Saturday, July 9, 2011

About me (Maung Myo)



ရေးထားပြီးမှ ပျောက်သွားလို့ မရေးတော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ပို့စ် ။ ခင်ရတဲ့သူတွေမို့ အပင်ပန်းခံ ဟိုလှန် ဒီလှန် ဟိုမေး ဒီမေးနဲ့ရေးထားရတာလေးပါ မေးတာတစ်ခြား ဖြေတာတစ်ခြားတွေလည်း ရှိချင်ရှိမှ တက်သလောက်လေးဖြေထားပါတယ် ။

WHAT WAS YOUR:

1. last beverage = ရေ

2. last phone call = အကြွေးတောင်းတဲ့ဖုန်း

3. last text message = မရှိဘူး

4. last song you listened to = ไม่มีสิ่งไหน ( စုံတွဲ သီချင်းလေး တော်တော်ကောင်းတယ် )

5. last time you cried = မငိုပါဘူး ။

HAVE YOU EVER:

6. dated someone twice = တစ်ခါမှတောင် မ date ဖူးဘူး အဟုတ် ။

7. been cheated on = မုသားမပါ လကာင်္မချောတဲ့ သူများအကျိုးမထိခိုက်မယ့် စကားမျိုးဆိုရင်တော့ လိမ်ပြောပါတယ် ။

8. kissed someone & regretted it = ဖက်ခေါင်းအုံး ( အစွပ်က မလျှော်တာကြာလို့ နည်းနည်းတော့ နံနေတယ် ။

9. lost someone special = အင်းး ဖြစ်ဖူးသလိုပဲ ဒါမယ့် ပြန်တွေးမိတိုင်း လွမ်းတသသလေးနဲံ့ တော်တော် ခံစားလို့ကောင်းတဲ့ အရသာလေးပါပဲ ။

10.been depressed = ဖြစ်တယ် ။

11.been drunk and threw up = စိတ်ညစ်တော့ သောက်တယ် သောက်တော့ ပိုက်ဆံကုန်တယ် ပိုက်ဆံကုန်တော့ ပိုစိတ်ညစ်တယ် ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ ။

LIST THREE FAVORITE COLORS:

12.အဖြူရောင်

13. အနက်ရောင်

14. အပြာရောင်

LAST YEAR (2010), HAVE YOU:

15. Made a new friend = သူငယ်ချင်းတွေအများကြီးရလိုက်ပေမယ့် တကယ်ခင်လို့ရတာ နည်းပါတယ်။

16. Fallen out of love = ပလုံခနဲပဲ ။

17. Laughed until you cried = ဗိုက်နာတဲ့အထိ ရယ်ဖူးတယ်

18. Met someone who changed you = တစ်ယောက်ယောက်ပေါ့

19. Found out who your true friends were = Yaw NaThan (ချစ်ကိုတင့်)

20. Found out someone was talking about you = ပြောကြပါစေ ။

21. Kissed anyone on your FB friend's list = နမ်းစရာလား ပေါက်ကရမေးခွန်းတွေ ( သူနမ်းဖူးလို့ဖြစ်မယ် မော်နီတာမှာ နှုတ်ခမ်းယာကြီးတွေ့တယ်း))

GENERAL:

22. How many people on your FB friends list do you know in real life = ၃-၄ ယောက်လောက်ပါပဲ ။

23. Do you have any pets = မရှိပါဘူး

24. Do you want to change your name = ဒါပဲကောင်းပါတယ်

25. What did you do for your last birthday = မနက်စောစောထ ဘုန်းကြီးဆွမ်းလောင်းပါတယ် ။

26. What time did you wake up today = ၉ နာရီမှထတယ် အလုပ်တက်ချိန်က ၈ နာရီပါ ဒါမယ့် ဘော့စ်မရှိတော့ နဂါးမင်းစည်းစိမ် ခံစားပစ်လိုက်တာ .

