Monday, January 10, 2011

လျှပ်တပြက်အလွဲများ

မလွဲတာတောင် တော်တော်ကြာပြီး အလွဲကြီးကြီးတွေမလွဲဖြစ်ပေမယ့် အလွဲသေးသေးလေးတွေကတော့ တော်တော်များပါတယ် ။ ခုချိန်ထိ အ၀တ်စားဆို ဖြစ်သလိုဝတ်တတ်တဲ့ကျနော် ၀တ် ၀တ်တယ်ဆိုပြီးကော ။ မနေ့က အပြင်သွားဖြစ်တယ် အရုပ်တွေပါတဲ့ ဘောင်းဘီတို အရှေ့က ချုပ်ကြိုးပါတဲ့ဟာ ရေချိုးပြီး ကမန်းကတန်း ပြေးဆင်း စောင့်နေတဲ့ သူငယ်ချင်းကိုအားနာတာနဲ့ ဘောင်းဘီ ဒီနေ့ကျမှ ၀တ်ရတာ ကျပ်နေသလိုလို ကျနော်များဝလာသလားဆိုပြီး ပျော်နေလိုက်သေးး) တကယ်တော့ဘယ်ဟုတ်မလဲ ဘောင်းဘီက ရှေ့နောက် မှားနေတာ ကိုယ့်မှာ အမှီးထွက်လို့ထွက်မှန်းမသိ အဲ့တာတောင် သူငယ်ချင်းက လာကုတ်နေလို့သိတာပါ “ ဘယ်လိုဖြစ်လို့ ငါ့ဖင်လာကုတ်နေတာတုန်း ” ဆိုမှ ဘောင်းဘီရှေ့နောက် မှားနေတယ်တဲ့ ဟား လွဲပြန်ပြီး အမှောင်ကွယ်လေးမှာ သူငယ်ချင်း ၂ ယောက်က ရှေ့ကကွယ် ကျနော်က တရုတ်သိုင်းကွက်နဲ့ ဟိုဘက်ဒီဘက်လှည့်ပစ်လိုက်တယ် ကျင့်သားရနေလို့လားမသိ မြန်မြန်ပြီးသွားတယ် သူငယ်ချင်းက ဟုတ်ကောဟုတ်ရဲ့လားဆိုပြီး အမှီးစမ်းကြည့်သေးတယ် “ အေး မထွက်တော့ဘူး” တဲ့ အမှီး ။

ဒါကတော်တော်တော့ကြာပြီး ရုံးကအစ်မက အုန်းရည်သောက်မလားတဲ့ အင်း သောက်ချင်တယ် ဒီတိုင်းကြီးတော့ အုန်းရည်ဘယ်လိုမော့သောက်မတုန်း တစ်အောင့်ကြာမှ သောက်ဖို့ “ အစ်မ...ပိုက်ဘယ်နားထားတုန်း ” ၊ “ ရေစင်အောက်မှာ ” တဲ့ ကျနော်လည်း အဟုတ်အောက်မေ့လို့ သွားရှာတာမတွေ့ပါဘူး မတွေ့ဘူးပြောတော့ သူက ငါသွားယူပေးမယ်ဆိုပြီး ယူလာတဲ့ပိုက်က ရေဖျန်းတဲ့ ပိုက် သေတာပဲ အဲ့တာမှာ “ ကျနော် အုန်းရည်သောက်ဖို့ ဒီပိုက်နဲ့သောက်ရမှာလား ” ကိုယ်လည်း ရွဲ့တဲ့တဲ့မေးလိုက်တော့ သူက ဘာာမပြောညာမပြောနဲ့ ထိုင်ရယ်နေလိုက်တာ မပြီးနိုင် သူထင်တာ အုန်းရည်က သောက်လို့ကုန်ပြီး ညနေခြံထဲ ရေဖျန်းပေးမလို့ ပိုက်ကိုမေးတာထင်နေတာတဲ့ စိတ်တိုတိုနဲ့ အဲ့နေ့က အုန်းရည်မသောက်ဖြစ်လိုက်ဘူး ။

