Monday, June 27, 2011

အိုဘယ့်..ဘလော့ဂါ

ဘလော့ဂါ... သူငယ်ချင်းတွေက မေးတယ် အဲ့တာ ဘာကောင်ကြီးတုန်းတဲ့ ဘာပြန်ဖြေရမှန်းမသိဘူးး) ။ ဒီလိုပဲ ဟိုဒါလေးရေး ဒါလေးရေးပေါ့ဆိုတော့ မင်းကရေးတတ်တယ်ပေါ့လေ တဲ့ မယုံသကာင်္မျက်ဝန်းတွေနဲ့ မချိသွားဖြဲပဲလုပ်လိုက်တော့တယ် ခုချိန်ထိ ကိုယ် ဘာကြောင့်ရေးနေတယ် ဘာလို့ရေးနေတယ်ဆိုတာလည်း သေချာရေရာအောင်ပြောပြမတတ်ဘူးလေ ။ ကိုယ့်စာလေးဖတ်ဖြစ်တယ်ဆိုရင် ၀မ်းသာ ကျေးဇူးတင်မိပါတယ် တကယ်ပါ ပို့စ်လေးဖတ်ပြီ ရယ်ရတယ်လို့ပြောသွားရင် နောက်လည်း ပျော်စရာလေးတွေပဲ ရေးချင်တော့တယ် စိတ်ညစ်စရာတွေ မပေးချင်ဘူး ။

ဘလော့မှာသာ လူက ဟာသလိုလို ပြဇတ်မင်းသားလိုလို အမူယာစုံပေမယ့် အပြင်မှာကျ ကျနော်က တကယ်မခုတ်တတ်တဲ့ ကြောင်ပါး) အစ်ကိုတစ်ယောက်ပြောဖူးသလိုပဲ မသိရင် ရည်းစားနဲ့ချိန်းတာကျနေတာပဲတဲ့ ရှိုးတိုးရှိန်းတိန်းဖြစ်နေလို့ တစ်ချို့တွေ ဖန်သာပြင်နောက်ကွယ်မှာပဲ စာတွေရေးချင်ပြီး အပြင်မှာ အေးဆေးလေးပဲနေချင်ကြတဲ့သူတွေကို ကိုယ်ချင်းစာပါတယ် လုံခြုံတာပေါ့ ကိုယ့်စိတ်ထဲပြောပါတယ် ။အခုကတော့ ကျနော့်အဖြစ် .... အိုဘယ့် ဘလော့ဂါ လုပ်ချင်အုံးဟ ဘလော့ဂါ ပေါ့ ဟဟား ဟိုးအရင်တုန်းက မဲဆောက်မှာ စာလေး ရေးကြတဲ့ ဘလော့ဂါ အချင်းချင်း ၅ ယောက်လောက် စုပြီး ဘီယာလေးနည်းနည်း သောက်ဖြစ်ကြတယ် နောက်ပိုင်းမတွေ့ကြတော့ဘူး တော်တော်ကြာပြီ
ပြီးခဲ့တဲ့ လက အဲ့ထဲက အစ်ကိုတစ်ယောက်က ရုံးကို ကိစ်စလေးနဲ့လာရင် စကားပြောနေရင်းတန်းလန်း သူဖြတ်မေးလိုက်တာ ကိုယ့်မှာ ကြက်သီးတွေပါ ထသွားတယ် “ ခင်ဗျား ဘလော့ရေးတုန်းပဲလား ” တဲ့ ကျနော့်မှာ ဗျာာ ခနဲဖြစ်လို့ ဘယ်လိုသိသလဲပေါ့ အပြင်မှာ ကျနော် ဘလော့ရေးတယ်ဆိုတာ သိတဲ့သူက နည်းတယ်လေ ။

