Wednesday, July 13, 2011

အားလုံးကို ရှုပ်နေတာပဲ ။

အားလုံးကို ရှုပ်နေတာပဲ ။း) အားလုံးက ရှုပ်နေတာတော့မဟုတ်ဘူး ကိုယ်က အားလုံးကိုသွားရှုပ်နေတာပိုဖြစ်နိုင်တယ် ။ ခုရက်ပိုင်း အလုပ်တွေများနေသလို ဘာရယ်ဆိုတော့လည်း ဟုတ်တိပတ်တိ မရှိပါဘူး အွန်လိုင်းမှာတော့ ခိုးချက်တာပါပဲ တစ်ချို့ကတောင်ပြောသေး အဲဗား အွန်လိုင်းဆိုလား ။ ပြီးခဲ့တဲ့ လကတည်းက သိပ်မအားပါဘူး မဲဆောက်မှာ နေထိုင်ခွင့်တွေမလုပ်ပေးတာ ၃ နှစ်လောက်ရှိပြီ အရင်က အခွန်ဆောင်ပြီး နေဖို့ကို လုံးဝကိုစိတ်မပါတဲ့ကောင် ပြီးတော့ ပြန်ချင်တဲ့အချိန် ထပြန်လို့ရအောင် ဘာလက်မှတ်မှလည်းမလုပ်ထားပါဘူး သွားတာကလည်း ခပ်ဝေးဝေးမရှိတော့ မလုပ်ဖြစ်ဘူး ဒီနှစ်တော့ ထိုင်းမှာနေတာကြာပြီ ဘယ်တွေသွားဖြစ်လည်းမေးရင် ဘယ်မှမရောက်ဖူးဘူးဆို သိပ်တော့မဟုတ်ဘူးလေ အဲ့တော့ ယာယီပတ်စပို့စ်လေးလုပ်ချင်လို့ အဲ့ဒီအခွန်ဆောင်ပြီးမှရတဲ့ လက်မှတ်တွေ လုပ်ဖြစ်တယ် ။

သူများနိုင်ငံများနေရတာ မကောင်းချက်ပြောပါတယ် သူတို့ကြေငြာချက်ထုတ်ထားတဲ့ ပုံစံကြီးက ဆိုးလိုက်တာ “ တရားမ၀င်နေထိုင်နေသူများအား ” ဆိုတာကြီး ဖတ်ရတာ ဆိုးလိုက်တာ ပြီးတော့ နမူနာပြထားတဲ့ ပုံတွေက မျက်နှာငယ်လေးတွေနဲ့ ထိုင်နေကြတဲ့ ကိုယ်တို့ရဲ့ ရွှေပြည်ကြီး ကိုယ့်အမျိုးတွေပုံ ။ ဒီမိုကရေစီနိုင်ငံသာဆိုတယ် အထင်ကြီးစရာတော့လည်း သိပ်မရှိပါဘူးလေ အပေါ်စား အောက်စားတွေကြီးပဲ ။ မျက်နှာကြောမာမာတွေကို ဆော်ဝါဒီ လုပ်ရတာကလည်းတော်တော် စိတ်ပျက်ဖို့ကောင်းတယ် ကျနော်ကတော့မလုပ်နိုင်ပါဘူး လက်အုပ်ချီရတာ တော်တော် ရိုသေမှ လုပ်ရတာလို့ ကျနော်တော့ထင်တာပဲ ကိုယ်က အခွန်ဆောင်ပြီး သူတို့ကို လက်အုပ်ချိင်္ ကျေးဇူးတင်ပါတယ်လို့ ပြောဖို့လိုလို့လား အလကားဟာတွေ ။ ဒေါသကထွက်လာပြီ ။

( ဒါက တန်းစီပြီး မနည်းတိုးထားရတဲ့ လက်မှတ်လေး ဘာမှမဟုတ်ပဲ ၃၀၀၀ လောက်ကုန်ပါတယ် )


