Wednesday, November 24, 2010

စီးဆင်းနေသော......ထိုအရာ


စာမရေးဖြစ်တာလည်းကြာပြီး ရေးဖို့ကလည်း ဟိုယောင်ယောင် ဒီယောင်ယောင် စာဖတ်သိပ်မနာ အတွေ့ကြုံတွေနည်းတဲ့ ကိုယ့်အတွက် ဒီစာမျက်နှာက စာတွေက ပါစင်နယ်တွေခပ်များများ နောက်ဆိုရင် ပါစင်နယ်တွေမရေးတော့ဘူးလေလို့တွေးလိုက်မိတော့ ရေးစရာတွေကတော်တော်ရှားသွားတယ် ။ အရင်ပို့စ်ဟောင်းတွေ ပြန်ဖတ်ကြည့်တော့ ခုချိန်ပြုံးစိစိဖြစ်မိတယ် ခလေးဆန်ပြီးရေးခဲ့တဲ့အကြောင်းတွေပေါ့ ပြန်မတင်ပဲ သိမ်းထားဖြစ်တယ် ။ ပါစင်နယ်တွေရေးဖို့ရှောင်မယ်ဆိုမှ ရေးမယ့်အကြောင်းလေး ခေါင်းထဲရောက်လာတယ် ဘာရယ်မဟုတ်ပါဘူး ဒီနေ့အလုပ်မှာ သန်ရှင်းရေးလုပ်ရင် အံဆွဲထဲက ပုံလေးတစ်ပုံ ကျနော်သိမ်းထားဖြစ်တာကြာပါပြီး တစ်လက်မပတ်လည်ပုံလေး ပါးကွက်ကြားလေးနဲ့ ဆံပင်လေးဘေးသိမ်းပြီး အကျီင်္အနီရောင်ပန်းပွင့်လေးတွေပါတာလေးဝတ်ထားတယ် ။

အချစ်ဆိုတာကလည်း ထူးဆန်းလွန်းပါတယ် အချစ်ဝတ္ထုတွေဖတ်တယ် အချစ်ဇတ်ကားတွေကြည့်တယ် ဒါပေမယ့် ခုချိန်ထိတော့ ကိုယ့်ရင်ထဲ ထိုးထိုးဖေါက်ဖေါက်ရောက်ရှိလာတဲ့ ခပ်ပြင်းပြင်းအချစ်တွေမကြုံဖူးသေးပါဘူး ။ အဲ့နေ့က ရုံးမှာ အလုပ်ရှုပ်နေတုန်း ကိုယ်လုပ်နေတဲ့အလုပ်တွေခဏထားပြီး တစ်ခြားအရေးပေါ်အလုပ်တွေသွားကူပေးဖြစ်တယ် အဲ့တာကကျနော့်အတွက် ကံကောင်းမှုလား ဒါမှမဟုတ် ကံဆိုးမှုလား သေချာမပြောတတ်ပါဘူး ။ သူ့ Form က ကိုယ့်ဆီရောက်လာတော့ဖြည့်ပေးရင်း လိုတာတွေမေးဖြစ်တယ် လှလိုက်တာလို့ စိတ်ထဲဖြစ်သွားလိုက်တာ ငန်းမိသွားတယ်ထင်ပါ့ ရေးရင်းတန်းလန်းကြီး သူ့ကိုအကြာကြီး ငေးကြည့်မိသွားတယ် တကယ်တော့ တောက်ပစူးရှလွန်းတဲ့ အလှမျိုးမဟုတ်ပါဘူး မိတ်ကပ်လည်းလိမ်းမထားဘူး လက်ဝတ်လက်စားဆိုလို့ နာရီလေးတစ်လုံးပဲဝတ်ထားတယ် ဆံပင်က ကျနော်သိပ်ကြိုက်တဲ့ ကျောလယ်ကျော်တဲ့ဆံပင်အရွယ်စား အသားကခပ်ဖြူဖြူ ။

