Wednesday, November 16, 2011

အချစ်လှေ

ချစ်သူအတွက် ခြုံပ၀ါလေးလက်ဆောင်ပေးတဲ့နေ့က ပျော်ရွှင်သွားတဲ့ သူမျက်ဝန်းတွေက ငွေလမင်းလို အေးချမ်းပါဘိ ။ သူ့အနားကပ်တိုင်း ကိုယ့်ရင်တွေခုန်တယ် သူ့ ခေါင်းလျှော်ရည်ရနံ့သူသုံးတဲ့ ကိုယ်လိမ်းပေါင်တာနံ့လေးကို နှာခေါင်းမရှုံ့ပဲ သူမသိအောင် တိတ်တိတ်လေး အသက်ကိုပြင်းပြင်းခိုးရှူရတာကလည်း အပြစ်သားတစ်ယောက် ရဲမိမှာကြောက်လို့ ခိုးချောင်ခိုးဝှက်လုပ်ရတဲ့ လျှို့ဝှက်လုပ်ငန်းတစ်ခုနဲ့တူနေပြန်ကော ။ သူမသိအောင် စတော်ဘယ်ရီး နို့ဗူး အချိုရည်အေးအေးလေး သူ့စားပွဲပေါ်သွားတင်ထားတဲ့နေ့က အမှတ်ကောင်းကောင်းရပါ့မလားလို့ အဖြေလွှာစစ်နေတဲ့ ဆရာမကို ကြည့်မိသလိုလည်း ဖြစ်နေပါတယ် ပြန်စဉ်းစားကြည့်တော့ ရယ်စရာကောင်းနေသလိုလို ဒါပေမယ့် ရင်ခုန်ကြည်နူးရတဲ့ အရသာက ကိုယ့်ရှက်ကြောက်ခြင်းတွေကို အင်အားချိနဲ့သွားစေခဲ့တာပေါ့ ။

သူ့ရဲ့စကားများတတ်လွန်းတဲ့ နှုတ်ခမ်းပါးပါးလေးကို ကိုယ့်လက်ခေါက်လေးနဲ့ ညှစ်လို့ သာလိကာမလေးလို့ ပြောတဲ့နေ့က “ အရူး” လို့ကိုယ့်ကို ကင်ပွန်းတပ်တယ် ။ ဖိနပ်အမြင့်လေးတွေ စီးတာမင်းနဲ့လိုက်တယ်လို့ပြောတော့ ချစ်သူကလည်း လမ်းလျှောက်တိုင်း ဖိနပ်သံလေးတွေထွက်တဲ့ ခွာမြင့်ဖိနပ်ကို နှစ်သက်စွာနဲ့စီးတတ်နေပြီ သူနဲ့ မတွေ့ရတဲ့အခိုက်အတွင်း ဖြစ်သမျှ အကြောင်းရာတိုင်း သူ့ဆီပြန်ပြောရတာကလည်း နှစ်သက်စရာ အစီရင် ခံခြင်းတစ်မျိုးပေါ့ “ သိလား အချစ် အဲ့နေ့ကလေ ကိုယ် အလုပ်လုပ်နေရင်း အဲ့ဆံပင် ကုတ်ထောက်နဲ့ ပန်းရောင်အကျီ င်္လေးဝတ် အနက်ရောင် ဖိနပ်အမြင့်လေးစီးထားတဲ့ ကောင်မလေးကိုလေ ချစ်အောက်မေ့လို့ လှမ်းခေါ်တော့မလို့ကွ နောက်မှ သတိထားမိတာ ချစ် ခရီးထွက်သွားတယ်ဆိုတာကို တော်သေးတာပေါ့ မဟုတ်ရင် ပြသနာတက်အုံးမှာ အဲ့လောက်ထိ ကိုယ်က ချစ်ကို လွမ်းနေတာ ယုံတယ်ဟုတ် ” ချစ်သူကတော့ မေးကလေးထောက် ပြုံးပြုံးလေးနားထောင်နေတယ် တကယ်ဆို မှတ်ချက်တစ်ခုခုတော့ပေးသင့်တာ ဒါပေမယ့် သူတိတ်တိတ်ကလေးပဲ နားထောင်နေတယ် ။









ကိုယ်နှစ်သက်မှန်းသိလို့ လက်ပတ်ကြိုးကလေးတွေ လက်ဆောင်ပေးတတ်တဲ့ အလိုက်သိတတ်တဲ့ ချစ်သူကို လက်ဆောင်ပြန်ပေးဖို့ကျတော့ ရှက်နေတယ်ဗျ တကယ်ဆို မဖြစ်သင့်ဘူးနော့် ကိုယ်က အဲ့ဘက်ကျ အားနည်းတယ် ချစ်သူ နားလည်မယ်ထင်ပါတယ် တစ်ခါတလေ မင်းလက်ဖ၀ါးနူနုလေးတွေကို ကိုယ် ဖမ်းဆုပ်ချင်မိတဲ့ ကိုယ့်လက်တွေက ထိန်းမနိုင်သိမ်းမရ ဒါပေမယ့် ကိုယ်မရဲဘူး စိတ်ရှိတိုင်းသားဆိုရင်တော့ မင်းလက်ဖ၀ါးလေးကို ကိုယ့်ပါးပြင်မှာ ကပ်ထားချင်စမ်းပါဘိ ။အချစ်က ရှေ့ရေးတွေ ဖွင့်ပြောတိုင်ပင်တိုင်း ကိုယ့်မှာ လက်မှိုင်ချရတဲ့အဖြစ် အားနာလိုက်တာ အချစ်ရာ ကိုယ်က ညံ့ဖျင်းလိုက်တာလို့ မင်း မသတ်မှတ်လိုက်ပါဘူးနော် ကိုယ်သိတာပေါ့ လက်တွေ့မှာ နင်းလျှောက်ရအုံးမယ် လမ်းတွေ အများကြီးဆိုတာ အဲ့အတွက် မင်း ကိုယ့်ဘေးအနားရှိနေပေးပါ ချစ်သူ ။


