Tuesday, April 12, 2011

ကောင်းကင်

ကောင်းကင်ကနေတစင်း
ဘယ်လိုပင်ပူပြင်း
ရင်တွင်းကအချစ်ဒဏ်ရာ
နေတပျောက်ပေမယ့်
သေလောက်အောင်ခံစားတယ်။

ကောင်းကင်ကရေတပေါက်
ခမ်းခြောက်တာပပျောက်စေပေမယ့်
ရင်တွင်းကအလွမ်းမိုး
နွမ်းညိုးတာကိုပိုစေတယ် ။

ကောင်းကင်ကလတစင်း
အရာရာကိုထွန်းလင်းစေပေမယ့်
ရင်းတွင်းကချစ်သူ့ပုံရိပ်
အလုံပိတ်ထားတာတောင်
လင်းလက်အေးမြခြင်းတွေကို
ဆောင်နှင်းပေးနိုင်တယ်။

ကောင်းကင်ကအဟောင်းတွေကို
အသစ်မဖြစ်နိုင်ပေမယ့်
ရင်တွင်းမှချစ်ခြင်းများကို
ပျက်ယွင်းဟောင်းနွမ်းသွားသည်မရှိ
ထာဝစဉ်သစ်လွင်တောက်ပမှုတွေနဲ့
မော့ကြည့်လိုက်တိုင်း ကောင်းကင်က ကြည်ကြည်လင်လင် ။



14 comments:

မဒီခ said...

လွမ်းနေတာလား၊ ဆွေးနေတာလား၊ တွေးနေတာလား မောင်မျိုး.... :P
ဘာပဲဖြစ်ဖြစ် ကောင်းတာလေးတွေပဲ မှတ်ထားတယ်ဟုတ်...

မဒီခ said...
This comment has been removed by the author.
ညီလင်းသစ် said...

ရင်တွင်းက ချစ်သူ့ပုံရိပ်၊ အလုံပိတ်ထား သတဲ့လား...၊
ကဗျာလေးက နမိတ်ပုံတွေနဲ့ လန်းတယ် ညီရေ....။

Angelhlaing(May everybody be happy and healthy! said...

ကိုမျိုးတစ်ယောက် ကြိတ်ဆွေးနေတယ် ထင်ပနော်..:P

Anonymous said...

ဟာ... !!
ဒါ လေးဖြူရဲ့
အလွမ်းများ ပဲ .. ;))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

အင်္ဂါဟူး said...

အံမယ် ကိုမောင်မျိုးက ဒီလိုလဲ ရသကိုးဗျ

လင်းခေတ်ဒီနို said...

ငမျိုးတို့ ဟက်ထိနေပီးထင်ပါရဲ့း))))

Anonymous said...

နှစ်သက်စွာ ခံစားသွားပါသည်။

ရတနာ

ညိမ်းနိုင် said...

အချစ်နဲ့တွေ့ရင် လူတွေက ကဗျာဆရာဖြစ်သွားတတ်တယ်
တဲ့...၊ကြည့်ရတာ...ညီလည်း အချစ်နဲ့တွေ့ပြီနဲ့တူရဲ့....:)))

နေ၀သန် said...

နုနေပါလား... မောင်နု... :D..

ခင်မင်လျက်
နေ၀ဿန်

တန်ခူး said...

နှစ်သစ်ကို အချစ်စစ်နဲ့ စတော့မလို့ ပေါ့...ဒါဆိုနှစ်သစ်ဆုတောင်းကလဲ လိုက်ဖက်တာလေးဖြစ်မှကောင်းမယ်နော်... ပြီးပြည့်စုံသောနှစ်သစ်ဖြစ်ပါစေ မောင်မျိုးရေ...

Maung Myo said...

မှတ်ချက်ပေးထားတဲ့ အစ်ကို အစ်မ သူငယ်ချင်းတွေ အားလုံးကျေးဇူးပါ ဒါက အဟောင်းကြီးပါ တစ်နှစ်လောက်တော့ ရှိပြီး) ပြီးတော့ ကျနော်ရေးထားတာလည်းမဟုတ်ဘူး သူများရေးထားတာ ။

ညလင်းအိမ် said...

ဟတ်ထိတာလား မဖြစ်နိုင်ဘူး .. ဘီလိုမှ မဖြစ်နိုင်ဘူး ... :P:P

Anonymous said...

golden goose
kyrie irving shoes
bapesta
kd shoes
kobe shoes
hermes
off white outlet
yeezy shoes
fear of god hoodie
bape clothing

LinkWithin

Related Posts Plugin for WordPress, Blogger...