သူ့အသံလေးကြားချင်မိလို့ ကြားလျှက်သားနဲ့ “ ခင်ဗျား ဘာပြောာတာလဲမသိ မကြားရဘူးဗျ ” ဆိုတဲ့ အပြောကို ခဏခဏပြောမိတဲ့ ကိုယ့်ကိုယ်ကိုတောင် အံ့သြမိပါရဲ့ ငါတော့မလွယ်တော့ဘူးဆိုတာလည်းသိလိုက်တယ် ။ ကိုယ်ကသာ မူတွေပျက်နေတာ သူကတော့ အေးဆေးလေးရယ် တကယ့် ကမ်ရေပြင်လေးပါ အေးဆေးတည်ငြိမ်လိုက်တာ ရင်ထဲက အေးဆင်းသွားတာပဲ တကယ်ပါ ကိုယ့်ရင်ခွင်ထဲစမ်းချောင်းလေး စီးဆင်းသွားသလို ။ သူ ဒီမြို့ကဘယ်နေရာမှာနေတာလဲ ဘယ်မှာလုပ်လည်းဆိုတာဟာလည်း လူတွေထောင်ချီနေတဲ့ အလုပ်မှာသိရဖို့ဆိုတာလည်းမလွယ်ပါဘူး အဲ့တာနဲ့ပဲကျနော့်ရဲ့ စမ်းချောင်းလေးလည်း ပျောက်သွားလိုက်တာ ကြာလှပေါ့ ။အလုပ်က သူငယ်ချင်းတွေက ကျနော်ဖြည့်ပေးတဲ့ သူ့ရဲ့ Form လေးကိုတွေ့တိုင်း လှမ်းလှမ်းစတတ်တယ် ။တကယ်ပါ အဲ့လိုချစ်ခြင်းမျိုး ကိုယ့်မှာရှိလိမ့်မယ်လို့မထင်ခဲ့မိဘူး တက်မက်မှုကင်းတယ် မရမက စုံစမ်းမယ်ဆိုပြီး အသည်းသန်ဖြစ်နေတာလည်းမဟုတ်ပဲ တိတ်တိတ်လေးနဲ့ ငြိမ့်ငြိမ့်လေးရင်ခွင်ထဲ စီးဆင်းနေတာ ။

သူကကော သိပါလေစ နာမည်လေးတစ်လုံးက လွဲပြီး ကျန်တာဘာမှမသိတဲ့ ကိုယ့်အတွက် သူလည်းပဲ အမှုမဲ့အမှတ်မဲ့ဖြစ်နေမယ်ထင်ပါရဲ့ ။ သိမ်းထားမိတဲ့ ဓာတ်ပုံလေးကိုပဲ ငေးမောရင် ကျနော် ဒီစာလေးရေးနေမိတဲ့အကြောင်းသူသိရင် ဘယ်လိုများ မှတ်ချက်ချမှာပါလိမ့် ။အချစ်ဆိုတာ ချစ်ကြည့်ဖို့ကြိုးစားလို့ရပေမယ့် တကယ်ချစ်မိဖို့ဆိုတာကတော့ လွယ်မယ်မထင်ပါဘူး ကျနော့် အတွက် ဒါဟာ အချစ်စစ်တစ်ခုကို ရှာဖွေတွေ့ရှိခြင်းဆိုရင် တိတ်တိတ်လေး ငေးမောကြည့်နေရတဲ့ ပိုင်ရှင်မသိတဲ့ အချစ်မျိုးပါ တကယ်ပါ သေချာတယ် သူ့ကို ချစ်မိသွားတယ်ဆိုတာ ကဲ...ဇတ်ဆရာ ခင်ဗျားနဲ့ ကျနော် နဲ့တော့တွေ့ပြီး ။



( ဒီရေးဖူးတဲ့စာစုလေးကို နောက် 4-5 နှစ်လောက်နေလို့ ပြန်ဖတ်မိတဲ့အခါကျ ကျနော့်အတွက် ပြုံးစရာအမှတ်တရလေးဖြစ်အုံးမှာပါ )

16 comments:

မေပယ်လ် said...

