Wednesday, December 8, 2010

လမ်းပြကြယ်

မေ...
ပြာလဲ့လဲ့ကောင်းကင်တွေကို
မော့ကြည့်ပြီး
ရူးခဲ့တဲ့ကောင်တစ်ယောက်
ဒဏ်ရာတွေကိုငုံ့မကြည့်ရဲဘူး။ ။

ရူးမိုက်စွာ ရှေ့ဆက်တိုးမိတယ်
နှလုံးအိမ်ရဲ့ လမ်းပြကြယ်ပေါ့
အထင်နဲ့အမြင် မှားနေမှန်း
အဆင့်တန်းက ခွဲလာမှ သိလိုက်ရတယ်။ ။

ငိုတော့လေ... မထူးဆန်းတဲ့ပြဇာတ်လို့
လူတွေပါးစပ်ဖျားမှာ ဘယ်လိုရွက်ဆိုပါစေ
ငါငိုနေတာ ငါပဲသိတယ် ။

7 comments:

မေပယ်လ် said...

ငါငိုနေတာ ငါလဲသိပါတယ်နော်
ဟင်း..ဟင်း..
ကဗျာက ဖတ်ရတာ မ၀ဘူး

နှင်းနဲ့မာယာ said...

ဝိုင်းပြီး ငိုပေးရအုံးမလား....

နှင်းနဲ့မာယာ

Khinmarlaraung said...

ငိုနေတုန်းလား မောင်မျိုးရေ..............
တိတ်တော့ ဟ ။
မျက်ရည်ကို သုတ်လိုက်တော့.....
ကိုယ့်ဒဏ်ရာတွေကိုယ်ပြန်ငုံ့ ကြည့်လိုက်..ပြီးတော့
အားရအောင် ပြုံးလိုက်စမ်းပါ။
ဆင်တူ ဒဏ်ရာတွေ ထပ်မရဖို့ သူတို့ က
မင်းကို Remind လုပ်နေပြီလေ....
နှစ်သစ်ကို အပြုံးအပြည့်နဲ့ ကြိုဆိုဖို့ 
အသင်ပြင်ထားစမ်းပါ။ :) CHEER!!
သေချာတယ်...မင်းအပြုံးကို မင်းမေမေ
အိပ်မက် မက်နေပါလိမ့်မယ်။ :)
...ခင်မင်လျှက်..ခင်မာလာအောင်..:)

ချော(အစိမ်းရောင်လွင်ပြင်) said...

တစ်ခါတစ်လေတော့လည်း ငိုချလိုက်တာကောင်းပါတယ်..
ရင်တွေပေါ့ပါးသွားတာပေါ့.. ယောက်ျားလေး မငိုရဘူးလို့ ဘယ်သူပြောသလဲနော်..
မျက်ရည်တွေတော့ အောက်ကနေခွက်ကလေးနဲ့ ခံထားပေါ့
ယောက်ျားမျက်ရည်ဆိုပြီးရောင်းစားလို့ရအောင်း)

Bravo said...

ဒဏ်ရာက ဘယ်လောက် နက်နေပြီလည်း
တစ်ချက် ပြန်ငုံ့ကြည့်ပါဦး

အုပ်ကြီး said...

အဆင့်အတန်းတွေကသာ လမ်းပြရင်
ကိုယ်ကျင့်တရားကို လက်ကိုင်ထားမယ်
ရူးတယ်လို့ ပြောကြပါစေ ........
ငါငိုတာငါသိတဲ့နောက်
မေ ထွက်သွားတဲ့နောက် ဘဝကြီး ဒိုးယိုးပေါက် ..

မိုးခါး said...

တရက်တော့ ငိုပါး)

LinkWithin

Related Posts Plugin for WordPress, Blogger...