27. What were you doing at midnight last night = ခလော ခလော

28. Name something you CANNOT wait for = Toilet အရမ်းဝင်ချင်တဲ့အချိန်

29. Last time you saw your Mother = ပြီးခဲ့တဲ့လက အမေ အလည်လာသွားသေးတယ် ။

30. What is one thing you wish you could change about your life = ဒီတိုင်းလေးလည်း အဆင်ပြေပါတယ်လေ လိုချင်တာတွေ များလေ ပူလောင်လွန်းလို့ ။

31. What are you listening to right now = အဲကွန်းက လေထွက်တဲ့အသံ

32. Have you ever talked to a person named Tom? = နားမလည်လို့မဖြေတတ်ဘူး

33. What's getting on your nerves right now = ဗလကြီးက တအားတောင့်တာ ဆိုတော့ အဲ့တာကတော့ ယုံလိုက်ပါး) ဘယ်သူကြည့်ကြည့် မကြည့်ကြည့် ခပ်တည်တည်နဲ့ ဖေ့ဘွတ် မှာစာရေးနေတယ် ဘာဖြစ်လဲ အဲ့တာလည်း သတ္တိ ပဲဟုတ် ။

34. Most visited webpage =youtube ကျွန်တော့်ဘ၀ဇတ်ခုံ နဲ့ ဖေ့ဘွတ်ပါ

35. Favorite place to go =မွေးရပ်မြေ နဲ့ ကိုညီလင်းသစ်နေတဲ့မြို့ ( မလေးနေတဲ့မြို့ဆိုပြီး ညီမရတနာ နဲ့ တူတူတော့ သွားလည်ချင်သား အလည်ခေါ်မှာမဟုတ်လို့ ထည့်မရေးတော့ဘူးး))

36. Nickname = မောင်မျိုး ( နာမည်ရင်းက လီယိုနာဒိုဒေးဗစ်မျိုး )

37. Relationship Status = အနားမှာ ဘယ်သူရှိလဲ အနားမှာ ဘယ်သူရှိလဲ ( သရဲ )

38. Zodiac sign =ေ၇အိုးထဲက ရေသွန်ချနေတဲ့ပုံ ( ကုမ်ရာသီဖွားပါ)

39. He or She = ရှိတယ် အများကြီးး

40. Elementary = ခဏခဏရိုက်ခံထိတာပဲ မှတ်မိတယ် ။

41. High School = အရမ်းပျော်ခဲ့တဲ့ကျောင်းသားဘ၀လေးပါ ဘ၀မှာ ရည်မှန်းချက်တွေ အရမ်းတောက်ပခဲ့တဲ့အချိန်ပေါ့ အဲ့လိုစိတ်မျိုး အခုနေပြန်လိုချင်စမ်းပါဘိ ။

42. College = သီဟိုသီးတွေ တက်ခူးစားတာ မှတ်မိတယ် ။ ဖားအောက်တောရကျောင်းက ဘုန်းဘုန်းတွေ ရွာထဲ ဆွမ်းခံကြွတုန်းက ကျောင်းက အားလုံးသွားကြတော့ ဘုန်းကြီးဘေး ဆွမ်းလိုက်ခံပေးရတာလေးလည်း အမှတ်တရပဲ ။ ပြီးတော့ ကျောင်းထဲမှာ ချုံတွေ အရမ်းပေါတော့ အပေါ့သွားချင်ရင်လည်း သိပ်အဆင်ပြေပါတယ် ။

43. Hair color = တစ်ခါခါ စိတ်ပေါက်ရင် နီညိုရောင်လေးဆိုးဖြစ်ပေမယ့် သဘာဝအတိုင်းပဲ နေတာများတယ် ။

44. Long or short = ဘာကိုမေးတာလည်း တိုသလား ရှည်သလားဆိုတော့ အလောတော်ပေါ့ဗျာ (ဆံပင်) ။

45. Eye color = အဖြူ

46. Height = အရပ်ကောင်းတော့ အလောင်းလှတယ်တဲ့ မြန်မာ စကားပုံ စတာ အတည်ပြောမယ် ၅ ပေနဲ့ ၃၆ လက်မပါ ။

47. Do you have a crush on someone? = ဖူးတယ် ဖူးတယ် ဘယ်သူလဲဆိုတာတော့မပြောပြဘူး ( ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ကြည့်တာပါး) အမချစ်ကိုလည်းကျေးဇူး ဟိဟိ

(ပြင်ပေးမယ် မေးခွန်း၄၇ က တယောက်ယောက်ကို စွဲလမ်းရူးသွပ်ဖူးလား လို့မေးတာ...၊ အဲဒါ ပြန်ဖြေ....

