Thursday, December 30, 2010

ကလောင်နာမည်

ကျနော် မောင်မျိုး ကြီးကြီးကျယ်ကျယ်တွေမရေးတာကြာလို့ ရေးလိုက်အုံးမှပဲ ကလောင်နာမည်ဆိုပါလား ဘာပဲဖြစ်ဖြစ် ကလောင်မကိုင်လည်း ကီးဘုတ်ကိုင်ပြီ တို့များလည်းစာရေးတာဆိုတော့ စာရေးဆရာတွေပဲပေါ့လေး) ။ ဘလော့ရေးတော့ မောင်မျိုး တကယ်တော့ ချောင်ထိုးပါ ။ ဘလော့ရေးတဲ့သူတိုင်း ကိုယ်ဘလော့ရဲ့ ကလောင်နာမည်လေးတွေကို စွဲလမ်းကြလိမ့်မယ်လို့ကျနော်တော့ထင်ပါတယ် ဘလော့တွေဖတ်ခါစက ဆီပုံးတွေမှာ ကော့မန့်တွေကို ကိုမျိုး နဲ့ ပေးလိုက် မောင်မျိုးနဲ့ပေးလိုက်လုပ်တတ်ပါတယ် ဘလော့ရေးတော့ မောင်မျိုးဆိုတာလေး ကိုသုံးရင်းနဲ့ ဘလော့တွေတစ်ခုပြီးတစ်ခုပြောင်း တစ်ခုပျက်လိုက် နောက်တစ်ခုထပ်လုပ်လိုက်နဲံ့ ခဏခဏပြောင်းတတ်ပေမယ့် စာရေးတိုင်းတော့ ကျနော့်ရဲ့ ကလောင်က မောင်မျိုးပါ။

ဒီလိုပဲ ဘလော့က ခင်တဲ့သူတွေကိုလည်း ဘလော့က နာမည်လေးခေါ်ရတာကိုပဲ အရသာတွေ့နေသလို အပြင်မှာပါ ခင်ဖူးသွားပေမယ့် နာမည်ရင်းတွေသိပေမယ့် ကျနော်ကတော့ ဘလော့ကခင်တဲ့ နာမည်အတိုင်းခေါ်တာပါပဲ ( ဥပမာ - မိုင်ရာ ) ကို ခုချိန်ထိ မိုင်ရာပဲ ခေါ်တယ် ။ ခင်တာကြာနေပြီဖြစ်တဲ့ ကိုတင့် ၊ မောင်ခင်လေး တို့နဲ့ဆို ဖုန်းပြောဖူးပေမယ့်လည်း ခုချိန်ထိ သူတို့နာမည်ကျနော်မသိပါ ကျနော်ခင်တာ ဘလော့က နာမည်တွေပဲ ။ လေကြောရှည်မိတာနဲ့ လိုရင်းကိုမရောက်တော့ပါ ပြောချင်တာ မေပယ့်လ် အကြောင်း သူ့ကို ကျနော်လည်း စစတုန်းက မိန်းခလေးလားမှတ်လို့ ရင်း၂နှီး၂ စကားမပြောဖူးပါ။ နောက်မှ ယောက်ျားလေးမှန်းသိလို့ စကားတွေအများကြီးပြောဖြစ်တယ် တော်တော်ကိုခင်ဖို့ကောင်းတဲ့ ညီလေးတစ်ယောက်ပါ ။ စာတွေဖတ်ကြည့်ရင် သိမှာပါ သူဟာယောက်ျားလေးဆိုတာကို ။

ကလောင်နာမည်ပေးတာဟာ ဘလော့ရေးသူ ကာယကံရှင်နဲ့ပဲဆိုင်တာမို့ သူ့ပါသာ မိန်းမပဲဆန်ဆန် ယောက်ျားပဲဆန်ဆန် အခြောက်ပဲဆန်ဆန် သူရေးတဲ့စာကို ကိုယ်ခံစားဖို့ပဲလိုတာပါ။ သူ့နာမည်က တော့ ဒီလိုကြီးဆိုပြီး ကော့မန့်မှာ လျှာလာရှည်သွားတဲ့ ကော့မန့်ရတော့ ဒီင်္ကောင်လေးကလည်း အရည်ပြားပါးတာနဲ့ မေပယ်လ် သေပြီးဆိုပြီး ပို့စ်တစ်ပုဒ်ကတက်လာပါလေကော ။ အော် မသိရင် မှတ်ထား ညီလေးရေ ဘလော့ဂါဆိုတာ အရည်ထူရတယ် မျက်စိစပ် လက်ညောင်း ရတဲ့အချိန်လေး ခိုးဖတ် ခိုးမန့် ခိုးရေး ဒါတောင် သူများပြောတာတွေကိုလိုက်ခံစားနေမယ်ဆိုရင်တော့ မလွယ်ရေးချ မလွယ်ပါ ကိုယ်အထီးလား အမလားဆိုတာ ကိုယ်တိုင်အသိဆုံးထင်ပါ့း) ။


