Sunday, July 3, 2011

เพื่อใทย



လက်ရှိ ၀န်ကြီးချုပ် အဘီစစ်ပါ သူ့ကိုတော့ ပညာတတ် လူငယ်အသိုင်းဝိုင်းနဲ့ တော်ဝင်မိသားစုများက ကြိုက်နှစ်သက်ကြပါတယ် ။

ဒီနေ့ ဇူလိုင်လ ၃ ရက်နေ့ ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲကျင်းပတဲ့နေ့ပေါ့ ကိုယ်နဲ့ ဘာဆိုင်သလိုဆိုတော့ ဘာမှလည်းမဆိုင်ပါဘူးလေ ဒါပေမယ့် ဒီမှာ နေနေတဲ့ ကိုယ့်အတွက် မြင်နေရတာလေးကတော့ ရွေးကောက်ပွဲဆိုတာ ဒီလိုပြိုင်ဆိုင်မှု ရှိမှန်း အသဲကြားက အမဲသား အယ်လေ မဲတစ်ပြားလည်း မပေးဘူးလေတော့ စိတ်ဝင်စားမိတာလည်း အမှန် ရွေကောက်ပွဲမတိုင်ခင် ၃-၄ လလောက်ကတည်းက မဲဆွယ်စည်းရုံးရေးဆင်းတဲ့ အလုပ်တွေ အရှိန်ဟုန်ပြင်းပြင်းနဲ့ လုပ်နေကြတာတွေ့တယ် ။ ထိုင်းသူငယ်ချင်းတစ်ချို့ကို မေးကြည့်ဖြစ်တယ် “ မင်းက ဘယ်အဖွဲ့ကိုကြိုက်တာလဲ ” အဖြေတွေအမျိုးမျိုးပြန်ကြားရတယ် “ နံပါတ်တစ်ပေါ့ အနီကိုပိုကြိုက်တယ် သူတို့ကတော်တာကွ” ။ “စိတ်မ၀င်စားတော့ပါဘူး ဘယ်သူတက်တက် ဘာမှလည်းသိပ်ထူးလာတာမဟုတ်တော့ အာရုံသိပ်မရှိဘူး ” ။ “ ခိုက်ရန်ဖြစ်ပွားမှုတွေမရှိရင်တော်ပါပြီလေ အဲ့လိုတွေ မြင်တွေ့ရတာစိတ်မချမ်းသာဘူး ” ဒါက ကိုယ်နဲ့ နီးစပ်သူတစ်ချို့ဆီက ပြန်ကြားမိတဲ့စကားတွေ ။။



မြောက်ပိုင်းသား အများစုနဲ့ နိုင်ငံ အနှံ့အပြားမှာ ရှိတဲ့ အနီရောင်ရှပ်ဝတ်များရဲ့ ပါတီခေါင်းဆောင် ပါ ။

အခု နံပါတ်တစ်ပြေးနေတာ ကတော့ အရင် ၀န်ကြီင်္းချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်စ် ရဲ့ ညီမ ရင်လက်ရှင်နာဝပ်စ် သူတို့ ပါတီက နှစ် ၄၀ ပါတီအကြီးစားကြီးပါ တော်တော် အရှိန်ဝါကြီးကြီးနဲ့ လက်ရှိ အဘီစစ်အစိုးရကို စိန်ခေါ်နိုင်တဲ့ တစ်ခုတည်းသောပါတီပေါ့ သူတို့ပါတီက နံပါတ်တစ် အဘီစစ်ပါတီက နံပါတ် ၁၀ မြို့ထဲသွားလည်း “ နံပါတ်တစ်” ၊ “နံပါတ် ၁၀ ” မိုကြီးတွေနဲ့ အော်အော် ပြီး ကြော်ငြာနေကြတာ ဒါပေမယ့် မြောက်ပိုင်းသားတွေဖြစ်တဲ့ င်္ဒီက ထိုင်းတွေရဲ့ ရင်ထဲမှာတော့ သက်ရှင်ရဲ့ ပါတီကို အကြိုက်များတာ သတိထားမိတယ် ။ လက်ရှိဝန်ကြီးချုပ်တတ်လာမှာ ကုန်ဈေးနှုန်းတွေ တက်လာတာ ၊ ကမ်မောဒီယား အရေးမှာ ဖြေရှင်းတာ ပျော့ညံ့တယ် ၊ ပိတ်ရက်တွေများပြီး အရာမရောက်တာတွေများတယ်ဆိုတာမျိုး သူတို့ပြောတာတွေ သတိထားမိပါတယ် ။ ငွေကြိုက်တဲ့ ခလေးဆိုးင်္ကြီး မြန်မာအစိုးရနဲ့ ကောင်းကောင်း ပနာမစားနိုင်လို့ မဲဆောက်- မြ၀တီ ချစ်ကြည်ရေးတံတားကြီး ကာလရှည် ပိတ်ထားရတဲ့အတွက် စီးပွားရေး ထိခိုက်တယ်ဆိုပြီး လက်ရှိ အစိုးရကိုမကြိုက်တဲ့သူတွေကတော့ ဒီမှာတော်တော်များပါတယ်။


