Tuesday, December 14, 2010

ဖြစ်မလာခဲ့သော နဲ့ ဖြစ်ချင်နေတာ

တဂ်ပို့စ်တွေမရေးဖြစ်တာကြာပြီး ဒါက ပျော်စရာတော်တော်ကောင်းပါတယ် ကိုယ့်အတွက် တကူးတက ကုန်ကြမ်းရှာနေစရာမလိုပဲ ရေးလို့ရတာကြောင့် ကျနော်ကတော့ တဂ်ပို့စ်ရေးရတာကိုပျော်ပါတယ် ခုတော့ သူငယ်ချင်းမိုင်ရာ က ဖြစ်ချင်ခဲ့ဖူးတဲ့အကြောင်းများ တဲ့ မှတ်မှတ်ရရ တဂ်တဲ့ သူငယ်ချင်းကို ကျေးဇူးပါ ။


ငယ်ငယ်တုန်းက အဲ့ ၄-၅ နှစ်အရွယ်လောက်တုန်းက ကျနော်ဖြစ်ချင်ခဲ့တာ ဆရာဝန်ပါ အကျီင်္အဖြူလေးဝတ်လို့ နားကြပ်လေး ချိတ်လို့ သားရည်ဖိနပ်လေးစီး လုံချည်အပြာကွက်လေးဝတ်တဲ့ စိတ်လှဆရာဝန်လေးဖြစ်ချင်ခဲ့ဖူးတယ် ကိုယ့်ပတ်ဝန်းကျင်မှာ ဆရာဝန်တွေရှိလို့တော့မဟုတ်ပါဘူး ရုပ်ရှင်တွေကြည့်ပြီး ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်မင်းသားတွေကြောင့်ပါ အဲ့တုန်းကတော့ ဆေးထိုးအပ်တွေဆော့ပြီး “ အမေ ချဲပေါက်ရင် သာ့ကိုဆရာဝန်လုပ်ပေးနော့်” တဲ့ ကျနော် ထင်တာ ပိုက်ဆံရှိရင် ဆရာဝန်လုပ်လို့ရတယ်ပေါ့ ။

၅တန်းလောက်ရောက်တော့ ကျနော်ဖြစ်ချင်တာ ကွမ်းသူဌေးပါ ရွာမှာ ကွမ်းသူဌေးဆိုရင် လူတိုင်းကအထင်ကြီးကြတာကြောင့်ပါ ။ ဒီနှစ်ကွမ်းတွေကောင်းတယ်နော့်လို့ ကွမ်ြးံခံကြီးကိုကြည့်လို့ ကောင်းလိုက်တာနော်လို့ လူတွေပြောတာကြားတိုင်း ကျနော်က သိပ်အထင်ကြီးတာပေါ့ ။ လူပျိုပေါက်စ အ၀တ်စားလှလှဝတ်ချင်တဲ့ အချိန်ကျတော့ ပွဲတော်ရက်တွေလောက်မှ (ဥပမာ- သင်္ကြန် ) ရတတ်တဲ့ အ၀တ်စားတစ်စုံလောက်ကို ရတတ်တာကြောင့် ကျနော်ဖြစ်ချင်တာ အထည်ဆိုင်ပိုင်ရှင်ပါ ကိုယ့်ဆိုင်မှာ ကောင်းပေ့ဆိုတဲ့ အ၀တ်တွေတင် ကိုယ်ကြိုက်တာကို ယူဝတ် သန့်သန့်လေးနေပြီး ကောင်တာထိုင်ရမယ့် အထည်ဆိုင်ပိုင်ရှင် သူဌေးလေးဖြစ်ချင်တာပါ ။

