Sunday, December 12, 2010

ဘိုင်သေ

စုတ်ပြတ်သတ်နေတဲ့ပြဇတ်တွေ တစ်ခါခါ ငါဟော့ဒီ လူ့ ဘ၀ ဇတ်ခုံကြီးကနေ အဆိပ်ကို သကြားနည်းနည်းရောသောက်ပြီး ခဏလောက်ဖြစ်ဖြစ်သေချင်စိတ်ပေါက်တယ် ။ မတရားတဲ့ ကမ္ဘာဆိုတာ သီချင်းထဲမှာပဲ ရှိနေသင့်တယ်လို့  တစ်ယူသန်းအတွေးနဲ့  လက်မခံခဲ့တာ အခုများတော့ အထင်နဲ့  အမြင်တစ်ခြားစီပါလား။“ဘ၀” က ဘ လို့  ၀ တာ မဘ ရင် နင် ၀ မှာမဟုတ်ဘူးးး ငတ်မှာ သေချာတယ် အငတ်မခံနိုင်တော့ နှစ်ပြားတစ်ချပ်စာငွေနောက်လိုက်ခဲ့မိတာ အားလုံးနဲ့  အဝေး အရက်သောက်လို့  မသောက်ပါနဲ့  သားရယ် ဆိုပြီး ဆုံးမ စကားပြောမယ့် မိဘ လည်းမရှိဘူး ခွက်ပုံးခုတ်တာ မိသွားလို့  ထိပ်ခေါက်မယ့် အစ်မလည်းမရှိဘူး ဆိုးတူးကောင်းဖက် အနစ်နာခံပေါင်းမယ့် သူငယ်ချင်းလည်းမရှိဘူးး ငြီးချင်းတွေ ရေးနေရင်တော့ စာမျက်နှာပေါင်းတစ်သောင်းနှစ်ထောင်ပြည့်သွားမယ်။

စိတ်ညစ်တာတွေရင်ဖွင့်မိတော့ ဟိုကောင်မလေးက စိတ်ကလည်းပျော့လိုက်တာတဲ့ နာရင်းကို လေးငါးချက်လောက် တီးပစ်လိုက်ချင်တယ် ( တကယ်မဟုတ်ဘူး :P) လူ့ လောက ဆိုတာ ရုန်းလိုက် ကန်လိုက် ဆိုပါလား ငါကန်လိုက်တဲ့ ကန်ချက်တွေကတော့ သံချွှန်တွေကြီးပဲ ဆူးလိုက်တာလည်း လွန်ရောပေါ့ဗျာ သွေးစိမ်းတွေပါကျနိုင်တယ် ။ နွားမကျောင်းနိုင် ဆိုက္ကားမနင်းနိုင်လို့ သာ နိုင်ငံဂျားဆိုတာကြီးကို လမ်းစရိတ် ၆၅၀၀ နဲ့  လှေစီးပြီးရောက်လာခဲ့တာ လောဘလည်းမကြီးဘူး ဒေါသလည်းမရှိဘူး
မရှိတာလည်း မရှိဘူး ရှိတာဆိုလို့ လည်းဘာဆိုဘာမှမရှိဘူးး ။



စဉ်းစားများလို့ထင်တယ် မနေ့ က မှန်ကြည့် ခေါင်းဖြီးနေရင်းနဲ့  ၃ ချောင်းတွေ့ တယ် အတိတ်ပေးနေတာလား နမိတ်ပေးနေတာလားမသိဘူး ကဲ..........ပြောကြစမ်းပါအုံး ဒီတစ်ပါတ် ဘာတစ်လုံးကောင်းလည်း ထီထိုးမလို့  ၃ တစ်လုံးကတော့ ဘိုင်သေပဲ ..အောထည့်လိုက်တော့မယ် ဟိုက်စလောင်း ပေါက်စေ ပေါက်စေ ပေါက်စေ :)


ဝန်ခံချက် ။ ။ ရူးနေတုန်းရေးလိုက်တဲ့ စာကိုသည်းခံဖတ်သွားပေးကြတာကျေးဇူး :)



13 comments:

pandora said...

ဆံပင်ဖြူ ၃ ချောင်းလောက်များ ဘာအရေးလဲ မောင်မျိုးရယ်

စိတ်ညစ်ရင်လည်း ခဏပေါ့
စိတ်ဆိုတာ ဖြစ်လိုက်ပျက်လိုက်မဟုတ်လား :)

Maung Myo said...

