိုက်ရတဲ့စကား ညနေ ၅ ခွဲတော့ လည်ချောင်းကြီးကနာလို့ အင်္ဂလိပ် ကတစ်ယောက် ဘော့စ်ကထိုင်း အလုပ်သမားတွေက ဗမာဆိုတော့ တိုင်ပတ်နေတာ အင်္ဂလိပ်လို တက်သလောက်နဲ့ ရွှီးပြီးတော့ ဘော့စ်အလှည့်ကျ ကောင်းကောင်း မြန်မာလိုပြန်ထည့်လိုက်တာ ဘော့စ်က “ ဟဲ့ မှားနေပြီတဲ့ ” ဟုတ်သား လူလည်း လည်ကုန်ပြီ ။ ရှိသေးတယ် ဒိုင်လျှိုထားတဲ့ ကောင်လေးက သူ အင်္ဂလိပ်လို ကောင်းကောင်းနားလည်တာကို မပြောပဲနဲ့ ကျနော် ဘာသာပြန်ပေးနေတာကိုပဲ ပြုံးစိစိနဲ့နားထောင်တာ သူငယ်ချင်းက “ ကိုမျိုး..ဟိုကောင်လေးက အီးလိုတော်တော်ကောင်းတယ်ဗျ ” ဆိုမှ ဟေ...ဟုတ်လား ဒါဆို ငါ ပြန်တာတွေ အလွဲတွေကြီးပဲဆိုတာ သူသိတာပေါ့ လို့ဆိုပြီး ရှော့ခ်ရသွားတယ်း)

အပေါ်က ပုံက မနေ့ညနေက ပျင်းပျင်းရှိတာနဲ့ အထပ်ခိုးပေါ်တက်ပြီး မဲဆောက်ရဲ့ ရှု့ခင်းတွေတင်ရအောင်ဆိုပြီး ဓာတ်ပုံတက်ရိုက်တာပါ ပုံကောင်းကောင်း တစ်ခုမှကိုမထွက်လာဘူး မထွက်ဆို ကိုယ်ကလည်း ရိုက်မှမရိုက်တတ်တာ ဒါပေမယ့် ဒီပုံလေးက သံဇကာကွက်တွေနဲ့ ကာထားတာလေးကပဲ ကျနော့်အတွက် ကဗျာဆန်နေသလိုလို ကိုယ့်ငါးချဉ် ကိုယ် ချဉ်တယ်လို့ပဲပြောပြောပေါ့ ကျနော်တို့တွေဟာ တစ်ခါတလေ သဘာဝအလှတရားတွေကိုတောင် ဘောင်ခတ် လှောင်ပိတ်ခံစားရပါလားလို့ မဟုတ်က ဟုတ်က အတွေးတွေဝင်မိလို့ပါ ။ ဟိုးအဝေးမှာ နီညိုရောင်သန်းနေတာ ဒေါနတောင်တန်းတွေနဲ့ ကျနော်တို့ချစ်တဲ့ ပြည်ကြီးပေါ့ ရွှေပြည်တော်ကတော့ မျှော်တိုင်းဝေးနေတုန်းပါပဲ။


စာအုပ်တွေကို ချစ်တယ် စာရေးဆရာကြီးတွေကိုဆိုလည်း သိပ်လေးစားတာ ပြီးတော့ အဆိုတော်တွေ မင်းသား မင်းသမီးတွေထက်လည်း စာရေးဆရာတွေကို အပြင်မှာ ပိုပြီးမြင်ဖူးချင်တယ် ။ စာပေဟောပြောပွဲတွေ အွန်လိုင်းကနေပဲ နားထောင်ဖူးပါတယ် အပြင်မှာ မနားထောင်ဖူးဘူး မနေ့ က ဒီမှာ ဖတ်လိုက်ရတဲ့ သတင်းက ကိုယ့်ကိုတော်တော် ကြီးပျော်သွားစေတယ် သွားဖြစ်အောင်ကိုသွားအုံးမယ် မဲဆောက်မှာ ပထမဆုံးလုပ်တဲ့စာပေဟောပြောပွဲမို့ ၀မ်းသာကျေးဇူးတင်မိပါတယ် စာပေဟောပြောပွဲက ပြန်ရင် မိတ်ဆွေတွေအတွက် အတွေ့အကြုံရေးပါအုံးမယ် ။

