Saturday, May 7, 2011

ကျောင်းတော်

ဘကြီးတို့ငယ်ငယ် ကျောင်းသား ဘ၀တုန်းကပေါ့ကွယ်...( ကွမ်းယာကြီးငုံ ၊ ဆေးပေါ့လိပ်ကြီးဖွာလို့ ) ရုပ်ရှင်ဇတ်လမ်းတွေထဲကလို့ မျက်လုံးတွေက ဝေမှိုင်းမှိုင်း.........အဝေးကိုငေးလို့ ဟိုး လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်တုန်းကပေါ့..........။

...................................................................................................
ကျောင်းစတတ်တုန်းက ရွာမှာ ကျောင်းမရှိဘူး ကျနော်နေတဲ့ရွာက တော်တော် ခေါင်တယ် လှည်းလမ်းပဲရှိတာ အဲ့ လှည်းလမ်းရဲ့ အလယ် အူတိုင်လေးမှာ လူသွားလမ်းရာလေးတွေဖြစ် တစ်ချို့ကလည်း စက်ဘီးလေးတွေနဲ့ သွားကြတယ် စက်ဘီးတောင်မှ ယောက်ျားစီး မောင်ဗမာ ဘီးတွေမှ ရတာပါ ။ရွာက စစ်တပ်နယ်မြေပိုင်ဆိုတော့ ရွာက ခလေးတွေက စစ်တပ်ကျောင်းမှာ နေကြရတာ ။ ကျနော် သူငယ်တန်းစတက်တော့ အဲ့ဒီကျောင်းမှာပါ အငယ်ဆုံးဆိုတော့ အမေနဲ့ ခွဲရမှာ တအားကြောက်တာ ပျင်းလည်းပျင်းတယ် ။ ကိုယ့်ကို ကျောင်းပို့ခါနီးကျ အစ်ကိုတွေ အစ်မတွေက တအား အလုပ်ရှုပ်တာပါ နိုင်တဲ့သူဆိုရင် ကုတ်ဖဲ့ကန်ကြောက်နေတော့ အစ်ကိုငယ် နဲ့ အစ်မတွေက မနိုင်ပါဘူး ကျောင်းသွားဖို့ရေချိုးရင်လည်း မြို့ကိုသွားမယ်ဆိုပြီ ညာခေါ်မှချိုးလို့ရပါတယ် ။ အဲ့တော့ အိမ်မှာ ကိုယ့်ကိုနိုင်တာဆိုလို့ အစ်ကိုကြီးတစ်ယောက်ပဲရှိတာ ။ ကျောင်းသွားခါနီကျ အစ်မက ကျနော်သိပ်ကြိုက်တဲ့ ဘဲဥလေးကြော်ထည့်ပေးလိုက်တယ် ။ အစ်ကိုကြီးကို ကြောက်လို့သာ ကျောင်းသွားရတယ် တကယ်တော့ လုံးဝ မသွားချင်ပါ ။