ကိုအုံ့ပုန်းကြီးပါလားဟ
မပူပါနဲ့ဗျာ..
ညီတွေ့အောင်ရှာပေးမယ်..နော်
မသိုးထမင်း မသိုးဟင်းတော့ ထည့်ပေးလိုက်အုံး
(ငါ့အကို သနားပါတယ်နော်)

အင်္ဂါဟူး said...

အံမယ်လေး ကြောင်းမျိုးရယ်...

ဇတ်ဆရာနဲ့ နင်နဲ့တေ့နေတာလား။ အပုန်း ဘ၀ဂျီးက မသက်မသာနိုင်လိုက်တာဟယ်....


မြန်မြန် ပြန်တွေ့ ပြီး မျှော်လင့်သိလိုလေး ဖြစ်နိုင်ပါစေ တော်..

ရွှေရတုမှတ်တမ်း said...

ကြောင်မျိုးတို့ သူကနံမယ် ပြောသွားတယ်ပေါ့...
ကလေးဘယ်နှယောက်ရှိသလဲတော့ မပြောခဲ့ဘူးလား

အိမ့်ချမ်းမြေ့ said...

တပ်မက်မှုကင်းသော တိတ်တိတ်ကလေးနဲ့ ငြိမ့်ငြိမ့်ကလေးဖြစ်စေတဲ့ အချစ်တစ်ခုက အကြာကြီးတန်းလန်းဖြစ်တတ်တယ်ဆိုတာ မင့်အစ်မ မင်းကို လာသတိပေးတာ...

ဒါပဲ။ ;)

မိုးခါး said...

ဟုတ်သေးဘူးထင်တယ် .. ဒါက အချစ်မဖြစ်နိုင်ပါဘူး .. ဓါတ်ပုံမြင်လို့ အဲဒီအချိန်ကို သတိရသွားတာ .. အမှတ်တရသဘောပဲထင်တာပဲ ..း)

ZT said...

ဓာတ်ပုံမြင်မှ သတိရတာ ဆိုတော့ အချစ် မဟုတ်ဘူး ထင်တယ်။ အချစ်ဆိုတာ အေးချမ်း တာတစ်ခုတည်း မဟုတ်ဘူး။ ပူလောင်တာတွေပါ အတူ ရှိတတ်တယ်။ (အဟဲ။ ဆြာဂျီး လေသံနဲ့။ :D)

ငွေလမင်း said...

တိတ်တိတ်လေးဘဲ ချစ်သွားမယ် ဆိုပါတော့
တကယ်ချစ်ရင် လိုက်ရှာပေါ့

အိပ်မက်ရှင် said...

ညီ့က ငြိမ်သက်နေတဲ့ ကန်ရေပြင်ဆိုရင် သူတို့က ခဲလုံးလေးတွေပေါ့ကွာ ...
ကန်ရေပြင်ထဲ ခဲလုံးခပ်သေးသေးလေး ကျမယ်ဆိုရင်တော့ ပလုံပေါ့၊ ခဲလုံးခပ်ကြီးကြီး ကျခဲ့ရင်တော့ ဝုန်းကနဲ ဖြစ်သွားမှာပါပဲ၊
စာကလေး ကောင်းတယ်၊ ဖတ်ရင်းနဲ့ လူငယ်ဆိုတာ ဒီလိုပဲ ထိလွယ်၊ ရှလွယ်၊ ခံစားလွယ်ရမယ်လို့ မြင်မိတယ်၊
အကိုတို့ ငယ်ငယ်တုန်းကလည်း အဲလို စိတ်ကူးတဲ့ရာနဲ့ ရူးဖူးပါတယ် ...
ရင်ခုန်ဖို့ ကောင်းတယ် ... ။

ခင်မင်လေးစားစွာဖြင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

သူမသိ ကိုယ်ပိုးး)
ဘယ်သူမှ မသိလဲ ရင်ထဲမှာ ရှိနေတဲ့ အဖြစ်ကလေးပေါ့
ဘာဘဲဖြစ်ဖြစ် တစ်ခါတစ်လေတော့ ခုလိုလေးချစ်နေရာလည်း ကောင်းပါတယ်လေ

Anonymous said...

