Monday, July 4, 2011

စိတ်အပန်းဖြေနည်း

အခက်အခဲတွေကြုံတဲ့အခါ မင်းစိတ်ကို ဘယ်လို အပန်းဖြေလဲ အဲဒီအကြောင်းလေးရေးဖူးလား ..... ဒါက ကျနော့်ရဲ့ သူငယ်ချင်းပေးတဲ့ ခေါင်းစဉ်လေး စာရေးပျင်းနေတဲ့ ကျနော့်အတွက် သူမေးတဲ့ မေးခွန်းလေးက ပို့စ်တစ်ပုဒ်လောက်တော့ ရနိုင်ကောင်းပါရဲ့ ပေါ့း) ကျေးဇူးပါ ဆရာဝံ ။

အမှန်တိုင်းဝန်ခံရရင်တော့ ပညာဝမ်းစာလည်း ပြည့်တယ်ရယ်မဟုတ် နောက်တော့ အာဘောင်အာရင်းသန်သန်နဲ့ စကားကိုလည်း လိုက်လျှောညီထွေအောင်မပြောတတ်တဲ့ ကျနော့်မှာ အခက်ခဲတွေ အများကြီးရှိပါတယ် ဒါပေမယ့်လည်း ဒါကပဲ ဘ၀ရှင်သန်းရေးအတွက်ဆိုတော့ ကြိုးစားရတာပါပဲ အရင်က စကားဆိုရင် ကျယ်ကျယ်ပြောရမှာ ရှက်တယ် အခုတော့ တစ်ချို့နေရာတွေကျ မကျယ်လို့မရတော့ ကျယ်ကျယ်ပြောတတ်လာပြီ ။ ကျနော့်မှာ အခက်ခဲ အများစုက မပွင့်လင်းတာပါ မြုံစိစိနိုင်တာပေါ့ တစ်ချို့တွေကိုကျ ပြောမနေချင်လောက်အောင် စိတ်ပျက်ဖူးတယ် အဲ့တော့ ပြောမနေတော့ဘူး ဒီလိုအခါမျိုးဆိုရင်တော့ ဘာမှမဟုတ်တော့သလို စိတ်ကို ဒုံးဒုံးချပစ်လိုက်ပါတယ် တကယ်တော့ ဘာမှမဟုတ်တာမဟုတ်ပါဘူး ပြီးတော့ အလုပ်မှာ ပြသနာပေါ်ရင်လည်း ကိုယ့်ပါသာပဲ အနစ်နာခံ လိုက်တယ် ဒါက ဟီးရိုးဖြစ်ဖို့ ဆရာကြီးလုပ်ချင်လို့စိတ်မျိုးနဲ့လည်းမဟုတ်ဘူး စုပေါင်းအလုပ်ပေမယ့် အလုပ်ရှင်က “ဘယ်သူ့မှာ တာဝန်ရှိလဲ ” လို့မေးလိုက်တိုင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေထဲ ကျနော်က ကျနော်ပါလို့ ၀န်ခံတတ်ပါတယ် ။ အဲ့လိုတွေဖြစ်ပြီးရင်တော့ ကျနော့်စိတ်ကို ကျနော် အပန်းဖြေပုံမျိုးက စိတ်ဆိုးတဲ့မျက်နှာလည်းမပေါက်ပဲ တစ်ရုံးလုံးနဲ့ ဘယ်သူ့ကိုမှ စကားမပြောပဲ ၂ ရက်လောက် ကိုယ့်အလုပ်ပဲ ကိုဖိလုပ်နေလိုက်ပါတယ် ဒါက အပန်းဖြေနည်းတစ်မျိုး ။


