Tuesday, December 28, 2010

အချစ်ဆုံး နဲ့ ပြိုင်ဘက်

အချစ်ဆုံး ကိုယ့်မှာ ချစ်စရာဆိုလို့ တူ ၊ တူမတွေပဲရှိပါတယ် နည်းနည်းကြီးသွားလို့ပြောစကားနားမထောင်တော့ရင်တော့ သိပ်ကြည့်မရတော့ သူတို့တွေကသာ ကြီးကြီးလာတယ် ဦးလေးက ဒီလောက်က ဒီလောက်ပဲ အရွယ်တင်လို့မဟုတ်ပါ အကောင်ကသေးလို့ ။ တူ တွေထက် စာရင် တူမတွေက ပိုသိတတ်ပြီး လိမ်မာတယ် ဒါကြောင့် ကျနော့် အချစ်ဆုံးက တူမလေးပေါ့ ။ တူမတွေက ဦးလေးသွားလို့ သူတို့အတွက် မုန့်ပါချင်ပါ မပါချင်နေ ရေတိုက်တဲ့သူနဲ့ ပေါင်ပေါ်ပြေးတတ် အာဘွားပေးတဲ့သူနဲ့ သိပ်ချစ်ဖို့ကောင်းပါတယ် အဲ့ထဲကမှ ကျနော့်အချစ်ဆုံးကတော့ အောက်ကပုံထဲက တူမလေးပါ ဒီကအစ်မ ရဲ့ အငယ်ဆုံးသမီးလေးပါကျနော်တော့ သိပ်ချစ်တယ် အမေကတော့ ကျနော့်ကို အမြင်ကတ်လှပေါ့ အမေက မြေးယောက်ျားလေးတွေကိုချစ် ကျနော်ကတော့ တူမတွေကိုမှ ချစ်လို့ပါ ။ သူတို့အိမ်ရောက်သွားရင် လှုပ်စိလှုပ်စိနဲ့ ပိုးကောင်လေးကို ကစားနေတာကအမြဲ ဖုန်ပေါတဲ့ ရွာမှာ သူက ဖုတ်လူးကောင်လေး။

ဘေးလူတွေကြားရင်တော့ ကျနော်ကို ငပေါကြီးလို့ထင်မှာပဲ ဘာလို့လည်းဆိုတော့ တူမလေးနဲ့တွေ့ရင် ကျနော်က သူပြောသလို စကားမပီအောင်လိုက်ပြောနေတာမို့ပါ ။ “ အသည်းနှလုံးရေ ၊ ပူတူတူလေးရေ ၊ ယိုစုံလေးရေ ” ချစ်လွန်းလို့ နာမည်တွေစုံအောင်ခေါ်ပစ်လိုက်တယ်း) အမေကတော့ “အမေလေးဟဲ့ အဖြစ်က သည်းကိုသည်းတယ် ” တဲ့ ။ ခလေးဗိုက်ကို ဗူပေါင်းမှုတ်သလို တဗွက်ဗွက်နဲ့ လုပ်ရတာလည်းပျော်တယ် ။ ခလေးက နို့ဆာလို့ ဂျီကျတဲ့အခါကျရင်လည်း တမင်ပိုငိုအောင်လို့သူ့ပါစပ်ရှေ့မှာလက်င်္ကြီးနဲ့ လိုက်လိုက်ကာတယ် ။ နေ့ခင်းပိုင်းတွေကျ မအိပ်ပဲ ကြွက်ကလေးတစ်ကောင်လို အိပ်နေတဲ့သူတွေရဲ့ မျက်လုံးတွေ နှာခေါင်းတွေ လိုက်နှိုက်တတ်ပါတယ် ။ အစ်မရဲ့ ဈေးဆိုင်လေးမှာ ခဏခဏ ဆီဗူးတွေမှောက်ချ ဆေးလိပ်တွေ ချိုး နဲ့ အမြတ်မရတဲ့ အပြင်အရင်းထဲက ပါပါသွားတယ် ။



ပြန်ကာနီးကျ “အသည်းရေ ဦးသား ကို အာဘွားပေး” ဆိုရင် ဖုတ်တွေလူးနေတဲ့ မျက်နှာကြီးနဲ့ ပါးစပ်ကြီးကို အကျယ်ကြီးဟပြီး အာဘွားပေးလိုက်တာ ကျနော့်မျက်ကြီးတစ်ခုလုံးပေကလူးလို့ ။ကျနော်သာ သူတို့အိမ်ကထွက်လာလို့လှမ်းလာတာတော်တော်ရောက်တယ် သူ့မှာ တာ့တာ့ပြလို့မပြီးသေး ။တူမလေးကိုသတိရတယ် ။




