Wednesday, January 26, 2011

တွင်းထဲကရေ

ရေ ဆိုတာ ကြည်လင်တဲ့ အေးမြတဲ့ သဘောပေါ့ ဒါပေမယ့် တွင်းထဲကရေတိုင်းတော့ အမြဲတမ်းကြည်လင်နေနိုင်မယ်မထင်ပါဘူး သူလည်း တစ်ခါခါတော့ နောက်တတ်မှာပေါ့ ။ ခေါင်းစဉ်ကတော့ တစ်ခြားစီဖြစ်ကောင်းဖြစ်နိုင်ပါတယ် ဒါပေမယ့် ခုလတ်လော ကျနော့်၇ဲ့ ခံစားချက်က တွင်းထဲကရေနဲ့ တူနေလို့ပါ တွင်းထဲက ရေထဲ ခဲလုံးကလေးပစ်ချလိုက်ရင် သူ့ရေပြင်လေး လှိုင်းထသွားမှာပေါ့ ဒါပေမယ့် ရေကတော့ မနောက်သွားပါဘူး ။ အင်းး......။ ကျနော်က ပြုံးပြုံးလေး နေတတ်ပါတယ် အလကားနေရင်း အပြုံးတွေဖော်ဖော်သီသီပေးတတ်လို့ မျက်နှာချိုတယ်လို့ အပြောမခံရပဲ မျက်နှာပြောင်တဲ့ သူလို့ သတ်မှတ်ခံရတာပေါ့ ။ ဖတ်ဖူးတဲ့ စာစုလေးတစ်ခု “ ပြုံးတာဟာ ဘာမှမခက်ပါဘူး လူမှုဆက်ဆံရေးနယ်ပယ်မှာ ပြုံးခြင်းဟာ အကောင်းဆုံး ပေါင်းကူးတံတားပါ” တဲ့ ကျနော် သိပ်ကြိုက်တဲ့ စာသားလေးပါ ဘယ်လောက်ထိ လည်းဆို မသိပေမယ့် မျက်လုံးချင်းဆုံသွားလိုက်မိတာနဲ့ ကျနော့်နှုတ်ခမ်းတွေက အလိုလို ကွေးညွှတ်သွားတတ်ပါတယ် ဒါပေမယ့် ကျနော့် အပြုံးမှာ ဘယ်ကောင်မလေးတစ်ယောက်မှ ကြွေမဆင်းသွားပဲ ကျနော့်ကို ငဘူးကြီးလို့ ထင်ပြီး သူတို့ ပြန်ပေးသွားတာက မျက်စောင်းလှလှလေးတွေပါး) ။။

လူတစ်ယောက်ဟာ အမြဲတမ်းတော့ ဘယ်ကြည်လင်နေနိုင်မလဲနော့် အကြည်ဓာတ်လေးရမှ စကားပြောလို့ကောင်း ကျနော်တို့လို ဘလော့ဂါတွေအဖို့ဆိုရင်တော့ ဒီအကြည်ဓာတ်က ပိုလိုတာပေါ့ အကြည်ဓာတ်မရှိရင်များ ကုန်ကြမ်းမပြောနဲ့ ကိုယ့်အရှေ့မှာ တစ် နဲ့ တစ်နဲ့ ပေါင်း ဘယ်လောက်ရလဲ အဲ့တာချရေးပါဆိုရင်တောင် ဘာစာမှထွက်မလာတဲ့အမျိုး ကျနော် ခုအဲ့လိုဖြစ်နေတာ“ အချစ်ရဲ့ ဒဏ်ခတ်ခြင်း ” ရေးပြီး လူက အားကုန်သွားပါတယ် ဘလော့ဂါဆိုတာ ကြမ်းပိုး ကို လိပ်ဖြစ်အောင်ရေးတဲ့ အမျိုးဆိုတော့လည်း ကိုယ်တွေ့လေးက ၂ ကျပ်ဖိုးလောက် ကြားဖူးနားဝ ရှိတာလေးက ၅ ကျပ်ဖိုးလောက် ဟိုဟာလေး နည်းနည်းထည့်ထည့် ဒီဟာလေးနည်းနည်းထည့်နဲံ့ ကုန်းရုန်းပြီး ရေးလိုက်မိပါတယ် ကျနော်များ စာရေးမတတ်လေတော့ မောင် လို့ အထင်ခံရပြီး လူမုန်းများသွားလေသလားမသိ တစ်ချို့ သူငယ်ချင်းတွေကလည်း အပိုဆုလေးတောင် ပါတာပဲ ယူလိုက်ပေါ့တဲ့ စမှန်းတော့သိပေမယ့် ရေတွင်းထဲ ခဲလုံးကလေး ပစ်ချခံလိုက်ရ လှိုင်းထသွားတယ်။

