Wednesday, January 12, 2011

အရူးလွယ်အိတ်

ဘာရယ်မဟုတ်ဘူး ပျင်းပျင်းရှိတာနဲ့ ကိုယ်လွယ်နေကျ အိတ်ကို သွန်ချလိုက်တယ် တစ်ခါခါ လိုချင်လို့နှိုက်လိုက်တာက တစ်ခြား ထွက်လာတာကတစ်ခြား အကောင်းစားတွေဆို သုံးရမှာ နှမြောလို့ ဘတ်အိတ်လည်း ကောင်းကောင်းဝယ်မကိုင်ပါဘူး ဈေးပေါပေါ ဘတ် ၅၀ တန်ပဲကိုင်တယ် ။အရင်က ဘောင်းဘီအိတ်ကပ်ထဲ တစ်နေ့စာချိန်ထိုးပြီး သုံးဖို့ပဲထည့်ပါတယ် နောက်ပိုင်းတော့ အခန်းသော့က စိတ်မချရတာနဲ့ ရှိတာလေးပြောင်မှာစိုးလို့ ပိုက်ဆံအိတ်လေးသုံးဖြစ်တယ် ။ဒီထဲမှာပါတဲ့ အသုံးဆောင်တွေက ပန်းရောင်တွေများလို့ ကျနော်မောင်မျိုးကို ပန်းရောင်ကြိုက်သော ပန်းမင်းသမီးလို့ မထင်လိုက်ပါနဲ့ခင်ဗျားး) တကယ်တော့ အလကားရတာတွေပဲ လိုက်သုံးနေလို့ပါ ။

ပန်းရောင် ကော်ပိုက်ဆံအိတ်လေးက အထဲမှာ ဘော်ပင် ၊ခဲတဲ အကြွေတွေခုထိသုံးနေတုန်းဖြစ်တဲ့ ထိုင်းဘတ်စေ့ နည်းနည်း ပါတဲ့ အိတ်လေးပါ အဲ့အိတ်လေးက ရုံးက ညီမလေးတစ်ယောက်ရဲ့အိတ် သူက မသုံးတော့ပဲ ပိုနေတာနဲ့ ကျနော့်အိတ်ထဲမှာ စုပြုန်ပြီးထိုးသိတ်ထားတော့ ကိုယ်လိုတဲ့ အချိန်ကျ ထွက်မလာတတ်လို့ အခုလို အိတ်သေးသေးလေးထဲ အသေမွှားလေးတွေထည့်ထားလိုက်တယ် ။အခုလိုဆောင်းတွင်းမှာ အပူများတဲ့ ကျနော့်နှုတ်ခမ်းတွေက သားရည်ဖတ်လေးလိုလိုဖြစ်ပါတယ် နှစ်တိုင်းပါပဲ အဲ့တာကို အားတိုင်း ခွာခွာနေကော ခွာလို့ကောင်းတယ် မကောင်းတာက အသားထဲစိုက်သွားပြီဆိုရင် သွေးတွေထွက်လို့ပါ အဲ့တာကြောင့် အရောင်မပါတဲ့ အဲ့အဆီနှုတ်ခမ်းဗူးလေးဆောင်ထားဖြစ်တယ် ။