ကိုယ်စာရေးတာကို အပြင်မှာ သိတဲ့သူရှိနေရင် နေရတာ ယားကျိကျိကြီးနဲ့ ဘယ်လိုကြီးမှန်းမသိဘူးဗျ ရှက်တယ်း) ။ပြီးတော့ ကိုယ့်စာမျက်နှာကြီး ကိုယ့်ဘေးမှာ ဖွင့်ဖတ်နေတာတွေ့ရင်လည်း နေရခက်လို့ “ ဟားးး...မဖတ်နဲ့ဗျာ ” ဆိုပြီး အတင်းပိတ်ချတတ်ပါတယ် ။ ရုံးက အစ်မတစ်ယောက်က ကျနော့် ဘလော့ကနေတစ်ဆင့် ဘလော့ဂါ တော်တော်များများကို သိနေပါတယ် ကိုညီလင်းသစ် သားလေးချစ်စရာကောင်းတဲ့အကြောင်း ၊ နေ၀သန့် နောက်ဆုံးပို့စ်က တော်တော်ရယ်ရတဲ့အကြောင်း ၊ နင့်သူငယ်ချင်းတွေ ကော့မန့်က ရယ်ရတယ်ဟ ဆိုပြီး ရယ်နေရင်တော့ ကျနော့်မှာ အနေတွေခက်လို့ ။တစ်ခါ ရုံးက လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို သူ့အသိကမေးတယ်တဲ့ “ မင်းတို့ရုံးမှာ မောင်မျိုး ဆိုတာ ရှိတယ်လား စာတွေ ဘာတွေရေးတယ်ဆိုတာလေ ” အဲ့လိုမေးပြီး သူက အမူအယာနဲ့ ကီဘုတ်ကို လက်နဲ့ နှိပ်သလိုမျိုး ဒါတွေ ဒါတွေ လုပ်တယ်ဆိုလို့ မေးတော့ ရုံးက အစ်ကိုက “ မင်းက မောင်မျိုး လား စာတွေရေးတယ်ဆို ” အဲ့လိုမေးခံရတော့ ဘာမှလည်းမဟုတ်ပဲ စိတ်ဆိုးသလိုလိုနဲ့ “ ဘယ်လိုသိတာလဲ မဟုတ်ဘူး ” အဖြေတွေက ကဘောက်တိ ကဘောက်ချာနဲ့ အိုဘယ့် ဘလော့ဂါ ရယ် ။

ပြီးခဲ့တဲ့ရက်ပိုင်းလောက်က မြို့ကညီလေးတစ်ယောက် မတွေ့တာတော်တော်ကြာပြီ သူနဲ့ အခု အွန်လိုင်းမှာ ပြန်ဆုံတော့ သူက “ အစ်ကိုက ဘလော့ဂါ ကိုမျိုးလား” တဲ့ လန့်ပြန်ပြီး) ပထမတော့ မဟုတ်ဘူးလို့ ညာလိုက်သေးတယ် ဘာလို့မှန်းမသိပါဘူး ရှက်သလိုလိုနဲ့ နောက်မှ သူက နာမည်ကြီင်္း မနိုင်း ရဲ့ ဖေ့ဘွတ်မှာ စာအုပ်လက်မှတ်ထိုးပွဲတုန်းက တင်ထားတဲ့ ပုံကိုတွေ့ပြီးပြောတာဆိုတော့ လိမ်မရတော့ ။သူက အားပေးသွားသေး ကိုယ့်မြို့က ဘလော့ဂါဆိုတော့ အားပေးရတာပေါ့ဗျတဲ့ ။

ဒီလို လန့်စရာလေးတွေ ကြုံပေမယ့်လည်း စာတွေကတော့ ရေးချင်နေတုန်း တစ်ခါတလေတော့ ပြန်စဉ်းစားကြည့်သား ဘလော့ဂါ မောင်မျိုး နဲ့ အပြင်မောင်မျိုးက တော်တော်ကွဲပြားခြားနားတယ်ဆိုတာ ဒီမောင်မျိုးမှာ ပျော်ရွှင်စရာတွေများ အဝေးက အားပေးမယ့် သူငယ်ချင်းတွေများပေမယ့် အပြင်က မောင်မျိုးမှာတော့ ရုန်းကန်ရခြင်း အဆင်မပြေခြင်း တွေနဲ့ အနားမှာ အားပေးဖော်ကင်းမဲ့တဲ့ မတူကွဲပြားခြားနားခြင်းတွေပေါ့ ။




23 comments:

ညီလင်းသစ် said...

အဆိုတော် ဟယ်ရီလင်း နာမည်ကြီးနေတဲ့ အချိန်တုန်းက အင်တာဗျူးတစ်ခုမှာ သူ့ကိုမေးတယ်၊ “ကိုဃကြီး သီချင်းတွေကို အပြင်မှာ ကိုယ့်ဟာကိုယ် ပြန်ကြားရင် ဘယ်လိုခံစားရလဲ” တဲ့၊ သူ့အဖြေက “ရှက်ပါတယ် ခင်ဗျား” တဲ့၊ အခုညီလည်း အဲဒါနဲ့ ခပ်ဆင်ဆင်..၊း) ဆက်သာရေးပါဗျာ၊ ရယ်ရတဲ့ ပို့စ်တိုင်းကို ရယ်ရတယ်လို့ ပြောဖို့ စောင့်နေတာဗျ..။းD

မေဓာဝီ said...