စက်ဘီးအနောက်မှာ တရွှတ်ရွှတ်နဲ့ပေါ့ စက်ဘီးလမ်းက ဆိုးလို့ ဖင့်ဆောင့်လည်း မငိုရဲပါဘူး ။ ကျောင်းရောက်လို့ အစ်ကိုကြီးက ပြန်ပြီဆို ကျနော်က အတန်းထဲမှာ အသံပြဲကြီးနဲ့ငိုပါလေးကော ရွာက အဖော်တွေကလည်း အတန်းမတူုတော့ တစ်ယောက်တည်း ကြောင်တောင်တောင် ။ အဲ့လို လူတောမတိုးနဲ့ စိတ်က ခုထိပါ ။ ၀ါးတားတားမှတ်မိနေသေးတယ် ခုနေပြန်စဉ်းစား အားလုံးက ရယ်စရာလေးတွေဖြစ်လို့ ဆရာမကို ရှစ်ခိုးပြီး အိမ်ပြန်ပို့ပေးပဲပြောနေတော့တား) ။ အိမ်ပြန်ရောက်လည်း တငိုငိုနဲ့ အမေက ခြောက်တယ် “ သား..ကျောင်းမတက်ရင် အိမ်က မေထုန်ကြီး ရောင်းရမှာပေါ့ ” တဲ့ ။ ကျနော်တို့ ခြံသမားတွေက လှည်းနွားကို သိပ်တန်ဖိုးထားတာပါ အိမ်မှာ ခိုင်းနွားကြီးတစ်ကောင်ရှိတယ် သိပ်လိမ်မာတာ မေထုန်နွားထီးကြီးပေါ့ အိမ်ရှင်တွေက လွဲပြီး ဧည့်သည်တွေ ကပ်လို့မရပါဘူး ဝှေ့ထုတ်လို့ပါ ။ သိပ်ချစ်တဲ့ မေထုန်ကြီးကိုတောင် ကျောင်းမတက်ချင်တော့ ရောင်းလိုက်ပေါ့လို့ ပြောလိုက်တယ် အမေက သနားသွားပြီး တော်ကြာ ငါ့သားလေး စိတ်တဇ ဖြစ်နေအုံးမယ်ဆိုပြီး ကျနော့်ကို ကျောင်းဆက်မတတ်ခိုင်းတော့ပါဘုး ဒါကြောင့် ၆ နှစ်ပြည့်မှ ကျောင်းစတက်ဖြစ်တယ် ။

မူလတန်း တက်ပြန်တော့လည်း ကျနော်က ဖိနပ် တအားစားပါတယ် ဖိနပ်ကို ၀ါးစားတာမဟုတ်ဘူးနော် ။ ဖိနပ် ခဏခဏ ပျောက်တာပါ ဘယ်မှာ ကျန်ခဲ့မှန်းလည်း မမှတ်မိဘူး ပြီးရင် ဆရာမကိုတိုင်ပြီး သူများဖိနပ်ကို ကိုယ့်ဖိနပ်ဆိုပြီး လိုက်တောင်းတတ်တဲ့ အကျင့်ဆိုးကလည်း ရှိသေးတယ် ။ အထက်တန်းတုန်းက အလွဲလေးတွေလည်းရှိသေးတယ် ကျနော်က စတိုင်လ်ကျကျ ဘယ်တော့မှ မထိုင်တတ်တာပါ စာရေးရင် ဒူးကြီးထောင်ပြီး ရေးတယ် တစ်ခါခါ သတိမေ့ပြီး ဆရာမစာသင်နေလည်း ဒူးကြီးထောင်လို့ သချာင်္ဆရာမ က တအားဟာသပြောတတ်တာပါ သူက စာမေးဖို့ လူရှာတော့ ကိုယ့်ကို မျက်စိကြသွားတယ် “ဟို အနောက်ဆုံးတန်းက ခြင်္သေ့ကြီး ရှေ့ကိုကြွပါ” တဲ့ ကိုယ်မဟုတ်သလို ခပ်တည်တည်နဲ့ နောက်တော့ ဘယ်ဟုတ်မလဲ ကိုယ်က ဒူးကြီးထောင်ထားတာ ခြင်္သေ့ကြီးလိုဖြစ်လို့တဲ့ တစ်တန်းလုံးက ရယ်လိုက်ကြတာ ။