ဒါနဲ့လေ စပ်မိလို့ပြောရအုံးမယ် မနေ့ညကလေ ဘာဟင်းမှမရှိလို့ လကုန်ခါနီး ရေကလည်းခမ်းနေတာနဲ့ ရှိတဲ့ ဟင်းချိုလေးနဲ့ ငပိထောင်းလေး လွေထည့်လိုက်တာ ဒီမနက် ပန်းသံသရာထဲ တ၀ဲဝဲလည်ဖြစ်နေလို့ ဆေးဝယ်သောက်လိုက်ရတာ ၈၀ တောင်ကုန်သွားတယ်ဗျာ စပ်မိလို့ပြောတာပါ ကိုယ့်အထုတ်လည်း ကိုယ်ဖြေပြရတာ ခဏခဏရှိနေပြီး) ဒါနဲ့ မိတ်တွေဆို့လည်း စိတ်ဆိုးစရာနဲ့ ကြုံရင် ၁-၂-၃-၄ ရေတွက်ကြည့်နော် ပြီးတော့ စိတ်ဆိုးပါ ဒေါသမထွက်ပါနဲ့ဆိုတဲ့စကားလေးကိုလည်း လက်ဆင့်ကမ်းချင်ပါသေးတယ် ။




16 comments:

8Yar said...

အစ်ကိုမောင်မျိုးရေ အစ်ကို့ Post ကိုဖတ်နေတုန်းရှိသေးတယ် စိတ်ဆိုးစရာပေါ်လာတယ်ဗျာ။ ၁၂၃၄ ရေပြီး တော်တော်ထိန်းလိုက်ရတယ်။ လွယ်တော့မလွယ်ဘူး အစ်ကိုရေ မျှဝေပေးတာကျေးဇူးပါခင်ဗျာ။

ခရစ္စတလ် said...

၁၂၃၄.....၉၉၊ ၁၀၀
အကျွန်ုပ်သည် ကွမ်းတရာညှက်ခန့်ကြာသော် စိတ်ဆိုးပြေတတ်လေသည်။ ကြာကြာ စိတ်ဆိုးရမှာ ပျင်းသောကြောင့်တည်း။
ကျန်းမာရေးဂုစိုက် :)

Anonymous said...

1,2,3,4,5,.............
My sis named me"daw tha ku ma ya".
I'll do that and ths for sharing.
May you be out of flower garden soon:D"
Gyidaw

AH said...

1 2 3 4 5 6 7 8 9 10 J Q K Joker :)

ညိမ်းနိုင် said...

၁ ၂ ၃ ၄ .......၊အင်း......၁ပဲရှိသေးတယ်..ဒေါသက
ထောင်းထောင်းထ လာဘီဟ....ရဘူး....:)
ဒါနဲ့ ဒါ့ပုံလေးသဘောကျတယ်.....။

blackroze said...

၁ ၂ ၃ ၄ ......ဟင်းးး

San San Htun said...

စာပေဟောပြောပွဲသွားပြီးရင်လည်း ရှယ်ပါဦးဗျို့ 

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်တယ် စိတ်ဆိုးဒေါသထွက်နေတုန်းက ချက်ခြင်း မဆုံးဖြတ်ဘဲ အချိန်နည်းနည်းစောင့်လိုက်တာ အကောင်းဆုံးဘဲ..
ချက်ခြင်းထလုပ်ရင် အမှားများတယ်.
အချိန်နည်းနည်းလေးစောင့်ပြီးမှ ဖြေရှင်းရင် အမှားနည်းတယ် ကိုယ်တွေ့ပါ။
ဒါနဲ့ ပန်းသံသရာက ထွက်ပြီလား.. ဟင်းတောင် မဝယ်စားဘဲ ငပိထောင်းလေးနဲ့ စားပါတယ်ဆို ပိုက်ဆံ၈၀ထွက်သွားပါလား..
မောင်မျိုး သနားပါတယ်..း)

နေ၀သန် said...