အလုပ်မှာလည်း ဘာလို့ လူတွေနည်းနည်းသွားသလဲမသိတော့ပါဘူး ထွက်ကြတာ တစ်ယောက်ပြီးတစ်ယောက် အဓိကကတော့ နယ်စပ်တံတားကြောင့် စီးပွားရေးတွေ သိပ်မကောင်းတော့ အလုပ်ရှင်ကလည်း အပြစ်တွေ ရှာတာမျိုးလည်းဖြစ်နိုင်တာပေါ့ ကိုယ်ကတော့ နည်းနည်းအထိနည်းတယ် ။ လူနည်းပြီး အလုပ်တွေပိလာပေမယ့် လစာကတိုးသလားဆိုတော့ မတိုးပါဘူးး) ဒါက ကြော်ငြာ ဟဟား ။ ကိုယ်က နည်းနည်း နှုတ်ကသွက်တော့ အလုပ်တွေ ပိုပိုပေးလာတယ် အမေက ကျနော့်ကိုမွေးတုန်းက ဟိုစပ်စပ် ဒီစပ်စပ်ပါတတ်တဲ့ အကျင့် မပေးခဲ့ကောင်းသား အခုတော့ပင်ပန်းပြီ ။ အလုပ်ပြီးတာနဲ့ တက်နေတဲ့သင်တန်းကလည်း ပြေးရသေးတော့ အချိန်တွေက ကုန်မှန်းမသိ ကုန်မြန်နေတယ် ည ၈ နာရီလောက်မှ အခန်းပြန်ရောက် လျှော်ဖွတ် မီးပူတိုက် လုပ်စရာရှိတာလေးတွေလုပ်တော့ ၁၀ နာရီက ဘယ်လိုထိုးသွားမှန်းမသိတော့ ။ အချိန်တွေကုန်မြန်ချက်ပြောပါတယ် လူလည်းတစ်ဖြည်းဖြည်း အရွယ်ကျလာတယ် စိတ်ကလည်း တိုမြန်နေသလားလို့ သိပေမယ့် ပြင်မရတာကလည်း ခက်တယ် ။

ကျန်းမာရေးကလည်း တစ်လမှာ တစ်မျိုးမဖြစ်ရင် မကျေနပ်ဘူးထင်ပါ့ ရေယုံပေါက်တာ ကိုယ့်ရဲ့ လှတပတ နှုတ်ခမ်းလေးက ထော်လန်ကြီးဖြစ်လို့ ဖေ့ဘွတ်မှာတင်တော့ စိတ်ပူပေးကြပြီး ဆေးတွေပြောပြကြသား ။ ရယ်လို့မရ မှပဲ ရယ်စရာတွေကတွေ့တွေ့နေသလို ဖိနပ်သွားဝယ်တော့ ဆိုင်က ဦးလေးကြီးက ကျနော်က စကားပြောရင် နှုတ်ခမ်းကို လက်ကလေးနဲ့ကွယ်ပြီးပြောတာ အားနာလို့ပါ နည်းနည်းလည်းနေရခက်လို့ အဲ့တာကို သူက ဟုတ်တိပတ်တိနဲ့ ကိုယ့်လက်ကြီးဖယ်ပြီး “မင်းကောင်မလေး ကိုက်လိုက်တာမှတ်လား ဟဟား ” တဲ့ အဲ့လိုသာဆိုရင်တော့ နှုတ်ခမ်းကြီး ပြတ်ထွက်ရင် ထွက်သွားပါစေ ကိုက်ပစ်လိုက်စမ်းပါပေါ့ အခုများတော့ ဆေးလိမ်းပေးမယ့် သူလေးတောင်မရှိ ။

ဒါနဲ့ ကျနော် ပို့စ်တွေ အတင်ကျဲနေလို့သာ ဖြစ်ညှစ်ရေးလိုက်တာ ကိုယ့်ပါသာရေး ကိုယ့်ပါသာပြန်ဖတ်လိုက်တာ ချာချာကိုလည်သွားတာပဲး) ဘာတွေမှန်းလည်းမသိတော့ဘူး အေးလေ နော့်ဗျာ အားလုံးကို ရှုပ်နေတာပဲ :P သည်းခံပြီးဖတ် နားလည်သလိုဖတ် ဖတ်ချင်သလိုဖတ်သွားကြနော့် ။




13 comments:

မေဓာဝီ said...

အရှုပ်ထဲမှာ ရှင်းအောင်နေ ...
ရှင်းနေရင် ရှုပ်အောင် အရင်လုပ်
ပြီးမှ ပြန်ရှင်း အဲဒါမှ အလေ့အကျင့်ရပြီး နေတတ်သွားလိမ့်မယ်။ :)

ရေယုံပေါက်ရင် ရွတ်တဲ့ ဂါထာရှိတယ်။
ရေယုံ ရေယုံ ဆွေ့ဆွေ့ခုန်
ဆိုလားမသိဘူး ... မေ့သွားပြီ။

မောင်မျိုး နှုတ်ခမ်းကြီး ရောင်နေတာ ကောင်မလေး ကိုက်တာလို့တော့ မထင်ပေါင်၊ ပျားအုံကို ဒုတ်နဲ့ထိုးလို့ ပျားတုပ်လိုက်တာပဲ နေမှာ :D

ညိမ်းနိုင် said...