အမယ် ရှက်မနေပါနဲ့အေ ... ဘလော့ရေးတာ ရှက်စရာမှ မဟုတ်ဘဲ။ ဘလော့ဂါဖြစ်ရတာ ဂုဏ်ယူလိုက်စမ်းဘာာာာ :))

Yan Naing Aung said...

အင်တာနက်ပေါ်က ဘလော့ကာ မောင်မျိုးကိုရော မဲဆောက်က မောင်မျိုးကိုရော ထာဝရအားပေးလျက်ပါဗျာ။ ကြိုးစားသူငယ်ချင်းရေ အင်တာနက်စာမျက်နှာပေါ်မှာရော ဘ၀စာမျက်နှာပေါ်မှာပါ ပျော်ရွှင်စရာ၊ ကြည်နူးစရာလေးတွေပဲ ရေးဖွဲနိုင်ပါစေ :)

Aung Than Win said...

စာရေးလို့ စာရေးဆရာလို့ခေါ်တာ မရှက်ပါနဲ့ စာရေးဆရာရယ်......း)

ကမ္ဘာ့ ဖျာ said...

ဘလော့မှာသာ လူက ဟာသလိုလို ပြဇတ်မင်းသားလိုလို အမူယာစုံပေမယ့် အပြင်မှာကျ ကျနော်က တကယ်မခုတ်တတ်တဲ့ ကြောင်ပါ ... တဲ့ ယုံဘူးကွာ။ :))

Nyein Nyein Aye said...

အပြင်မှာဘယ်လိုလဲဆိုတာ တွေ့ ဖူးတဲ့ သူကို သေချာပြန်မေးကြည့်ဦးမှပဲ . . :P

May Zin Aye said...

ဘလော့ဂါ မောင်မျိုး နဲ့ အပြင်က မောင်မျိုး တူပါစေဂျာ...။အမြဲတမ်း ပြုံးရီရယ်မောရင်း ဘ၀ ကို ကျော်ဖြတ်နိုင်ပါစေ။

Aye Kyaw Zan said...

မဟုတ်တာ ( သူတပါးကို ထိခိုက် နစ်နာစေတာ ) မလုပ်သရွေ့ ဘာမှ ရှက်စရာ မလိုဘူး ထင်တာပဲ မောင်မျိုး ..

အင်္ဂါဟူး said...

ရှက်စရာမှ မဟုတ်တာဗျာ.. ဒေါ်လေးမေ ပြောသလို ဂုဏ်ယူလိုက်စမ်းဘာာ။

ပြီးတော့ အနားမှာလည်း အဖော်မွန်တစ်ယောက် အမြန်ရပါစေဗျာ။

Phyo Evergreen said...

နာမယ်ကျီး ကိုမျိုးဖြစ်နေပါလား..။ မရှက်နဲ့နော်..။

San San Htun said...

ဘလော့ဂါ ဖြစ်ရတာ ဂုဏ်ယူလိုက်စမ်းပါ ။ အတွေးကောင်း၊အရေးကောင်းဖို့ ဆိုတာ လူတိုင်း မလုပ်နိုင်တဲ့ အလုပ်။ စာဖတ်သူတွေကို အတွေးကောင်းတွေ၊ ရယ်မောအောင် လုပ်ဖို့ ဆိုတာ အတော် မလွယ်ကူတဲ့ အလုပ်။ ဆက်ရေးပါ ရှက်မနေပါနဲ့ ။ အားပေးနေပါတယ် ခင်ဗျား :)။

ဟန်ကြည် said...

အာ...မရှက်ပါနဲ့...နောက်ဆိုရင် စာပေဟောပြောပွဲတွေမှာ ဘလော့ဂါတွေကိုပါ ဖိတ်ပြီး ဟောပြောခိုင်းချင်ခိုင်းနေမှာ...အခုကတည်းက ရှက်ကြောကို မသိမသာ ဖြတ်ထားပေတော့...သူများလာမေးရင်လည်း...အေး...ကိုယ့်ဖာသာကိုရေးတာ ဘာဖြစ်လဲ...ဘာဖြစ်လဲလို့ ပြန်ဖြေလိုက်ပေတော့...အစစအရာရာ အဆင်ပြေပါစေဗျား...

Angelhlaing(May everybody be happy and healthy! said...

ကိုမျိုးရေ အပေါ်က ကိုကို၊မမတွေ ပြောသလိုပဲ အားငယ်နဲ့နော်... ကြီုးစား..ဘလော့ဂါ ကိုမျိုး ကွ:):)
အားပေးလျှက်ပါ ..ကိုမျိုး။

မေသိမ့်သိမ့်ကျော် said...

ကိုမျိုးကို သိပြီပေါ့။း) အိုဘယ့်ဘလော့ဂါ။


ခင်မင်လေးစားလျက်

ဆွေလေးမွန် said...