ဟုတ်ကဲ့... စိတ်မဆိုးတော့ပါဘူး... :D.. ခွင့်လွှတ်လိုက်ပါပြီ... :P

ခင်မင်လျက်
နေ၀သန်

mstint said...

ဒေါသထွက်ရင်း ဆုံးဖြတ်ချက် တစ်ဖက်သားအတွက် ခံရခက်သလို ကိုယ့်အတွက်လည်း အရှုံးဖက်တယ် မောင်မျိုးရေ။ စိတ်ကိုပြေလျော့စေတဲ့ နည်းလမ်းတစ်ခုအဖြစ် တစ်ခြားသူတွေကို လက်ဆင့်ကမ်းလိုက်မယ်။ ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဟန်ကြည် said...

ဆရာတို့ကျတော့ ၁ ၂ ၃ ၄ လောက်နဲ့ မလုံလောက်ဘူးမောင်မျိုးရေ ၁၀ အထိရေမှ တော်ကာကျတယ်...အဲသလို စိတ်ရှည်တာရယ်...

ညီလင်းသစ် said...

၁၂၃၄ ရေရုံနဲ့ မရတော့ရင် ၁၀၀ ကနေ ၉၉၊ ၉၈၊ ၉၇ နောက်ပြန် ပြန်ရေရမယ် ထင်တယ်ဗျ၊ ပိုပြီး စဉ်းစား နေရတာနဲ့ စိတ်ဆိုးပြေသွား နိုင်လောက်တယ်..၊း)
စာပေဟောပြောပွဲ ကြော်ငြာ တွေ့တုန်းက ညီ့ကိုတောင် သတိရသေးတယ်၊ ဒီဆရာလေးတော့ စာရေးဆရာ တွေနဲ့ တွေ့ရမှာ ကံကောင်းတာပဲ-လို့..၊ ပြန်ဝေမျှမယ့် ပို့စ်တွေကို စောင့်နေမယ်ဗျာ...။

ညီရဲ said...

ဒီနည်းလေး မဆိုးလောက်ဖူး သုံးကြည့်ဦးမယ်...
အစ်ကိုလဲ ထစ်ကနဲဆိုရင် ဒေါသနဲ့ ပြန်ပြန်တုံပြန်တတ်တာ အကျင့်ဖြစ်နေပြီ...

မြသွေးနီ said...

ဘာသာစကား၃မျိုးနဲ့ ချာလပတ်ယမ်းနေမယ့် မောင်မျိုးကို မြင်ပြီး ပြုံးနေမိတယ်..:) စာပေဟောပြောပွဲ ပြန်ရေးပါဦး...

Maung Myo said...

အိပ်ယာ.... မလွယ်တာတော့ အမှန်ပဲ အစ်ကိုလည်း ရေးသာရေးတာတစ်ခါတလေ ၁၂၃၄ မရေမိဘူးဗျ ။

အစ်မ... အဲံ့တာ ကျန်းမာရေးနဲ့ ညီညွတ်တာပေါ့း)

ကြီးတော့် ... ပန်းတာပျောက်ပြီင်္ ဟဲဟဲ ဆုတောင်းပေးတာကျေးဇူး ။

ကိုအေအိတ်.... ကုလား ပါသေးလား

ကိုညိမ်း.. တူတူပါပဲဆို လူရှိန်အောင်သာရေးနေတာ ကိုယ်လည်း ထောင်းခနဲ ခဏခဏဖြစ်တယ်း)