အဖြူနဲ့ အစိမ်းပါတဲ့ စာအုပ်သေးလေးက ဘာလေးညာလေးမှတ်တာ ( ဘယ်သူ့ကိုက ဘယ်လောက်ပေးစရာရှိတယ်ေ ခါင်းရင်းဆိုင်မှာ ဈေးဝယ်ထားတာက ၁၅၀ ပေးဖို့ကျန် ) အဲ့လိုမှတ်စုတွေပါး) တစ်ခါတလေတော့ စိတ်ကူးထဲပေါက်တဲ့ စာတိုလေးတွေ ၂ ကြောင်း ၃ ကြောင်းခြစ်တတ်ပါတယ် ။ ဖုန်းနံပါတ် အချို့နဲ့ အလုပ်က မှတ်သားစရာ အကြောင်းရာလေးတွေကိုလည်း အဲ့စာအုပ်လေးထဲ ထည့်မှတ်ဖြစ်တယ် ။ ဘေးနာက ဆင်ရုပ်အပြာရောင်လေးက သော့ ( လေယာဉ်သော့ ၊ ကားသော့ ၊ဆိုင်ကယ်သော့ ) မဟုတ်ပါဘူးခင်ဗျား ကျောင်းသွားရင် စီးဖို့ဝယ်ထားဖြစ်တဲ့ တစ်ပတ်ရစ် စက်ဘီးသော့ပါ ။

အောက်က ပန်းရောင်စာအုပ်က ကျောင်းစာအုပ် ဟဲဟဲ တော်တော် တတ်မယ့်ပုံပဲ စာရွက်တွေ ပြုတ်ပြုတ်ထွက်နေလို့ အပေါ်က ကလစ်နဲ့ ညှပ်ထားရတယ် ။ အထဲမှာတော့ ပုံနှိပ်စာအုပ်မရှိတော့ သေချာလေးရေးဖြစ်တယ် ပေတံနဲ့တားတယ် ကာလာပင်လေးနဲ့ခြစ်တယ် ။ နားကြပ်က သီချင်းနားထောင်တယ် ဒီပုံက ဖုန်းနဲ့ရိုက်ထားတာဆိုတော့ ဒီထဲမှာတော့ ဖုန်းမပါဘူး ဖုန်းတွေကတော့ ဒီမှာဈေးပေါတယ် မြန်မာပြည်မှာသာဆို ဘော့စ်တွေမှ ကိုင်နိုင်တာ ဒီမှာကတော့ ကိုယ်ကမဘော့စ်ပေမယ့်လည်း ကိုင်နိုင်ပါတယ် ဖုန်း ။ ဘေးက မုန့်ထုတ် အရေးပေါ်အခြေနေမှာ သူက အသုံးဝင်တယ် ဆာနေတဲ့အချိန် တစ်ခုလောက်ကောက်ဝါးထည့်ပြီး ရေနဲ့ မျှောချလိုက်တယ် အဆာပြေသွားကော ။

ပေါင်တာဗူး ဈေးတော်တယ် ၁၀ ဘတ်တည်း မျက်နှာက အဆီပြန်လို့ လက်ထဲ နည်းနည်းဖျူး ပြီးရင် မျက်နှာကိုပွတ်ထည့်လိုက်တယ် တစ်ခါခါတော့ များသွားလို့ ကိုယ့်မျက်နှာက တရုတ်သရဲလိုဖြစ်ဖြစ်သွားကော ။သာရည်ပိုက်ဆံအိတ် အိတ်ကတော့ နည်းနည်းလန်းနေတယ် မလန်းတာက အထဲက အသပြာ လမကုန်သေးဘူး သူက မော်ဒယ်မလေးတွေလို ပြားကပ်သွားပြီး ။ မှတ်ပုံတင် ၊ စာကြည့်တိုက်ကဒ် ၊ ကျောင်းသားကဒ်နဲ့ အလုပ်ကထုတ်ပေးတဲ့ ၀န်ထမ်းကဒ် ။

ကုန်ပြီးမရှိတော့ဘူး အရူးလွယ်အိတ်ကို ဖွင့်ပြလိုက်တဲ့နောက် သူကပြောတယ် ရှိတာ ဒါအကုန်ပဲတဲ့ ဒီပို့စ်က တကယ်တော့ အကြံနဲ့ပါ :) ကျနော့်သူငယ်ချင်းတွေရဲ့ အိတ်ထဲမှာလည်း ဘာတွေများရှိနေသလဲလို့ သိချင်တာနဲ့ ရေးဖြစ်သွားတာပါ ။ သူတို့အိတ်ထဲမှာကော ဘာတွေများရှိပါလိမ့် ????
သူတို့............