ခုရက်ပိုင်း အလုပ်ထဲမှာလည်း ဒီတိုင်းပါပဲ တစ်နေ့က စက်ရုံတွေဘက် အလုပ်သွားရင်း စက်ရုံက ခေါင်းဆောင်က ပြောတယ် တစ်ယောက်ချင်းလာမေးတာကို ဖြေနေမယ့် တူတူ လူတွေစုခိုင်းလိုက်ပြီး အသံကျယ်ကျယ်နဲ့ တစ်ခါတည်းရှင်းပြပေးပါတဲ့ ဟုတ်တာလည်း ဟုတ်ပါတယ် သူ့အတွက် အလုပ်ချိန်မှာ အလုပ်သမားစွမ်းအားတွေကုန်တာပေါ့ သူအတွက်ရှုံးတယ်လို့ဆိုရမယ် မတတ်နိုင်တာ ကျနော်က အသံကျယ်ကျယ်မပြောတတ်တာပါ ကျနော်လည်း ကိုယ်မလုပ်နိုင်တာကြီး အောင့်အည်းမနေတတ်တဲ့ ကျနော် အသံအကျယ်ကြှီးမပြောတတ်ဘူးလို့ပြောလိုက်တယ် တကယ်ပါ ကျနော် နည်းနည်းလေး အသံကျယ်ကျယ်ပြောလိုက်မိတာနဲ့ လည်ပင်းကြောတွေ ထောင်လာသလိုလို ခံစားရတာကြောင့်ပါ အဲ့မှာရလိုက်တဲ့ အမြတ်ကတော့ ကိုယ်ရုံးကိုပြန်မရောက်သေး ဘော့စ်ဆီက အလုပ်သမားခေါင်းဆောင်ရဲ့ တိုင်တဲ့ဖုန်းက ရောက်နေပါပြီး တော်သေးတာက လုပ်သစ် ၄ နှစ်ကျော်သာရှိလာတယ် ကျနော့် အော်ပြောတဲ့ အသံ ဘော့စ်လည်းမကြားဖူးလေတော့ သူက အဲ့အကြောင်းပြုံးစိစိလေးပြောပေမယ့် ကျနော်အသံကျယ်ကျယ်ပြောတဲ့နေရာမှာ ညံ့တဲ့အတွက် တွင်းထဲကရေ ထဲ ခဲလုံးလေး ပစ်ချခံလိုက်ရသလို ရင်ထဲ လှိုင်းထသွားတယ်။

ဒီနေ့စိတ်မကြည်ဖူးလား အစ်ကို့ မျက်နှာ တင်းနေတယ်တဲ့ အဲ့လောက်တောင် ဟန်မဆောင်တတ်ရမလားလို့ ကိုယ့်ကိုယ်ကိုတောင် အပြစ်တင်မိပါရဲ့ “ အစ်ကိုလည်း အမြဲတမ်းတော့ ဘယ်ပြုံးနိုင်မလဲ ညီရာ ” လို့ ပြန်ပြောရင်း ကျနော် သူ့ကို လုပ်ပြုံးလေးပြုံးပြလိုက်တယ် ။ အကြည်ဓာတ်တွေ ပျောက်ဆုံးတော့ ကိုယ့်လေသံတွေ မာလာတယ် အကြည်ဓာတ်နည်းတော့ ကိုယ့်လုပ်ရပ်တွေက အမှားများလာတယ် အကြည်ဓာတ်မရှိတော့ ခံစားချက်တွေကို ဖွင့်ချဖို့တောင် လက်တွေက တွန့်ဆုတ်နေတယ် အကြည်ဓာတ်မရှိလိုက်ပုံများ ငှက်ပျော်သီး အခွံနွှာစားဖို့တောင် ပျင်းသလိုလို ကဲ...အပေါင်းသင်းရောင်းရင်းတို့ အကြည်ဓာတ်ရအောင် ဘာလုပ်ရင်ကောင်းမလဲမသိ လုပ်စမ်းပါအုံး နည်းလမ်းလေး ဘာလေး :P

12 comments:

ရွှေရတုမှတ်တမ်း said...

အကြည်တော်ဖတ်ပါ..