maple ဆိုတဲ့ သစ်ရွက်ကို ကနေဒါနိုင်ငံရဲ့ အမှတ်တံဆိပ် အဖြစ် သုံးကြပါတယ်။
အင်္ဂလိပ် စကားပြော နိုင်ငံတွေ မှာ မေပါယ်ဆိုတဲ့ နာမည်ကို မိန်းမတွေကိုဘဲ မှည့်ခေါ်ပါတယ်။ မစ်္စတာ မေပါယ်လ် ဆိုရင် အခြောက်လို့  သိထားကြပါတယ်။ ဥပမာ ဂရေ့ ဆိုတာ မိန်းမနာမည် ဂျော့ ဆိုတာ ယောက်ျား အမည် ပါ။ မဂျော့ လို့ မခေါ်ကြပါဘူး။

ုဒါကြောင့် မောင်မေပါယ်လို့ အခေါ်ခံချင်ရင်တော့ စာဖတ်သူ တွေ တချို့ က တမျိုးယူဆသွားတာ မဆန်းပါဘူး။

မြန်မာလူမျိုးတွေက တော့ နာမည်ကို ကြိုက်သလို ခေါ်နေကြလို့ ခိုင်လို့ ခေါ်ရင် ကိုခိုင်ထွက်လာသလို အထွန်းလို့  ခေါ်ရင် မထွန်းထွန်းအောင် ထွက်လာ ပါလိမ့်မယ်။

မေပါယ်သစ်ပင်က အအေးပိုင်း ဒေသမှာ ပေါက်တယ် ဆောင်းရောက်ရင် အရောင် ပြောင်းကြတယ် လှလည်း လှတယ် အရောင်ပြောင်းပြီးတာနဲ့  သစ်ရွက်တွေ ကြွေပြီး အပင်မှာ အကိုင်းတွေဘဲ ကျန်ပါတယ်။ ဒါပေမဲ့ ဒီသစ်ရွက်ကို မိန်းခလေးတွေ ကိုဘဲ မှည့်ခေါ်ပါတတ်ပါတယ်။



အော် သူ့မလည်း တော်တော်ကြီး ဝေဖန်ဖို့အတွက်လေ့လာထား၇တယ်ထင်ပါ့း) ။ ဒါဆို ကိုမောင်လေး ကို မောင်လေးရေလို့ ခပ်တည်တည် ခေါ်လိုက်ရရင်များ ကိုယ်လည်း အလကားနေရင် မမကြီးဖြစ်သွားတော့မလိုလို အော် ဒို့များဘ၀ အခေါ်ဝေါ်လေးမှားလိုက်မိတာနဲ့ ဘ၀ပြောင်းရတော့မယ့်အဖြစ် ။အဓိက ကစာရေးသူရဲ့ စာကိုရင်ဘတ်နဲ့ခံစားပြီး ရင်ဘတ်နဲ့ခံစားနားလည်ပေးဖို့ပဲလိုတာပါလေ ဒီကော့မန့်ပေးသူကို သိရသလောက်တော့ ကလောင်နာမည် ၂ မျိုးလောက်ပြောင်းဖူးတာ သိတယ် 2008 လောက်တုန်းက ရုရှက ဘလော့ဂါတွေနဲ့တော်တော်ကို နှောင်ဂျိမ်ပလေးကြတဲ့ ရဲရဲတောက် ဘလော့ဂါကြီးတစ်ယောက်ပေါ့ အဲ့တုန်းက သူ့နာမည် (J) ဂျေ ပါ အထီးလား အမလား ကိုယ်မသိပါ အခုတော့ ဆောင်း ဆိုလား ဗျောင်းဆိုလား။ ပြီးတော့ ဘလော့ဂါတစ်ယောက်ရဲ့အကြောင်း ကိုယ့်ဆီကို မေးလ်ပို့ဖူးတယ် အဲ့တုန်းက ဘာကြီးတူုန်းဟဆိုပြီး ကိုယ့်မလည်း လည်တည်တည်ဖြစ်သွားတယ်း) ။