နေ၀သန် လွယ်အိတ်
မေပယ်လ် လွယ်အိတ်
မိုးယံ လွယ်အိတ်
ကိုမောင်လေး လွယ်အိတ်
ကိုအုပ်ကြီး လွယ်အိတ်

ရေးပေးကြပါ ပျော်စရာလေးအဖြစ် ကျနော်က စလိုက်တာပါ မရေးလို့လည်းရပါတယ် ( မရေးရင် အိတ်ထဲမှာ ဥပဒေနဲ့ မလွတ်ကင်းသော တရားမ၀င်ပစ္စည်း များသယ်ဆောင်မှုနဲ့ ဖမ်းပါမယ် ။ အားလုံးလောက်မြှောက် ပြည်တု့ရဲတွေ ၀ိုင်းထားပြီးပြီး :P )

20 comments:

အိမ့်ချမ်းမြေ့ said...

ဒီပိုစ်လေးက ပျော်စရာပဲ..း)

နေ၀သန် said...

:P.. ဂလိုလား....

rose said...

ပိုက်ဆံအိတ်လေးက ပန်းရောင်၊ နှုတ်ခမ်းနီဗူးလည်း ရှိတယ်။ ပြီးတော့ စာအုပ်ကလည်း ပန်းနုရောင်လေး၊ မျက်နှာကိုလည်း ပေါင်ဒါ လိမ်းသေးတယ် ဆိုတော့... အင်း.... စဉ်းစားစရာပဲ (ခင်လို့ စနောက်သွားပါတယ် ကိုမျိုးရေ... စိတ်မချိုးနဲ့နော် ခိခိး)

မိုးယံ said...

အဲ.... ဒီတစ်ခါတော့ လွယ်မင်ထင်တာပဲ ငါ့အိတ်ကို ဓါတ်ပုံရိုက်ပြလိုက်ရင် ပြီးမယ်.. လာမယ် မြောင်မျိုးရေ ငါ အခုတစ်လော အသက်ရှူမှားလောက်အောင် အလုပ်များချင်ယောင်ဆောင် အဲ... အလုပ်များနေလို့... ခဏတော့ သည်းခံပေး...

နင်နှုတ်ခမ်းနီ ဆိုးတာတောင် မနေ့က သိရမှာ ဒါပေမယ့် အချိန်မရ သေးလို့ အခုမှ လာတယ်.။

Anonymous said...

မောင်ပန်း အယ် မောင်မျိုး ပြည်သူဝိုင်းတွေရဲထားပြီး အိတ်ထဲရှိတာ အကုန်ချပြပြီး ဘောင်းဘီအိတ်ထဲက မဟုတ်တရုတ်တွေ ထုတ်လိုက်စမ်းး)))))

ခင်မင်တဲ့
ကိုဗညား

မေဓာဝီ said...

အိတ်ထဲမှာ နှုတ်ခမ်းနီလဲပါတယ် ပေါင်ဒါလဲလိမ်းတယ် ပန်းရောင်လဲ သုံးတယ် ... ဟုတ်တော့နေပါပြီ ပန်းရောင်မောင်မျိုးရေ ...

ညိမ်းနိုင် said...

ပန်းမမရဲ့...။ငါ့အိပ်ဖွင့်ပြလို့မဖြစ်ဘူးနဲ့တူတယ်ဟ..။
လဝ တွေရှိတယ်....:)။

ဆောင်းနှင်းရွက် said...

ပန်းရောင် .. ??

ပုံမှာ မြင်တာတော့
ခရမ်းရောင်တွေ ပဲ မြင်နေသလိုပဲ ..း))


ခင်မင်လျှက်
ဆောင်းနှင်းရွက်

ကိုဇော် said...