ဒီကောင်က ကျနော့်ရဲ့ ပြိုင်ဘက် အဝေးမှာအလုပ်လုပ်နေတဲ့ ကိုငယ်တို့လင်မယာက ခလေးကို အမေနဲ့အပ်ထားတယ် ။အသက်င်္ကြီးမှ အမေ့ကို အပူကပ်ရမလားဆိုပြီး ကိုငယ်တို့ကိုလည်းစိတ်ဆိုး အင်မတန်ဆိုးလွန်းတဲ့ အဲ့ခလေးကြောင့် ခလေးကိုသိပ်မချစ်သလိုလို သူကလည်း ကျနော့်ကိုသိပ်ကြည့်မရပါ ။ ကျနော်ရွာရောက်လို့ အမေနားကပ်ပြီဆို သူကမကြည်ကြည့်နဲ့ အမေက သူ့ကိုပြောမရရင် “ ငါ့သားလေးပဲ ငါချစ်တော့မယ်ကွယ် ” ဆိုပြီး ကျနော်ကိုဖက်လိုက်လို့ကတော့ ဆော့နေတဲ့ အဆော့ကိုပစ်ပြီး အမေ့နားလာပြေးကပ်တဲ့ကောင် ။ အမေ မရှိတဲ့ အချိန်ရှိတဲ့ မုန့်ကို တိတ်တိတ်လေး ဂျီမကျပဲ စားတတ်ပေမယ့် အမေရှိရင် ဟိုဟာစားမယ် ဒီဟာစားမယ်နဲ့ ဂျီကျတဲ့ကောင် မုန့်တွေကို ပလဲထုတ်ရင်တော့ သူ့လက်ဖ၀ါးကို ၄-၅ ချက်တော့ င်္တီးထည့်ပေးလိုက်တယ် ။

ညပိုင်းရောက် ကျနော်ကလည်း အမေ့နားအိပ်ချင်တယ် သူကလည်း အမေ့နားမှာပဲ မိုက်ကြည့်ကြည့်ပြီး ငိုတော့မယ့်ရုပ်နဲ့ သူက အမေ့ညာဘက်ခြမ်း ကျနော့်က ဘယ်ဘက်ခြမ်း အမေ့ကိုကျနော်က သိုင်းဖက်လိုက်ရင် ဒီကောင်က ကျနော့်လက်ကိုကိုက်တယ် သူက အမေ့ကိုယ်ပေါ်ခြေတောက်တင်ရင် ကျနော်ကမသိမသာလေး ဆွဲဆိတ်တယ်း) အမေကတော့ ဘယ်သိမတုန်း ညပိုင်းတစ်ခါမှမငိုဖူးတဲ့ ခလေး ဒီညမှ တယ်ငိုပါလားပေါ့ မနက်ကျမှ “ အမေ့မြေးကို အသည်းယားလို့  သားဆွဲဆိတ်လိုက်တာ ကောင်းတာ ” လို့ အားရပါးရ ပြောတော့ ကျနော့်ခေါင်းပေါ် အမေက ခွက် ခနဲ့ ဆော်ထည့်လိုက်တယ် “ နင်က ခလေးလား ငါ့မြေးကိုများ” တဲ့ အဲ့တာတွေကြောင့် အမေတို့ခက်တာ ။

ဓာတ်ပုံရိုက်ပေးမယ်ဆိုတဲ့ နေ့က တစ်ခြားသူတွေက ရေပြေးချိုး သနပ်ခါးပြေးလိမ်ကြနဲ့ ဒီကောင်ကတော့ မရိုက်ဘူးဆိုတဲ့ ဓာတ်ပုံတွေသာရိုက်လို့ပြီးသွားတဲ့ ဒီကောင့်ပုံတွေကတော့ ကင်မရာမင်းကျနော့်ကိုမကြည်ကြည့် ကြည့်တဲ့ ပုံတွေကြီးပဲ ။ေ န့လည်ပိုင်းကျ သူတို့အိမ်မှာ မဆော့ကြပဲ လွတ်လပ်ရေးရနေတဲ့ အဖိုး၊အဖွား လာဆော့ကြတဲ့ သူတွေကြီးပဲ တစ်ခါခါ အိပ်ငိုက်လို့ အိပ်မယ်လုပ်ရင် ရန်ဖြစ်တဲ့သူနဲ့ ငိုတဲ့သူနဲ့ တိုင်တဲ့သူနဲ့ နဂိုတည်းက စိတ်ခပ်ရှည်ရှည်ဆိုတော့ “ ခလေးဆိုတာ အိမ်ရဲ့ ဆည်းလည်း ” ဆိုပေမယ့် ဒါတွေကတော့ ပွဲခင်းထဲက ဗူပေါင်းတွေလို ဆူညံလွန်းလို့ တုတ်တစ်ချောင်းကိုင်ပြီး “ သွားသွား မဆော့ကြနဲ့တော့ ကိုယ့်အိမ်ကိုယ်ပြန်ဆော့ကြ သွား ငါတီးထည့်လိုက်ရ နာကုန်တော့မယ် ” ခပ်တည်တည်လေးနဲ့ ဟောက်ပေးလိုက်လို့ကတော့ မျက်နှာငယ်လေးတွေနဲ့ အိမ်ပြန်ကုန်ကေား) တော်ပါသေးရဲ့ ကျနော့်ကိုကြောက်မယ့်သူတွေလည်းရှိသား ။တစ်ခါခါ အဘက ပါးစပ်နဲ့ဆိုင်းတီး ခလေးတွေက က ။ ထိုင်နေတဲ့ ခလေးကို အပေါ်ကနေအုပ်မိုး လုံချည်ကြီးနဲ့ ဖုံး ခလေးကငို အဲ့လိုမျိုးဆော့ရတာလည်းပျော်စရာ ။

