Wednesday, May 4, 2011

လတ်တလော အဖြစ်ချင်ဆုံးဆန္ဒတွေ နှင့် ဖြစ်နေတာတွေ

အပျင်းထူနေတာကြာပြီး စိတ်မကောင်းစရာတွေ ဖတ်ရတာနဲ့ ကိုယ်တိုင်လည်း ဘ၀သံသရာမှာ ကျင်လည် မောဟိုက် နုံးချိနေတာနဲ့ပဲ အရင်ကဆို ပို့စ်တစ်ပုဒ်ဆို သိပ်မကြာသလိုလို ကုန်ကြမ်းကလည်း ရှာစရာမလိုဘူးလေ ကိုယ့်အကြောင်းကိုယ်ပြောပြနေ၇တာဆိုတော့ ။ စာရေးဖို့ ရိုက်လိုက် ပြန်ဖျက်လိုက်နဲ့ တကယ်တော့ ကြောက်လို့ပါ ကိုယ့်စာတွေက ဖျော့စိ နုဖတ်နေတယ်ဆိုပဲ ။မာမာတောင့်တောင့်လည်းမရေးတတ်တော့ စာရေးချင်စိတ် ခဏအောင့်ထားတာ ဟဲဟဲ သူငယ်ချင်းတစ်ယောက်က လွမ်းလို့ရေးတဲ့ စာဆိုတဲ့ပို့စ်မျိုးလေးဖတ်ချင်တယ် ရေးပါအုံးဆိုတော့ ခဏနေပါအုံး ခုချိန်မှာသာ မင်းပြောတဲ့ပို့စ် ငါရေးလိုက်ရင် ငါ့ကို မောင်မျိုးက နေ မမမျိုးလို့ ထင်အုံးမယ်လို့ ပြောထားရတယ် ။ ဒီနေ့တော့ စာရေးဖို့ပျင်းနေတဲ့ကိုယ့်ကို ခင်ရတဲ့ အစ်ကိုညိမ်းနိုင် က တဂ်ပို့စ်လေးနဲ့ ပြန်ခေါ်လိုက်တယ် သူ့မေးခွန်းတွေအတိုင်းရေးလိုက်ပါတယ် ။


(၁) အစားချင်ဆုံးအစားအစာ = ချဉ်ပေါင်ဟင်းချို နဲ့ ငါးခြောက်းမီးဖုတ်ဆီဆမ်း ။

(၂)နေ့တိုင်းစားဖြစ်တဲ့အစား = လိမ်မော်ရည်တစ်ခွက် နဲ့ မာမားပြုတ်

(၃) အလိုချင်ဆုံးရေမွှေး = မရှိဘူး ကိုယ်က ငါးပါသီလ သမာဓိ နဲ့ ပြည့်စုံတာဆိုတော့ ကြာမျိုးငါးပါးရနံ့သင်းပျံ့နေတာမို့လား မလိုဘူး သဘာဝရနံ့ပဲကောင်းတယ် ညှင်သိုးသိုးနဲ့း)

(၆)အလိုချင်ဆုံးဖုန်း = ပြောလို့ရရင်တော်ပါပြီ လပေးနဲ့ ၀ယ်ထားတဲ့ဖုန်းက အကြွေးလည်းကြေ ပျက်လည်းပျက်သွားလို့ စိတ်နာနေတယ် ။

(၇)သုံးဖြစ်နေတဲ့ဖုန်း = နိုကီယာ ဘာလဲမသိ ( တော်တော်စပ်စုတယ် မကောင်းရင် သူဝယ်ပေးမှာကျနေတာပဲ )

(၈)အရူးသွပ်ဆုံးအရာ = အဲ့လိုမဖြစ်ဘူး နေ့တိုင်းတရားထိုင်လို့ ရူးတဲ့သူတွေပဲ ကြေငြာ ကိုယ်တို့ကတော့ အပူရုပ်ဟန်လုပ်ပြီး နေတယ် :P

