Friday, November 25, 2011

ตุ๊กกี้ - ကွတ်ကီး


ကျနော် အရင်က ကြိုက်တာတွေ ဆိုတဲ့ ပို့စ်မှာ ထိုင်း ch-7 ကနေ အင်္ဂါနေ့ည 10.30 မှာလာတဲ့ ဟာသ အစီစဉ်ကိုတအားကြိုက်တယ် ဆိုပြီးရေးဖူးတယ် ဘာကြောင့်ကြိုက်တယ် ဘာလို့ကြိုက်တယ်ဆိုတာ ခုရှင်းပြပါ့မယ်း) ကျနော်က ရယ်စရာတွေဆို အရမ်းသဘောကျပါတယ် ဒီ အစီစဉ်ကတော့ တစ်ခန်းရပ် ဟာသ ဇတ်လမ်းတိုလိုမျိုးပါ ชิงร้อยชิงล้าน တဲ့ လွယ်လွယ်ပြောရရင် ချန်ပီယံ ပေါ့ ။ အဲ့ထဲက ကျနော် အရမ်းကြိုက်တဲ့ ဟာသမင်းသမီးကတော့ အခုကျနော်ရေးမယ့် မင်းသမီးပါ ထိုင်းအသံထွက်နဲ့လည်း တူတာမို့ ကျနော်ကတော့ အလွယ်ဆုံးနာမည်ပေးလိုက်တယ် ကွတ်ကီး လို့ သိပ်ချစ်စရာကောင်းပါတယ် သူ့ကိုမြင်တာနဲ့ သူဘာမှ သရုပ်မဆောင်ရသေးဘူး ရယ်နေရပြီ ။

သူဟာ အခုဆို အသက် ၃၂ နှစ်ရှိပါပြီ အပျိုကြီးပေါ့ အရပ်ကတော်တော့ကိုပုတယ် ရုပ်ကလှလားးဆိုတော့ မလှပြန်ဘူး သူ့အသံကလည်းခပ်စူးစူးရယ် ဒါပေမယ့် သူဟာ ထိုင်းအမျိုးသမီးဟာသ သရုပ်ဆောင်တွေထဲမှာတော့ နာမည် အကြီးဆုံးပါပဲ ။ ထိုင်းလို အလှအပကို ဦးစားပေးတဲ့ အနုပညာရပ်ဝန်းမှာ ဘာကြောင့်သူဟာ နာမည်ကြီးရတာလည်းဆိုတာလည်း စိတ်ဝင်စားစရာပါ ။သူဟာ မြို့တော်(ဘန်ကောက်) သူလည်းမဟုတ်ပါဘူး နယ်သူတစ်ယောက်ပါ ။ သူ့ကို အင်တာဗျူးတစ်ခုမှ ဗျူးမယ့်မင်းသားက ပြောထားပါတယ် “ ကျနော် ဒီအမျိုးသမီးကိုတွေ့ချင်နေတာကြာပြီဗျ သူဟာ ပျော်စရာတွေပဲရှိနေတဲ့သူတစ်ယောက်ပဲ စိတ်ညစ်တာ ၀မ်းနည်းတာမတွေ့ရဘူး ကျနော်သူ့ကိုတွေ့လို့ကတော့လား ဘယ်ပြန်ညာပြန်ကိုနမ်းပစ်လိုက်အုံးမှာ ” တဲ့ ဒါက ထိုင်းကနာမည်ကြီးတန်းဝင်မင်းသားပြောတဲ့စကား ။

တစ်ခုလောက်မေးမယ်နော် စိတ်မဆိုးနဲ့ဗျ သူများတွေကပြောကြလား ခင်ဗျားက ရုပ်ဆိုးတယ်လို့ မျက်နှာက ဘယ်လို ဘယ်ညာဖြစ်တယ်ဆိုပြီးတော့ ကဲ့ရဲ့ကြတာမျိုး ရှိလား ” ဆိုတဲ့ အဖြေလေးကို သူဖြေသွားတာ သိပ်သဘောကျဖို့ကောင်းပါတယ် “ ကျမသိပ် ဂရုမစိုက်တတ်ဘူးရှင့် ဘေးစကားတွေကိုပေါ့ ကျမ ကို ကျမ မှန်ကြည့်ပြီး အမြဲ အားပေးစကားပြောပါတယ် “ကွတ်ကီး နင် ဟာ အလှဆုံး” ပဲ ဆိုပြီးတော့ပါ ” တဲ့ သူဟာ လောကကြီးမှာ ဘယ်လောက်တောင်ပျော်အောင်နေတတ်သလဲဆိုတာ သူ့စကားတွေက သက်သေခံနေပါတယ် ။ ဟာသကားဇတ်လမ်းတိုတွေမှာ သရုပ်ဆောင်သလို တကယ့်ရုပ်ရှင်ကားကြီးတွေ အောင်မြင်သွားတဲ့ကားတွေမှာလည်းသူဟာ ဒိတ်ဒိတ်ကြဲမင်းသားတွေနဲ့ သရုပ်ဆောင်လို့ အောင်မြင်မှုတွေလည်းရခဲ့ပါသေးတယ် ။