ဆယ်တန်းရောက်တော့ အတန်းထဲမှာ ကျနော်က နည်းနည်းစာတော်တဲ့ ကျောင်းသားထဲပါတယ် ရုပ်ကလေးကလည်း အေးအေးဆေးဆေးလေးမှတ်လား :P အဲ့တော့ အောင်ချက်နည်းတဲ့ နယ်မြို့လေးမှာ တစ်တန်းကို ၁၀ ယောက်လောက် အောင်ဖို့အရေး ဆရာမတွေက အသည်းသန် တွန်းရတဲ့ အချိန် ။ ဆရာမတွေ အားကိုးမှ ကိုယ်က ဘာသာစုံတစ်ခါမှမအောင် အင်္ဂလိပ်စာ အမြဲကျတာပါ ။ကျောင်း ဘုံကထိန်ပွဲတွေ လှည့်တဲ့အခါကျ ဘရုတ်ကျကျတွေ ပါလို့မဖြစ်တော့ အတန်းထဲက လူအေးလေးတွေ ရွေးထုတ် တိုက်ပုံတွေဝတ်ပြီး အတန်းကိုယ်စားပြု တစ်မြို့လုံးပတ်ကြရတာ အစပိုင်းတော့ ပျော်သလိုလိုနဲ့ နောက်ပိုင်းကျ မလျှောက်နိုင်တော့ပါဘူး အင်္ကျီတွေလည်းကျွှတ် ပုဆိုးတွေလည်းတို ဘုန်းကြီးကျောင်းရောက်တော့ အအေးလေးသောက် ပြန်ဖို့လုပ်တော့ ကိုယ့်ဖိနပ်က မရှိတော့ဘူး ဖိနပ်ရာဇ၀င်က ကြီင်္းတဲ့အထိကို မပြီးနိုင် ဘယ်ရမလဲ ငါးမရတော့ ရေချိုးပြန်ပေါ့ တွေ့ရာ ဖိနပ်ကောင်းကောင်းတစ်ရံဆွဲပြီး ဘူုန်းကြီင်္းကျောင်းထဲကပြေးထွက် လမ်းမလျှောက်နိုင်တော့ ဆိုက်ကားစီးပြီး ပြန်ခဲ့လိုက်တယ် ။

ကောလိပ် တက်တော့လည်း အလွဲတွေက မပြီးသေး စာတွေမလိုက်နိုင်တာပါ များလိုက်တာ ဘာတွေ မှတ်ရမှန်းလည်းမသိ drawing အချိန် ၄ ချိန်ဆက်မှာလည်း မတ်တပ်ရပ်ပြီး ပုံမဆွဲနိုင်ပါဘူး အဲ့တော့ ခုံအောက်မှာ ဒီတိုင်းထိုင်ပြီး သရက်သီးထိုင်းစားနေလိုက်တယ် အဲ့တော့ ကိုယ့်ရဲ့ drawing အမှတ်တွေက တအားညံ့ပါတယ် ။စာမေးပွဲဖြေတဲ့နေ့ကျ စာကတော့ ကျက်နေတာပဲ ရွတ်နေတာပဲ သတိရလို့ ပြန်စဉ်းစားရင် ဘယ်မေဂျာက ဘယ်အပုဒ်ကို ကျနော် ဖတ်နေတာလည်းမသိတော့ဘူး ညဏ်ကောင်းချက်း) ရေချိုးရင်လည်း ခေါင်းကိုမလှုပ်ပဲ ရေကိုဖြေးဖြေးတစ်ခွက်ချင်းချိုးတာ သူငယ်ချင်းတွေက အုံးလွဲတာလားမေးရင် “မဟုတ်ဘူး ငါကျက်ထားတဲ့စာတွေ မေ့ကုန်မှာစိုးလို့ မလှုပ်ရဲဘူး” လို့ပြောရတယ် ။