နောက်တစ်နည်းက ကျနော် တအားစိတ်ညစ်လာပြီဆို ခေါင်းလျှော်တာပါ ဇိမ်ခံတာကို အပိုအလုပ်တွေလို့ထင်ပေမယ့် ကိုယ့်ခေါင်းကြီးတစ်ခုလုံး အုံခဲပြီး ပေါက်ထွက်တော့မလို စိတ်ညစ်စရာကြုံတိုင်း ကျနော်ကတော့ ခေါင်းလျှော်ဆိုင်ကိုပြေး ပြီးတော့ ခေါင်းလျှော်တတ်ပါတယ် ပြီးတော့ တိုကပ်နေတဲ့ ဆံပင်လေးကိုလည်း နည်းနည်းလောက်ဖြစ်ဖြစ် ညှပ်လိုက်ရမှ မဟုတ်ရင် ကျနော့်ခေါင်းပေါ်က ဆံချည်တစ်မျှင်ဟာလည်း သံချောင်းတစ်ချောင်းလောက်လေးနေတယ်လို့ ခံစားရပါတယ် ။ ချစ်သူကတော့ပြောသား “ မောင်ကလေ ဆံပင်ရှည်လေးနဲ့ဆို ဟိုကိုးရီးယား မင်းသားလေးနဲ့ သိပ်တူတာ မောင်ရဲ့ ”တဲ့း) ဒါပေမယ့်လည်း ကျနော်ကတော့ ဆံပင်ရှည်လာတာနဲ့ ခေါင်းကြီးက လေးလာပါပြီး အဲ့တာကြောင့် ကျနော် စိတ်ညစ်တိုင်း စိတ်ကိုအပန်းဖြေတဲ့ နောက်တစ်နည်းက ဆံပင် ညှပ် ခေါင်းလျှော်တာပါ ။ ခေါင်းလျှော်ရင်လည်း ခေါင်းကိုက်မပြေသေးရင် အားမနာ လျှာမကျိုး “ အစ်မ ..ကျနော့်ကို နာနာလေးဆွဲပေးပါဗျာ ” နားထင်ကြော ဇတ်ကြောပြောပါတယ် ။


ပြီးတော့ အိပ်ယာထဲ ခွေတတ်တဲ့ အကျင့်လည်း ရှိသေးတယ် နေတွေထိုးနေပေမယ့် လုံးဝမထပဲ ခွေနေတာမျိုးပါ ပြီးတော့ မျက်နှာမသစ် သွားမတိုက်သေးပဲလည်း ဘေးနားက ရေပုလင်းထဲကရေတွေ ဗိုက်ကြီးတင်းသွားအောင် သောက်ပစ်လိုက်တယ်
ပြီးရင် ပြန်အိပ်တယ် အခန်းတစ်ခုလုံးကိုလည်း ပွနေအောင်ဖွထားလိုက်တယ် ဖတ်ပြီးသား စာအုပ်တွေထဲက ကာလာပင်လေးတွေနဲ့ တားထားတဲ့ စာကြောင်းတွေပြန်ဖတ်တယ် ။ သီချင်းနားထောင် ပြီးတော့ ဟာသလိုင်းတွေ ကြည့်ပါတယ် ကျနော့်စိတ်က တစ်မျိုးတော့ကောင်းတယ်ပြောရမလားမသိ ကြာကြာ စိတ်မညစ်တတ်ပါ စိတ်ညစ်စရာတွေ ခေါင်းထဲ ရှိပေမယ့်လည်း ရယ်စရာတစ်ခုတွေ့လို့ စိတ်လွတ်ကိုယ်လွတ် ရယ်မောပစ်လိုက်ပြီဆိုရင် ခေါင်းထဲမှာ ခဲနေတဲ့ ခေါင်းခဲစရာတွေက ကြက်ပျောက် ငှက်ပျောက် ပျောက်သွားတတ်တာပါ ။


အမှန်တိုင်းဝန်ခံရရင်တော့ ကျနော့်စိတ်က တော်တော်နုပါတယ် ခံစားလွယ်တာပါ အဲ့တာကြောင့် ကိုယ့်စိတ်ကိုယ် သိတဲ့အတွက် ခံနိုင်ရည်မရှိနိုင်လောက်ဘူးထင်တဲ့ စိတ်ညစ်စရာမျိုးတွေ တော်တော် ရှောင်ပါတယ် နောင်တဆိုတာကလည်း နောင် မှ တ ရတာမျိုးမဟုတ်လား အဲ့တော့ အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် ကိုယ့်ရဲ့ စိတ်ထွက်ပေါက်လို့ထင်တဲ့ အပန်းဖြေမှုတစ်ခုကို လုပ်တော့မယ်ဆိုရင် တော်တော် စဉ်းစားပါတယ် ကိုယ်မသေချာဘူးထင်တဲ့ အလုပ်မျိုး စိတ်ညစ်ရမယ့် အလုပ်မျိုးဆိုရင် ရှောင်ပါတယ် နောက်တော့ ကျနော့်အနီးနားက သူငယ်ချင်းတွေကို ဖွင့်ပြောတိုင်ပင်တယ် “ ငါတော့ ဒါမျိုးလေး လုပ်ဖို့တွေးထားတယ် မင်းအနေနဲ့ဆိုရင်ကော ဘယ်လိုမြင်လဲ အကြံပေးနိုင်မလား ” အဲ့လိုပေါ့ ကံကောင်းတာတစ်ခုကလည်း အဲ့လိုမျိုးဖွင့်ပြောတိုင်ပင်နိုင်လောက်တဲ့ သူအနည်းကျင်းလေး ကျနော့် နားမှာ တကယ်ရှိနေသေးတာပါ ။ အဲ့တာကြောင့် အခက်ခဲအကြီးကြီးတွေ ကျနော့်မှာနည်းပါတယ် ။ အမြတ်များများလိုချင်ရင် များများရင်းရမယ်ဆိုတဲ့စကားမှန်ရင်တော့ ကျနော်စွန့်စားမှုတွေနည်းလို့ အောင်မြင်မှုတွေ နည်းနေနိုင်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါရဲ့။