ဒီဇာတ်ကားလေးကတော့ လူငယ်အချစ်ကားလေးပါ မင်းသမီးလေးကလည်း ငယ်ငယ်ချစ်စရာလေး ဒီဇာတ်ကားလေးနဲ့ပဲ ဒီမင်းသမီးလေး နာမည်ကြီးသွားခဲ့ပါသေးတယ် မင်းသားကတော့ နာမည်ရှိပြီးသားတစ်ယောက်ပါ ။ ဒီကားမှာ ကွတ်ကီး က ကျောင်းဆရာမ အဖြစ် သရုပ်ဆောင်ထားပါတယ် သူ့ရဲ့ ဗီဇအတိုင်း အလွဲတွေကို ခပ်တည်တည်နဲ့ ပရိသတ်တွေကို ရယ်မောရအောင်လုပ်သွားခဲ့ပါတယ် ဇာတ်ကားနာမည်လေးက สิ่งเล็กๆ ที่เรียกว่ารัก မပြောပလောက်တဲ့အရာသေးသေးသေးလေးပါ အဲ့တာကို အချစ်လို့ခေါ်တယ် တဲ့ ။

ချစ်စရာ ဆရာမ နဲ့ တပည့်မလေးတွေး)


နောက်ထပ် တစ်ကားကတော့ သူခေါင်းဆောင်မင်းသမီးအဖြစ်သရုပ်ဆောင်ထားတဲ့
ตุ๊กกี้ เจ้าหญิงขายกบ ဖားရောင်းတဲ့ ဈေးသည် ဘ၀ကနေ မင်းသမီးဖြစ်သွားတဲ့ဇာတ်ကားလေးပါ တိုက်ရိုက်ဘာသာပြန်ရင်တော့ ဖားရောင်းတဲ့ မင်းသမီး ပေါ့ ။


ဒါကတော့ ဒီဇာတ်ကားရဲ့ ကြော်ငြာဇာတ်ဝင်ခန်းလေးပါ ။ ဒီဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့ မင်းသားကတော့ “ ကျနော် ဇာတ်လမ်းတွေကို ဘာမှမဖတ်ရသေးပါဘူး မင်းသမီးနာမည်ပဲ ကျနော်ကြည့်ရသေးတာပါ မကွတ်ကီး ဆိုတာ တွေ့တာနဲ့ပဲ ကျနော်ဒီကားကိုလက်ခံခဲ့တာပါ ” တဲ့ ။

ဇတ်ကားတွေ ဘယ်လောက်များများ ရိုက်ရိုက် အဓိက ပရိသတ်နဲ့သူ မကြာမကြာတွေ့ပျော်ရွှင်မှုပေးတဲ့ တင်ဆက်မှုကိုတော့ အပါတ်စဉ် ကြည့်ရှူ့ကြတဲ့သူတွေအများကြီးပါပဲ ကျနော် အပါ အ၀င်ပေါ့ ။ชิงร้อยชิงล้าน က ဇာတ်ဝင်ခန်းပုံတွေပါ ။


အဲ့အစီစဉ်မှာ အကြောတင်းတင်းနဲ့ သရုပ်ဆောင်ထားတဲ့ ချစ်စရာ့ ကွတ်ကီးး)


ရုပ်ဆိုးပေမယ့် စိတ်ရင်းကောင်းတဲ့ ကွတ်ကီးမှာ နားလည်မှုရှိတဲ့ ၇ နှစ်နီးပါးလောက်ချစ်သက်တမ်းရှိပြီဖြစ်တဲ့ သူ့ရဲ့ချစ်သူနဲ့တွဲရိုက်ထားတဲ့ပုံပါ ။