ဘ၀မှာ ငွေနဲ့ပေးဝယ်လို့မရတဲ့ အပန်းဖြေနည်းတွေရှိတယ်ဆိုရင် သူတို့လေးတွေနဲံ့ ဆော့ကစားပျော်ပါးရတဲ့ အပန်းဖြေနည်းကတော့ ကျနော့်အတွက် အပျော်ရွှင်ရဆုံး အချိန်တွေပါပဲ ။




9 comments:

မေဓာဝီ said...

တူတွေ တူမတွေနဲ့ပျော်နေတဲ့ မောင်မျိုးလဲ ကာတွန်းထဲက လေးလေးဇာလို ဖြစ်နေအုံးမယ်နော် ...။ ;)

မေပယ်လ် said...

ခလေးဗိုက်ကို ဗူပေါင်းမှုတ်သလို တဗွက်ဗွက်နဲ့ လုပ်ရတာလည်းပျော်တယ်
ရေးတတ်လိုက်တာကွာ
အဲလိုလေး အမေကလည်း ညီ့ကို လုပ်ဖူးတယ်
ဒါပေမယ့် ပြောမပြတတ်ဘူးလေ

ညိမ်းနိုင် said...

မောင်မျိုးရ....တူ၊တူမ တွေနဲ့ပဲပျော်တော့မလို့လား....:)။
ကိုယ့်ဘာသာ ကိုယ်ရော...မကြိုးစားတော့ဘူးလား....။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကလေးတွေနဲ့ ပြိုင်ဆော့ပြီး ကလေးနဲ့ပြိုင် မနာလိုဖြစ်နေတုန်းပါလားး)
ဘာဘဲဖြစ်ဖြစ် ဖတ်ရတာ ပျော်စရာကြီး တူတွေတူမတွေနဲ့ ပျော်ဖို့ကောင်းတယ်..
တူတူမတွေကို သိပ်အနိုင်မကျင့်နဲ့
တော်ကြာ ကိုယ်ကလေးရမှ သူတို့က ပြန်ပြီး နိုင်လိမ့်မယ်နော်း)

rose said...

ကိုမျိုးရှင့်... အလည်ရောက်လာပြီး စာလာဖတ်သွားပါတယ်။ ကိုမျိုးက ကလေးတွေနဲ့ ရန်ဖြစ်နေတုန်းလား။ တူ၊ တူမလေးတွေနဲ့ ပျော်စရာကြီးနော်။

အုပ်ကြီး said...

တော်တော်ဆော့တဲ့သူပဲဂျ ..
ကလေးတွေနဲ့ တွေ့ ရင်
ဂျဂါးနပီဘူးနော် ...

blackroze said...

အော်..မောင်မျိုးလဲ..
အသက်မကြီးသေးပါလားနော်...
ပြိုင်ဘက်တော့..တော်တော်မိုက်တယ်နော်..
တကယ့်ဂျစ်ကန်ကန်..ပုံစံလေး..

မင်းထက် said...

ကိုမျိုး ရေ..
ကဗျာလေးကို အရမ်းကြိုက်တယ်ဗျာ..
ကဗျာလေးကိုဖတ်ပြီး
ကျတော်တောင် အိမ်က
တူလေးတွေ တူမလေးတွေကိုပြန်ပြန်ပြီး
အစ်ကိုရေးတဲ့စာနဲ့ နိုင်းယှဉ်ပြိးပြန်မြင်ယောင်မိတယ်..
အဟဟဟဟ...
အစ်ကိုက တူလေးတွေ၊ တူမလေးတွေနဲ့ဆိုရင်
ကျတော်ထက်တော့ပိုပေါသွားတယ်..(စိတ်ဆိုးနဲ့နော်)
ကျတောက ကျတော်အပေါဆုံးပဲ ထင်ထားခဲ့တာ..
ကျတော်က..တူလေးတွေဆီက..အစ်မမသိအောင်.
မုန့်လည်း လုစားတတ်သေးတယ်..အဟဟ :P

baliski said...

m7d71c2r61 l0m99p7y64 b9o38q5q70 i4d89x8l03 r1l97t5d83 x6i20r6k97

LinkWithin

Related Posts Plugin for WordPress, Blogger...