တစ်ခြားနေရာတွေမှာသာ ရှက်တတ်တယ် စာမရလို့ အောင်မှတ်မရသေးရင် ကျနော်က တအားကြောက်ပါတယ် အဲ့တော့ မရှက်တော့ဘူး ဘေးနားက ကောင်မလေးကို လက်နဲ့ကုတ်ရတာနဲ့ “ နည်းနည်းပြ ” ဆိုပြီ အသံတိုးတိုးလေးနဲ့ပြောရတာနဲ့ လည်ပင်းကြီးကလည်း စာမေးပွဲဖြေနေတဲ့ တစ်ချိန်လုံး ဘေးကိုလည်နေတော့တာပဲ သူမပြလည်း ကိုယ်မြင်ရတာပဲ ဟုတ်ဟုတ် မဟုတ်ဟုတ် ကူးထည့်လိုက်တာပဲ မြန်မာပြည်က ပညာရေးစနစ်က စာရွက်ထဲ စာရှိနေဖို့ အရေးကြီးတယ် ဘေးက ကောင်မလေး စာရွက်အပ်လို့ ထသွားရင် အခန်းစောင့်ဆရာက ကိုယ့်အဖြေလွှာပါ သိမ်းသွားကော “ ကျနော်မပြီးသေးဘူး ဆရာ” လို့ ထရိတ်သူုံးရင် “ မင်း ဖြေစရာလည်းမရှိတော့ပဲ ဘာလုပ်နေအုံးမှာလည်း” တဲ့ အဟား ဟုတ်သား ။

မှတ်မိသေးတယ် တစ်ခါတုန်းက မေးခွန်း အစကနေ အဆုံးဖတ်လိုက်တာ ကိုယ်ကျက်ထားတာတွေ တစ်ပုဒ်မှမပါ ပါဘူး ငါတော့ ကားပြီပေါ့း( အဲ့တာ မေးခွန်းတွေ ပြန်ကူးထည့်လိုက်တယ် စာရွက်ထဲ စာရှိနေဖို့ အရေးကြီးတယ်မှတ်လားး) ဒီတစ်ခါတော့ ကိုယ်နဲ့ ခုံနံပါတ်ကပ်လျှက်က ကောင်မလေးကို စုတ်သတ်ပြီး တိုးတိုးလေး ခေါ်လိုက်တာ ကျနော့်ရဲ့ ကျွတ်ကျွတ် ဆိုတဲ့ စုတ်သတ်တဲံ့ အသံကြီးက လူအယောက် ၁၀၀ လောက်ဖြေနေတဲ့ စာမေးပွဲခန်းထဲမှာ အကျယ်ကြီးကို မြည်သွားတာပါ အားလုံးရဲ့ မျက်လုံးတွေက ကိုယ့်ဆီမှာ ရှက်လိုက်တာ အခန်းစောင့်ဆရာမက စာရွက်ယူဖို့လားတဲ့ စာမရပါဘူးဆို ဒွတ်ခ မဟုတ်ဘူး စာရွက်အပ်ဖို့ဆိုပြီး အဖြေလွှာအပ် စာမေးပွဲခန်းထဲက အစောဆုံးထွက်ခဲ့တယ်း) ယုံကြသလား အဲ့နှစ်ကလည်း ကျနော် စာမေးပွဲအောင်တယ်ဗျ ။

အခုတော့ ဘ၀ကျောင်းတော်ကြီးမှာ သင်ခန်းစာအသစ်တွေ သင်ယူရင်း တစ်ခါခါ ကျနော့်စာမျက်နှာတွေ ကြက်ခြေခတ်တွေများတယ် မှင်နီရာတွေများတယ် ။ သင်ခန်းစာတွေထဲ စုတ်ဖြဲပစ်ချင်မိတဲ့ စာရွက်အပိုင်းစတွေ ရှိပေမယ့် ပြန်ကြည့်မိတိုင်း ပြုံးမိတဲ့ အလွဲသေးသေးလေးတွေလည်းရှိတယ် ။ကျောင်းတော်ကြီးမှာ သင်ခန်းစာတွေ သင်ယူခဲ့ပြီးတယ် အခုလည်း သင်ယူနေတုန်း နောက်လည်း ကျနော့်အတွက် သင်ခန်းစာအသစ်တွေရှိနေအုံးမယ်ဆိုတာ အသေအချာပါပဲ ဘ၀စာမေးပွဲမှာတော့ အောင် မအောင် သိပ်တော့မသေချာပါ ဒါမယ့် ရုန်းကန်းနေတုန်း ။




13 comments:

မိုးယံ said...