(၉)အနီးစပ်ဆုံးဂီတ = ဂီတ က လူ့စိတ်ကို ပြောင်းလဲစေတယ်ဆိုတာ အဟုတ်ပါ စိတ်ညစ်တိုင်း ကျနော်တော့ သီချင်းတွေ အကျယ်ကြီးဖွင့်နားထောင်တယ် ။ ဖေ့ဘွတ်က သူငယ်ချင်းရန်နိုင်ရဲ့ ဂရုဏာသံပါတဲ့ သီချင်းတွေနားထောင်ရရင် စိတ်ချမ်းသာသလို Enrique Iglesias ရဲ့ Don't Turn Off The Lights. ဆိုတဲ့ သီချင်းကို ခဏခဏ နားထောင်ဖြစ်နေတယ် ။

(၁၀)အလိုချင်ဆုံးစာအုပ် = ဘင်လာဒင် ကျန်ခဲ့တဲ့ ဘဏ်စာအုပ် ( ကိုယ်ထုတ်သုံးလို့ရမယ်ဆိုရင်ပေါ့ ထက်ထက် ကြော်ငြာထဲကလို ပိုက်ဆံများ ရှိလို့ကတော့ တစ်ကိုယ်လုံးကို စိန်စီပစ်လိုက်အုံးမယ် ဟွန်းဟွန်း )

(၁၁)အခုဖတ်ဖြစ်နေတဲ့စာအုပ် = ဆရာတော် ဦးဇောတိက ရဲ့ စာအုပ်လေးတစ်အုပ် ၊ ဂျူးရဲ့ ချစ်သူရေးတဲ့ ကျမရဲ့ ညတွေ ၊ ဂျာနယ်ကျော်မမလေးရဲ့ သူလိုလူ ( ဒီမှာ စာအုပ်ဝယ်ရတာတော်တော်ဈေးကြီးပါတယ် မြန်မာငွေကပ်ဈေး ၂၅၀၀ လောက်ပဲရှိပေမယ့် ဒီမှာ ဘတ်ငွေကိုပြန်တွက်လိုက်ရင် ထက်ဝက်လောက်တတ်နေပါတယ် ကိုယ်က စာငတ်တော့လည်း ၀ယ်ရတာပေါ့ )

(၁၂)အကြားချင်ဆုံးစကား = ချစ်သူက ခေါ်မယ့် မောင် ဆိုတဲ့ အသံ ( သူက မောင်လို့ ခေါ်ရင် ကိုယ်က ညှောင်လို့ပြန်ထူးဖို့ အဆင်သင့်ပါ )

(၁၃)အဖြစ်ချင်ဆုံးဆန္ဒ = သစ်ပင်လေးနည်းနည်းပါးပါးစိုက်လို့ရမယ့် ခြံလေးတစ်ခြံနဲံ့ သစ်သားအိမ်လေးတစ်လုံး စတိုးဆိုင်လေးတစ်ဆိုင် ပြီးတော့ အမွှာပူးလေး တစ်ပူးလိုချင်ပါတယ် ။

(၁၄)အလိုချင်ဆုံးဆု = ဗလာ ဗလာ ဗလာ ဖြစ်ရပါလို၏


(၁၅)အသွားချင်ဆုံးနေရာ= ဆွစ်ဇာလန်း) (ကိုညီ ...ကခေါ်မယ်ပြောလို့ ဒီနေ့ပဲ သွားချင်စိတ်ဖြစ်သွားတာ )

(၁၆)သွားဖြစ်နေတဲ့နေရာတွေ = မပြောဘူး

(၁၇)အကြည့်ချင်ဆုံးရုပ်ရှင် = ထိုင်းဘုရင့်သမီးတော် ပါဝင်သရုပ်ဆောင်ထားတဲ့ My Best Bodyguard ဆိုတဲ့ ကားကြည့်ချင်တယ် ။