အမချစ် :)))

48. What do you like about yourself? = ပျော်စရာတွေ နည်းပါးခဲ့ပေမယ့် ကိုယ့်ကိုယ်ကို ပျော်အောင်နေတတ်လေးနဲ့ သူများကို အပျော်တွေ ကူးစက်စေချင်တဲ့ ရှိတဲ့ စိတ်လေးကို ကြိုက်ပါတယ် ။

49. Piercings = အခု ပရိုဖိုင်ပုံတင်ထားတဲ့ ပုံလေးမှာတော့ရှိတယ် အကြာကြီးရှိတာတောင် အနာကမကျက်ပဲ နာလို့ ဖြုတ်လိုက်ပြီး အခုတော့ နားပေါက်ပိတ်သွားပါပြီ ။

50. Tattoos = ရှိတယ်း) ဂရင်းမော်ဒယ် ဆိုတဲ့ အယ်ဘမ်ထဲမှာ ရှိတယ် သေချာကြည့်ကြည့် အဖြေမှန်ပြောနိုင်တဲ့သူ မုန့်ကျွေးမယ် ။ အကောင်အကြီးကြီးမဟုတ်ပါဘူး ၇ နှစ်သားလောက်တုန်းက မြို့မှာ ပွဲဝင်တော့ အဖွားက တစ်ယောက်ကို မုန့်ဖိုး ၅ ကျပ်ပေးတုန်းက ညီအစ်ကို သွားထိုးကြတာပါ တော်တော်တော့နာတယ် အခု အသက်ကြီးလာတော့ ဒီအရုပ်လေးမြင်တဲ့သူတိုင်းက တအားရယ်ကြပါတယ်း) ။

51. Righty or lefty = ဘယ် ပြန် ညာ ပြန် လား ။

FIRSTS :

52. First surgery = မရှိ

53. First piercing = မရှိ ( 52.53 က ဘာမှန်းမသိလို့ မရှိ မရှိလို့ေ၇းလိုက်တယ် ဟဲဟဲ)

54. First best friend = မျက်မှန်

55. First sport you joined = သာရည်ကွင်းပစ် ။

56. First vacation =အစ်မ အိမ်ထောင်ကျတော့ ယောက်ဖ နေတဲ့မြို့ ရေတာရှည်မြို့လေးပါ ။

57. First pair of sneakers= မမှတ်မိတော့ဘူး

58. First Crush = စိတ်တိုတိုနဲ့ လိမ်မော်သီးကို ညှစ်ထည့်ပစ်လိုက်တော့ အရည်တွေ တတောက်တောက်ကျလို့ပေါ့ ။

59. First girlfriend/boyfriend = ရွာက မိဂျမ်းပါ အဲ့တုန်းက သူ့ကို တရွှတ်ရွှတ်နဲ့ ခိုးခိုးနမ်းတာ နောက်တော့ သူတို့ရွာပြောင်းသွားတယ် သတင်းကြားတာ အခု ခလေး ၃ ယောက်အမေ ဖြစ်နေတယ်ဆိုလားပဲ ။ boyfriend တဲ့ လူဇိုး ဘာတွေလိုက်မေးနေမှန်းမသိ ဇွတ် ။

RIGHT NOW:

60. Eating = ထမင်း

61. Drinking = ရေ

62. Listening to = Brian Mcfadden Like only a woman can

63. Waiting for = လူလစ်ရင် ခိုးအိပ်မလို့

YOUR FUTURE :

64. Want kids? = ခဏခဏဖြေနေရတယ် အမွှာပူးလေးတစ်ပူးလောက်လိုချင်ပါတယ် ။

65. Get Married? = ဆေးပေး မီးယူလေးတော့ လိုချင်သား ဒါမယ့် မရတာက ခက်တယ် ။

66. Career? = ကျောင်းဆရာဖြစ်ချင်ပါတယ်

WHICH IS BETTER :

