Friday, December 24, 2010

စာအုပ်ကြီးနှင့်တူသော

မင်္ဂလာပါ အစ်ကို ။ အစ်ကိုနဲ့ ကျနော်လည်း မင်္ဂလာပါလို့ နှုတ်ဆက်ရလောက်အောင် အနေတွေတော်တော်ဝေးသွားကြပြီနော့် ။ အစ်ကိုနေကောင်းရဲ့လား ကျန်းမာရေး ဂရုစိုက်ပါ ။ အစ်ကိုနဲ့ ကျနော် စသိတာ ရေးဖူးတဲ့ “ ကျီးကန်းသို့မဟုတ် ဖားပြုတ်အလွမ်း” မှာ ပက်ပက်စက်စက်ကို လွမ်းထားပါလား ကိုမောင်မျိုး ရေလို့ လာရောက်မှတ်ချက်ပေးမှုကနေစတယ် ။ သူနဲ့စကားတွေ အများကြီးပြောဖြစ်တယ် အစ်ကိုက ကျနော့်အတွက်ရင်ဘတ်ကြီးငှားပေးခဲ့တယ် ကျနော်မပြောချင်တဲ့ ကျနော့်အကြောင်းတော်တော်များများကို အစ်ကို့ကိုပြောပြဖြစ်တယ် မငြီးမငြူနားထောင်ပေးတဲ့ အစ်ကိုဟာ ကျနော့်အတွက် တကယ့်လမ်းပြကြယ်ပေါ့ ။ သူက အမှောင်လမ်းကို လှမ်းနေတဲ့ ကျနော့်အတွက် အမုန်းခံလမ်းပြခဲ့တယ် ။

တစ်ခါခါ အစ်ကိုက စာအုပ်ကြီးဆန်တယ် လောကွတ်စကားတွေကို အစ်ကိုက မုန်းတယ် ။ စိတ်ထဲက မပါရင် “နေကောင်းလား” လို့တောင်မေးရမှာ အစ်ကိုက ပျင်းတယ် ။ အစ်ကိုက ကော်ဖီကြိုက်တယ် ပန်းသီးကြိုက်တယ် မျက်မှန်တပ်တယ် သားရည်ခြေညှပ်ဖိနပ်စီးတယ် သီချင်းဆိုကောင်းတယ် ။ လုံချည်ဝတ်ရင် မသိမသာ ဗိုက်ကလေးထွက်နေတဲ့ အစ်ကို့ကိုတွေ့တော့ ဒီလူကြီးကိုမြင်ရရင် ကမ်ရေပြင်ဘေးနာ ရပ်နေရသလိုပါပဲ တကယ့်ကို တည်ငြိမ်အေးဆေးလွန်းလို့ ။အစ်ကိုက စာအုပ်တွေကြိုက်တယ် အစ်ကိုနဲ့ စကားတွေအကြာကြီးပြောပြီး ကျနော်မဖတ်ဖူးသေးတဲ့ စာအုပ်တွေအကြောင်း နားထောင်ချင်မိသေးတယ် ။အဲ့အခါကျ မင်းကတော့ကွာ လို့ ခဏခဏ အစ်ကိုပြောနေမှာ ကျနော်မြင်ယောင်သေး ဘာဖြစ်လို့လဲဆိုတော့ အစ်ကိုမကြိုက်တဲ့ အချက်တော်တော်များများ ကျနော့်မှာရှိလို့ပါ “ မင်းလူကြီးဆန်သင့်ပြီ ” လို့ အစ်ကိုပြောမှာကိုတော့ အသေချာကြီးကို သိနေတာပေါ့ဗျာ ။

အစ်ကိုနဲ့ဆုံတဲ့နေ့က ဟားး အကြီးကြီးပဲလို့ စိတ်ထဲက ဖြစ်သွားတယ် လူကောင်ပြောပါတယ် ။ ကျနော့်ကို သေသေချာချာကြည့်လို့ ဂရုဏာလေသံနဲ့  “ မင်းဘာတွေလုပ်နေသလဲ ” မေးတော့ ဘာမှမရှိပဲ မာနတတ်နေတဲ့ ကျနော်က အစ်ကို့ အမေးကို နှုတ်ဆိတ်မကြားချင်ယောင်ဆောင်မိတော့ နားရွတ်ဆွဲခံထိတယ် ။တစ်ခါခါ တကယ့်အဖိုးကြီးတစ်ယောက်လို တည်ငြိမ်ရင့်ကျက်သလောက် တစ်ခါခါတော့ အစ်ကိုက ခလေးတစ်ယောက်လို ခံစားချက်တွေထိရှလွယ်တယ် အမှန်အကန်တွေပေးသလောက် အတုယောင်တွေပဲ ပြန်ပြန်ရတတ်လို့ အစ်ကို့စိတ်နှလုံးတွေဟာလည်း အသားမာတွေတတ်နေပြီထင်ပါ့ ကျနော်အပါအ၀င်ပေါ့ ကျနော်ဟာလည်း သိသိကြီးနဲ့ ကြောက်ကြောက်ကြီးနဲ့ကို အစ်ကို့ကိုကြောက်ကန်ကန်တတ်တယ်။