ဘာပဲဖြစ်ဖြစ် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးမှာတော့ သက်ရှင်မိသားစုင်္ကြီးက ချမ်းသာကြွယ်ဝမှု အရှိန်ဝါကြီးမြင့်မှုတွေနဲ့ အနိုင်ရသွားလိမ့်မယ်လို့ ကျနော်တော့ထင်တယ် လက်ရှိလည်း ခန့်မှန်းချေတွေအရ သူက နံပါတ်တစ်ပြေးနေတာ တွေ့ရပါတယ် ဒီအမျိုးသမီးက လက်ရှိအသက် ၄၁ နှစ်ပဲရှိသေးတာပါ သူမသာ အနိုင်ရရှိခဲ့ရင် ထိုင်းနိုင်မှာ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာမှာ ဖြစ်ပါတယ် သူတို့ရဲ့ ပါတီ ဆောင်းပုဒ်လေးကိုလည်း သဘောကျမိတယ် คิดไหม๋ ทำไหม เพื่อใทย ทุกคน ( ခစ် မိုင် ထန်မိုင် ဖု့ဝန့်ထိုင်း ထုခွန်း ) တဲ့ ထိုင်းလူမျိုးတွေ အားလုံးအတွက် အတွေးသစ် အလုပ်သစ်တွေ လုပ်ကြပါစို့ ဆိုတဲ့ ဆောင်းပုဒ်လေးပါ ။





နယ်မြို့များရဲ့ မဲပေးနေရာများ ။


သူတို့နိုင်ငံမှာ ပြသနာတွေ ခြို့ယွင်ချက်တွေရှိနေတယ်လို့ သတင်းတွေမှာ ကြေငြာနေပေမယ့် ရပ်ကွက်တိုင်း မြို့နယ်တိုင်းမှာတော့ လုံခြုံရေးတွေ ချ အတိကျ မဲပေးမှုလေးတွေ တွေ့နေရတာ ဘာကြောင့်မှန်းမသိ အားကျမိပါတယ် ။ ၀န်ကြီးချုပ် အဟောင်းပဲ အနိုင်ရလို့ နိုင်ငံရဲ့အခြေနေ ဘယ်လိုပြောင်းလဲမလဲ အနီရောင်ပါတီကြီး နဲ့ အမျိုးသမီး ၀န်ကြီးချုပ်ဖြစ်လာနိုင်မလားဆိုတာတွေဟာလည်း စိတ်ဝင်စားစရာပါ မကြာခင် ဘယ်သူအနိုင်ရမလဲဆိုတာ ကိုယ်နဲ့ ဘာမှမဆိုင်ပေမယ့် စိတ်ဝင်စားမိတာတော့ အမှန်ပါပဲ ။

ပုံတွေကို teenee.com မှ ယူပြီး ဖတ်မိသမျှ နားထောင်မိသမျှထဲက ပြန်လည်ဝေမျှခြင်းသာဖြစ်ပါတယ် ။

10 comments:

My Heaven said...

အမရဲ့ AIT ကထိုင်းသူငယ်ချင်းကတော့ ရင်လပ် နိုင်မှာစိုးရိမ်နေတယ်..

ချစ်ခြင်းအလင်္ကာ said...

ပြောမယ့်သာပြောတာနော်..
အဘီဆစ်ကတော့ချောတယ်အကိုရေ...
ဟိဟိ
း)

ခင်တဲ့
ချစ်ခြင်းအလကာင်္

ညိမ်းနိုင် said...

ကြီးဒေါ်ရင်လပ်တော့ အပြက်အသက်ကြီးနိုင်သွားလေရဲ့..

ချော(အစိမ်းရောင်လွင်ပြင်) said...

သူတို့နိုင်ငံသားတွေပြောသလို ဘယ်သူနိုင်နိုင် သွေးထွက်သံယို မဖြစ်ရင်တော်ပါပြီ။ ဒါပေမဲ့ ငွေကြေးရဲ့ သြဇာလွမ်းမိုးမှုနဲ့ ရာထူးအာဏာရလာတာမျိုးတော့ သဘောမကျပါဘူး တကယ်အရည်အချင်းကြောင့် ရတာမျိုးဘဲဖြစ်စေချင်မိတယ်

Angelhlaing(May everybody be happy and healthy! said...

မမ(ချော)နဲ့ ချစ်ခြင်းအလင်္ဂကာ ပြောတာလေး သဘောကျတယ်...ကိုမျိုး :):)

တောက်ပကြယ်စင် said...

အင်း...စိတ်ဝင်စားစရာပါပဲ...ဘယ်သူနိုင်နိုင်ပေါ့...နိုင်တဲ့သူက ပြည်သူ့အကျိုးကို တကယ်စေတနာအရင်းခံနဲ့ ဆောင်ရွက်ပေးနိုင်ရင်...တော်ပြီလေ...နို့မို့ရင်...အာဏာကိုအသုံးပြုပြီး...ကိုယ့်မိသားစုလောက်...စိန်ဆင်နိုင်ရင်...ပြီးတာပဲဆိုတဲ့စိတ်မျိုးထားရင်တော့...ဘယ်သောအခါမှ...မကောင်းဘူး...ဗဟုသုတရပါတယ်...အဲဒီအတွက် ကျေးဇူးတင်တယ်နော်...
ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

မေဓာဝီ said...

သြော် လက်စသတ်တော့ မောင်မျိုးစာရေးကြဲတာ ဒါတွေလုပ်နေလို့ကိုး :))

မအိမ်သူ said...

နောက်ဆက်တွဲ ဇာတ်လမ်းလေးတွေ ဆက်ပါအုံး။ စိတ်ဝင်စားဖို့ကောင်းတယ်။

sebin said...

more helpful hints reference check my reference you could look here learn the facts here now dolabuy louis vuitton

Unknown said...

replica nappy bags gucci replica handbags b3q28w4t01 replica bags dubai replica bags uk you could try here m0a67d5j03 replica bags online uae Read Full Report h6j39v4x73 Ysl replica replica bags gucci x4g07v5o68

LinkWithin

Related Posts Plugin for WordPress, Blogger...