ကျမ ကတော့ ကျမကိုယ် ကျမ ကြယ်တစ်ပွင့်လို့ထင်ပါတယ် လှပတဲ့ကြယ်တော့မဟုတ်ဘူးပေါ့ ဒါပေမယ့် ဒီကြယ်က ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ကြယ်ပါ ” တဲ့ ထိုင်းတွေမှာ အမျိုးသမီးတွေကို ကြယ်နဲ့တင်စားကြတဲ့ ဓလေ့ရှိပါတယ် ။ ဒီလို ရုပ်ရည်မလှမပနဲ့ စိတ်ဓာတ်မကျပဲ အလူုပ်တွေကို ပျော်ရွှင်စွာနဲ့ အခုလိုလုပ်ဆောင်နေနိုင်တာဟာ သူ့ကိုအမြဲအားပေးနေတတ်တဲ့ ဘာပြသနာပဲရှိရှိရင်ဖွင့်တိုင်ပင်လို့ရတဲ့ မိဘနဲ့တစ်ဂိုဏ်းထဲထားရပါတယ်ဆိုတဲ့ သူ့ရဲ့ မြတ်ဆရာအကြောင်းကိုလည်း အင်တာဗျူးတစ်ခုမှ ကျေးဇူးတင်ကြောင်း မျက်၇ည်ဝဲလို့ သူက ပြောသွားပါသေးတယ် ။ “ ဘ၀နဲ့ဆိုင်တဲ့ ပြသနာတွေပဲဖြစ်ဖြစ် ကျောင်းစာနဲ့ပဲဖြစ်ဖြစ် ဆရာဟာ ကျမကို အမြဲအားပေးတဲ့သူတစ်ယောက်ပါ ကျမကိုယ် ကျမသိပါတယ် မရှက်မကြောက်ပဲနဲ့ သရုပ်ဆောင်နိုင်တယ်ဆိုတာ ဒါပေမယ့် ဆရာသာ ကျမကို အားမပေးခဲ့ဘူးဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချရမှု ရှိမှာမဟုတ်ပါဘူး ။ ဆရာဟာ သူငယ်ချင်းလို ၊ အစ်ကိုလို ၊ဆရာလို ပြီးတော့ မိဘလို ဆုံးမခဲ့တာတွေအတွက် အားပေးခဲ့တာတွေအတွက် ကျမအမြဲအမှတ်ရနေမှာပါ ကျမ ဆရာ့ကို အရမ်းချစ်ပါတယ် ကျေးဇူးတင်ပါတယ်ဆရာ ” ။ သူ့မှာ လှပမှုတွေမပိုင်ဆိုင်ပေမယ့် ချစ်စရာလုပ်ဖော်ကိုင်ဖက်တွေ ဆရာသမားကောင်းတွေ သူ့ကိုချစ်တဲ့ ပရိသတ်တွေရှိနေတာ သူ့အတွက် လှပမှုထက်ပိုတန်ဖိုးကြီးတဲ့ အရာတွေလို့ထင်ပါတယ် ။

ကျနော်တို့မှာလည်း လိုအပ်မှုတွေ တစ်ခုခုများ ရှိနေခဲ့ရင် အနားမှာရှိတဲ့ မိသားစု သူငယ်ချင်းတွေပိုင်ဆိုင်နေရတာလေးကို တွေးမိလို့ ဖြေသိမ့်နိုင်ကြပါစေလို့ ။


မှတ်ချက် = ကျနော်ချစ်တဲ့ ตุ๊กกี้ - ကွတ်ကီး အကြောင်းကိုရေးချင်လွန်းလို့သာ ရေးလိုက်ရတာပါ ဘာသာပြန်လည်းမဟုတ်ပါဘူး ဘာသာပြန်နိုင်အောင်လည်း ကျနော့်မှာ ၀မ်းစာမပြည့်သေးတာမို့ တတ်သလောက် မှတ်သလောက်လေးနဲ့ အတူ ဒီက အင်တာဗျူးနဲ့အတူ စာအနည်ငယ်အချို့ဖတ်ရင်း ဒီစာလေးကိုရေးဖြစ်ခြင်းဖြစ်ပါတယ် လွဲချော်မှုရှိရင် စာရေးသူ ကျနော့်အပြစ်ပါး)






15 comments:

ခရစ္စတလ် said...

မောင်မျိုး ညွှန်းလို့ ကြည့်အုံးမယ် :)
ကျေးဇူး။

မြသွေးနီ said...

ကွတ်ကီးလေးကို ရုံးမဆင်းခင် ကော်ဖီလေးနဲ့ မျောသွားပါတယ် မောင်မျိုးရေ...

AH said...

ကြည့်လိုက်ပါဦးမယ် ကိုမောင်မျိုးရေ... :)

ညိမ်းနိုင် said...

ကွက်ကီးတောင်စားချင်သွားတယ်...:)

Than Lae said...

