Saturday, October 22, 2011

ရောဂါ

တိတ်တိတ် ကလေး နေနေတာပါပဲ
ဒါပေမယ့် ရင်ဘတ်ထဲတော့ သံစုံတီးဝိုင်းတွေဖွဲ့လို့
ငြီးချင်းတွေ ချမနေတော့ပါဘူး
အားနာစရာလည်းကောင်းလှပြီ
ဖတ်ဖူးတဲ့ ကဗျာ တစ်ကြောင်းကို အရွဲ့တိုက်လို့
သောကနဲ့ တစ်ခါကြုံတိုင်း ကျနော်ကတော့ ချစ်သူပါးကလေး တစ်ချက်တော့နမ်းချင်မိတယ်။
မဖြူတော့တာလည်း သိပါရဲ့ ကိုယ့်ကိုယ်ကို အရောင်တွေ ထပ် ထပ် ဆိုးမိတာတော့
မိုက်မဲရာ ကျတာပေါ့ဗျာ
လှမ်းပြီးသားခြေလှမ်းတွေကတော့ ပြန်ဆုတ်ရ ခက်သားလား
အဲ့တာကြောင့် မထူးဇတ်တွေ ခင်းခင်းလာတာ ထူးဆန်းတာတွေကြီးဖြစ်နေတော့တယ်
အခုဆို လိမ်တတ် ညာတတ် ချေးငှားတတ်နေပြီ အကြွေးတွေလည်းတက်နေပြီ
အမေကတော့ ပြောဖူးတယ် “ ကျဲပြီးသားဆန်ကို တစ်စေ့ချင်း ပြန်မကောက်မိစေနဲ့” တဲ့
ကျနော့်တော့ မှားမှန်းသိသားနဲ့ ကျဲချလိုက်တဲ့ အမှားတွေကို တစ်စေ့ချင်း လိုက်ခြေဖျက်မိနေရဲ့
ညည ဆို ကျနော် အိပ်နေလျှက်နဲ့ နိုးနိုးနေတယ် အဲ့တာ ရောဂါပဲ ။

14 comments:

ကြောင်ယံ said...

ကျတတ်လွန်းတဲ့ စိတ်ဓါတ် မြေလွှာကို ဖောက်ထွင်းပြီး အ၀ီစိ ထိ ဆင်းဖို့ ကျင့်ကြံနေတဲ့ကြောင်......မျိုးးးးကြောင်..

နေ၀သန် said...

သြော်... မသိချင်ယောင်ဆောင်နေမှာ.. အကြွေးတွေလည်း ထူနေပြီတဲ့.. :P..

ခင်မင်လျက်
နေ၀သန်

ညိမ်းနိုင် said...

နာ့အကြွေး နှစ်ကျပ် ပြန်ဆပ်ပါ.....ဒါဗြဲ......:)

ညီရဲ said...

ရောဂါဆိုရင် မြန်မြန်ကုလိုက် မောင်မျိုး...
ဘယ်ရောဂါမှ ကြာကြာမွေးထားလို့ မကောင်းဘူး..

Phyo Evergreen said...

ကြဲပြီးသားဆန်တွေကို ပြန်ကောက်မိနေခဲ့တာတွေများလှပေါ့...။

ညီလင်းသစ် said...

ကျဲတုန်းကတော့ လွယ်လွယ်လေး..၊ ဝဲကနဲ တချက်ပဲ၊ ပြီးတော့မှ တစ်စေ့ချင်း ပြန်ကောက်ရတဲ့ အခါ အမှားတွေက 'လေး' တယ်..၊း) ကဗျာဆရာက နိုးနိုးကြားကြားနဲ့ အိပ်နေပုံပဲ...။း))

blackroze said...

မောင်မျိုးရေ
ရောဂါ ဆိုကထဲက
မသည်းခင်ပျောက်အောင်ကုထားနော်..
အကြွေးဆိုတဲ့ရောဂါနဲ့
ကင်းအောင်နေပါမောင်မျိုးရေ

...အလင်းစက်များ said...

ပြန်မကောက်ပါနဲ့ တော့ သားရယ်။

mstint said...

အကျဉ်းကြပ်ရောက်သူတိုင်းအတွက် ထွက်ပေါက်ဆိုတာရှိသလို
သိထားတဲ့ရောဂါအတွက် ဆေးရှာဘို့မခက်ပါဘူးကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

ဘာနေ said...

ကြိုက်တယ်ဗျာ ..
အရမ်းခိုက်ပါတယ် ..
း)
အကြွေးတော့ ဆက်မတင်စေနဲ့ဗျာ ..
ဘယ်အကြွေးမှ မကောင်းဘူး ..

San San Htun said...

အကြွေးလာတောင်းတယ်ဗျို့ 

Anonymous said...

Maung Myo....
Be happy,sleep soundly,write smoothly
Gyidaw

စော(အဝါရောင်မြေ) said...

ထိုင်းမှာ ရေကြီးနေတာ ဘယ်လိုလဲ အဆင်မှပြေရဲလား။
အကြွေးတင်နေတာ ထိုင်းလဝက ကို ပေးလိုက်ရလို့ လားဟင်?

Anonymous said...

off white
hermes
michael jordan shoes
curry 6 shoes
off white x jordan 1
palm angels outlet
supreme clothing
golden goose
ggdb
goyard handbags

LinkWithin

Related Posts Plugin for WordPress, Blogger...