ကိုဇော် said...

ဟာ . . ဖြစ်ရလေ မောင်မျိုးရာ။
ဘာမှဖြစ်မနေနဲ့လေ။ ကိုယ်ကလည်း စိတ်ကူးကို ပုံဖော် တင်ပြတာ။ သူတို့ကလည်း စိတ်ကူးကိုပဲ ထပ်ပွား ခံစား ဆင့်ပွားသွားတာ။ ဒါကို သူကလည်း စိတ်ကူးကို တင်ပြသလို သူတို့ရဲ့ စိတ်ကူးပေါ်က အယူလို့ပဲ ခံယူထားရမှာလေ။ ဒီလိုပဲ ဖြစ်တော့ ဖြစ်တတ်ပါတယ်။ ကိုယ် အားစိုက်ထားတာ တစ်ခုက အဲဒီလို လွဲသွားရင် ဖြစ်တတ်တယ်။
ဘာမှ ဖြစ်နေပါနဲ့လေ။ ကျောက်ခဲ အောက်ခြေ ရောက်သွားရင်တော့ ပြန်ပြီး ငြိမ်သွားမှာပါ။

ပျော်ရွှင်ပါစေ။

အိမ့်ချမ်းမြေ့ said...

အစ်မမလဲ အကြည်ဓာတ်ကုန်ဆုံးနေလို့ ပြောတတ်ဖူး။

၁၀ရက်စခန်း ၀င်လိုက်ရင် ပြန်ရ မယ်ထင်တယ်။
ဒါမှ မဟုတ်..

ကိုရွှေရတုပြောသလို အကြည်တော် ရှာဖတ်

မင့်အစ်မ
(ဟန် မလုပ်သူ..too) :P

Baby taster said...

စိတ်လျော့ စိတ်လျော့ :)
အော်ထည့်လိုက်လေ :P

ညီလင်းသစ် said...

ရေပြင်လို ကြည်လင်နေတာ တော်သေးတာပေါ့ မောင်မျိုးရ၊ မှန်တစ်ချပ်လိုများ ကြည်နေလို့ကတော့ ခဲတစ်လုံးနဲ့တင် တစ်ဘဝ ပြီးသွားမယ်၊ :)

နောက်ပါစေ...၊ ခဏလေးပါပဲ၊ နောက်တော့လည်း ရေပြင်အောက်က ရေစီးကြောင်းလို ကြည်အေး၊ ငြိမ်သက်စွာနဲ့ ပြန်ပြီး စီးဆင်းလာလိမ့်မယ်..။

ညိမ်းနိုင် said...

ဟုတ်တယ်...မောင်မျိုးရေ....အကြည်ဓာတ်ပျောက်နေရင်
ဘာမှလုပ်လို့မရတော့ဘူး...။ကိုယ်ကတော့ အဲဒီအဖြစ်အပျက်ကို ခေါင်းထဲကမရ ရအောင်ထုတ်ပလိုက်
တယ်...။ဒါတွေဟာ....ခဏပဲ.....၊ပြီးတော့လည်း ပြီးသွား
မှာပဲ....၊စိတ်ရဲ့လှည့်စားမှုတွေ၊ပညပ်ချက်တွေပဲ...စသည်
ဖြင့် တွေးယူပြီး စိတ်ကိုချမ်းသာအောင်မွေးယူရတယ်ညီရေ
ဦးကျောက်ပြောသလိုပဲ ...အကြည်တော်လို ဟာသတွေ
ဖတ်တယ်...။.လေချွန်တယ်...။စိတ်ကို မပေါ့ ပေါ့အောင်
လုပ်ယူရတာပဲဟ...။ကြိုးစားကြည့်ပေါ့......။

ချစ်ကြည်အေး said...

အို.....ဒါလေးများ ကြောင်မျိုးရယ်...... ချစ်ကြည်အေးသာ သွားဖတ်လိုက်.....ဇွတ်...:P

နေ၀သန် said...

နေ၀သန် ပြောနေကျ စကားနဲ့ပြောမည်... တရားထိုင်ပါ..၊ ဘုရားတရားလုပ်ပါ..၊ ဖြစ်ပျက်ရှုပါ... :P..


ခင်မင်တဲ့
နေ၀သန်

မိုးယံ said...

ဂျပိုးကို လိပ်ဖြစ်အောင် ရေးတဲ့အမျိုးဆိုတာ ငါ့ကို တည့်တည့်ပြောမှန်းနာတိဒယ်.