(၁၈)အပြောချင်ဆုံးစကား = တည့်တည့်ကြည့်ကြပါ ဆွေစောင်းကြည့်ပြီး မပြောကြပါနဲ့ ပြီးတော့ ချစ်ရတဲ့သူတွေကို ချစ်မြဲချစ်လျှက်ပါ မုန်းစိတ်ဖြစ်မိတဲ့သူတွေကိုလည်း ချစ်ချင်ပါတယ်လို့ ။


(၁၉)အယုံကြည်ဆုံးလူသား = ကိုယ့်အနီးနားကသူတွေ တော်တော်များများကိုယုံပါတယ် ယုံခဲ့လို့ ပုံရွဲခဲ့တဲ့ အခါတွေလည်းရှိတာပေါ့လေ ။

(၂၀)မယုံကြည်ဆုံးသူ = သန်းရွှေ နဲ့ မောင်မျိုး (ဒင်း နဲ့ ကျနော် )

(၂၁)အမုန်းဆုံးအရာ = အမုန်း မရှိပါဘူး သူအိပ်ပျော်နေတယ် ။

(၂၂)အသောက်ဖြစ်ဆုံးအအေး - ကိုကာကိုလာ


(၂၃)လတ်တလောအထိတွေ့ဆုံးအရာ- ဆံပင် ( စိတ်ညစ်လို့ ခဏခဏ ကုတ်နေရတာမို့ )

(၂၄)မကောင်းတဲ့ကျန်းမာရေး = နှစ်လုံးမကောင်းဘူး တစ်လုံးပုတ် တစ်လုံးကြွေကျ ၊ အစာအိမ်ကဟောင်းလောင်း ဂလူး ဂလူးနဲ့ ခဏခဏအော်နေတယ် ပါးစပ်ကလည်း ကောင်းတာလေးမှ စားချင် ပါဌာတိပါတာ လေးမပါတော့ ဟာတိဟာတာလေးဖြစ် အမှန်တော့ ကျနော်က ဆာလို့မဟုတ်ပါဘူးလေ ဒီခန်ဓါကြီးကတောင်းဆိုလို့ စားပေးနေရတာ ။


(၂၅)အကောင်းဆုံးအဖော်= သူငယ်ချင်း ပြီးတော့ စာအုပ် ၊သီချင်းတွေနဲ့ တန်ဖိုးထားရတဲ့ ဇတ်ခုံလေး ။


(၂၇)အကြောက်ဆုံးအလုပ် = ကိုယ်က ဘလော့ခိုးရေး ခိုးဖတ်နေတဲ့အချိန်မှာ ဘော့စ်က တစ်ပါတ်စာလောက် အလုပ်ကို ၃ ရက်နဲ့ အပြီးလုပ်ပေးလို့ပြောတဲ့အလုပ်။

(၂၈)တန်ဖိုးအထားဆုံးအရာ - မေတ္တာတရား

(၂၉)ကြောက်ဆုံးတိရိစ္ဆာန် = မြွေ


(၃၀)တွေ့ဖြစ်နေတဲ့ဘလော့ဂါတွေ=များတယ် ဖေ့ဘွတ်က သူငယ်ချင်းအသစ်လေးတွေရှိသလို ဘလော့က သူငယ်ချင်းတွေ လည်းရှိတယ် အွန်လိုင်းမှာ စကားမပြောဖြစ်ပေမယ့် ကိုယ်ဆုံးဖြတ်ရခက်တဲ့အခါတွေ စိတ်တွေ မွန်းကြပ်တဲ့အခါတွေမှာ အီးမေးလ်ပို့ပြီး တိုင်ပင်တဲ့ ချစ်ရတဲ့ ဘလော့ပေါ်က အစ်ကို ၊ အစ်မ တွေလည်းရှိတယ် ။

