Thursday, January 6, 2011

ဟွန် ဟွန်း ဟွန်

တစ်ကိုယ်တည်းသမားအတွက် ကျနော်လို လူပျိုမသိုးတသိုးလေးတွေအတွက်တော့ အဖော်ပြုစရာသီချင်းတွေပဲရှိပါတယ်။ သီချင်းကတော့ ဘယ်အချိန်ဖြစ်ဖြစ် နားထောင်နေတာပါပဲ စိတ်ညစ်လည်း နားထောင်တယ် ပျော်လည်းနားထောင်တယ် ။ သီချင်းဆိုတတ်သလားဆိုတော့ “ ဟွန် ဟွန်း ဟွန်” ပဲ သီချင်းတစ်ပုဒ်လုံးရတာဆိုလို့ တစ်ပုဒ်မှကိုမရှိပါဘူး ကိုယ့်အသံက လအော့ လအယ် မွန်+ကရင်+ဗမာ+ထိုင်း ဆိုတော့ အသံက ပြဲပြဲကြီးထင်ပါ့ ။ စကားပြောရင် ကျားလိုက်သလို မြန်မြန်ပြောတတ်ပါတယ် အဲ့တာကို ဖေ့ဘွတ်က အဆိုတော် (Yan Naing Aung) က သီချင်းတစ်ပုဒ်လောက်ဆိုပါတဲ့ အဲ့တာမှသေတာပဲ စာရေးဖို့ဆို မဟုတ်တာကို အဟုတ်လုပ်ပြီး ဟိုလှည့် ဒီလှည့်ရေးလို့တတ်သေးး) သီချင်းဆိုဖို့ဆိုရင်တော့ လုံးဝမရပါ။

တလောက ရုံးက မြန်မာသူငယ်ချင်းတွေ လခထုတ်တဲ့ရက် ကာရာအိုကေဆိုင်သွား သီချင်းဆိုကြတော့ သီချင်းတစ်ခါမှမဆိုဖူးတဲ့ ကျနော့်ကို အတင်းဆိုခိုင်းတာ ဘယ်သူမှရှက်စရာလူမပါပဲ ရှက်နေတဲ့ ကျနော်က သီချင်းဆိုဖို့တောင် ရဲဆေးတင်လိုက်တာ ဘီယာ ၂ ဗူး အသံကလေးလေး အရှိန်လေးရတော့ လျှာကလေးလေး ဟဲလေး ကနေ ဗြဲလေးဖြစ်သွားတယ် သူ့ ရဲ့ ဘာဖြစ်ဖြစ် က ကျနော်ဆိုလိုက်တာ ဘာဗစ်ဗစ် တဲ့ ကြားရတာ နားဝင်ဆိုလို့ထင်ပါ့ ဘေးက သူငယ်ချင်းက “ပေးပေး ကျနော်ကိုပဲပေးတော့” တဲ့ အော် ငါ့နှယ် ပါရမီ မပါလိုက်ပုံများ မကျေနပ်ဘူး အိမ်သာထဲမှာ တစ်ယောက်တည်းပြန်ကျင့်ရမယ် အသံ ။

သီချင်းကဆိုတာ စာမေးပွဲမှာ မရတဲ့နေရာကျ ကျော်တုတ်သွားသလိုပဲ “ သူဟာ ကျနော့်၇ဲ့ အိပ်မက်တွေထဲမှာ.............. အိပ်မက်ဟာ တကယ်ဖြစ်မလာပါ ” အစကနေ အဆုံးတစ်ခါတည်းရောက်သွားတယ် အိပ်မက်က မက်လို့တောင်မပြီးသေး တကယ်မဖြစ်လာတာက အတိကျ ကြားထဲမှာ ကျနော်ဆိုသွားတဲ့ စာသားတွေက “ ဟွန် ဟွန်း ဟွန်” ။ရှားရှားပါးပါး ကိုယ်ရတဲ့ အင်္ဂလိပ်သီချင်းလေးတစ်ပုဒ်ထဲရှိပါတယ် “my love” တစ်ယောက်သောသူကို အဲ့သီချင်းလေးဆိုပြဖူးပါတယ် ကိုယ့်အသံကိုမှတ်ချက်ချလိုက်တာ “ ဘာမှန်းကိုမသိလိုက်ဘူး” တဲ့ အဲ့လိုတော်ချက် ။ ထိုင်းသီချင်းတွေ မပီ့တပီနဲ့လိုက်ဆိုတော့ ရုံးက သူငယ်ချင်းတွေရဲ့ ဟာသကြီးကိုဖြစ်လို့ ဟူလားကျိုင် = I Love You ,ဟူမီးကျိုင် = I Miss You အဲ့တာ ၂ လုံးပဲပီတယ် အပိုင်ကိုကျက်ထားတာ ဟဲဟဲ ။