၁၀တန်းလောက်ရောက်တော့ ကျနော်ဖြစ်ချင်တာက အမှတ်ကောင်းကောင်းနဲ့အောင်ပြီး ကျောင်းကောင်းကောင်းမှာတတ်နိုင်တဲ့သူဖြစ်ချင်တယ် ။ အင်ဂျင်နီယာ ဘာသာရပ်ကိုတော့ တစ်ခါမှ စိတ်ဝင်တစားမရှိခဲ့ဖူးပေမယ့် ကိုယ်တတ်ခဲ့ရတဲ့ကျောင်းကတော့ အဲ့ဒီဟာကြီးပေါ့ တစ်နေ့တစ်နေ့ ဆွဲလိုက်ရတဲ့ကော်ပီ ၀ယ်လိုက်ရတဲ့စာအုပ် ကျက်လိုက်ရတဲ့စာ တတ်သလားဆိုတော့ စာကလေးနှုတ်တိုက်ရွတ်သလိုကလွဲလို့ ဘာမှကိုမတတ်ဘူး ။ ဘယ်လောက်ထိ စိတ်ဝင်စားသလဲဆို ခုချိန်ထိ ဓာတ်မီးပျက်ရင်တောင် ပြင်ဖို့အာရုံမလာတော့ပါဘူး ကျနော်ညံ့လို့မဟုတ်ပါ ဘဘကြီးတို့ကိုစိတ်နာလို့ ။ လက်တွေ့ခန်းရောက်လို့ ဆရာက ပြောချင်တာပြော သင်ချင်တာသင်နေတဲ့ အချိန် ကျနော်ကတော့ ငိုက်လို့ကောင်းတုန်း ကိုယ့်အလှည့်ရောက်လို့ လုပ်ပြရတော့မယ့် အခါကျ “ ဆရာ အပေါက်တွေများပြီး ကြိုးတွေက ရှုပ်နေတယ် ကျနော် ဘယ်အပေါက်ထဲထည့်ရတော့မှာလဲမမှတ်မိတော့ဘူး” ဆိုတော့ ဆရာက မျက်ထောက်နီကြီးနဲ့ကြည့်ပြီး ထိုးချင်တဲ့ အပေါက်ကိုသာထိုးတော့တဲ့ အဲ့နေ့က ကျနော် လက်တွေ့ခန်းအမှတ်မရပါ အန်းနီးဝေး နိုးပလောဗလမ် ။

နိုင်ငံခြားဆိုတာကြီးကိုရောက်မှ ကွန်ပျူတာကို စမြင်ဖူးတာမို့ ဖြစ်ချင်လိုက်တာ ကွန်ပျူတာပညာရှင် ၊ ဘာသာစကားခြားကို စကြားဖူးတာမို့ နောက်ထပ်ဖြစ်ချင်လိုက်သေးတာက ဘာသာပြန်တဲ့သူတစ်ယောက်ပါ အင်္ဂလိပ်စကားကိုတော့ yes and no ကောင်းကောင်း ပြောတတ်ပါတယ် ။ ဘလော့ဆိုတာကို စ သိခါစအချိန် ကျနော်အားကျတာက အကြိုက်ဆုံး ဘလော့ဂါဖြစ်တဲ့ ကိုစေးထူး ( ကလိုစေးထူး) လို စာရေးကောင်းတဲ့ ဘလော့ဂါတစ်ယောက်ပါ ။ ဖြစ်ချင်ပေမယ့် ကျနော်ကတော့ ခုချိန်ထိ ပေါတောတောတွေရေးတဲ့ အာပလာ ဘလောဂါတစ်ယောက်ပဲဖြစ်နေတုန်း သူ့လို့ ရသကောင်းကောင်းတွေရေးတတ်ချင်ပါတယ် ။

