Monday, January 24, 2011

မောင်မျိုး မေမေ့ မိန့်မှာမှု


မောင်မျိုး မင်းမမှားမီ မေမေမိန့်မှာမယ်။

မောင်မျိုး… မမူးမီ၊ မမေ့မီ… မှတ်မှတ်… မင်းမိန်းမ မော်မော် မြိုးမြိုးမြက်မြက်များ မြင်မှမြင်၊ များမှမြတ်မှမြင်။

မော်မော်မှာ မင်း မောမှာမို့၊ မှားမှာမို့ မမေးမမြန်း၊ မမေးမမြူ။

မင်းမှတ်၊ မောင်မျိုး မှတ်… မေမေ မှာမယ်၊ မိန့်မြွက်မယ်။

မော်မော့်မှာ မောမှမော… မေမြို့မှာ မျောက်များ၊ မြင်းများမွေးမြူ… မြိတ်မှ မဲမဲမှောင်မှောင် မှို၊ မြက်၊ မက်မန်းမျိုးများမှာ… မြောင်းမြမှ မျှစ်၊ မျှော့၊ မြွေ များမှာ… မုန့်မှုန့်မန်၊ မီးမြှိုက်၊ မီးမြှင်း…။

မျောက်များ၊ မြင်းများ၊ မျောက်မွှေး၊ မျောက်မြီး၊ မြင်းမွှေး၊ မြင်းမြီးများ၊ မက်မန်း၊ မှို၊ မျှစ်၊ မျှော့၊ မြွေများ မိုးမမိမီ မြစ်မှ မြန်မြန်မျှော။

မင်းမိန်းမ မော့်မော့်မှာ မြန်မှမြန်… မြင်မှမြင်။

မောင်မျိုး၊ များများမှတ် မင်းမှတ်မှ။ မင်းမှာ မြင့်မြင့်မားမား မြင့်မြင့်မြတ်မြတ် မမှန်း… မိန်းမ မမြင်၊ မှုန်မှုန်မှိုင်းမှိုင်း… မူမမှန်၊ မိုးမမှောင်မီ မြိန့်မြိန့်မူးမယ်၊ မိန်းမမာန်မဲမယ်… မေမေ မျက်မြင်မှမျက်မြင်။

မှားမယ်… မောင်မျိုး မင်းမှားမယ်… မင်း…. မြေမျိုမှာ၊ မင်းမမှားမီ မေမေ မိန့်မှာမယ် မှန်မှန်မြင်… မောင်မျိုး။




ဟန်သစ်ငြိမ်

12 comments:

Anonymous said...

လွှမ်းမိုးသီချင်းလား
မေ့မေ့မောမော မိန့်မိန့်မူးမူး မွှမွှမွှေးမွှေး မူးမူးမိုက်မိုက် မမမောင်မောင် မိမိမှားမှား မိုက်မိုက်မဲမဲ မှောင်မှောင်မွန်းမွန်း မြိုးမြိုးမြက်မြက် ..................
ဒီတခါ လာမမေးရာ

ညိမ်းနိုင် said...

မောင်မျိုး မင်းမူးပြီ၊မူမမှန်.....:)

အင်္ဂါဟူး said...

မောင်မျိုး မင်းမှားမယ် မူးမယ်...။ မှာမယ်။ မှောက်မှိန်း၊

မူ

မိုးမှန်။

Phyo Evergreen said...

မူးတယ်ဗျို့.... အပြီးထိမဖတ်နိုင်တော့ဘူး..။ ဖတ်ပြမယ်ဆိုလည်း နားထောင်ချင်ဘူးဗျို့...။
မူးလို့ပါ....း)

pandora said...

ဒါမျိုးကိုရင်နော်တို့ ဟန်သစ်ငြိမ်တို့ သိပ်တတ်ကြတယ်..
ဟားဟား

ညီလင်းသစ် said...

မောင်မျိုးရေ ..

မှုံမှိုင်းမှိုင်းမို့ မောမှ...မော...။ :)

ချော(အစိမ်းရောင်လွင်ပြင်) said...

မှောင်မိုက်မှာ မေ့မှာမို့
မူးမိမယ်..
ဖတ်ပြီး မျက်စိတွေမူး ခေါင်းတွေမူးလာလို့ ထပ်မူးအောင် အ၀သွားသောက်တော့မယ် ( ရေကိုပြောတာ)

မေဓာဝီ said...

မူးသွားပြီ မောင်မျိုးရေ ...
ကိုဟန်သစ်ငြိမ်က မ-တလုံး အတော်ကျေတာပဲ ကိုး ...

Baby taster said...

မောင်မျိုး မင်းမိန်းမ မော့်မော့်မှာ မြန်မှမြန်… မြင်မှမြင်။
ဆိုတော့ မောင်မျိုးမိန်းမနာမည်က မော့်မော့်ပေါ့နော်
ဘယ်လောက်တောင် အမော့်ကြိုက်လည်းဆို မိန်းမနာမည်တောင် မော့်မော့်တဲ့ :P လူကြီးတွေ မျက်စိနောက်အောင်။ နဂိုက သွေးတိုးကလည်းရှိနေတာ့
တော်တော် မူးသွားပြီ :)

သက်ဝေ said...

မောင်မျိုးမွေးနေ့... ဆုတောင်းမလို့ လာတာ...
မူးသွားတယ်...

ပျော်စရာမွေးနေ့ ဖြစ်ပါစေ မောင်မျိုးရေ....း))

မိုးယံ said...

ချစ်သယ်ရင်း ပန်းမင်းသမီးလေး မြောင်မျိုး...


ဘ၀မှာ မှောင်မိုက်မှုတွေ ကင်းလွတ်ပါစေ။မျောက်မွေးတဲ့ မိန်းမနဲ့ လွဲပါစေ၊ အမြဲတမ်းမော်ကြွားနိုင်ပါစေ ဘ၀ကို မြင့်မြင့်မားမား အောင်မြင်နိုင်ပါစေ။မျှစ်ချိုးသွားရင် မြွေ အန္တရယ် ကင်းပါစေ။ မိန်းမ မော်မော်နဲ့ ဘ၀ကို မြင့်မြတ်စွာ ဖြတ်သန်းနိုင်ပါစေ။ ဘ၀မှာ ပြင်ရခက်တာမျိုး မမှားစေနဲ့။မျက်ကန်း သရဲမကြောက်သလို မဖြစ်ပါစေနဲ။အမှန်မြင်မှ အမြင်မှန် ရတာမို့.. အမြင်မှားခြင်း ကင်းပါစေ.
မွေးနေ့မှသည်။. မျှော်မှန်းထားသော မြင့်မြတ်သော ဘ၀ကို မြန်မြန် ရောက်ပါစေ။

နောင်နှစ်ပေါင်းများစွာတိုင် ငြိမ်းချမ်းသာယာ စွာဘ၀ကို ဖြတ်သန်းနိုင်ပါစေ


ခင်တဲ့
မိုးယံ

Anonymous said...

supreme new york
goyard bag
kobe byrant shoes
goyard handbags
off-white
supreme clothing
bapesta
golden goose outlet
hermes bag
golden goose

LinkWithin

Related Posts Plugin for WordPress, Blogger...