သူ့ ကိုရုပ်မချောဘူးလို့ မမြင်မိဘူးရယ် ... အရေပြားတစ်ထောက်ကိုမတိုင်းပဲ သူမှာရှိတဲ့ လှပတဲ့အရာလေးတွေကို မြင်နိုင်တဲ့သူနဲ့  မမြင်နိုင်တဲ့သူပဲကွာမှာပါ ... ဘာပဲဖြစ်ဖြစ် အရှိကိုအရှိအတိုင်းလက်ခံပြီး ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းနေနိုင်တာ အားကျစရာပါ ဆရာမျိုးရေ ... အကြိုက်လေးတွေ ဝေမျှတာလည်း ကျေးဇူးပါဗျာ ..

ညီလင်းသစ် said...

အမျိုးသမီး ဟာသ သရုပ်ဆောင်တွေက တကယ်ပဲ လေးစား၊ ချီးကျူးစရာ ကောင်းပါတယ်၊ လူတွေကို သဘာဝကျကျနဲ့ ရယ်အောင် လုပ်နိုင်ဖို့ဆိုတာ မလွယ်ပါ ဘူး၊ အမျိုးသား ဟာသ သရုပ်ဆောင်တွေတောင် လက်ချိုးရေလို့ ရတဲ့ခေတ်မှာ ထွန်းထွန်းပေါက်ပေါက် အမျိုးသမီး ဟာသသရုပ်ဆောင် ဆိုတာ ရှားပါးကုန် ပါပဲ၊ ကွတ်ကီးရဲ့ မျက်နှာမှာ ကြည်လင်မှုနဲ့အတူ ယုံကြည်မှု အပြည့်ရှိတာ တွေ့လိုက်ရတယ်...။

blackroze said...

မောင်မျိုးပြောတဲ့ဇာတ်ကားလေးကိုဟိုတလော
ကမှကြည့်ဖူးတာ..
အဲကားလေးကိုသဘောကျနေတာ
မောင်မျိုးပြောမှဘဲနာမည်ကြီး
ဟာသ..သရုပ်ဆောင်မှန်းသိတော့တယ်..

San San Htun said...

တချို့ တွေက ရုပ်လှပြီး စိတ်မလှဘူး..တချို့ ကတော့ ရုပ်မလှပေမဲ့ စိတ်လှတော့ ရုပ်လှတဲ့သူထက်တောင် ချစ်ဖို့ ကောင်းတယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

ရုပ်မလှပေမဲ့ ဘဝကို အောင်အောင်မြင်မြင် ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေနိုင်ပြီဘဲ ဘာများလိုသေးလဲနော်..
သူ့ဘဝကို ရုပ်ချောသူတွေကတောင် ပြန်အားကျရဲ့ ဘဝကို တည်ဆောက်ထားနိုင်ခဲ့ပြီ
အားမငယ်တတ်တဲ့ သူရဲ့ စိတ်ကို လေးစားမိပါတယ်။
တောက်ပတဲ့ ကြယ်ကလေးအဖြစ် ကောင်းကင်ယံမှာထာဝစဉ်ထွန်းလင်းနိုင်ပါစေ...
မောင်မျိုး ဒီပိုစ့်လေး ရေးထားပုံမိုက်တယ်..
စိတ်ဝင်စားဖို့လည်း ကောင်းတယ်.။

ညီရဲ said...

တကယ်တော့ ဟာသ သရုပ်ဆောင်တွေက တချို့ သရုပ်ဆောင်တွေ ထက်တောင် သရုပ်ဆောင် ကောင်းပါသေးတယ်လေ...

...အလင်းစက်များ said...

မောင်မျိုးရေ..... ရေးထားတာ พอดี ပါပဲကွာ။ နောင်လည်း ထပ်ပြီး ဖတ်ချင်ပါသေးတယ်။ များများ ဖတ်ပြီး များများရေးပါ ဒါမှ မင်းလည်း တိုးတက် စာဖတ်သူတွေလည်း ထိုင်း အကြောင်း ပိုသိလာမယ် ထင်ပါတယ်။

ကျေးဇူးပါ

ဟန်ကြည် said...