လောကကြီးကိုစိတ်ကုန်တိုင်း ကျနော်လုပ်ချင်တာ ဘုန်းကြီး လူတွေကိုစိတ်ကုန်တိုင်း စကားပြောရမှာပျင်းတိုင်း ဖြစ်ချင်တာ တေမိမင်းသားလို စကားမပြောတတ်တဲ့သူ ဗိုက်ဆာပြီး စားစရာမရှိတဲ့ အချိန် ကျနော်ဖြစ်ချင်တာ ငွေထုတ်စက် ။ မိုင်ရာ နဲ့ တူတာ တစ်ခုရှိပါတယ် ကျနော်လည်း လူနဲ့သူနဲ့တူတဲ့ အစိုးရလက်အောက်မှာ ကျောင်းဆရာလေးတစ်ယောက်ဖြစ်ချင်ပါတယ် ။ ကိုယ့်လခလေးနဲ့ လောက်င ပြီးတော့မိဘကိုပေးကမ်းနိုင်တဲ့ ကိုယ်ပြုစုပျိုးထောင်လိုက်တဲ့ ကိုယ့်တပည့်လေးတွေက ပညာတတ်ကြီးတွေဖြစ်လို့ လောကအလယ် တင့်တယ်နေတဲ့ ပန်းကလေးတွေဖြစ်စေချင်တဲ့ ဥယျာဉ်မှူးနဲ့ တူတဲ့ ကျောင်းဆရာကောင်းတစ်ယောက် ဒါကတော့ ခုချိန်ထိလည်း ဖြစ်ချင်နေတုန်းဖြစ်တဲ့ ဖြစ်ချင်နေတဲ့ ဘ၀လေးပါ ။

ခုလောလောဆယ် ဖြစ်ချင်နေတာ ခလေးအဖေ အမွှာပူး သမီးရှင်လေးလိုချင်တာပါ ။ ကိုယ့်မိန်းမက ဆံပင်ရှည်ရှည် အသက်ကြီးလာလည်း ၀က်ပုပ်ကြီးဖြစ်မသွားမယ့် ခပ်ပိန်ပိန် အမျိုးသမီးတစ်ယောက်ပါ ။ ဟင်းချက်ကောင်းရမယ် ပွစိပွစိ မပြောတတ်ရဘူး ။ မိန်းမရေလို့ ခေါ်လိုက်တာနဲ့ “ လာပြီး ကိုကိုရေ ” လို့ ရောက်ရာအရပ်က အပြေးလာမယ့် ချစ်ဇနီး အလိမ်မာတုံးလေးပါ ။ ညောင်းလိုက်တာကွာလို့ ပြောတုန်း ဇက်ကြောကလေး နှိပ်ပေမယ့် အပြင်ကပြန်လာတိုင်း သံပုရာရည်လေးဖျော်တိုက်မယ့် အလိမ်မာအိမ်ပါလေးပေါ့ ။သမီး အမွှာလေးကတော့ ကျနော်နဲ့ တူရမယ် ကျနော်နဲ့တူမှ ချောမှာမို့ ( အလကားရတိုင်း ပြောရတာ အရသာရှိတာ ဟိဟိ ) ။ ဒါက ဖြစ်ချင်တာကိုပြောတာပါ ဖြစ်လာတာ မဖြစ်လာတာက တစ်ပိုင်း လောလောဆယ် ကိုယ်လိုချင်တာ ကိုပြောတာဖြစ်ပါ၏ ။


ဆက်ပြီး တဂ်ချင်တဲ့ သူတွေကတော့

၁။ မေပယ်
၂။ မောင်လေး
၃ ။ မိုးယံ
၎။ နေ၀သန် တို့ကို ရေးပေးစေချင်ပါတယ် (ပျင်းလို့ လင့်တွေမထည့်တော့ဘူး) ။ ရေးရင် ခင်လို့ လို့သတ်မှတ်ပြီး မရေးရင်တော့ လူမဖော်ပြရဲတဲ့ ဖြစ်ချင်တဲ့အကြောင်းတွေကို မရေးရဲတာကြောင့်လို့ သတ်မှတ်မှာဖြစ်ပါတယ် :)




16 comments:

နေ၀သန် said...

ပေါရက်လိုက်တာ.. :D.. မင်းအဲလိုမိန်းမမျိုးလိုချင်ရင်တော့ လူပျိုကြီးသာလုပ်.... ဟုတ်ပြီလား.. တစ်ခုမဟုတ် တစ်ခုတော့ညှိကြမှာမို့.. မင်းလိုပဲ အသက်ကြီးလာရင် ၀က်ပုပ်မဖြစ်သွားရင်ပြိးရောကွာ... ဟားဟား...