ကောင်မ ငယ်ငယ်ကတည်းက ခါးတောင်းကျိုက်တစ်လွဲ ဖင်တစ်လွဲနဲ့..

မှတ်ထားရမယ်... စာတွေ မမေ့အောင် ရေချိုးနည်းကို... ။

လက်လန်တယ်အေ...

ခနွဲ said...

မေးခွန်းကူးချတဲ့ နည်းတော့ ကြိုက်သဗျာ။ ကျွန်တော်သူငယ်ချင်း တစ်ကောင်ကတော့ ကျက်စာကို မန်ချက် အသင်းအကြောင်း သူသိသလောက် အင်္ဂလိပ်လို ရေးထည့်ပေးလိုက်တာ။ အဲ..သူလည်း အောင်သဗျ။ ကျောင်း အကြောင်းပြောရင်တော့ ဘယ်တော့မှ မငြီးငွေ့တဲ့ အရာပေါ့လေ။

Anonymous said...

"မြန်မာပြည်က ပညာရေးစနစ်က စာရွက်ထဲ စာရှိနေဖို့ အရေးကြီးတယ် "တဲ့

ဆင်ဆာမလွတ်ဘူးနော် အစ်ကိုမောင်မျိုး။ ဟွန်းဟွန်းး :D

ရတနာ

ညိမ်းနိုင် said...

အကိုတို့တုန်းက စာတောင်ရှိစရာမလိုဘူး...အဟုတ်....:D။
ရီလိုက်ရတာ ညီရာ...၊

မိုးခါး said...

ခုရော ဖိနပ်စားသေးလား .. :P

နေ၀ဿန် said...

သြော်..မောင်မျိုးက GTC တက်ခဲ့တာကိုး... မင်းကွာ.. မပြောဘူး....

...အလင်းစက်များ said...

ကျောင်းကို နှပ်ချေး တရှုံ့ရှုံ့နဲ့  သွားနေတဲ့ပုံလေးပဲ မြင်မိတယ်..ဟဟ။

ကဲ ခြင်္သေ့ကြီးရေ.. ဘ၀ကျောင်းတော်မှာ ရုန်းလိုက် ကန်လိုက်ပါဦးကွယ်....

ချော(အစိမ်းရောင်လွင်ပြင်) said...

သဘောကျတယ်သွာ
စာရွက်ပေါ် စာရှိရုံနဲ့ အောင်တာ မသိခဲ့ဘူး
ဒီလိုမှန်းသိ စာမကျက်ပါဘူး
မောင်မျိုးလို လုပ်ပါတယ် ဟိဟိ
မောင်မျိုးအကြောင်းတော့ ဖတ်ရရင် ရယ်ရတာကြီးဘဲ
အသက်ရှည်တာပေါ့နော်

Angelhlaing(May everybody be happy and healthy! said...

ကျောင်းသားဘဝကို ပြန်လည်အောင့်မေ့သတိရရင်း...:):)
ကောင်းသောနေ့လေး ဖြစ်ပါစေ ကိုမျိုး။

blackroze said...

အော်..မောင်မျိုးရယ်..
ကျောင်းသင်ခန်းစာတော့ပြီးသွားပြီပေါ့
ဘဝသင်ခန်းစာတွေမှာလဲ
စာမေးပွဲတွေအဆင်ပြေပြေအောင်ပါစေနော်

Nyi Linn Thit said...

ဘုန်းကြီးကျောင်းက အပြေးအလွှား ပြန်လာရလည်း ဆိုက်ကားနဲ့ပဲ..၊ ညီက အဲဒီကတည်းက ဆိုက်ကား ကြိုက်နေပြီထင်တယ်၊း) စာမေးပွဲ အဖြေလွှာသိမ်းတဲ့ ဆရာ ပြန်ဖြေတာလေး သဘောကျလို့ ရယ်နေမိတယ်ဗျ၊ ညီ ကူးနေတာကို သူ့မှာ စိတ်မသက်မသာနဲ့ တချိန်လုံး ကြည့်နေခဲ့ရပုံပဲ..။းD

မောင်မျိုး said...