67. Lips or eyes = မျက်လုံး

68. Hugs or kisses = ခပ်ကြမ်းကြမ်းသာ ဖက်ထည့်လိုက်စမ်းပါ ။

69. Shorter or taller = လာပြန်ပြီ ဒီမေးခွန်းကြီးတွေ မတိုင်းကြည့်တာကြာပြီ မှတ်ပုံတင်ပြန်ရိုက်မှ သေချာမှတ်ထားတော့မယ်

70. Older or Younger = ever 16 ;)

71. Romantic or spontaneous = Romantic

72. Nice stomach or nice arms = ၂ခုလုံး (လောဘကြီးတယ်)

73. Sensitive or loud = တည်ငြိမ်တယ်လို့ထင်တာပဲ တစ်ခါခါ ပေါက်ကွဲရင်တော့ စကားကျယ်ကျယ် အော်ပြောတတ်ပြီး ဖန်ခွက်ခွဲတာတို့ ပန်းကန်ကို အသံကျယ်ကျယ် ဆောင့်ချပစ်လိုက်တာတို့လုပ်ပါတယ် ။

74. Hook-up or relationship = ?

75. Trouble maker or hesitant =း)

HAVE YOU EVER :

76. Kissed a stranger = လူကိုများအထင်သေးလို့ အားတိုင်း ကစ်စ်ပေးနေတယ်ထင်လားမသိ အော်…မေ့လို့ ရှိတယ် ဖက်လုံး

77. Drank hard liquor = Beer

78. Lost glasses/contacts = contacts

79. Sex on first date = ဘာာာာာ ပြောလိုက်ဒယ် ။

80. Broke someone's heart = ၀က်သည်းတို့ ကြက်သဲတို့တော့ကြိုက်တယ် ။ ၀က်သားဒုတ်ထိုး ကို ငရုပ်ဆီပစ်ပစ်နဲ့တို့ရတာလည်းကြိုက်တယ်း) (မေးခွန်းတစ်ခြား အဖြေ တစ်ခြား ဟဟား )

81. Had your own heart broken = ကွဲချင်တာ ကွဲချင်တာ ခွဲမယ့်သူမရှိလို့း)

82. Been arrested = ဟင့်အင်း

83. Turned someone down = ဟင့်အင်း

84. Cried when someone died =း(

85. Fallen for a friend = ဟင့်အင်း

DO YOU BELIEVE IN:

86. Yourself = သိပ်တော့မကြိုက်လှဘူးး

87. Miracles = သရဲကားတော့ကြိုက်တယ် ။

88. Love at first sight = ပြောကြတာပါပဲ သိပ်တော့ မဖြစ်နိုင်ဘူး ။

89. Heaven = ကောင်းကင်ပေါ်က တိမ်တွေကိုချစ်တယ် ။

90. Santa Claus = အမှတ်တရတွေလည်းသိပ်မရှိတော့ မသိပါဘူး ။

91. Kiss on the first date = ဂယ်ကြီးလား စမ်းသပ်ကြည့်အုံးမယ်

92. Aliens= မသိဘူးး(မေးခွန်းတွေနဲ့ အဖြေတွေနဲ့ လွဲနေတယ်တဲ့ တတ်နိုင်ဘူးး))



P>S = ကိုဗညား ဖေ့ဘွတ် မှာ တဂ်ထားတာလေး ဘလော့မှာ ပြန်ကူးတင်လိုက်တာ ရေးစရာ အသစ်မရှိလို့း)




15 comments:

Angelhlaing(May everybody be happy and healthy! said...

41. High School = အရမ်းပျော်ခဲ့တဲ့ကျောင်းသားဘ၀လေးပါ ဘ၀မှာ ရည်မှန်းချက်တွေ အရမ်းတောက်ပခဲ့တဲ့အချိန်ပေါ့ အဲ့လိုစိတ်မျိုး အခုနေပြန်လိုချင်စမ်းပါဘိ ။...ဟုတ်တယ်နော်....အဲဒီအချိန်လေးကို လွမ်းပ :):)

Anonymous said...

အမှန်တွေလားဟင်....

မိုးယံ said...

ဟင်...ဘာတွေလဲဟ... ဘာတွေမှန်းလဲ မသိဘူး။ ငါကိုက နားမလည်တာပါ

mstint said...

အန်တီတော့ ဒီခေတ်ရေစီးကြောင်းကို မလိုက်နိုင်တော့ဘူးကွယ်း))
ပို့စ်ဟောင်းလေးတွေ ဖတ်သွားတယ်။ ပျော်ရွှင်ပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

ညိမ်းနိုင် said...

