Saturday, June 18, 2011

ခရီးတို

စာလည်းမရေးဖြစ် ဘယ်လို ညှစ်ထုတ်ထုတ် ဘာစာမှမထွက်လာတော့ ဓာတ်ပုံတွေနဲ့ နှိပ်စက်လိုက်ပါတယ်း) နေ့လည်က ဘော့စ်တို့မိသားစုနဲ့အတူ မဲဆောက်အစွန်က ရေတံခွန်ဘက်အလည်သွားဖြစ်ပါတယ် မိုးတွေကတော်တော်ရွာနေတာ ။ ကိုယ့်အတွက်တော့ အပြင် သဘာဝရှု့ခင်းတွေ မမြင်ရတာတော်တော်ကြာပါပြီး တောတွေတောင်တွေ သစ်ပင်စိမ်းစိမ်းတွေ လယ်ကွင်းပြင်တွေ ကျေးလက်ရှု့ခင်းလေးတွေ မြင်လိုက်ရတာ တကယ်ပဲ စိတ်ထဲ လန်းဆန်းသွားတာပါပဲ ။

ဟိုရောက်တော့ ကရင်တိုင်းရင်းသားလေးတွေ ဘာအကလည်းတော့မသိ ကနေကြတာ ခဏကြည့်ဖြစ်ကြသေးတယ် ထိုင်းကျောင်းနေကြတဲ့ မြန်မာပြည်က တိုင်းရင်းသားလေးတွေပေါ့ ချစ်စရာလေးတွေပါ သူတို့ကနေတာကိုကြည့်နေတာ အစကတော့ မထူးဆန်းဖူးပေါ့ နောက်မှ ကြိုးလေးတွေချည်ပြသွားတာ စိတ်ဝင်စားစရာ ။ ဓာတ်ပုံလေးရိုက်ဖြစ်ခဲ့တယ်။

သူတို့စစထွက်ခြင်း ကတဲ့ပုံစံလေးပါ ။
ထိပ်ပိုင်းမှာကြိုးက တစ်စထဲပါ အဲ့တာကို ကရင်းကြိုးတွေ ခွဲထုတ်သွားတာမျိုးလေးတွေ လုပ်သွားတယ် ပထမ ၂ စ နောက်တော့ ၄ စ နောက်တော့ ၈စ အဲ့လိုလေးတွေ စိတ်ဝင်စားစရာတော့ကောင်းသား ။


နောက်ဆုံးကျ ကြိုးကိုပြန်ဖြည်သွားတာလေးပါ ဓာတ်ပုံကို ကြိုးစားပန်းစာရိုက်နေတဲ့သူကတော့ ကျနော်တို့ကို စာလာသင်ပေးနေတဲ့ နိုင်ငံခြားသားတစ်ယောက်ပါ သူလည်း တော်တော် ပျော်သွားတယ် ပြောတယ် ။

ဒီကောင်က ဘယ်သူလည်းမသိပါဘူး တွေ့လို့ရိုက်ခဲ့တာ ခေါင်းကို ၃ ချက်း)

ခရီတိုလေးပါ ပို့စ်အသစ်တင်ချင်လို့သာတင်လိုက်တာ ဘာမှန်းကိုမသိဘူး တစ်ခါတလေတော့ ဒါမျိုးလေးတွေရေးခွင့်ပြုပါ ။





17 comments:

ညိမ်းနိုင် said...

ခွင့်ပြုပါတယ်...ရေးပါ..ရေးပါ....:)))
ဒါနဲ့ ခေါင်းကိုသုံးချက်ပဲရိုက်ခဲ့တယ်လား....နဲထှာ....
အမှန်ဆို ဆယ့်လေးငါးချက်လောက်ရိုက်ခဲ့ရမှာ....:D

Phyo Evergreen said...

ကိုမျိုးမတွေ့တာကြာပြီ...သတိရတယ်...။ အကလေးလည်းကြည့်ချင်တယ်..။

Anonymous said...