အဆုံးသတ်နိဂုံးချုပ်ရရင်တော့ကျနော် စိတ်ညစ်တဲ့ အခါတိုင်း အခက်ခဲကြုံတဲ့အခါတိုင်း ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်ပဲ အဲံ့အချိန်အတောအတွင်းလေးမှာ ကိုယ့်စိတ်ထဲရှိတာလေး လုပ်လိုက်ရခြင်းပါပဲ မေးကြီးနှစ်ဖက်ထောက် ခေါင်းစုတ်ဖွားကြီးနဲ့ အူတူတူနေတဲ့ပုံစံမျိုး ။ လမ်းလျှောက်ရင် လှုပ်စိလှုပ်စိနဲ့ တစ်လှမ်းချင်း တွေးချင်ရာတွေး ငေးချင်းရာငေးနေတဲ့ ပုံစံမျိုး ။ ဟောက်လို့ရမယ့်ထင်တဲ့သူတွေကို နည်းနည်းဖိဟောက်တတ်တာမျိုး ။ ရေအကြာကြီးချိုးတတ်တာမျိုး ။ မှန်ကြည့်ပြီး နှာခေါင်းပေါက်ထဲက နှာခေါင်းမွှေးတွေ နှုတ်တာမျိုး ရွဲ့လိုက်စောင်းလိုက် မျက်နှာအမူယာ အမျိုးမျိုးလုပ်ပြီး ၀က်ခြံညှစ်တာမျိုးတွေက ကျနော့်ရဲ့ စိတ်အပန်းဖြေနည်းတွေပါပဲ ။ အားလုံးလည်း အခက်ခဲအနည်းဆုံးနဲ့ စိတ်ချမ်းသာမယ့် စိတ်ညစ်ပြေမယ့် အပန်းဖြေနည်းလေးတွေ တွေ့ပါစေလို့ ဆုတောင်းပါတယ်ခင်ဗျာ ။



15 comments:

Anonymous said...

I would eat a lot if I am stressful!!!
Mon Petit Avatar

Angelhlaing(May everybody be happy and healthy! said...

တော်တော်များများ တူတယ်ကိုမျိုး...ဥပမာ.. "စိတ်ဆိုးတဲ့မျက်နှာလည်းမပေါက်ပဲ တစ်ရုံးလုံးနဲ့ ဘယ်သူ့ကိုမှ စကားမပြောပဲ ၂ ရက်လောက် ကိုယ့်အလုပ်ပဲ ကိုဖိလုပ်နေလိုက်ပါတယ် ဒါက အပန်းဖြေနည်းတစ်မျိုး ။" " အိပ်ယာထဲ ခွေတတ်တဲ့ အကျင့် "၊ " လမ်းလျှောက်ရင် လှုပ်စိလှုပ်စိနဲ့ တစ်လှမ်းချင်း တွေးချင်ရာတွေး ငေးချင်းရာငေးနေတဲ့ ပုံစံမျိုး ။ ဟောက်လို့ရမယ့်ထင်တဲ့သူတွေကို နည်းနည်းဖိဟောက်တတ်တာမျိုး ။" .. " ဟာသကားတွေ ကြည့်တာမျိုး " ...:):):)

ညီလင်းသစ် said...