ကိုယ့်နာမည် မျိုး ကို ထိုင်းလိုခေါ်တာ မြောင် တဲ့ ။ แมง ဆိုတာကြောင်ကိုခေါ်တာပါ ပီအောင် ကိုယ့်နာမည်ကို ပြောပြလည်း သူတို့အသံထွက်က မြောင်ပဲ ဘလော့ကရတဲ့ နာမည်က အပြင်မှာပါတွင်တယ်ထင်ပါ့ အရင်က ဘလော့ဂါသူငယ်ချင်းတွေ ကြောင်မျိုးလို့ ခေါ်တာကို သွားသတိရမိတယ် ။ ဘန်ကောက်ရုံးကနေ ထိုင်းအစ်မတစ်ယောက်က ဧည့်သည်ကို မဲဆောက်ရုံးဖုန်းနံပါတ်ပေးပြီး မြောင် ဆိုတာရှိတယ် သူ့ကိုဖုန်းဆက်ပြီးသိချင်တာ မေးလိုက်လို့ပြောတယ်တဲ့ ။ အင်း ဖုန်းလာတော့ ကိုယ်လည်းဖုန်းကောက်ကိုင်ပြီး “ ဆော်ဝါဒီခပ်” လုပ်လိုက်တယ် သူမေးတာက “ ကြောင်သားလေး ” လုမြောင် ลูกแมง ရှိလားတဲ့ ဘာတုန်းဟ ငါတို့အလုပ်က ဘယ်တော့ကများ ကြောင်အရောင်းအ၀ယ်ဖြစ်သွားရတာလည်းမသိဆိုပြီး ကိုလည်း မသောက်ရပဲ မူးသွားတယ် ။ နောက်တစ်ခေါက်ထပ်ဆက်လာပြီး အခုပြောနေတာ ကြောင်သားလေး ဆို တဲ့ အော်...အဲ့တော့မှ ကိုယ်လည်း သဘောပေါက်ပြီး ဟုတ်ကဲ့လို့ဖြေလိုက်ရတော့တယ် ရှင်းနေလည်း ပြီးတော့မှာမဟုတ်လို့ ကျနော်လည်း လူစင်စစ်ကနေ ဘယ်တုန်းက ကြောင်ဖြစ်သွားမှန်းကိုယ့်ကိုယ်ကိုမသိလိုက်ဘူး ။

ကျနော်က တော်တော် အရယ်သန်ပါတယ် ရယ်ပြီးဆို မရပ်နိုင်တော့ဘူး စာသင်တဲ့ဆီမှာ ကိုယ်နဲ့ဘေးချင်းယှဉ်ရပ် 16-17 အရွယ် ညီမလေးတစ်ယောက်နဲ့ ညီလေးတစ်ယောက်ရှိတယ် ကိုယ့်ကိုခင်ပြီး ဘာပဲဖြစ်ဖြစ် ပြောပြတတ်တယ် ကိုယ်လည်းအကြံပေးစရာရှိပေး ဖော်ရွှီးလုပ်ပြီး ဆရာကြီင်္းလုပ်တန်လည်းလုပ်ပေါ့ ပြီးခဲ့တဲ့သောကြာနေ့က ဆရာမက တစ်ခြားတစ်ဖွဲ့ကိုစာရှင်းပြနေတုန်း ကျနော်တို့အဖွဲ့က စကားများနေကြတယ် ခလေးမလေးက အရင်စပြောတယ် ” ဦး... ကနဲစော်ကလေ ရောက်စက ကုတ်နေတာပဲသိလား ခုများ ခါတာ ခါတာ ကျောင်းပါ ပြိုမယ်ထင်ရတယ် ရောက်စက ကျောင်းက သတ်မှတ်ထားတာ စကတ်က အတို သူဝတ်လာတာ ခြေမျက်စေ့ဖုံးတယ် သိလား အခု သွားကြည့်ကြည့်စမ်း သူတိုချလိုက်တာများ ဒူးအပေါ် တစ်ထွာလောက်တတ်သွားတယ် ကျောင်းလှေခါး တတ်ပြီဆို ၀ဲခနဲဖြစ်သွားလို့ လှေခါးတတ်နေတဲ့သူတွေ အကုန်လုံး သူ့ဆီအကြည့်ရောက်သွားကော ” ကျနော်လည်း ဘာရယ်မဟုတ်ဘူး အဲ့ညီမလေး ပြောတဲ့ပုံစံ သူက အသံအနေထားနဲ့ အမူယာ လုပ်ပြနေတာဆိုတော့ ကျနော်လည်း ရယ်လိုက်ရတာမောလို့ ဘေးက ကောင်လေးကတော့ ရယ်နေတဲ့ ကျနော့်ကိုကော ပြောနေတဲ့ ကောင်မလေးကိုပါ စိတ်တိုသွားတယ်ထင်တယ် “ နင်ကကော ငါ့စော်လောက် လှလို့လား ရုပ်ကိုက ဘာညာ ဖြစ်တယ်နဲ့ သူက စကားနာပြန်ထို ကောင်မလေးကလည်းထပ်ပြောနဲ့ အတန်းက ဆူညံသွားတယ် အဲ့မတိုင်ခင်လေးတည်းက ကိုယ်က လူကြီးပီပီ အရီ ရပ်ပြီး တော်တော် ဆိုပြီး တားရမှာ ခုတော့ ကျနော် ရယ်လိုက်တာက ပွဲကြမ်းလာတာတောင် ဗိုက်ကိုနှိပ်ပြီး အရှိန်သတ်မရဖြစ်နေတယ် ကိုယ့်ကိုယ်ကိုလည်း စိတ်တိုမိပါရဲ့ ။ စိတ်ဆိုးသွားတဲ့ ဆရာမလည်း ကျနော်တို့ကို ထိုင်ထ အခါ ၃၀ ဆီလုပ်ခိုင်းလိုက်တာ ရှက်လိုက်တာ အဲ့တာ ရယ်မိတဲ့ အကျိုး ထိုင်းထလုပ်နေရင်း ကျနော်တို့ ၃ ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဆက်ရယ်နေတုန်းး) ။

