ကောင်းကင်ကနေတစင်း
ဘယ်လိုပင်ပူပြင်း
ရင်တွင်းကအချစ်ဒဏ်ရာ
နေတပျောက်ပေမယ့်
သေလောက်အောင်ခံစားတယ်။
ကောင်းကင်ကရေတပေါက်
ခမ်းခြောက်တာပပျောက်စေပေမယ့်
ရင်တွင်းကအလွမ်းမိုး
နွမ်းညိုးတာကိုပိုစေတယ် ။
ကောင်းကင်ကလတစင်း
အရာရာကိုထွန်းလင်းစေပေမယ့်
ရင်းတွင်းကချစ်သူ့ပုံရိပ်
အလုံပိတ်ထားတာတောင်
လင်းလက်အေးမြခြင်းတွေကို
ဆောင်နှင်းပေးနိုင်တယ်။
ကောင်းကင်ကအဟောင်းတွေကို
အသစ်မဖြစ်နိုင်ပေမယ့်
ရင်တွင်းမှချစ်ခြင်းများကို
ပျက်ယွင်းဟောင်းနွမ်းသွားသည်မရှိ
ထာဝစဉ်သစ်လွင်တောက်ပမှုတွေနဲ့
မော့ကြည့်လိုက်တိုင်း ကောင်းကင်က ကြည်ကြည်လင်လင် ။
14 comments:
လွမ်းနေတာလား၊ ဆွေးနေတာလား၊ တွေးနေတာလား မောင်မျိုး.... :P
ဘာပဲဖြစ်ဖြစ် ကောင်းတာလေးတွေပဲ မှတ်ထားတယ်ဟုတ်...
ရင်တွင်းက ချစ်သူ့ပုံရိပ်၊ အလုံပိတ်ထား သတဲ့လား...၊
ကဗျာလေးက နမိတ်ပုံတွေနဲ့ လန်းတယ် ညီရေ....။
ကိုမျိုးတစ်ယောက် ကြိတ်ဆွေးနေတယ် ထင်ပနော်..:P
ဟာ... !!
ဒါ လေးဖြူရဲ့
အလွမ်းများ ပဲ .. ;))
ခင်မင်လျှက်
ဆောင်းနှင်းရွက်
အံမယ် ကိုမောင်မျိုးက ဒီလိုလဲ ရသကိုးဗျ
ငမျိုးတို့ ဟက်ထိနေပီးထင်ပါရဲ့း))))
နှစ်သက်စွာ ခံစားသွားပါသည်။
ရတနာ
အချစ်နဲ့တွေ့ရင် လူတွေက ကဗျာဆရာဖြစ်သွားတတ်တယ်
တဲ့...၊ကြည့်ရတာ...ညီလည်း အချစ်နဲ့တွေ့ပြီနဲ့တူရဲ့....:)))
နုနေပါလား... မောင်နု... :D..
ခင်မင်လျက်
နေ၀ဿန်
နှစ်သစ်ကို အချစ်စစ်နဲ့ စတော့မလို့ ပေါ့...ဒါဆိုနှစ်သစ်ဆုတောင်းကလဲ လိုက်ဖက်တာလေးဖြစ်မှကောင်းမယ်နော်... ပြီးပြည့်စုံသောနှစ်သစ်ဖြစ်ပါစေ မောင်မျိုးရေ...
မှတ်ချက်ပေးထားတဲ့ အစ်ကို အစ်မ သူငယ်ချင်းတွေ အားလုံးကျေးဇူးပါ ဒါက အဟောင်းကြီးပါ တစ်နှစ်လောက်တော့ ရှိပြီး) ပြီးတော့ ကျနော်ရေးထားတာလည်းမဟုတ်ဘူး သူများရေးထားတာ ။
ဟတ်ထိတာလား မဖြစ်နိုင်ဘူး .. ဘီလိုမှ မဖြစ်နိုင်ဘူး ... :P:P
golden goose
kyrie irving shoes
bapesta
kd shoes
kobe shoes
hermes
off white outlet
yeezy shoes
fear of god hoodie
bape clothing
Post a Comment