မျက်မှန်က မျက်လုံးမှာတပ်လေ

လရိပ်အိမ် said...

ဓာတ်ပုံတင်ထားတယ်ပေါ့

မေဓာဝီ said...

ချူးထိုင်ပေါက်နေတာလားလို့ :P

လပြည့်ရိပ် said...

မော်ဒယ်ဘွိုင်းရဲ့ ဘယ်ဘက် ခြေဖနောင့်က ဘာဖြစ်လို့ မြေပေါ်မချတာလဲ။ ဟားးးး

ညီလင်းသစ် said...

ဘယ်သူမှန်း မသိဘူးဆိုတဲ့ ပုဂ္ဂိုလ်လေးက လူချောပဲဗျ၊ တချိန်တုန်းက နွား အကောင် ၂၀ နဲ့ ဝိုင်းကြီးပတ်ပတ် ကစားခဲ့ဖူးတယ် ဆိုတာ ဒီလိုဆိုတော့လည်း ယုံဖို့တောင် ခပ်ခက်ခက်ရယ်....။းD

ဟန်ကြည် said...

ဒီအကက တစ်မျိုးပါလား...ရိုးရာအကလည်း မဟုတ်...မော်ဒဖိုင်း အကပဲဖြစ်ရမယ်...ထူးဆန်းပါပေ့ ကမောင်မျိုးရယ်...

လင်းခေတ်ဒီနို said...

အင်း ၃ ချက် နည်းထှား))) အချက် ၃၀ လောက် တီးခဲ့ရမှား))

Anonymous said...

အီးအီးပါချင်၇င်လဲ အိမ်သာကိုသွားတာမဟုတ်ဘူး
ရှက်ရှက်...

မိုးခါး said...

ဟဟဟ
ရုပ်ကိုက မချိုမချဉ်နဲ့ .. နင် ၃ချက်ဆို ငါက နောက် ၃ချက် .. :P တိန်တိန်တိန်

Than Lae said...

တစ်ခါမှ မမြင်ဖူးသေးဘူး။ ဒီအကမျိုးလေးကို .... အစ အဆုံးကြည့်ချင်တယ်... ဒီလိုပိုစ့်မျိုးလေးတွေ တင်ပါ တင်ပါ။ အပြင်လည်း သွားရင်းပေါ့ ... စကားမစပ် ဒီကောင်လေးက ဒီလိုရယ်နေတော့လည်း ခင်ဖို့ အကောင်းသားနော် ... :)

ချော(အစိမ်းရောင်လွင်ပြင်) said...

လှလှချည်လား
ကရင်အက ပြောတာပါ
တစ်ခြား မပြောပါဘူးး)

ဆောင်းနှင်းရွက် said...

၃ ချက် .. ???
မိုးခါး ရိုက်တာ ၃ ချက် ... နဲ့ဆိုရင်တောင်
နည်း တောင် နည်း နေ သေး သလိုပဲ .. :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မအိမ်သူ said...

အမလေးနော် အကလေးကို ဗီဒယိုလေးများ ရိုက်ခဲ့တာမဟုတ်ဘူး။ တို့တွေလဲ ကြည့်ချင်တာပေါ့ဟယ်။
အဲဒီ ဘယ်သူမှန်းမသိတဲ့ကောင်လေးက နှုတ်ခမ်းမွှေးစစနဲ့ ကြောင်ပေါက်စလေးနဲ့တူပါ့ ဘယ့်နှယ်ကြောင့် ၃ချက်ကြီးများတောင် ရိုက်ခဲ့ရတာလည်းကွယ် များများလေး ရိုက်ခဲ့ရောပေါ့ ... :P

An Asian Tour Operator said...

စိတ်ဝင် စားစရာ ကောင်းတဲ့ အက ပဲနော်..

မြစ်ကျိုးအင်း said...

မိုးယံနဲ့ ကိုလတ်ကိုပါ ခေါင်းဝိုင်းရိုက်ခိုင်းလိုက်ပါလားး))

LinkWithin

Related Posts Plugin for WordPress, Blogger...