အသံကျယ်ကျယ် မတတ်လို့.. အဆိုတော် မဖြစ်တာရှင်းနေတာပဲ.


အကြည်ဓါတ် ရအောင် တရားထိုင် အာနာပါန လောက်နဲ့တင်ဖြစ်တယ်

ဆွေလေးမွန် said...

အကြည်ဓာတ်တွေပြန်ရအောင် အိမ်မှာရှိသော မကွဲနိုင်သော ထမင်းပန်းကန်ပြား အမျိုးအစားဖြစ်ရမည်။
အသံကျယ်ကျယ်မြည်ရမည်။
ထို့ကဲ့သို့သော ပန်းကန်ပြားအားတစ်နေ့ ၁၀ ခါမှ အခါနှစ်ဆယ်လောက် ကြမ်းပြင်ပေါ် လွှတ်ပစ်လိုက် ပြန်ကောက်လိုက် လုပ်ပါ။
သင့် အကြည်ဓာတ်ပြန်ရလာပါလိမ့်မည်.
ပုံ
ဂျပိုးကို လိပ်ဖြစ်အောင်ရေးသော ဘလော့ဂါ
ဆွေလေးမွန်
:P :P :D :)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီမယ် ကိုရွှေမျိုး
စာရေးတဲ့သူတွေဟာ သူရေးတဲ့စာဟာ ဖန်တီးမှုကောင်းကောင်းနဲ့ သိပ်ပီပြင်တဲ့အခါ စာထဲက ဇာတ်ကောင်က အပြင်က စာရေးသူရဲ့ တကယ့် အဖြစ်အပျက်လို့ ထင်သွားတတ်ကြတယ်..
ဥပမာ ဆရာမဂျူးဟာ သူရဲ့ အမှတ်တရ စာအုပ်ထဲက အဖြစ်အပျက်တွေဆို ဆရာမရဲ့ ကိုယ်တွေ့လို့ တော်တော်များများက ပြောကြတယ်.. ဒါဟာ ဇာတ်ကောင်ရဲ့ ဖမ်းစားနိုင်မှု ၊ အရေးအသား ယုတ္တိရှိမှု တို့ကြောင့် ဒီလိုထင်ခံရတာဘဲ။ တကယ်တမ်းက ၀တ္ထုထဲက ဇာတ်လိုက်ဟာ ကိုယ်ပါ လို့ အထင်ခံရရင် ကိုယ့်ရဲ့ ရေးဖွဲ့မှု အားကောင်းလို့၊ ကိုယ်ရေးတဲ့ဇာတ်လမ်းရဲ့ အသက်ဝင်မှုကြောင့် လို့ ယူဆရပါတယ်.. ဒါဆို ကိုယ်က ပိုပြီးတောင် ဂုဏ်ယူရဦးမယ်။ ဘာလို့များစိတ်ပျက်နေမတုန်း။ ကိုယ်တကယ်ဟုတ်တာ မဟုတ်တာ ကိုယ့်လိပ်ပြာရော ကိုယ်ရော အသိဆုံး မဟုတ်လား။ ဘာလို့များ ကိုယ့်အကြည်ဓာတ်ကို ဆုံးရှုံးခံနေမလဲနော်။ ဒီလို အထင်ခံရတဲ့အတွက် ငါ စာရေးတာ အတော်ကောင်းလာပါလားလို့ ဂုဏ်ယူလိုက်ပါ။

ဘာနေ ... said...

အကြည်ဓါတ်ဆိုတာကို နားမလည်တာတော့ ခက်ဗျာ . ကိုမောင်မျိုးမှာ စာရေးနိုင်တဲ့ စွမ်းအင်ရှိပါတယ်ဗျ .
ဒီ တွင်းထဲကရေ ဆိုတဲ့ ပို့စ်မှာတောင် ဒီနေရာလေး ကြိုက်နေသေး . <<>>>
ကိုယ်ရေးမဲ့အရာက တွေးရင်း ခိုင်လုံမှုမရှိသေးရင် ရေးဖို့အားမရှိတတ်ပါဘူးဗျာ .. ကျေနပ်နေတတ်တဲ့ စိတ်ရှိရင် ရေးဖို့လွယ်ပါတယ် .. ကိုနေဝသန်ပြောသလို တရားရှုမှတ်ပေါ့ဗျာ စိတ်ငြိမ်အောင်.. :D

LinkWithin

Related Posts Plugin for WordPress, Blogger...