မိုးယံ.... မင်းလည်း အဲ့လိုပဲလား ရေချိုးရင်း))

ခနွဲ.... အေးဆို အဲ့လောက်ကို ပညာရေးစနစ်က ကောင်းတာ ။

ရတနာ...ဟုတ်လား ဆင်ဆာဖြတ်တဲ့ လူကြီးမင်းက ဒီမှာတော့ အစ်ကိုပဲလေ ညီမရေ့း)

ညိမ်းနိုင်... ဟုတ်လား စာမရှိပဲ အမှတ်ခြစ်တဲ့ဆရာမကို ကန်တော့လိုက်တယ်ပေါ့ အဲ့တာလည်းကြားဖူးတယ် ။

မိုးခါး... ခုတော့ မစားတော့ပါဘူးဟ နင်ကလည်း ပေါက်ကရ ။

နေ၀သန်... မပြောဆို ငါက ဘာမှမတတ်ဘူးလေ အင်ဂျင်နီယာက ဘာတတ်လည်းဆို ငါ့မှာပြောစရာမရှိ။ လက်တွေ့ခန်းမှာတုန်းက ဆရာက လျှပ်စစ်ပိုင်းဆိုင်ရာတွေ လုပ်ပြပြီး ကျောင်းသားတွေ ကို ပြန်လုပ်ပြခိုင်းတာ ငါကစိတ်ဝင်စားသလားဆိုတော့ တစ်ခုမှ မမှတ်မိတော့ဘူး “ ဆရာ ကျနော် ဘယ်အပေါက်ထိုးရမှန်းမသိတော့ဘူး ” လို့ပြောတော့ ဆရာက စိတ်တိုတိုနဲ့ မင်းပါသာ ထိုးချင်တဲ့ အပေါက်ထိုးတော့တဲ့ ရှင်းကေား)

ကိုလတ်... ရုန်းလိုက်အုံးမယ်ဗျး)

မချော... ကျေးဇူးအစ်မ ရယ်သောသူ အသက်ရှည်၏ တဲ့း)

အိန်ဂျယ်.... ကောင်းသောနေ့လေးပါဗျာ။

နှင်းဆီ...သူငယ်ချင်းလည်း အောင်မြင်ပါစေဗျာ ။

ကိုညီ... ဟုတ်မယ် ညီကတော့ ဆိုက်ကားကို အဲ့ထဲက ကိုကြိုက်ခဲ့တာဗျ ။ ဆရာလည်း ညီကူးနေတာကို အနားကနေ ပြုံးစိစိနဲ့ပေါ့ သူ စာရွက်သိမ်းပြီး ခုံနံပါတ် မှတ်လိုက်ရင် ညီတော့ အော်တို တစ်နှစ်ကျမှာလေ ကျောင်းကဆရာတွေက အဲ့တာကြောင့်လည်း ကျောင်းသားတွေကို ငဲ့တာပါတယ် ။ စာရွက်တွေ ယူမသွင်းသွားရင် ပြသနာသိပ်မရှိလောက်ပါဘူး ။

ကြယ်ပြာ said...

ခြင်္သေ့ကြီးရေးထားတာလေးမိုက်တယ်ဟ .... မျက်စိထဲကို မြင်ယောင်ကော ......

မေးခွန်းပြန်ကူးထည့်ပစ်လိုက်တာ အောင်တယ်ဆိုတော့ ငါ မောင်မျိုးလောက်တောင် မနပ်လေ ခြင်းလို့ ၀မ်းနည်းမိတယ် ....

LinkWithin

Related Posts Plugin for WordPress, Blogger...