တော်ပါပြီလေ ၂၀၁၀ ကို ဒီလိုပို့စ်မျိုးနဲ့ နှုတ်ဆက်ရတာစိတ်ပျက်စရာ ကိုယ့်အကြောင်းတွေ အတွင်းကျကျ စုံစမ်း ကိုယ့်မကောင်းကြောင်းတွေ လိုက်ဖျန့်မှဖြင့် မရှိမဲ့ရှိမယ့် သိက္ခာလေး ၅ပြားဖိုး အမ်းစရာတောင်မရှိဖြစ်သွားအုံးမယ် ။ မေပယ်လ် ...ညီရေ ဘာတွေပဲဖြစ်ဖြစ်စာတွေဆက်ရေးပါ ဘလော့ပေါ်မှာ ခင်မင်သံယောဇဉ်ရှိတဲ့သူတိုင်းကို ဒီလို ပြသနာမျိုးကြောင့် ဘလော့ရေးနားလိုက်တာမျိုး မလိုလားပါဘူး ။အဓိက ကမင်းကြိုက်လွန်းပါတယ်ဆိုပြီးပေးထားတဲ့ မေပယ်ဆိုတဲ့ မင်းနာမည် အပေါ်ကလို ကော့မန့်ကြောင့် ပြောင်းမယ်ဆိုရင် အစ်ကိုတော့ ခံစားလို့မရပါ ပြောဖူးသလိုပေါ့ မင်းပြောင်းမယ့်နာမည်ကြီင်္း သိပ်မခင်သလိုပဲ ငါခင်တာ မေပယ် နဲ့ပဲ ခင်ခဲ့တာလို့ဆိုသလိုပေါ့ ပြီးတော့ ဘလော့နားလိုက်တာမျိုး ဘလော့ပိတ်လိုက်တာမျိုးတွေဆိုရင်တော့ ပိုလို့စိတ်မကောင်းဖြစ်မိမယ်ထင်တယ် တကယ်တော့ ဒါတွေဟာ အလကားတွေလို့တွေးလိုက်ပါ ညီရာ ဟုတ်တယ်ဟုတ် ။ ကြား၃ကြားရှောင်မယ်လို့ စဉ်းစားထားပြီးမှ ခုတော့ ဘလော့ဂါတွေကြား ၀င်မိပြန်ပေါ့ နောက်နှစ်ဆို မမိုက်တော့ဘူး လိမ်မာတော့မယ် အဟုတ် ။

အားလုံးပဲ ကျနော်မောင်မျိုး ဘလော့ရေးတာနားလိုက်ပါပြီး ၂၀၁၁ မှ ပြန်ရေးဖြစ်တော့မှာပါ အားလုံးကိုလွမ်းနေမယ် အဟင့် ရွှတ် ဗက် ဗလပ် ခလေးတို့ ကောင်းကောင်းနေခဲ့ကြ ဘကြီင်္းစိတ်မချဗူးးးးးးးးးးးးးးးး ။

(ပိတ်ရက်မှာ သွေးချင်းတွေရှိတဲ့ ဟိုဘက်ကမ်းက မြို့ကလေးကို အလည်သွားတော့မယ် အားလုံးပဲ နှစ်သစ်မှာပျော်ရွှင်ကြပါစေဗျာ)





21 comments:

အုပ်ကြီး said...

အမည်နာမဆိုတာ ..အမှတ်အသားတစ်ခုပါဗျာ
စိတ်ကူးဆန်းဆန်းလေးတွေကြိုက်တတ်တဲ့
သူတိုင်းနာမည်ဆန်းပေးတတ်ကြတာသဘာဝပါ ..
ဒါပေမယ့် စာ နဲ့  လူ ကိုမကွဲကြဘူးလေ ..
စာပေသက်သက်ကိုပဲဖတ်ချင်တာထက် ၊
သူက ဘယ်သူလဲဆိုတာ သိချင်တဲ့သူတွေကလည်း ရှိတတ်တာပေါ့ဗျာ...
စီးပွားရေးအရမဟုတ် ကိုယ်က
အဆင်ပြေတဲ့အခါရေးတဲ့
အပျော်တမ်းဝါသနာရှင်တွေပဲဗျာ ..


အားလုံးအဆင်ပြေကြပါစေ လို့ ဆန္ဒပြုရင်း

နေဇော်လင်း said...