ခင်မင်တဲ့
နေ၀သန်

မိုးခါး said...

မဟုတ်မှ လွဲရော ရေးတုန်းအချိန်က ရောဂါနဲနဲသက်သာနေချိန်ပဲ ဖြစ်ရမယ် :P

မိုးခါး said...

ဟမ် ဘယ်လိုဖြစ်တာလဲ မန့်တာက တပုဒ် @-@

Anonymous said...

ကိုယ့်မိန်းမ ပေါ်မှာ အဲဒီလို ခိုင်းစားမယ့်သူမျိုး ဥရောပမှာသာဆို ဘယ်တော့မှ မိန်းမရတော့မှာမဟုတ်။
ဒီမှာက အိမ်မှုကိစ္စ သူတစ်ဝက် ကိုယ်တစ်ဝက်ဘဲ။
သားသမီးဆိုလဲ ကျောင်းချိန် ၄ ချိန်ကြိုပို့ရရင် သူနှစ်ချိန် ကိုယ်နှစ်ချိန်ဘဲ ။ ကိုယ့်တိုင်းပြည်က ယောက်ျားတွေများ ဒီအတိုင်းချည်းပါဘဲလား။

မောင်မျိုး said...

နာတော့ ကားပြီးး)

အမှန်တော့ အဲ့လောက်ကြီး တဖက်မစောင်းနင်းပါဘူး ကျနော်က အဆုံးကျ နည်းနည်းဖေါက်တတ်တဲ့သဘောနဲ့ ဟာသနှောလိုက်မိတာပါ ဘာပဲဖြစ်ဖြစ် ကိုယ်ရေးတဲ့စာ ကိုယ်တာဝန်ယူရမှာမို့ ခုမှတော့ စ ရေးတာပါလို့လည်းမပြောလိုတော့ပါ ။ တကယ်တော့ အမည်မဲ့က ဆဲသွားနိုင်တာပဲ ဆဲမသွားတာကိုပဲ ကျေးဇူးပါဗျာ တိုင်းပြည်က ယောက်ျားတိုင်းတော့မဖြစ်နိုင်ပါဘူးဗျား) ကျနော်တစ်ယောက်တည်းပဲဖြစ်ချင်ဖြစ်မယ် ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဲ ဖြစ်ချင်တာတွေ ဖြစ်စေ..
အပြန်အလှန်အနေနဲ့ ကိုမျိုးရေ ဆိုရင် ရေပါ ခပ်ပြီးသား.. ငပိဆို ဖုတ်ပြီးသားပါ မိန်းမရေ လို့လည်း ပြန်ပြောဦးမှာပါ ဟုတ်တယ်မဟုတ်လား
း)

ညိမ်းနိုင် said...

အင်းလေ...ကမျိုးရ...နေဝသန်ပြောလည်းပြောချင်စရာ..။
တသက်လုံးလူပျိုကြီး ဖြစ်ချင်နေတယ်ထင်ပါ့...း)။
ကျွန်တော်တော့ ပွစိပွစိမလုပ်ရင်ကို ကျေနပ်ပြီးသား..။
ကိုယ်တွေက ချေးသိပ်များနေလို့လဲမရတော့ဘူးလေ..:D။

အင်္ဂါဟူး said...

ဟဲ့ ကြောင်းမျိုးစုတ် ကြည့်စမ်း အံမယ် အံအယ် ငါက အခုမှ လာဖတ်ဖြစ်တာ.. ငါ့ကိုများ လူမဖော်ပြရဲတဲ့ ဖြစ်ချင်တဲ့အကြောင်း...ထားတော့


နင်နဲ့တူတာများတယ်ဟ.. ကိုစေးထူးကို နင်သဘောကျတယ်ဆိုတာ အခုမှ သိရတယ်.. သူလဲ ဂျာနယ် တစ်စောင်ကို ကစ်ပြီး ဘယ်ရောက်သွားမှန်းမသိဘူး.. သူသဘောကမကျတဲ့ သီချင်း အကြောင်းလေး ရေးတုန်းကတည်းက သူ့ကို သဘောကျတယ်။ ဒါပေမယ့် အင်္ဂလိပ်စာတော့ နင်နဲ့ ငါ လယ်ပဲတူ ကျွမ်းကျင်ကြတယ်နော့... ခွိခွိ