ဟွင်း.....ဖဘမှာဖတ်ပြီးသားကြီး....ဆားချက်တယ်ဟေ့...:)

မေသိမ့်သိမ့်ကျော် said...

First sport you joined = သာရည်ကွင်းပစ်
Kissed a stranger = လူကိုများအထင်သေးလို့ အားတိုင်း ကစ်စ်ပေးနေတယ်ထင်လားမသိ အော်…မေ့လို့ ရှိတယ် ဖက်လုံး

;D

ရယ်မောပျော်ရွှင်သွားပါ၏။

ခင်မင်လေးစားလျက်

မအိမ်သူ said...

အသက်ရှည်ဆေးထင်တယ် ရီရတယ်။ မေးခွန်းတွေက ဘာဖြစ်လို့ ၁၀၀ ပြည့်အောင်မမေးတာလဲ မသိဘူးနော်။ အမေး ၁၀၀ အဖြေ ၁၀၀ ဆို အောင်မှတ်က ဘယ်လောက်ဖြစ်မလဲ??? :P

မေဓာဝီ said...

ဟမလေးးး
ဖတ်လိုက်ရတာ ဖတ်ဖတ်မော ... ရင်ဘတ်နောက်ကကျော ...
မေးတဲ့လူကလဲ မေးနိုင်တယ်။
ဖြေတဲ့လူကလဲ ဖြေနိုင်တယ်။
အဖြေတွေကလဲ ရယ်ရတယ်။
အမေးတွေကလဲ ရယ်ရတယ်။
အမေးနွားကျောင်း အဖြေ ဘုရားလောင်းတဲ့ ...
မောင်မျိုး ခုဘ၀က စပြီး ဆုကြီးပန်ပေတော့ကွယ် ... ။

ဖြိုးမောင်မောင်(CTM) said...

လူညာကြီး....အကုန်လုံးအမှန်တွေဖြေလေ.......:D

ချစ်ကြည်အေး said...

ဒါကြီး ဖတ်ဖူးပါတယ်လို့ ကြည့်နေတာ...၊ အကြံကုန် မောင်မျိုး ဆားချက်...:)

ဟန်ကြည် said...

ဟေး...ကျောင်းဆရာတော့ မဖြစ်ချင်လေနဲ့ ရှိတဲ့ဆံပင်လေးတွေ ခရမ်းရောင်တောင် ဆိုးနိုင်တော့မှာ မဟုတ်ဘူး...ကျွတ်ကုန်လို့...

ငွေလမင်း said...

eye color က အဖြူတဲ့လား အနက်မဟုတ်ဘူးလား..
အရပ်က ၅ပေ ၃၆ လက်မဆိုတာရော ၃၆ လက်မဆိုတော့ နောက်ထပ် ၃ပေပေါ့..ဒါဆို အရပ်က စုစုပေါင်း ၈ပေပေါ့...အမလေး အရပ်အရှည်ကြီးပေါ့

ညီလင်းသစ် said...

ဒီလောက်များတဲ့ မေးခွန်းတွေကို ညီက တကယ်ပဲ စိတ်ရှည်လက်ရှည်နဲ့ ဖြေထားတာကိုး...၊ နံပါတ် ၈, ၃၁ နဲ့ ၃၆ က အဖြေတွေကို တော်တော်သဘောကျတယ်၊ နံပါတ် ၃၅ နဲ့ ပတ်သက်လို့ကတော့ ကျနော့်ဖက်ကလည်း တကယ့်ကို စိတ်ရှိပါတယ်၊ အကောင်အထည် မဖော်နိုင်သေးခင်မှာ တဖွဖွပြောနေ ရင် အပိုတွေပဲ ဖြစ်နေမှာစိုးလို့ ထုတ်မပြောဖြစ်တာ တခုပါပဲ ညီရာ....။

Than Lae said...

နောက်တစ်ခေါက် ထပ်ဖတ်ပြီး နောက်တစ်ခါ ထပ်ပြုံးမိပါတယ် ... :D

Anonymous said...

;)

မမလဲ့လိုဘဲ နောက်တစ်နောက် ထပ်ပြုံးတယ်။

ခင်မင်စွာနဲ့
ရတနာ

LinkWithin

Related Posts Plugin for WordPress, Blogger...