(၃၁)အပြင်သွားတိုင်းပါတဲ့ပစ္စည်း = ပိုက်ဆံ နဲ့ စက်ဘီး


(၃၂)စိတ်အညစ်ဆုံးအချိန်= လက်ပေါက်ခက်ခက် ပါးစပ်ကြမ်းကြမ်း အလုပ်အပ်တဲ့သူတွေလာရင် အားပေါက်အောင် အဆင်ပြေအောင် ဧည့်ဝတ်ကြေကြေ ဆက်ဆံပြရတဲ့အချိန် ( စိတ်ထဲမှာတော့ ဂလုန်း ဂလွမ်းနဲ့ပေါ့ )

(၃၃)အနေချင်ဆုံးနေရာ - အမေ နဲ့ ရွာ ( တွံတေးသိန်းတန် သီချင်းထဲကလို အမေနဲ့ရွာကို သားမောင်လွမ်းလို့ပေါ့ဗျာ )

(၃၄)ကြားလိုက်မိတဲ့ဟာသာလေးတစ်ခု = င်္ဒီပို့စ်ကိုတဂ်တဲ့ မောင်လေးဆိုတဲ့ ဘလော့ဂါ တစ်ယောက်လေ သူ့နာမည်က နာမ်စီးတယ်လို့ပြောလို့တဲ့ နာမည်ပြောင်းလိုက်တယ်ဆိုလား သူ့ကောင်မလေးနာမည်က ညိမ်း သူ့ရဲ့ နာမည်က နိုင် ၂ လွှာပေါင်းမှ တစ်ရွက်ဖြစ်တဲ့ဆိုတဲ့ သဘောနဲ့ပေးထားတဲ့ နာမည်က ညိမ်းနိုင် ဆိုပဲး)

(၃၅)ပေးချင်တဲ့သတင်းတစ်ခု = သိပြီးကြကုန်ပြီလား အ၀ှာကြီးကလေ ဟိုအ၀ှာနဲ့ တွေ့ပြီ အ၀ှာတွေ ဖြစ်လာတာလေ အဲ့တာ အဲ့အ၀ှာက အ၀ှာတို့ ရွာထဲက ပြောင်းပြေးရတာ ဟိုအ၀ှာကြီးစီးသွားတယ်ဆိုလား ။

(၃၆)အပျော်ဆုံးဖြစ်မယ့်အချိန် = လစာထုတ်တဲ့အချိန် ။

အင်မတန် စပ်စုတဲ့ပို့စ်လို့ထင်ပါတယ်း) ပြီးတော့ သူတ၈်တာကလည်း ကိုယ့်နာမည်ကမမှန်း မောင်မျိုး ကိုရေးတာ တစ်ချောင်းဝင် ပြုတ်ပြုတ်ကျန်နေခဲ့တယ့် အဲ့တစ်ချောင်းကို သူဘာလုပ်ဖို့ ဖြုတ်ခဲ့တာလည်းမသိ ကိုယ်စာလုံးပေါင်းမှားတတ်တာကိုတော့ မသိဟန်ဆောင်သွားတယ် ။ ပျော်စရာပို့စ်လေးအတွက် ပျော်စရာလေးတွေ ရေးဖြစ်အောင်လုပ်ပေးတဲ့ အစ်ကို့ကိုကျေးဇူးပါ ။





11 comments:

ညိမ်းနိုင် said...