တဂ် ဆိုတဲ့ အဓိပ္ပါယ်တောင် ကိုဏီလင်းညို ကိုမေးထားရတာ (ဘာမှန်းမသိလို့) နင်လဲ ငါ့ဘလော့ဂ်တွေ ဖတ်နေရဲ့သားနဲ့... ငါစားရေးဒီလောက်ညံ့တာကို တဂ်တယ်ဆိုတော့.. နင် သက်သက် ဒေါက်ဖြုတ်တာပဲ.. ဟွန့် ဟွန့်..

စိတ်လေဒယ်...

လင်းဒီပ said...

နောက်ဆုံးအပိုဒ် အကြိုက်ဆုံးပဲး)))

ကိုဇော် said...

စိတ်ကူးတိုင်းသာ ဖြစ်စေချင်ပါသည်. . .
တူနယ် တယ်နယ်...တူနယ် တယ်နယ်...

mirror said...

ရေးပေးတာ ကျေးဇူး။အလုပ်မအာ။းလို့ ခုမှ လာမန့်ဖြစ်တယ်။

ရိုးသားဖြူစင်တဲ့ဖြစ်ချင်တာတွေ နင့်ဆီက ထွက်လာမယ်မှန်း သိလို့ တက်ဂ်လိုက်တာပဲး)

Anonymous said...

သြော်..ဒီနေ့နောက်ဆုံးနေ့ စာဖြေနေရင်း မျက်ခုံးလှုပ်နေပါတယ်အောက်မေ့နေတာ
လက်စသတ်တော့ ဒင်းက လက်စသတ်ကိုး:P
အဲလိုမိန်းမမျိုး လိုချင်ရင် ခဏစောင့်ဗျာ..ကျုပ်ရှာထားမယ် မောင်ရေလို့
ခေါ်လိုက်တာနဲ့ မီးဖိုထဲကနေ မျက်နှာမှာ ပြာမှုန့်တို့ မီးသွေးခဲမှုန့်တို့ ပေကျံနေရင်း အူးယားဖားယားနဲ့ ဗျာ....လာပြီရှင်မရေလို့ကော
အဆင်သင့်ပြန်အော်နိုင်အောင် အားမွေးထား:P

နှင်းနဲ့မာယာ said...

ဖြစ်ရလေတယ် မောင်မျိုးရယ်....

အမွှာတောင်မှ သမီးမှဆိုပဲ....

စိတ်လျှော့ စိတ်လျှော့..

နှင်းနဲ့မာယာ

Anonymous said...

ကိုမျိုးရေ

နောက်ဆုံးစာပိုဒ်က နောက်ရေးမှန်း သိပါတယ်။

ကလေးတစ်ကျိပ်လောက် ရလာလို့ မိန်းမရေ ဆိုပြီး ခေါ်လိုက်ရင် ''ဒီမှာ ..တော့ကလေး နံပါတ် ၈ ရယ် ၉ ရယ် ၁၀ ရယ် ရန်ဖြစ်နေလို့ လာဆွဲစမ်းပါဦးတော့''ဆိုမှ ကိုမျိုးဘဝ မြင်ယောင်ချည်သေး ဟေးဟေး

မေဓာဝီ said...

ဘုန်းကြီးဝတ်ပါ အားပေးတယ်။ ပစ္စည်းငါးပါး ဒကာခံမယ့်လူ ရှာပေးပါ့မယ်။ ပစ္စည်းက မောင်မျိုးအတွက် တပါးပိုသွားတာ ... ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး နဲ့ အင်တာနက် :)

blackroze said...

ကဲ..အမွှာပူးလေးအဖေရေ....
2း0 ..နော်...
သဘောပေါက်..

LinkWithin

Related Posts Plugin for WordPress, Blogger...