ဟုတ်တယ်...မောင်မျိုးရေ...
တခါတလေတော့ အဲလို အချစ်မျိုးလေးက
စူးနစ်နစ်နဲ့ ပြည့်စုံနေလိမ့်မယ် ထင်တယ်။
ဘာပဲဖြစ်ဖြစ်ပေါ့ သူလည်း အေးချမ်းနေပါလိမ့်မယ်။ :)
...ခင်မင်လျှက်...ခင်မာလာအောင်..:)

မောင်မိုး said...

မင်းသားကလည်း ဇာတ်ဆရာကို အပြစ်ရှာနေပြန်ပြီ :P

ဇော် said...

တစ်ခါတစ်ခါ ချစ်ခြင်းတွေက အတော်ထူးဆန်းတယ်ဗျ...
ချစ်သူမသိဘဲလဲ ကိုယ့်စိတ်နဲ့ကိုယ် ချစ်နေတတ်တာမျိုး...
ဒီလိုပါပဲဗျာ...
ချစ်ရတာ.. ရင်ထဲမှာ.. နာကျင်တယ်..........

( ကျနော်ကိုယ်တိုင်လဲ .. နောက် ၄ .. ၅နှစ်လောက်ကြာတဲ့အခါ ခင်ဗျားလိုပဲ ပြုံးမိမယ်ထင်ပါရဲ့.. )

=)

ဇော်။
( ကျွန်တော်တို့အိမ် )

blackroze said...

အချစ်သည်..တခါတခါတံခါးပြင်းထန်စွာ
ခေါက်ပြီးဝင်လာတတ်သလို..
တခါတရံတွင်..တိုးတိတ်စွာ..
ဝင်ရောက်လာတတ်ပါသည်..
ဝင်လာမှန်းမသိလောက်အောင်ကို
တိတ်ဆိတ်လွန်းလှပါသည်..
သတိထားမိလိုက်ချိန်မှာသူရောက်နေပြီ...

မောင်မျိုး..ရေ..အချစ်ဆိုတာဒီလိုပါဘဲလေ...

ညိမ်းနိုင် said...

အချစ်စစ်ဟုတ်လောက်သေးဘူးထင်တယ်ဗျ။ကိုယ် သဘောကျတဲ့ပုံမျိုးလေးမြင်လို့ စိတ်ထဲနဲနဲစွဲသွားရုံထင်
တယ်..။ဟီး သိပ်တော့မသိဘူးဗျ..နဲနဲ ရွီးကြည့်တာ..။
(အော်ဒါနဲ့ ကျွန်တော့ပို့စ်မှာ ရေးထားတဲ့ မောင်မျိုးက
ကိုယ့်ဆရာပါ..။နာမည်ပြောင်းတော့ လင့်တွေပြန်ချိတ်ရ
တော့ ကျန်သွားမိတာ..။ခုပြန်ချိတ်လိုက်ပြီ..။)

နေသွေး(ဘရာဗို) said...

ကိုမျိုး
အသက်တွေ မငယ်တော့ဘူးလေဗျာ
မမြီးကို ၀ှက်မထား ပါနဲ့တော့

နှင်းနဲ့မာယာ said...

ကိုမျိုး

ဓါတ်ပုံပိုင်ရှင်က ဓါတ်ပုံပြန်ပေးပါတဲ့....

ကိုမျိုးရဲ့ အချစ်ကလဲ ထူးတော့ ထူးဆန်းသား...


နှင်း

LinkWithin

Related Posts Plugin for WordPress, Blogger...