တချောင်းငင်လား...၊ပိုက်ဆံပြတ်နေလို့ ကာရာကူနီဆိုင်
ရောင်းစားထားလို့ဟေ့....:)။သူကျစာလုံးမမှားသလိုလို...။ငါ့ရည်းစာ ၁၀၁ယောက်မှာ ညိမ်းပါတဲ့ကောင်မလေး
တစ်ယောက်မှမရှိ....။ဒါနဲ့ မာမာပြုတ်ဆိုတာဘာတုန်း...၊
ဘာကိုမာမာပြုတ်သတုန်း၊မာမာဆိုတဲ့ကောင်မလေး လာ
ပြုတ်ပေးတာလား...၊
ရေးပေးတာကျေးဇူးတင်တယ်...၊ဖတ်လို့လဲကောင်းတယ်၊
ပြုံးပြုံး....ပြုံးပြုံးနဲ့ဖတ်သွားပါတယ်...။ပါစင်နယ်တွေမို့လို့
အင်မတန်ခင်တဲ့နှစ်ယောက်ပဲတဂ်လိုက်တာပါ....၊ကဲ...
စပ်စုလို့ဝသွားဘီ...၊ထီထိုးထားတယ်...ပေါက်ရင် ဆွစ်ကို
နိုကီယာနဲ့အတူပို့ပေးမယ်....:)))))))

Anonymous said...

ဘင်လာဒင် ကျန်ခဲ့မယ့် ဘဏ်စာအုပ်ကိုတောင် အစ်ကိုမောင်မျိုးက အလွတ်မပေးချင်တော့ဘူး။ ဟိဟိ

ပြောင်ချော်ချော်ကော်မန့်ပေးချင်လို့တော့ မဟုတ်ပါဘူးလေ.. ဒီဘလော့ကာလေးကလည်း ပြောင်စပ်စပ်ဆိုတော့ ဓါတ်ကူးသွားတာပါ။

အင်းးး မြို့ကြီးပြကြီးရောက်တာ ၄နှစ်၎လီကြာပြီ အမေရေ..

ဟယ်.. ဒါဆို သူတို့အဝှာကို ပြောင်းပြေးရတာပေါ့နော်။ အဝှာ့ကိုတောင် နှုတ်မဆက်သွားကြဘူး။ တော်တော်အဝှာဖြစ်တဲ့ အဝှာတွေ.. :D

လစာထုတ်မယ့်အချိန် ရတနာလည်း ပျော်ပါတယ်။
း)

ခင်မင်စွာဖြင့်
ရတနာ

Anonymous said...

လစာရတဲ့နေ့ဆို အတူတူပဲ..

ပြုံးပြူံးဖြင့်ဖတ်သွားသည်

ကိုထွဋ်

မိုးခါး said...

အမေနဲ့ ရွာကို လွမ်းနေတဲ့ မာမီရေ .. နေကောင်း ကျန်းမာ အဆင်ပြေပါစ

ချက်မှာ လှမ်းခေါ်ရင် ပြန်မပြောနဲ့ ကြားလား .. ပြောလို့ကတော့ တွေ့ပီမှတ်

ဘာလဲဟ မာမာပြုတ် ..

ဗောက်ထနေရင် ဟက်နီးနဲ့ လျှော်နော် :P

ငါ့မှာတော့ လစာထုတ်လဲ မပျော်နိုင်ပါဘူးဟာ .. ခုမြင် ခုပျောက် ဖြစ်လွန်းလို့ .. :D

မိုးယံ said...

ဒင်းရဲ့ အရည်အချင်းကိုလေးစားတယ်.. (ကောင်း......)။
ကျွန်တော့်ရဲ့ အရေးအသားကို သဘောကျတယ်...။

တစ်ချို့စာအုပ်တွေ အွန်လိုင်းမှာ ရှိတယ်.. သိပ်မ၀ယ်နဲ့ ထားစရာနေရာမရှိဘူး. သယ်ရလဲ ခက်တယ်..။

ကိုဇော် said...

တော်ချက် . . . ရေးထားတာ ကောင်းလိုက်တာ . .
အင်း . . တဂ် မိထားတယ် ဒါကို ရေးရဦးမယ်။

ညီလင်းသစ် said...