နာမည်ဆိုတာ ကိုယ့်နှစ်သက်တာ နှစ်သက်
တာပါ့ပဲ ... အဲလိုတိုင်း ဆို ကျွန်တော် ဆိုက်ရေးဖြစ်မယ် မထင်ဘူး
ဒါတွေကို ဂ၇ုမစို်က်ပါနဲ့ ခင်ဗျား
ဆက်ရေးပါ။

အင်္ဂါဟူး said...

ဟယ် နင်တို့ က 2010 နဲ့ ပေါင်းပြီး နှုတ်ဆက်ကြတော့မှာလား... စိတ်လေဒယ်.. နင်က စတုတ္ထ အကြိမ် ထပ်ရေးဟာ.. ဟိုကောင်ကိုလဲ ပြန်ရှင်ခိုင်းရဦးမယ်.. ငါက ဒီကေ့စ်မသိလို့ ငါ့ကိုလာအော်သလို သူ့ကိုလဲ ပြန်သေခိုင်းနေတာ ကြောင်မျိုးရ.. ဒီကောင်က တစ်ကယ့်အရေပါးကို.. ဒါပေမယ့် အရေပြားပေါ် ရောက်တဲ့ စကားကို အယားပြေလောက်သဘောထားပေါ့ဟ.. သူလဲ ပြောချင်တာ ပြောလေ... ကိုယ်လဲ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်ပေါ့.. ငါ့နံမည်က မမိုးယံဆိုလဲ ဖြစ်တယ်.. အင်္ဂါဟူးဆိုတာလဲ အထီးမှန်းအမမှန်းမသိဘူး.. ကဲအေးရော.. ဟိုကောင့်ကို အွန်လိုင်းတွေ့မှ ပြန်မေးရဦးမယ်... ဒွတ်ခ ဒွတ်ခ

Anonymous said...

အင်းဒွတ်ခ ဒွတ်ခ
ဒီမှာ လာပြီး ငမိုးက ငါ့အတင်းတုတ်နေပါလားနော်:P

မေဓာဝီ said...

အမနာမည် မေဓာဝီ ဆိုတာလဲ ယောက်ျားနာမည်တဲ့။ ပါဠိမှာ ဣတ္ထိလိင် တို့ ပုလ္လိင်တို့ရှိတယ်လေ မေဓာဝီ ဆိုတာ ပုလ္လိင်လို့ ပြောတာ ကြားဖူးတာပဲ ဟုတ်မဟုတ်တော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် မိန်းမ မှည့်လိုက်တော့ မိန်းမ နာမည်ဖြစ်သွားတာပဲ။
ဦးမေအောင် ဆိုတာလဲ ရှိတယ်။
ဒေါ်တင်အောင် ဆိုတာလဲ ရှိတယ်။
မေပယ်လ်က ယောက်ျားဖြစ်လို့လဲ ဘာမှ မဖြစ်ပါဘူး။
ပညတ်တွေပဲ ဟာပဲ ဟာကို။ :)

၂၀၁၁ မှာ ပြန်လည်ဆုံတွေ့ ကြပါစို့ မောင်မျိုးရေ ... ။
နှစ်သစ်မင်္ဂလာ ဖြစ်ပါစေ ... ။

မေပယ်လ် said...

What is in a name?
That which we call a rose,
By any other name would smell as sweet.
အမည်သညာ ဘာအရေးပါလိမ့်။
နှင်းဆီကို ဘယ်မည်ပေးတော့ မွှေးမပျက်ပါ။
(ရှိတ်စပီးယား)

ShwunMi- said...

ငါသိတဲ့ မိန်းကလေးနာမည်က Mable ပါ..
Maple က သစ်ပင်နာမည်လေ..
Maple Story ဆိုတဲ့ ဂိမ်းတောင် ရှိသေးတယ်..
သိပ်စိတ်ရှုပ်မခံစေချင်ပါဘူး..

ကိုဇော် said...