အလွဲလေးတွေက လွဲပေမယ့် ပျော်စရာကောင်းပါတယ် လွဲနေတုန်း စိတ်ညစ်ရပေမယ့် လွဲပြီးရင်တော့ တော်တော့်ကိုပျော်စရာကောင်းပါတယ် ။ အားလုံးပဲ လွဲနိုင်ကြပါစေ ပါးပါးလေးပဲ လွဲကြနော့် :P





12 comments:

မိုးယံ said...

အမြီးက ရှေ့မှာပေါက်... ရေဖျန်းတဲ့ ပိုက်နဲ့ အုန်းရည်သောက်... အဲဒါ ကြောင်ပေါက်...

ကြောင်မျိုး နင် နံမည်ကို ကင်ပွန်းမတပ်ရပဲ အပြင်လောကမှာ သုံးတာပေါ့ မကောင်းပါဘူးဟယ်..


လွဲလွဲလေးပဲ ကောင်းပါတယ်မြောင်မျိုးရယ်

မေဓာဝီ said...

မောင်မျိုး ဘောင်းဘီ ပြောင်းပြန်ကြီးဝတ်ပြီး အုန်းရည်ကို ရေဖျန်းတဲ့ ပိုက်နဲ့ စုတ်သောက်နေတာ မြင်ယောင်ပြီး ရယ်နေရတယ်။
လွဲလဲလွဲတတ်ပါပေ့နော်။

Anonymous said...

ညှောင်........
အမြီးနံ့ရလို့ ထအော်မိတာ:P
ပြောသားပဲ..(ဟာသရေးစားပါဆိုနေ)

rose said...

ကိုမျိုးရေ... အလွဲလေးတွေ လာဖတ်သွားပါတယ်။ အသံထွက်ပြီးတောင် ရယ်လိုက်မိတယ်။ သြော်... နာမည်က ကြောင်လို့လား ခေါ်တယ်လား.... ခစ် ခစ် မှတ်ထားလိုက်မယ်။

ရွှေရတုမှတ်တမ်း said...

တော်ပါသေးရဲ့..ရှေ့ကအမြီးထွက်မနေလို့

ညိမ်းနိုင် said...

တရုတ်သိုင်းကွက်နဲ့ ဘယ်သို့ဘယ်ပုံလှည့်သလဲဗျ...
ဘောင်းဘီကို....:)...။

ချော(အစိမ်းရောင်လွင်ပြင်) said...