ပိုပိုပြီး ရှုပ်ထွေးပွေလီလာတဲ့ လောကကြီးထဲ စိတ်ကို ဘယ်လိုအပန်းပြေစေမလဲဆိုတာ တကယ့်ကို လူမှုဘဝ လိုအပ်ချက်ပါပဲ ညီရေ..၊ လူတိုင်းဟာ စိတ်ညစ်စရာတွေ ကြုံကြရပေမယ့် အဲဒီညစ်ညူးစရာတွေကို ဘယ်လို ပြေပျောက်စေမလဲလို့ လူတိုင်းကတော့ မသိပါဘူး၊ ညီရဲ့ အဖိုးနည်းဝန်ပါ နည်းလေးတွေက ရိုးရိုးရှင်းရှင်းနဲ့ ထိရောက်ပုံပါပဲ၊ သောကအမောတွေ နည်းနိုင်သမျှ နည်းပါစေ ညီရေ...၊ နည်းလေးတွေ ဝေမျှတာလည်း ကျေးဇူးပါဗျာ..။

Anonymous said...

ခေါင်းလျှော်ပြီးဇိမ်ခံတာ တူတယ် ... ဆံပင်တော့ညှပ်ပါဘူး။ မနည်းအရှည်ထား ထားရတယ်။ နှမြောတယ်။ ;)

ခင်မင်စွာဖြင့်
ရတနာ

တောက်ပကြယ်စင် said...

မောင်မျိုးရေ ဆ၀ါဒီခပ်ဟေ့...

အင်း...မောင်မျိုးရဲ့ စိတ်အပန်းဖြေနည်းတွေ ကြိုက်တယ်
ဘုန်းဘုန်းလည်း စိတ်ညစ်လာရင် ဆိုင်ပြေးပြီး ခေါင်းလျှော်ဦးမှ...(ဟား ဟား...)
နောက်ဆုံးနည်းလေးလည်း ကြိုက်တယ်...
ရွဲ့လိုက်ဇောင်းလိုက် မျက်နှာအမူအရာမျိုးလုပ်ပြီး ၀က်ခြံညစ်တတ်တာ...တဲ့။
ဆုတောင်းလေးက တကယ်လှလို့လား ဘုန်းဘုန်းက
အဲဒီလိုပဲ ဆုတောင်းတတ်တယ် (ဟိ ဟိ)

ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေနော့...
ခင်မင်လျက်...

mstint said...

မောင်မျိုးက ဘလော့ဂ်ဂါတစ်ယောက်ဆိုတော့ အကြံဉာဏ်လေးပေးမယ်နော်။ စိတ်ညစ်တဲ့အခါ အန်တီ့ဘလော့ဂ်ကိုသွားပြီး မေတ္တာပို့နည်း အမျိုးမျိုးဆိုတာ စမ်းဖတ်ကြည့်ပါလား။ နည်းနည်းတော့ကြာမယ်။ ဒါပေမယ့် မောင်မျိုးအတွက် အနည်းဆုံးတော့ သောကတွေ လျော့သွားပြီး အကျိုးရှိမှာပါကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မေဓာဝီ said...

စိတ်အပမ်းဖြေတဲ့ နည်းတွေထဲ ကြော်ငြာကလဲထိုးသေး ကိုရီးယားမင်းသားလေးရယ်။ :))
ခေါင်းရှုပ်ရင် ဆံပင်ညှပ် ခေါင်းလျှော် ... အဲဒါတူတယ်။ ဒါပေမဲ့ ဘိလပ်မှာ ဈေးကြီးလို့ ရောက်ကတည်းက ဆံပင်ညှပ်ဆိုင် တခါမှ မသွားဘူး။ ဆိုင်မှာ ခေါင်းလျှော်ဖို့ ဝေးရော။
စိတ်နုတာ ခံစားလွယ်တာလဲ တူပါပေ့။ ဘလော့ဂါတွေ ဒါမျိုးချည်းလား မသိဘူး။ :) ရေအကြာကြီး ချိုးတာ တူပေမဲ့ မှန်ကြည့်ပြိးတော့ နှာခေါင်းမွှေး တခါမှ နှုတ်ဖူးဘူး။ ရွဲ့လိုက်စောင်းလိုက်လဲ ၀က်ခြံမညှစ်ဖူး။ အဲလိုလုပ်နေတဲ့ မောင်မျိုးပုံစံ မြင်ယောင်ပြီး ရယ်နေရတယ်။

ညိမ်းနိုင် said...