ဘာ . . . .
မေပယ်လ်က အဲဒီလိုမျိုး ဖြစ်သွားသလား။
ဒါဆို သေချာတယ်။ မေပယ်လ်ရေ. . .
ငါ့ညီက တကယ်ကို လူ ဆန်တာပဲ။ လူ ဆိုတာ အရေပြားပါးရတယ်ကွ။ ဟိုတလောက မနိုင်းကလည်း ဒီလိုပဲ ခံစားရဖူးတယ်။ http://www.99sanay.com/2010/09/blog-post_13.html
ဒါကြောင့် အကိုတောင်မှ သွားပြီးတော့ အားပေးမိသေးတယ်။ လူပဲကွာ အရေပြားပါးမှာပေါ့။ ကြံ့ ၊ ကျွဲ ၊ ဆင် တွေကတော့ သူတို့ အရေပြားတွေက ထူတယ်ကွ။ သူတို့က တိရစ္ဆာန်တွေလေ။ လူဆိုတာ ထိခိုက်ခံစား လွယ်တာ မှားလား။ ဒါပေမဲ့ ရေရှည် ထိခိုက်ခံစားနေတာ ၊ ဒါကို တမြေ့မြေ့ နဲ့ မပြီးတော့တာပဲ ဆိုးတာ။ ပြီးခဲ့တာ ထားလိုက်တော့။ ဒီလိုမျိုး အစ်ကိုလည်း ဖြစ်ခဲ့ဖူးတယ်။ ဘာမှ ဖြစ်မနေနဲ့တော့။ အားလုံးပဲ. . ဒါကို နှစ်ဟောင်းမှာ အတွေ့အကြုံ တစ်ခု အနေနဲ့ ထားခဲ့လိုက်တော့။ နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ မျှော်ကြည့်ရင်း လျှောက်လှမ်းကြရအောင်။

ပျော်ရွှင်ပါစေကွာ။

ချော(အစိမ်းရောင်လွင်ပြင်) said...

တစ်ချို့ကိစ္စတွေက ခေါင်းထဲ မထည့်တာအကောင်းဆုံးပါဘဲ
ဥပက္ခာပြုသင့်တာ ပြုလိုက်မှ စိတ်ချမ်းသာရမယ်..
မဟုတ်ရင် ခံစားလို့ ပြီးနိုင်တော့မှာ မဟုတ်ဘူး
တစ်ခုခုဆို မပြီးနိုင် မစီးနိုင်ဖြစ်နေရင် အဲဒီလူကသာ အရှုံးဘဲ...
စိတ်ထဲ ဘာမှ မထားတဲ့သူက ဘာမှ မဖြစ်တော့ရင် အေးဆေး မဟုတ်လား
အားလုံးနှစ်သစ်မှာ စိတ်ရောကိုယ်ပါ ချမ်းသာကြပါစေ။
ခုတော့ မေပယ်လ်က သေရွာပြန်လာပါပြီး)

ရွှေရတုမှတ်တမ်း said...

အင်း...နာမည်ကတော့ ဘယ်လိုမှည့်မှည့်..ကိုယ့်သဘောပါလေ..
ဒါပေမဲ့လဲ...ရသာချို..ဆိုတဲ့နာမည်နဲ့ အစားအသောက်တံဆိတ် မှည့်လို့ကောင်းပေမဲ့ ပိုးသတ်ဆေးကြဘယ်မှည့်လို့ အဆင်ပြေပါ့မလဲ..
သမီးရူးနေတဲ့မိဘတွေက သားလေးမွေးလာတာကို
ကလျာနွဲ့နှောင်း လို့ မှည့်ထားပြီးမှ..သားက ဗိုလ်ချုပ်ကြီး ဖြစ်လာရင်..
ဗိုလ်ချုပ်ကြီးကလျာနွဲ့နှောင်း ဆို ကြားလို့မကောင်းပါဘူး..
ဒါပေမဲ့လဲ ပြဿနာမဟုတ်တာ ခေါင်းရှုတ်ခံမနေပါနဲ့

နေ၀သန် said...

ကြုံကြိုက်တုန်းလေး.. စာလာဖတ်မိတယ်.. ပြဿနာတွေနဲ့ တိုးနေပါပေါ့လား...း((((

သိင်္ဂါကျော် said...

ကိုယ်ကတော့ ကိုသိင်္ဂါကျော် ပဲ ခေါ်ခေါ်
မသိင်္ဂါကျော် ပဲ ခေါ်ခေါ် ဘယ်လိုမှ မနေပါဘူး.. :D :D

Anonymous said...

ဟုတ်တယ်မောင်မျိုးရေ...သူများပြောတိုင်းသာ လိုက်ပြီးနားထောင်ခံစားနေရမယ်ဆိုရင်ဖြင့်
သေချာတယ် စာဖတ်သူကျွန်မတော့ ရည်ရွယ်ချက်တွေ
ဇောက်ထိုးဖြစ်ခဲ့တာကြာပြီ။ ကိုယ့်ခံယူချက်နဲ့ 
ကိုယ်ပေါ့ဟာ။ ကိုယ်နာမည်၊ ကိုယ့်သမိုင်းလေးတော့
ကိုယ့်လက်၊ ကိုယ့်ခံစားချက်လေးနဲ့ ရေးပါရစေအုန်း။
ဟဟ။
အခုလိုလေးအားတီးပေးလိုက်မှ
အဲဒီ မော်ဒယ်ဘိုင်းလဲ အရေခွံထူလာမှာ။
ကြိုက်တယ်။ :)
ံHAPPY NEW YEAR!!! :)
ခင်မင်လေးစားလျှက်...ခင်မာလာအောင် ..:)

မိုးခါး said...