မြင်ယောင်မိသေး
ဟေးဟေး
တော်လိုက်တာနော်
အခန်းထဲမဟုတ်ဘဲနဲ့ ဘောင်းဘီကို ရှေ့နောက် အမြန်လှည့်ဝတ်နိုင်တာ .. တော်တော်ကျင့်ထားလို့ဖြစ်ရမယ်.. ကိုယ်တိုင်လွဲရင်သာ စိတ်ညစ်ရတာ
သူများအလွဲတွေဖတ်ရတာ ရယ်ရတယ် ဟိဟိ

Anonymous said...

ဟား..ဟား..ဟားးး.... အောင်မလေးရီလိုက်ရတာ မျက်စေ့ထဲမြင်ယောင်မိလေ ရီတာက အတောမသတ်လေနဲ့ အူတွေတောင်နာတယ်။ ဘောင်းဘီလဲဝတ်တဲ့အကြောင်း ဖတ်ရင်း Mr. Bean ကားထဲမှာ Mr. Bean ဘောင်းဘီအတိုနဲ့ အရှည်ကို ရအောင်လဲဝတ်တာကို မြင်ယောင်မိပြီး ရီမိတာများ ပတ်တုတ်လို့မနိုင်ဘူး။ အုန်းရေကို ရေဖျန်းတဲ့ပိုက်နဲ့ စုပ်သောက်တာကိုလဲ မျက်စေ့ထဲ ပုံဖေါ်ပြီး Tom & Jerry ကာတွန်းထဲကလို ပိုက်နဲ့စုပ်ရင်း အုန်းသီးလုံးကြီး ပိုက်ထဲပါလာ ပါးစပ်ထဲ ဂလုဆို အလုံးလိုက်ကြီးဝင်.... အောင်မလေး... ရီလိုက်ရတာနော် သေတော့မယ်။ ဒီကလဲ အဲဒီလို ပေါက်ကရကို မြင်ယောင်ပုံဖေါ်ရမယ်ဆို လာခဲ့ထဲကပဲ။ ကာတွန်းဆွဲတတ်ရင် အဲဒီပုံတွေကို ဆွဲပြီး ပူစီညောင်မျိုးလေးကို လက်ဆောင်ပေးချင်ပါ့... ရီလိုက်ရမဲ့ဖြစ်ချင်း.... ဟားး..ဟားးး.......

ဆွေလေးမွန် said...

ကိုလုမြောင် ဟီး..ဟီး
အမယ်လေး လေး တရုတ်သိုင်းကွက်နင်းပြီးတောင်
အမြီးဖျောက်နိုင်တယ် ကျွမ်းကျင်ချက်
ဂယ်ပဲ..
ရုံးမှာ ဖတ်ပြီး ပုံစံက ပြုံးဖြီးဖြီးနေသေးတယ်..
ဘော့ရှိလို့ ၀ါးဟားဟား မလုပ်ရဲဘူး..
ဟာသ ဘလော့အား ခိုးဖတ်ရသော ဒွတ်ခပါတကား.

Baby taster said...

လူ့(က) မြောင်တဲ့လား
တော်သေးတာပေါ့ ကိုယ့်သူငယ်ချင်းဆို
လူ့(က)မူတဲ့ ခေါ်ခံရတဲ့ နာမည်ကကြည့်လေ:P
တော်တော်ရီရတယ်။ ရှေ့ နောက်သိုင်းတောင်ရတယ်
ဆိုပါလား မဲဆောက်ရောက်ရင်တော့ ရှောင်ရမယ် :)

Anonymous said...

ဖစ်မှ ဖစ်ရလေ...ငါ့ညီရယ်....း))

ကိုဏီကတော့ အင်္ကျီပြောင်းပြန်ဝတ်တဲ့သူများသာ တွေ့ဖူးတာရယ်.....။
အခုတော့.......း))

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

blackroze said...

အဟီးးး
မီးကတော့ထူထူကြီးတွေလွဲတာများလို့
လွဲချင်တော့ပါဘူးအေ..

LinkWithin

Related Posts Plugin for WordPress, Blogger...