ဒါတော့တူတယ် ဆွေလေးလဲ ဘလော့ရေးတာရင်းနှီးတဲ့ သူတွေမသိစေချင်ဘူး
ရှက်သလိုလို..

ဒါပေမယ့် ဆက်သာရေးပါ ကိုမျိုးရေ ..
အားပေးလျှက်ပါ

နေ၀သန် said...

အဲဒီ့ ရှက်ထှဲ့မျက်နှာကြီး မြင်ချင်လိုက်ထှာ... :P

sonata-cantata said...

နောက်ဆုံးနိဂုံးလေး
...ဘလော့ဂါ မောင်မျိုး နဲ့ အပြင်မောင်မျိုးက တော်တော်ကွဲပြားခြားနားတယ်ဆိုတာ ဒီမောင်မျိုးမှာ ပျော်ရွှင်စရာတွေများ အဝေးက အားပေးမယ့် သူငယ်ချင်းတွေများပေမယ့် အပြင်က မောင်မျိုးမှာတော့ ရုန်းကန်ရခြင်း အဆင်မပြေခြင်း တွေနဲ့ အနားမှာ အားပေးဖော်ကင်းမဲ့တဲ့ မတူကွဲပြားခြားနားခြင်းတွေပေါ့ ။
က အိုဘယ့် ဘလော့ဂါ လို့ ပြောသွားတာပါ...

မအိမ်သူ said...

အိုဘယ့် ဘလော့ဂါ .. အစထဲက ရှက်တတ်ရင်လဲ သိသာသိစေ မမြင်စေနဲ့ပါလားကွယ်။ အခုတော့ ကိုယ့်ရုပ်ကို ဘလော့ဂ်ပေါ်တင် ကြော်ငြာထားပြီးမှ လူသိတာကို ရှက်နေရသေးလားကွဲ့.. :D
ကြော်ငြာပြီးမှတော့ ရှက်စရာမဟုတ် ဆက်သာလုပ်ပါ မောင်မျိုးလေးရေ..

အဖြူရောင်နတ်သမီး said...

ဟဲလို.. ဘလော့ဂ်ကာ ကိုမျိုးရှိပါသလားရှင်... ဘလော့ဂ်ကာ စာပေဟောပြောပွဲမှာ ဟောပြောပေးဖို့ လာဖိတ်တာပါ...

ဟဲလို... မော်ဒယ်လ်ကိုမျိုးရှိပါသလားရှင်... ကမ္ဘာ့ဘလော့ဂ်ကာများနေ့အတွက် VCD ရိုက်ဖို့ မော်ဒယ်လ်လာငှါးတာပါ..

ဟဲလို.. ဟဲလို...ဟဲလို...
:P

SHWE ZIN U said...

ရှက်တဲ့ မျက်နှာလေးကြည့်ချင်ထာ

ကိုကိုမောင်(ပန်းရနံ့) said...

တူလိုက်တာ တူလိုက်တာ။ ကိုယ့်စိတ်နဲ့ တူတဲ့သူ တစ်ယောက်တိုးလာလို့ ဘလော့ပေါ်မှာ ခပ်ပေါပေါတွေ ထပ်ရေးဖြစ်ဦးမယ်။း))))
ကျနော်လဲ ဘလော့ထဲမှာတော့ ခပ်ပေါပေါ။ ဒါပေမဲ့ အပြင်ဘက်ကျတော့ တကယ့်ကျောက်ဆစ်ရုပ်။း)))
ဟုတ် မဟုတ် ပိတ်သတ်ကြီး သိပါတယ်။ ဟာ ဟ။

ခင်မင်လျက်

လင်းခေတ်ဒီနို said...

အကိုမောင်မျိုးဆိုတာလားဗျ . . ဘလော့လောကမှာ နာမည်ကြီးနေတာတော့သိတယ်ဗျ အကိုရာ . . အကိုက မွန်ပြည်နယ်သားနော် . . ဂုဏ်ယူတယ်ဗျာ အကိုရာ ကျနော်တို့ ပြည်နယ်က ဘလော်ဂါဆိုတော့ အားပေးနေမယ်ဗျာ အကိုနော့ အကိုး)) ))))))


ခင်မင်စွာဖြင့်
ဗညားရှိန်

An Asian Tour Operator said...

အရှက်မရှိနဲ့.. အဲလေ.. အဲလိုရှက်တဲ့စိတ်မျိုး မရှိပါနဲ့.. ရှက်ဆြာမှ မဟုတ်ထာပဲဟာ :))

LinkWithin

Related Posts Plugin for WordPress, Blogger...