အစ်ကိုနဲ့ပက်သက်တဲ့ ခံစားချက်တော်တော်များများရင်ထဲရှိပေမယ့် စာအဖြစ်ချရေးမယ်ဆိုတော့ ဘာမှကိုထွက်မလာတော့ပါဘူး ရင်ဘတ်ကြီးထဲပြည့်နေတာကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်တာပေါ့ ။ မဟုတ်သေးပါဘူးလေ ဆိုပြီး ဒီစာကိုဖြစ်ညှစ်ရေးနေလိုက်တာ အစ်ကို့ရဲ့ အမှတ်တရနေ့တစ်နေ့တောင် ကျော်သွားပြီး ။ သံယောဇဉ်ဆိုတာကိုကြောက်တဲ့ အစ်ကို့အတွက် အမျှင်တန်းနေအောင် ကျနော်လည်း လောကွတ်စကားတွေနဲ့ ဇာမချဲ့နေတော့ပါဘူးလေ ။ ကျနော်ရေးတဲ့စာကို အစ်ကိုတစ်ယောက် ပြုံးပြုံးကြီးပဲဖတ်နေမလား ငါ့ကိုလည်းခွင့်မတောင်းပဲတင်ရမလားဆိုပြီး မျက်ထောက်နီကြီးနဲ့များကြည့်နေမလား ဒါမှမဟုတ် ဒီကောင်ကတော့ လုပ်ချလိုက်ပြန်ပြီးကွာ လို့ ပါးစပ်ကရွတ်နေအုံးမလားဆိုတာ မြင်ယောင်မိတယ် ။

ခံစားချက် အစစ်အမှန်တွေကို သိုးသိပ်ထားပြီး တစ်ယောက်တည်း တိတ်တဆိတ်ခံစားတတ်တဲ့ အစ်ကို့အတွက် ကျနော့်လို အပူကောင်လေးနဲ့ ဝေးဝေးနေတော့ အေးချမ်းနေပြီထင်ပါ့ဗျား) ။။ အစ်ကို့မွေးနေ့အတွက် ကျနော့်ဆုတောင်းလေးက ဘယ်လောက်မှတော့ တန်ဖိုးရှိမှာမဟုတ်ပေမယ့် အစ်ကို အမြဲအေးချမ်းပျော်ရွှင်ပါစေလို့ ဆုတောင်းလျှက် ...............

အစ်ကို့ညီ မောင်မျိုး
-
ဘကြီးမျိုး (သို့) ဂျီကောင်





8 comments:

ညိမ်းနိုင် said...

အိမ်းးးးးငါ့ညီ.....:)...။

သက်ဝေ said...

ချစ်စရာကောင်းတဲ့ စာလေးပဲ....
စာအုပ်ကြီးနှင့်တူသော ဆိုတဲ့ နာမည်တော့ ကြိုက်သွားပြီ... သူနဲ့ သိပ်လိုက်တယ်...

အဲ... ပြောရင်းဆိုရင်း ဟိုမှာ မျက်ထောင့်နီနဲ့ လာကြည့်နေပြီ... တော်ကြာ နားရွက်ဆွဲခံထိနေအုံးမယ်... လစ်မှ...း))

အင်္ဂါဟူး said...

အဲ...ဖတ်ရတာ အရသာတွေ့တယ်.. အောက်ဆုံးက နံမည်ကို ဖတ်မိတော့မှ မူးဒယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘန်နာက အသစ်ပြောင်းသွားပြန်ပြီ
ဒါပေမဲ့ လှပါတယ်..
ဒီတစ်ခါရေးဟန်က တစ်မျိုးဖြစ်သွားပြီ
ဒါပေမဲ့ မိုက်တယ်..
မွေးနေ့ရှင် ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ကူပြီး ဆုတောင်းပေးသွားတယ်..

Anonymous said...

သေချာတယ် မောင်မျိုးရေ....
မျက်ထောင့်နီကြီးနဲ့  သူကြည့်နေခဲ့ရင်တောင်
ပြန်ကြည့်ကြည့်...ဝိုးဝါးနေတယ်ထင်ရတဲ့
မျက်ဝန်းရိပ်တွေထဲမှာ ပီတိလွှမ်းနေတဲ့
ခံစားချက်လေးတွေကို ရှာတွေ့ လိမ့်မယ်။
..မွေးနေ့ ရှင်ကိုလည်း ဒီနေရာလေးကနေ
ကပ်ပြီးးး မောင်ငယ်လေးနဲ့ အတူ...
" HAPPY BIRTHDAY AND MERRY CHRISTMAS"
..ခင်မင်လေးစားလျှက်..ခင်မာလာအောင်..:)

Bravo said...

သံယောဇဉ်

တန်ခူး said...

ဒီမွေးနေ့ ရှင်ကို တို့ သိသလိုပါပဲ...

yanmaneee said...

timberland boots
kd 10
fila disruptor
nike air max 97
hermes bags
kd shoes
birkin bag
moncler outlet
air max 97
jordan shoes

LinkWithin

Related Posts Plugin for WordPress, Blogger...