ဘလက်စ် ...း))) ဟူးးး

မစိန်းထွန်း... အစ်မရေ့ ကျနော် ဓာတ်ပုံတွေ သေချာမရိုက်ခဲ့ရဘူး အားနာလိုက်တာ လူတွေ တအားတိုးနေလို့လေ ။

မချော...ဟုတ်တယ်မချောရေ့  တစ်ခါတလေ ကိုယ့်အသက် ကိုယ်ပြန်တွက်ပြီး မဖြစ်သင့်သေးပါဘူးလေဆိုတဲ့ အတွေးတွေ ခဏခဏ၀င်တယ်ဗျ ။

နေ၀သန်..... လူကြီးကြီးကျလို့ ရုပ်က

တီတင့် ...ကျေးဇူး ဗျာ ကိုယ့်အတွက်လည်း အရှုံးဖက်တယ် ဆိုတာလေးလည်း ကျနော် မှတ်သားသွားတယ် ။


ဆရာဟန်... ဆရာက စိတ်ရှည်မှာပါ ကျနော် မှန်းကြည့်သလောက်တော့ အဟုတ်ပြောတာ ။

ကိုညီ... အစ်ကိုကောပဲ ကျနော်ထင်တာတော့ အစ်ကို သိပ်တည်ငြိမ်ပြီး ခေါင်းအေးအေးနဲ့ ဖြေရှင်းမယ့်သူမျိုးလို့ ယုံတယ်း) စာ အသွားအလာ အရေးအသားကိုကြည့်ရုံနဲ့ မှန်းတတ်တယ်ဆိုရင် အစ်ကို့ညီ သိပ်များ လေကြီးသွားလေသလားး))


ကိုညီရဲ ... သုံးကြည့်ဗျ ခက်ပေမယ့် တော်တော် အသုံးဝင်တယ် ။

မမြသွေးနီ .. တိုင်ကတော့ပတ်နေတာပဲ အစ်မရေ့ စာပေဟောပြောပွဲအကြောင်းရေးဖို့ ကျနော့်မှာ အချက်လက်မစုံဘူးဗျ နောက်ကျမှရောက်တော့ ဓာတ်ပုံရိုက်တော့လည်း အဆင်မပြေဖြစ်နေတာနဲ့ ။

mirror said...

သံဇကာကွက်လေးနဲ့ ပုံကို ငါလဲခံစားမိတယ်။
ခံစားမှုကို ဘောင်ခတ်၊ ပိတ်လှောင်စေတာတွေကတော့ ပြောကိုမပြော ချင်တော့ပါဘူးလို့ပဲ ပြောရတော့မလို။
ငါ ဒီမှာအပင်လေးတွေ စိုက်ဖြစ်တယ်လေ။ ပန်းပင်လေးတွေ။ အဲ့ဒီပန်းပင်လေးတွေ တဖြည်းဖြည်း ကြီးထွားလာတော့ ငါက အိုးပြောင်းပေးရမှာလား၊ ဒီအတိုင်းပဲ ပစ်ထားလိုက်ပြီး အမြစ်တွေမထွက်နိုင်ဖြစ်ပြီး သေသွားတာကို ကြည့်နေရမှာလား။ ...အဲ့လိုအတွေးတွေနဲ့ဆိုတော့ ဘာလို့လဲတော့မသိဘူး။ စိတ်တွေအခြေမကျလို့များလားတော့ ထင်မိတယ်။

နင်ကတော့ စာတွေရေးလို့ကောင်းဆဲပဲနော်။ အမြဲမလာဖြစ်ပါဘူး။ တခါတခါလာဖတ်ရင် တသောကြီးပဲ ဖတ်ရတာ။ ဆက်ရေးပါ။ အမြဲအားပေးနေတယ်။

LinkWithin

Related Posts Plugin for WordPress, Blogger...