အင်း..ဒီတဂ်ကတော့ ညီပြောသလို နဲနဲစပ်စုတဲ့ တဂ်ပဲ၊း) တဂ်တဲ့လူက အခင်ဆုံးလူတွေပဲ တဂ်ပေမယ့် ကြားထဲက ကျနော်တို့လည်း အတော်အတန် သိလိုက်ရတာပေါ့..ဟားဟား၊ ဘင်လာဒင်ရဲ့ ဘဏ်စာအုပ်ကို မျက်စောင်းထိုးနေတာတော့ သဘောကျ သွားပြီ၊ သတိတော့ထားနော်၊ ဇတ်လမ်းတွေ က မပြီးသေးဘူး၊ လိုက်နေကြတုန်းပဲ၊း) ညီတို့ဆီမှာ စာအုပ်တွေ ဈေးကြီးပေမယ့် ဝယ်လို့ရနေ တာ တော်သေးတာပေါ့၊ ဒီမှာဆို အဲဒီလို အခွင့်အရေး မရှိဘူးဗျ၊ ဒီပို့စ်လေးကလည်း ဘလော့ဂါအကြောင်း ပိုပြီးသိရတဲ့ ပို့စ်လေးတစ်ပုဒ်ပါပဲ..။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘင်လာဒင်စာအုပ်များရရင်လေ ကျုပ်လည်း မုန့်ကျွေးနော်
ဆွဇ်ကို အလည်သွားမယ်ဆို လိုက်ချင်သား
ကိုညီလင်းပိုစ့်မှာတွေ့တယ် သိပ်လှတာဘဲ
ကော်ဖီထုပ်တော့ သယ်သွားမှး)

နေ၀သန် said...

မင်းစာကြောင်းတွေကလည်း အကြောင်းတိုင်းမှာ စာလုံးပေါင်းတွေမှားနေတယ်... မြန်မာစာသင်နေတဲ့ နိုင်ငံခြားသားကျနေတာပဲ...

...အလင်းစက်များ said...

20 က ဘာတုန်းဟ.. မောင်မျိုးရယ် ကြည့်လုပ်ပါဦးကွာ။

ဘင်လာဒင်ရဲ့ စာအုပ်တော့ သဘောကျတယ် ရရင် ငါ့လဲ နဲနဲခွဲပေးနော်... :)))

Maung Myo said...

ညိမ်းနိုင်.... အခုမှ လျှိုမနေနဲ့ ညိမ်းအကြောင်းရေးပါ ဒါပဲ ။

ရတနာ... လစာထုတ်ပြီးလည်း နေ့မြင် ညပျောက်ပါပဲ ညီမရယ်။

ကိုထွဋ်..... ညီက အမြဲပြုံးနေတာပဲကိုးး)

မိုးခါး...မာမားပြုတ်လို့ရေးတာဟေ့ ငါစာလုံးပေါင်းမှားတတ်တာ သိသားနဲ့နော့်း)

မိုးယံ...နင်က ဒင်းကို လေးစားတယ်ပေါ့လေ သေနာမ

ကိုဇော်..ဟုတ်လား စောင့်ဖတ်နေမယ်ဗျ ။

ကိုညီ... ဟုတ်ပါ့ စပ်စုတဲ့ပို့စ်ပဲး) ဒီမှာ စာကြည့်တိုက် သေးသေးလေးတွေလည်းရှိတယ် အစ်ကို ။

မချော.... တူတူသွားရအောင်နော့် ကိုညီ့သွားလေးကို အပြင်မှာတစ်ခါလောက်တွေ့ဖူးချင်လိုက်တာ။

နေ၀သန်... အင်းး ဟုတ်တယ် ငါက ကိုးရီးယားက မြန်မာစာသင်နေတုန်း ငါ့နာမည် ဂျောင်ဂျင်မျိုး ။

ကိုလတ်...အမလေး မကြောက်ပါဘူး အလကားရတဲ့ ဒီစာမျက်နှာလေးမှာတောင်ပြောခွင့်မရှိရင်တော့လည်း လုပ်ချင်တာသာလုပ်ကြတော့ပေါ့ဗျာ နော့်လေ ။

LinkWithin

Related Posts Plugin for WordPress, Blogger...