ခုရက်ပိုင်း နားထောင်ဖြစ်တဲ့ သီချင်းလေးတစ်ပုဒ် ထိုင်းက နာမည်အကြီးဆုံးအဆိုင်တော် ကိုငှက် ( ထုံချိုင်း ) ရဲ့ သီချင်းလေး သူကတော့ အမြဲတမ်း လန်းဆန်းတုန်း ချောတုန်း သန်တုန်းမြန်တုန်းပဲ ။ နားထောင်ကြည့်ပါအုံး ကျနော်ကတော့ “ ဟွန် ဟွန်း ဟွန်” နဲ့ ပဲ ဒီသီချင်းကို လိုက်ဆိုနေလိုက်တာ ဟုတ်လို့း)


11 comments:

အင်္ဂါဟူး said...

ဟွန်း ဟွန်း ဟွန်း နှင့်အသံ ဘာဗစ်ဗစ်ပါ အေ..


အဲမှာလဲ ကိုငှက်ရှိတယ်လား တိပါဘူးအေ.. ငှက်ကြီးဆို ကိုသျှပ် တစ်ယောက်ပဲ သိတာ.. မယ်မျိုးရယ် နောက်တစ်ခါဆို သူများတေ စိတ်ညစ်အောင် သီချင်းတွေ မဆိုနဲ့တော့နော်.. ပတ်ဝန်းကျင်ကို အားနာပါဟယ်

Anonymous said...

:P :D

နေ၀သန် said...

:P :D

(အပေါ်ကဟာ ငါ့ဟာ.. ဘာဖြစ်သွားမှန်းမသိဘူး..)

အုပ်ကြီး said...

လအော့ .. လအယ် နဲ့  ကိုက်တဲ့
သီချင်းတစ်ပုဒ်တော့ ရှိတယ်ဗျ .
"..ဒီမှာ လဒကာ ..လဆွမ်းကပ်တော့လကွာ ..
လဘုန်းပေးရအောင်လကွာ .."
ဆိုပြီး (ဦး)ဂျော်လီဆွေ လားမသိဘူးဆိုထားတာ
မြဝတီရုပ်မြင်သံကြားက လွှင့်တာကြည့်ဖူးတယ်ဗျ ...:P

Anonymous said...

ဖေ့ဘွတ်မှာကတည်းက ခွက်ထိုးခွက်လန်..
ဒီမှာတော့ သီချင်းလေးနဲ့ဆိုတော့ ပိုပြဲသွားတယ်.
(ပါးစပ်ပြောတာ):P

Anonymous said...

မန့်တာက ဘီလိုဖစ်ရတာဒုန်း:(
Anonymous ကြီးနဲ့ တက်သွားတယ်
(ညီလေး)

Yan Naing Aung said...

မကျေနပ်ဘူးကွ။ လုံးဝမကျေနပ်ဘူး။ မင်းသားကြီး ကိုမောင်ကိုမျိုး။
ဟွန် ဟွန်း ဟွန် အခုဆိုပြ။ ဒါပဲ

Zwe Lwin said...

ကျနော်တို့ တွေ ဆိုင်သွား သီချင်းဆိုကြတဲ့အခါ ကျနော်အလှည့်ရောက်ရင် သူငယ်ခင်ျးတွေက သံပုရာသီး အစိမ်းလိုက် ဝါးမိတဲ့ ရုပ်တွေနဲ့ နားထောင်ကြတယ်။

ညိမ်းနိုင် said...

စီးရီးထုတ်ပါလား...။ပေါက်လောက်တယ်...။
ဟွန် ဟွန်း ဟွန် ဆိုတဲ့ တိုင်တယ် နဲ့လေ...:D

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟိဟိ
ရယ်လိုက်ရတာ ဗိုက်တောင်နာတယ်..
မောင်မျိုးကိုစီးရီးထုတ်ပေးပြီး ညီလေးကို မော်ဒယ်ဘွိုင်းလုပ်ခိုင်းဖို့ ပိုက်ဆံစုလိုက်ဦးမယ်..
ပလုံလို့ အသံမြည်မမြည် စမ်းကြည့်ချင်လို့..း)

ချစ်ကြည်အေး said...

လာကြွားတာ အမတို့ နောက်လ သူ့ရှိုး သွားကြည့်မလို့ လက်မှတ်တောင် ဝယ်ပြီးပြီ ဟိဟိ :)

LinkWithin

Related Posts Plugin for WordPress, Blogger...