လာအတူတူသွားစို့ ချစ်သူ
ဟိုးရှေ့မှာ အေးချမ်းနေတဲ့ လမင်းရှိတယ်
ဘေးနားမှာတော့ ချောက်ကမ်းပါးတစ်ချို့ရှိချင်ရှိမှာပေါ့
ကိုယ့်လက်ကိုမြဲမြဲတွဲထားပါချစ်သူ
ယုံကြည်ခြင်းတရားတွေ မင်းရင်ထဲ ကိန်းဝပ်နေပါစေ
အချစ်ကို ကိုးကွယ်လို့
ကျယ်ပြန့်တဲ့ ဘ၀ပင်လယ်ပြင်မှာ
နားလည်မှုတွေနဲ့ တို့အတူ လှော်ခပ်ကြပါစို့


16 comments:

blackroze said...

မောင်မျိုးရေ

လက်တွဲညီတဲ့ဘဝတစ်ခု
တည်ဆောက်နိုင်ပါစေနော်
...
ဟဲဟဲ..တရားဝင်ကြေငြာလိုက်ပြီပေါ့
ဟုတ်လားမောင်မျိုး...

Cameron said...

အမယ် ငါ့မောင်လေးလဲ ဒါမျိုးတွေရသားပဲ...း)

Angelhlaing(May everybody be happy and healthy! said...

ဟုတ်တော့..ဟုတ်နေပါပြီ...ကိုမျိုး...တစ်ယောက်က :):)

မျှစ် said...

အော်..ယောက်ျားယူတော့မယ်ပေါ့..လက်ဆောင်တွေတောင် ရနြေ့ပီ..းP :D.. jk

ညိမ်းနိုင် said...

ဟင်...ဒါဖြင့် လက်ဖွဲ့ဖို့ ပိုက်ဆံလိုက်ချေးထားဦးမှပါ....:)

ညီလင်းသစ် said...

ဘေးမသန်းဘဲ အေးချမ်းစေဖို့ လှေကလေးကို လှော်တော့မယ်ပေါ့..ဟုတ်လား၊း) နူးညံ့တဲ့ အချစ်လှေ ကလေး သောကလှိုင်းတွေ ပေါ်မှာ လျှပ်တိုက်ပြေးလွှား နိုင်ပါစေဗျာ..။

ဟန်ကြည် said...

လက်ဖ၀ါးကို ပါးအပ်ချင်တယ်ဆိုတော့ တာရာမင်းဝေရဲ့ ပန်းလက်ဖ၀ါးမှာ ပါးအပ်ပိုင်ခွင့်မရှိတဲ့ကောင်လေး ဆိုတာကို သွားသတိရတယ်...

ကြည့်လည်းလုပ်ပါ ကမောင်မျိုးရယ် ပါးအပ်ချင်ဦးဟဲ့ဆိုပြီး ပါးပေါ်ကို လက်ဝါးလေးခပ်စပ်စပ် တင်ပေးလိုက်ရင်ဖြင့် အင်း...

ကြယ်စင်အလင်း said...

အဟွတ် အဟွတ် အဟွတ်... ချောင်းကလဲဆိုးလိုက်တာ။ တယောက်သော အကိုကြီး စွံနေပြီထင်တယ်..း)

မိုးခါး said...

တယ် ဟုတ် ပါ လား .. ရာဇာနေ၀င်းလေသံဖြင့် ဖတ်ရန် ..

ရေးထားတာမိုက်တယ်ကော ..း))

မေသိမ့်သိမ့် ကျော် said...

ချစ်ပြနေလိုက်တာတော်....း) ကြည်နူးစရာလေး။

ခင်တဲ့
မေသိမ့်

နေ၀သန် said...

း)...

mstint said...

ချစ်သူလက်ကို မြဲခိုင်စွာတွဲလို့
ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကိုဖြတ်နိုင်ပါစေ မောင်မျိုးရေ။
နောက်ဆုံးပိုဒ် ကဗျာလေးသဘောကျတယ် ကောင်းပါ့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မဒမ်ကိုး said...

အဲ ဘာကိစ္စခုမှ လာမိပါလိမ့်း(

ချစ်တတ်လိုက်ကြပုံများနော်

တင်သင့်တယ်ဟေ့ တင်သင့်တယ်း)

မြသွေးနီ said...

သြော်... ချစ်တတ်တဲ့ မောင်မျိုး...
ချစ်သူတိုင်းပျော်ရွှင်ကြပါစေ...။

မြတ်ပန်းနွယ် (Myat Pan Nwe) said...

စာကလေးဖတ်ပြီး စိတ်ကြည်နူးမိတယ်။

Unknown said...

More about the authorMore about the author have a peek at these guysDiscover More have a peek at this web-sitehe said

LinkWithin

Related Posts Plugin for WordPress, Blogger...