စိတ်အပန်းဖြေနည်းတွေကလည်းစုံလို့ပါလား...နန်းမတော်
မောင်နုရဲ့....:) ဘာပဲပြောပြော အရက်မသောက်တာ..၊
ဟိုမသွားတာ...:)))၊တခြားတခြားသော နည်းလမ်းတွေနဲ့
စိတ်ညစ်မဖြေတာကတော့ ချီးကျူးစရာ....။
ဒါနဲ့စကားမစပ် နာထင်ကြော်ဆိုတာ နလင်ကျော် နဲ့ ဘာ
ပတ်သက်သလဲဟင်.....:D :)))))

ဟန်ကြည် said...

စိတ်ညစ်ဖြေနည်းတွေ ကောင်းသားပဲ...ဆရာတော့ စိတ်ညစ်ရင် ဟာသစာအုပ်တွေဖတ်၊ ဟာသရုပ်ရှင်တွေ ထိုင်ကြည့်၊ ဒါမှမဟုတ်ရင်လည်း အလုပ်နဲ့လက် မပြတ်အောင် လုပ်နေလိုက်တယ်...နောက်တစ်ပုဒ်ကျရင်တော့ စိတ်တိုပျောက်နည်းလေးလုပ်စမ်းပါဦး...နမူနာယူရအောင်လို့...

Anonymous said...

ကိုးရီးယား မင်းသားလေး
မောင်မျိုး ရဲ့
တစ်မူထူးခြားတဲံ
စိတ်အပန်းဖြေနည်းတွေကို
လာဖတ်သွားပါတယ် .. ;))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ချော(အစိမ်းရောင်လွင်ပြင်) said...

ိကိုးရီးယားမင်းသားလေးနဲ့တူတယ် လို့ပြောတဲ့ မောင်မျိုးရဲ့ချစ်သူကလည်း ကိုးရီးယားမင်းသမီးနဲ့များ တူနေမလားဘဲနော်း)
အပန်းဖြေနည်းတွေ စုံလှချည်လား
ကိုယ့်ရဲ့စိတ်ညစ်ညူးစရာတွေကို ကြာကြာမထားဘဲ ခုလိုဖြေလျှော့တဲ့နည်းကလေးတွေနဲ့ စိတ်သက်သာအောင် နေနိုင်တာကိုက ချီးကျူးစရာပါ
တစ်ချို့တွေဆို စိတ်ညစ်စရာကို ရင်ထဲမှာ အကြာကြီး မွေးမြူထားတတ်တယ် .. လွယ်လွယ်နဲ့ မဖြေဖျောက်နိုင်ဘူး။ ဒီလိုကျတော့ ကိုယ့်အတွက်ရော ကိုယ့်ပတ်ဝန်းကျင်အတွက်ပါ မကောင်းပါဘူး။ မောင်မျိုးတစ်ယောက် စိတ်ညစ်စရာတွေပျောက်ပြီး ပျော်ရွှင်ချမ်းမြေ့ပါစေ..

ကိုထွဋ် said...

စိတ်ညစ်ရင်ဘာမှမလုပ်နဲ့ကွယ်..

ဒီအတိုင်းသာနေ..အဲ စိတ်ညစ်စရာ ကြီးကိုတော့ သွားမတွေးမိစေနဲ့...

သောကတွေပျောက် ပြီး ရွှင်လန်းချမ်းမြေ့ပါစေ..

အင်္ဂါဟူး said...

ကိုမောင်မျိုးရဲ့ စိတ်အပန်းဖြေနည်းတွေက လည်း အဟုတ်သားပါလားဗျာ.....

အစ်မရေ ကျွန်တော့ကို နာနာလေး ဆွဲပေးစမ်းပါ (ဇက်ကြော) အင်းးးးးးးး

ကိုရီးယာမင်းသားနဲ့ မတူရင်နေပါစေ။ ခေါင်းလေး မခံပါနဲ့ ဆံပင်အတိုနဲ့လည်း ကိုမောင်မျိုးက ခန့်ချောကြီးပါဗျ။

slasu said...

ici Prada Dolabuy visitez le site réplique louis vuitton répliques de sacs consultez ici ce formulaire de contact

Anonymous said...

Homepage Ysl replica Continue replica gucci bags browse around this web-site Dior Dolabuy

LinkWithin

Related Posts Plugin for WordPress, Blogger...