Tuesday, December 21, 2010

မက်ဆေ့ခ်ျ

တစ်ရက်ထဲမှ ၂၄ နာရီကိုနှုတ်ပါ
ဟင်းသီးဟင်းရွက် အသား၊ ငါး ရွေးသလို
ဘ၀ထဲမှ ရွေးပါ
ဒီလိုဆိုတော့လဲ
အဆမတန် မျက်လုံးတွေ ပြူးကုန်ကြမလား
ဟာ ခနဲ ဟာ ကုန်ကြမလား
ဒလဟော စီးဆင်းမှုကို ရပ်တန့်သွားနိုင်အောင်
ကြက်ခြေတွေပဲခတ်ကြမလား
လောကထဲ မှ လူတစ်ယောက်ကိုလဲ
သေခြင်းတရားကပဲ နုတ်ယူသွားဦးမှာပဲလေ။

မီးကြွင်းမီးကျန်ဆိုရင်နောက်ဆုံး ဆေးလိပ်မီးကအစ
အလျှဉ်းသင့်သလိုငြှိမ်းပါ
ပလက်စတစ်လောင်း
မှန်ဘောင်သွင်းထားရအောင်လဲ
ခမ်းခမ်းနားနား ကျွန်တော်တွင် ဘာမှမရှိပါ ။

အိုးမဲ့အိမ်မဲ့လေလွင့်နေတဲ့စိတ်ရိုင်းကို
စွန့်လွှတ်မှုတွေနဲ့ အစားထိုးကြည့်
ဖြည့်စွက်စရာများ အများကြီးကျန်ရှိနေပါသဖြင့်
ကိုယ်တိုင်သာ ဖြည့်စွက်ကြပါရန်
သေချာပြီဆိုတဲ့ နေ့မှကျွန်တော့်ဆီ ဖုန်းခေါ်ပါ (သို့)
မက်ဆေ့ခ်ျ ပို့ပါ
သင့်ရဲ့ လက်ဆတ်တဲ့ အပြုံးတစ်ပွင့်မှာ
တစ်ကိုယ်ရေ သန့်ရှင်းမှုတွေ ပေကျံနေပါစေ ။

မျက်ရည်တွေ မရှိတော့တဲ့ နေ့အထိ
ကျွန်တော် အသက်ရှိနေချင်သည် ။ ။

ကိုတင့်

9 comments:

ညိမ်းနိုင် said...

အောင်မလေး.........မောင်မျိုးတစ်ယောက် တယ်လုပ်
နေပါလားလို့ အောက်မေ့မိ....အောက်ဆုံးမှာမှ ကိုတင့်
တဲ့...:D။

မိုးယံ said...

ကိုတင့်က နင့်ဘဒွေးလား ..

ShwunMi- said...

အဟောင်းတွေသစ်လို့ အသစ်တွေဟောင်းချိန်မှာ.. မပြောင်းလဲတာဟာ ဒီဇင်ဘာ..
ငါစကားတတ်ခါစလောက်က ဆိုခဲ့တဲ့သီချင်း..
ဘလော့ရေးခါစလောက်က မြင်ဖူးတဲ့ကဗျာ..
း)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖုန်းခေါ်မလို့
ဖုန်းနံပတ်လဲမရေးထားဘူး
သေချာရင်ဖုန်းခေါ်ပါဆို

Anonymous said...

"...ပလက်စတစ်လောင်း
မှန်ဘောင်သွင်းထားရအောင်လဲ
ခမ်းခမ်းနားနား ကျွန်တော်တွင် ဘာမှမရှိပါ .."

ချပြသွားတာလှတယ်..
ဒါနဲ့ ကိုတင့်ဆိုတာ ဘယ်သူများလဲဗျ???

ခင်တဲ့
အုပ်ကြီး

မေပယ်လ် said...

ညီခရီးထွက်နေတာအကိုရေ
မှာခဲ့မလို့ပဲ အချိန်မရတာနဲ့ ဘာမှ မမှာခဲ့ရတာ
ခု နှင်းတောင် တက်နေတာ အဆင်ပြေပါတယ်
အရမ်းအေးတယ်
ရောက်တဲ့နေရာကနေ အားသလိုတော့ တက်လာမယ်

အိမ့်ချမ်းမြေ့ said...

ဟုတ်တယ်..
ကိုတင့် ဆိုသူကို သိလိုကြပါကြောင်းး
း))

~ဏီလင်းညို~ said...

ကဗျာလေးကောင်းတယ်......။

ခင်မင်ခြင်းအားဖြင့်...
ဏီလင်းညို

Maung Myo said...

ကျနော်ရေးတာမဟုတ်လို့ ကဗျာက အဲ့လောက်ကောင်းနေတာပါး)

ကိုတင့် ဆိုတာ တင့်ထူးရွှေ လို့ခေါ်တဲု့ ဘလော့ရေးတဲ့ အစ်ကိုတစ်ယောက်ပါ ခင်တာကြာနေတော့ ကျနော်က ကိုတင့်လို့သက်၂ခေါ်လိုက်တာ လင့်ကြီူးထည့်ထားတာတောင် ကိုတင့် ဘယ်သူလဲ သိချင်သူများအတွက် ကိုတင့်ဆိုဒ်လေး ညွှန်းလိုက်ပါတယ် ကဗျာကောင်းတွေ အများကြီးဖတ်လို့ရပါတယ် ။ http://tinthtooshwe.blogspot.com/

LinkWithin

Related Posts Plugin for WordPress, Blogger...