ခဏခဏ ဆေးဆိုးလို့ ဖြူသွားတာဖြစ်မယ် ဒေါ်လေးရ

စိတ်ဆိုတာ ညစ်လို့ လျှော်လိုက် ဖွတ်လိုက် တိုက်လိုက် နေပူလှန်းလိုက် နောက်ဆုံးတော့ လုံးပါးပါးပြီး ရူးကြောင်ကြောင်ဖြစ်လို့ အရူးထောင်ရောက်သွားရတာပေါ့ဗျား)

မေပယ်လ် said...

သြော်...လူကြီးမြင်းက ငြီးချင်းလေးနဲ့ အတိတိစိမ်းပေးသွားသကိုး:P
လူ..၄ ကြီး ၂ မြင်း ၅
၄၂၅

မိုးယံ said...

ရှေးရှေးဘုရင်များရဲ့ခေါင်းမှာ ဆံပင်ဖြူ တစ်ကြောင်းမြင်လို့ ဆတ္တာသည်က ပြောရင်...ရှင်ဘုရင်က ...


သေမင်းရဲ့ အလံဖြူ ငါ့ခေါင်းမှာနေရာတောင် ယူနေပါ ကလောလားဆိုပြီး တောထွက်တယ်လို့ ဖတ်မှတ်ဖူးတယ်..

ဆိုတော့ကာ.....နင်က သုံးချောင်းဆိုတော့အေ... တစ်ချောင်းက တောထွက်ဖို့နမိတ် နောက်တစ်ချောင်းက အိုမဲ့နာမယ့် နမိတ်... နောက်တစ်ချောင်းကတော့... သေ သေချာချာအားထုတ်ရင်... တရားမြင်လို့ ဖြူစင်မယ့် နမိတ်ပါဟယ်... အဲတော့.. ဘိုင်သေတွေ ဘာတွေလုပ်မနေနဲ့...


တောမထွက်ချင်လဲ... ဂျက်မော်ဒန်တို့... ကင်းမော်ဒန်တို့...အဲ... လိုလိမ်းတို့ အပျိုယိမ်းတို့ လိမ်းပေါ့ဟယ်....

အုပ်ကြီး said...

အင်း ...ဘာပဲပြောပြော နက်ဖြန်တော့ စမ်းကြည့်ဦးမှ ...လမ်းစရိတ် ၆၅၀၀ အကုန်ဆွဲလိုက်မယ် :P

ShwunMi- said...

ငါလည်းစိတ်ညစ်နေတာနော်.. ဟင့်..

ရွှေရတုမှတ်တမ်း said...

ဒို့လဲ ၃ ချောင်းပဲ..ဆံပင်နက်

ချော(အစိမ်းရောင်လွင်ပြင်) said...

အမလေး ဆံပင်ဖြူ ၃ချောင်းများ စာဖွဲ့နေသေးတယ်
တစ်ချို့ဆို တစ်ခေါင်းလုံးဖြူနေတာ
ဥပမာ အစ်မပေါ့း)
ဆံပင်ဖြူတစ်ချောင်း စာတစ်ပုဒ်သာဖွဲ့ကြေးဆို
စာမျက်နှာ မဆန့်တော့ဘဲဖြစ်မှာစိုးလို့ ဖွဲ့တော့ဘူး..
စိတ်မညစ်ပါနဲ့.. စိတ်ညစ်လဲခဏပေါ့ ဟုတ်ဘူးလား
ပြီးတော့လဲ ပြီးသွားမှာပါ

နေ၀သန် said...

စကားက မရှင်းမရှင်းနဲ့.... ခေါင်းဖြီးရင်း ဘာသုံးချောင်းတွေ့တာလဲ..?? ;P

ခင်မင်တဲ့
နေ၀သန်

မောင်မိုး said...

သည်းခံပြီးဖတ်သွားလိုက်တယ်..(တော်တော်သည်းခံပါတယ်။)

ညိမ်းနိုင် said...

အဲ့ ၃ကို ပတ်လိုက်ပေါ့ဗျ...

Phyusinlay said...

အဆိပ်က ဘာအရသာရှိလို့ သကြားခပ်သောက်ရတာလဲ :D

Anonymous said...

yeezy 380
paul george shoes
jordan shoes
cheap jordans
jordan
off white shoes
golden goose sneakers
kobe basketball shoes
kyrie irving shoes
off white nike

LinkWithin

Related Posts Plugin for WordPress, Blogger...