ကွတ်ကီးကိုသဘောကျသလို သူတို့အဖွဲ့ (နံမည်တွေတော့ မသိဘူး) နှုတ်ခမ်းမွေးကတစ်ယောက် ပုပုလုံးလုံးကတစ်ယောက် ဖက်တီးကတစ်ယောက် သုံးယောက်လုံးကို သိပ်ကြိုက်တာပေါ့...ကိုယ်က သူရို့စကားနားမလည်လို့ ငုတ်တုတ်ထိုင်ကြည့်ရုံပဲကြည့်နိုင်တာတောင် ရယ်ရလွန်းလို့ အူတွေပါနာတယ်...ပုဂ္ဂလိက အကြိုက်ကိုပြောရရင် ဒွေးနဲ့ခပ်ဆင်ဆင်တူတဲ့ နှုတ်ခမ်းမွေးနဲ့ လူရွှင်တော် ( ကွတ်ကီးနဲ့ အတူတူ ကနေတဲ့ တစ်ယောက် ) ကို ပိုသဘောကျတယ်...ရုပ်တည်ကြီးနဲ့ ဖောက်နိုင်လွန်းလို့...

ကျန်တဲ့လူရွှင်တော်တွေအကြောင်းလည်း ရေးပါဦး...

Maung Myo said...

မခရစ္စတလ် ...ကြည့်ကြည့်ဗျ တော်တော်ကို စိတ်ချမ်းသာဖို့ကောင်းတယ် ။

အစ်မမြ.... ကျနော်တော့ သူ့ကို အင်္ဂါနေ့တိုင်းစားတယ် အယ်လေ ကြည့်တယ်ပြောတာ ဟဟား။

ကိုအေအိတ်... ဟုတ်ကဲ့ဗျ

ကိုညိမ်း.... စားလိုက်ပါ အရိုးတော့ နွှင်နော် စူးမယ်း)

မလဲ့..ဟုတ်ကဲ့ဗျ ကျနော် ကြုံရင်ရေးပါအုံးမယ် ။သူက မလှပေမယ့် စကားပြောသိပ်ကောင်းတဲ့ အမျိုးသမီး။

ကိုညီ....ဟုတ်တယ် အစ်ကိုရ ဟာသက တော်ရုံသူ လုပ်နိုင်တာမဟုတ်ဘူးလို့ ကျနော်လည်းထင်တယ် သူက တော်တော်ကို ဟာသညဏ်ရွှင်တဲ့သူပဲ ။

ဘလက်ရို့စ်...ဟုတ်တယ်ဗျ ဇတ်ကားကောင်းလေးတွေ အများကြီးပဲ ဟာသကားလေးတွေပေါ့ ။

မစန်းထွန်း...း) အစ်မက ရုပ်လည်းလှ စိတ်လည်းလှတယ်နော့် ။


မချော....ဟုတ်ကဲ့ မချော ကျေးဇူး ကျနော် ဒီထက် ရေးလို့တော့ရသား တအားရှည်သွားမှာစိုးတာနဲ့လေ ။

ကိုညီရဲ....ဟုတ်တယ် ကျနော်လက်ခံတယ် အစ်ကို့ ထင်မြင်ချက်ကို ။


ကိုလတ်...မြှောက်မနေနဲ့ဗျာ ဘာမှဟုတ်ပါဘူး အစ်ကိုကလည်းး) ကျနော်တက်သလောက်လေးတော့ နောက်ရေးပါအုံးမယ် အစ်ကိုလည်းရေးလေ ။

ဆရာ... ဟုတ်တယ်ဗျ သူတို့အဖွဲ့က သိပ်အတွဲညီတာ စိတ်လည်းမဆိုးကြဘူး တစ်ခါတလေ ကိုယ်တောင် ဆော့တာကြမ်းလို့ ဘယ်လိုများဖြစ်မလဲ စိုးရိမ်မိသေးတာ သူတို့ကတော့ အေးဆေးပဲ ရုပ်တည်ကြီးတွေနဲ့း) ကျနော် ပုပုလုံးလုံးနဲ့တစ်ယောက်အကြောင်းနောက်ရေးအုံးမယ် ဆရာ စိတ်ချး)

Anonymous said...

ကိုမျိုးနဲ့ ညီမ အကြိုက်ချင်းတူတယ်.. ညီမလဲ ထိုင်းမှာဆို တွတ်ကိ(ကွတ်ကီး) ဗမာမှာဆို ဂွမ်းပုံလေး ဟာသသရုပ်ဆောင်တာ တော်ကြသလို စိတ်အားအဖြစ်လဲ ကောင်းမဲ့ မျက်နှာပေါက်လေးတွေ.. သူ့တို့ကားတွေ အမြဲကြည့်ဖြစ်တယ်.. :)

Anonymous said...

bape hoodie
supreme clothing
steph curry shoes
westbrook shoes
yeezy boost 700
golden goose sneakers
jordan shoes
kyrie 6
yeezy 700
kd shoes

LinkWithin

Related Posts Plugin for WordPress, Blogger...