အင်းး
ထုံပေပေနေတာပဲ ကောင်းတယ် .. ဒီဘက်နားဝင် ဟိုဘက်နားထွက် .. အကျိုးမရှိဘူး ထင်ရင် စိတ်ထဲ အ၀င်မခံတာ အကောင်းဆုံးပဲ ..း)

နှစ်သစ်မှာ အားလုံးပဲ ပျော်ရွှင် ချမ်းမြေ့ကြပါစေ ..း)

ဟဲ့ မေပယ် .. နင်နာမည်စီးမယ်နော် :P:P

Anonymous said...

ဟက်ပီးနယူးရီးယား......။
မင်္ဂလာနှစ်သစ်ပါ အစ်ကိုရေ..။ ပို့စ်နဲ့တော့ဘာမှမဆိုင်ပါဘူး။ ကြုံတုန်း ဝင်နှုတ်ဆက်တာ။ လိမ်လိမ်မာမာနေ.......။ :-)


ဝေလေး

ညိမ်းနိုင် said...

မမကြီးမျိုး....မင်္ဂလာနှစ်သစ်ပါဗျိုး....:)...။
ကမေပယ်ရဲ့ ပို့စ်က ဂလိုလား...။သိပါဘူး...သူ့ကောင်လေး
အဲ...အဲ...ယောင်လို့ သူ့ကောင်မလေးနဲ့ စိတ်ကောက်ပြီး
ဖြစ်တယ်ထင်နေတာ....။နာမည်တွေကိုတော့ ခေါ်ဖို့ကလွဲ
ပြီး စိတ်ကို မဝင်စားတာ...။ကျားလား၊မလား မသေချာရင်
လည်း ရှေ့က ကိုတွေ မတွေ တပ်မနေပဲ နာမည်အတိုင်း
ရေးလိုက်တာပဲ..။အင်း...ညီပြောမှပဲ ကိုယ်နာမည်တောင်
ပြန်ပြောင်းရမလိုဖြစ်နေပြီ....:)။ကဲ ခုလို မေပယ့် အတင်း
ပြောပြတာ ကျေးဇူးတင်တယ် မမကြီးမျိုးရေ....
ခင်တဲ့ မောင်လေးးးးးးးးးး

Anonymous said...

ဘုစုခရု အဲ ဗုသုတလေး သိခွင့်ရလို့
သင်ခန်းစာရပါတယ် ကျေးဇူးပါ

တန်ခူး said...

မောင်လေးမောင်မျိုးရေ... ရည်ရွယ်ချက်တွေပြည့်ဝအောင်မြင်သော စိတ်ချမ်းသာ ကိုယ်ကျန်းမာသော နှစ်သစ်ဖြစ်ပါစေလို့ ... ကလောင်နာမည်ဆိုတာ ယောင်္ကျား... မိန်းမ ကန့် သတ်ဘောင်ချလို့ ရကောင်းတဲ့အရာလို့ အမတော့ မထင်မိဘူးလေ...

အိမ့်ချမ်းမြေ့ said...

တစ်ခါတစ်လေ စဉ်းစားမိတယ်..
ယောက်ျားကလောင်နာမယ်နဲ့ စာတွေရေးခဲ့မိရင် .... လို့။

ပိုလွတ်လပ်မလားပဲ...

အိမ့်ချမ်းမြေ့ said...

ကိုအုပ်ကြီးပြောတဲ့ အတိုင်းပါပဲ။
လူနဲ့စာကို ကွဲစေချင်တာပါပဲ။
စာပေကိုစာပေလို ဖတ်စေချင်တာပါပဲလေ..
သူပြောတဲ့ အတိုင်းပါပဲ။

Anonymous said...

bape hoodie
supreme clothing
steph curry shoes
westbrook shoes
yeezy boost 700
golden goose sneakers
jordan shoes
kyrie 6
yeezy 700
kd shoes

LinkWithin

Related Posts Plugin for WordPress, Blogger...