နှုတ်ခမ်းနီ ဆိုးပြီးမှတော့ ဘာလို့ အိတ်ထဲမှာ ရှောက်သီးဆေးပြားထုပ်ကို မတွေ့ရတာလဲ။ သြော်. . . ရောင်းအားကောင်းလို့ အနောက်မှာ ကျောပိုးအိတ်နဲ့ သယ်နေရတာလား :P

Baby taster said...

အယ်သူကလည်း အလကားရတာ
အကုန်ထုတ်ကြွားတာပဲလား :)
မယုံဘူး ညီမတွေ ဟာတဲ့ ဘာဖြစ်လည်း
ပွင့်ပွင့်လင်းလင်းပေါ့ ဟဟား :)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်ပဟယ်
သူများတွေပြောသွားသလိုဘဲ ပြောချင်ပါတယ် နှုတ်ခမ်းနီနဲ့ပေါင်ဒါနဲ့ ပန်းရောင်နဲ့
အမျိုးသားတွေ စိတ်ကူးယဉ်ချင်စရာလေးနော်..
မောင်မျိုးက မာမီမျိုးများဖြစ်နေမလား
ဟိဟိ စိတ်မဆိုးနဲ့ စာဖတ်ပြီးပျော်လို့နောက်တာ
မောင်မျိုးအိတ်ထဲက ပစ္စည်းတွေက လှတ ပတလေးတွေတော့း)

သက်ဝေ said...

ဟိုး စောစောပိုင်းတုန်းက (အမတို့ ဘလော့ဂ်စမရေးခင်က) ဘလော့ဂ်ဂါ ညီအမတွေ အိတ်ထဲမှာ ဘာရှိသလဲလို့ ပြောပြကြတဲ့ တက်ဂ်ပိုစ့်လေးတွေကို သတိရသွားတယ်...

မောင်မျိုးအိတ်က ပစ္စည်းလေးတွေက ရှယ်ပဲ...း))

Yan Naing Aung said...

စာရေးဆရာတို့များ... လွယ်အိတ်လေးဖွင့်ချလိုက်တာတောင် အက်ဆေး ကောင်းလေး တစ်ပုဒ်ဖြစ်အောင်ရေးတတ်တယ်။ ဒါနဲ့ မင်းဖွင့်ချလိုက်တုန်းက ပုတ်သင်ညိုတွေထွက်ကျလာတာမြင်ပါတယ်။ ဘယ်မှာသွားဖွက်ထားတာလဲကွ။
အဟိ :P

Sopra No said...

မောင်မျိုး... ဂျောင်ထိုးထားတာ ပုတ်သင်ညို ဆိုပါလား...ဟီးဟိးး) )

zue said...

ပန်းရောင်ကြိုက်တဲ့ မင်းသားလို့တော့ မထင်တော့ပါဘူး.. အလကားရလို့ သုံးတယ်ဆိုတာ သိသွားလို့...း)

စော(အဝါရောင်မြေ) said...

အင်း ရှိတာတွေတော့ ထုတ်ကြွားနေပြီ...

:P

Anonymous said...

အရူးလွယ်အိတ်နဲ့ ကော်မန့်တွေဖတ်ပြီး တခွီးခွင်္ီးရယ်သွားသည်.။

Anonymous said...

လူဇိုး
ရေးပြီးသွားပြီနော်
ကျေနပ်ပါစေ

မိုးခါး said...

ဘယ်သူကများ ရိုက်စစ်ပါလိမ့် ... ????? :P

သိသွားပြီ ခုတော့ နှုတ်ခမ်းမွှေးနဲ့ ကြောင် ဘာတွေ ဆောင်ထားသလဲလို့ :P

Anonymous said...

yeezy 380
paul george shoes
jordan shoes
cheap jordans
jordan
off white shoes
golden goose sneakers
kobe basketball shoes
kyrie irving shoes
off white nike

LinkWithin

Related Posts Plugin for WordPress, Blogger...