ပျောက်သွားပြီလား....ရေယုံ ပြောပါတယ်....:)))

blackroze said...

မောင်မျိုးရေ..

သည်းခံပြီးတော့အားလုံးကိုရှုပ်သွားပါတယ်..

အဲလေ..မှားလို့

သေချာဖတ်သွားပါတယ်..

ခင်တဲ့အမ... blackroze..

တောက်ပကြယ်စင် said...

အရှင်းထဲမှာ ရှုပ်အောင်နေတဲ့ အဲ ဟုတ်ဖူး အရှုပ်ထဲမှာ ရှင်းအောင်နေပြောတာ...(ဖတ်လို့ကောင်းပါတယ်...ရယ်လည်းရယ်ရတယ်...သနားလည်းသနားမိတယ်...ဘာလို့သနားလည်းဆိုတော့...ဆေးလိမ်းပေးဖော်တောင်မရှိဘူးဆိုလို့...တကယ်လားနော်...)ကျန်းမာပျော်ရွှင်ပါစေ...

ဟန်ကြည် said...

လက်မှတ်လုပ်တာ ၄၀၀၀ လောက်ပဲကုန်တာ တော်သေးတာပေါ့...တစ်ချို့များဆို ၆၀၀၀ လောက်ကုန်တယ်ဆိုပဲ...ဘာစနစ်ပဲ ကျင့်သုံးကျင့်သုံး အားလုံးကတော့ လူတွေချည်းပဲမို့ လူကျင့်တွေပျောက်ဖို့တော့ တော်တော်လေးခက်သကိုး...ကိုင်း...လက်မှတ်ကလေးလဲရပြီဆိုတော့ ဘန်ကောက်လေး၊ မဟာချိုင်ကလေးဘက်လှည့်ပြီး နှုတ်ခမ်းအလှပြိုင်ပွဲဝင်ဖို့ စိုင်းပြင်းပေတော့...

Angelhlaing(May everybody be happy and healthy! said...

အရှုပ်လေးတွေ လာဖတ်သွားတယ် ကိုမျိုး..:)

မိုးခါး said...

ယခုလိုပြုရ ကုသလကြောင့် .................
သာဓု အဲ ဟုတ်ပါဘူး .. :D

ညီလင်းသစ် said...

အရှုပ်တွေ ဖတ်ရပေမယ့် မောပြီး ကျန်မနေခဲ့ဘူးဗျ၊ လူတခု ပူမှုရယ် အထွေထွေလို့ ဆိုကြတာကိုး...၊ ဒီလောက်တော့ ရှိမှာပေါ့..ဟုတ်ဖူးလား? ဘလော့ဂ်မှာ ရသစာ၊ သုတစာ ရေးမှရယ် မဟုတ်ပါဘူးဗျာ၊ အခုလို နေ့စဉ်ဘဝတွေကလည်း စိတ်ဝင်စားဖို့ ကောင်းတာပဲ..။

ချော(အစိမ်းရောင်လွင်ပြင်) said...

အကြွေးရှိလို့ ဝဋ်ရှိလို့ပေးရတယ်လို့မှတ်း)
ဘာတွေများ ရှုပ်နေတာတုန်း
ကောင်မလေးအကိုက်ခံရတယ်လို့ ထင်ခံရတာ နည်းသလားနော်

Crystal said...

အစ်မလည်း ထင်နေတယ် ဖေ့ဘွတ်မှာ တင်ကတည်းက ပြောမလို့၊ ထိုင်းမလေးတွေက သွက်က သွက်နဲ့ဟာ...

စော(အဝါရောင်မြေ) said...

တစ်ခါ တစ်ခါ အဲလို ရှုတ်နေတာက ကိုယ်အလုပ် ရှိနေသေးတယ်လို့  သိနေရတာ မဟုပ်လား။
မရီနိင်တဲ့ အချိန် ရီစရာတွေ့ ရတာလည်း ကံပေါ့ဟယ်

စော(အဝါရောင်မြေ) said...

အဲ အဲ လောကပေါ့ဟယ်

Anonymous said...

အကိုပျောက်သွားပြီလား နည်းပြောပြပါဦး
(သူငယ်ချင်းအသစ်)

LinkWithin

Related Posts Plugin for WordPress, Blogger...