Wednesday, November 17, 2010

နားလည်မှုများ လွဲမှားသောအခါဝယ်

လူဆိုတာ တစ်ယောက်တည်းနေဖို့မသင့်တဲ့ သတ္တ၀ါဆိုရင် ကျနော်ဟာလည်း လူတွေထဲက လူသားတစ်ယောက်ပဲမို့ အပေါင်းသင်းဖွဲ့ရတာကို သဘောကျတဲ့သူတစ်ယောက်ပါ ။ငယ်ငယ်တုန်းကလို မင်းနဲ့ ငါမခေါ်ဘူး ငါကျွေးထားတဲ့ မုန့်ပြန်လျှော်ပေးလို့ ပြောလို့မရနိုင်တော့တဲ့ အရွယ်ပါ။ ကိုယ့်ကိုယ်ကို ရှု့မြင်ရသလောက်တော့ ပျော်ရွှင်မှုဆိုတာကို အမြဲဆာလောင်မွတ်သိပ်နေတတ်တဲ့သူတစ်ယောက်ပါ ငြင်းခုန်ရတာကို မုန်းတယ် အော်ကြီးဟစ်ကျယ်အော်ပြောရတာကို လက်မခံတတ်တဲ့သူတစ်ယောက်ပါ ကျနော့်မှာလည်း မကောင်းတဲ့ အချက်တွေတော်တော်များများကိုရှိပါတယ် ။ ကိစ္စတိုင်းကို ခေါင်းအေးအေးမတွေးပဲ ပူပူလောင်လောင်အရင်ဆုံးဖြစ်မိတာ ကိုယ်လက်မခံနိုင်တဲ့အချက်ဆိုရင် စောင့်မနေတတ်ပဲ ခဏခဏဖြေရှင်းမိလို့ အထင်လွဲခံရပေါင်းတွေလည်း အများကြီး ကြုံခဲ့မိပါတယ်။

လူသန်းပေါင်းများစွာတွေထဲမှာ ကျနော်သိတဲ့သူဆိုလို့ ထောင်နဲ့ချီမရှိနိုင်ပါဘူး ကောင်းသောတွေ့ဆုံခြင်းတွေနဲ့သာတွေ့ဆုံပြီး လှလှပပလေးပဲ အားလုံးကို နှုတ်ဆက်ချင်ပါတယ် ။ ချစ်ခင်၇တဲ့သူတိုင်းကို ဆရာလုပ်သလိုလိုနဲ့ ခွဲခွာကာနီးတိုင်းပြောမိတာက တွေ့ဆုံချိန်လေး ခဏကိုတန်ဖိုးထားပြီး အမှတ်တရ ရှိကြရအောင် မကြာမကြာပြောမိတတ်တယ် ။လူလူချင်းဆက်ဆံရေးဆိုတော့လည်း တစ်နေ့မဟုတ်တစ်နေ့တော့ အမှားဆိုတာ ဖြစ်စမြဲပါပဲ တစ်ခါတလေတော့လည်း ကိုယ်က မရည်ရွယ်ပဲ ပြုမူပြောဆိုလိုက်တာလေးဟာ တစ်ပါသူ ခံရခက်သွားတဲ့ အခြေနေမျိုးတွေ အများကြီးပါပဲ အဲ့အချိန်ကျ ပြန်တောင်းပန်ဖို့ဝန်မလေးမိအောင်လည်း ကိုယ့်ကိုယ်ကို အမြဲသတိပေးနေကျ ။

နားလည်မှုတွေ လွဲမှားလေသောအခါ ကျနော် တော်တော်ကိုခေါင်းကိုက်ပါတယ် ရင်ဖွင့်လို့ရတဲ့သူငယ်ချင်းကို ခဏခဏပြောနေမိတဲ့စကားက “ ငါက လူဆိုးကြီးဖြစ်သွားတာပေါ့နော် အဲ့လိုမဟုတ်ဘူး ဒါပေမယ့် လူတိုင်းက အဲ့လိုပဲထင်နေကြမှာ” လို့ တွေးမိတယ် ။ ပြီးခဲ့တဲ့ လကုန်ရက်ပိုင်းလောက်က အလုပ်က ညီလေးတစ်ယောက် သူ့အစ်မနဲ့အဆင်မပြေလို့ ကျနော့်အခန်းမှာလာနေဖြစ်တယ် အသက်ကလည်းမတိမ်းမယိမ်း အလုပ်မှာလည်း အဆင်ပြေတဲ့ ကျနော်တို့၂ယောက် သူလာနေတော့ ကိုယ့်အတွက်အဖော်ရတာပေါ့လို့ ပျော်နေမိတဲ့ ကျနော့်အတွက် စိတ်မကောင်းစရာအခြေနေတွေကဆီးကြိုးလို့ ။ဘ၀ပေးအခြေနေချင်းက ခပ်ဆင်ဆင်မို့ သူ့ကို ညီလေးအရင်းလို ပိုခင်မိတယ် တစ်ခါတလေ စကားကိုချိုချိုသာသာမပြောတတ်တဲ့ ကျနော့်ကိုတော့ တစ်ဖက်က ဘယ်လိုမြင်နိုင်လဲဆိုတာတော့မသိပါဘူး ဒါပေမယ့် ကိုယ့်စိတ်ကိုယ်သိနေတယ် ကျနော်ဟာဒီနေ့အချိန်ထိသူများဒုက္ခရောက်မယ့်အဖြစ်မျိုး မလုပ်ခဲ့ဖူးဘူးဆိုတာပေါ့ ။

အဲ့နေ့မနက်က ပိတ်ရက်မှာ အားနေတဲ့ ကျနော်တို့၂ယောက် အခန်းသန့်ရှင်းရေးလုပ်နေရင်း “*** ရေ ငါတို့ရေချိုးခန်းဆေးရအောင် ” လို့ ဘဒက်တွေ ဆပ်ပြာရည်တွေကိုင်ပြီး ပြောလိုက်မိတဲ့ စကားတစ်ခွန်းဟာ သူ့အတွက် နားလည်မှုတွေ လွဲမှားလေသောအခါ နောက်ကျမှာ သိလိုက်၇တာက ကျနော်ဟာ သူ့ကိုအလုပ်သမားတစ်ယောက်လိုပြုမိပါတယ်လို့သူထင်သွားလေသောအခါ ကျနော့်ကို နှုတ်မဆက်ပဲ သူပြန်သွားလေသော အခါ ကျနော်အံ့သြမှင်တက်သွားမိပါတယ် ။ “ ငါဆိုလိုတာ အဲ့လိုမဟုတ်ပါဘူး ငါပြောလိုက်မိတာ အဲ့သဘောမပါပါဘူး အဲ့လိုကြီးဖြစ်သွားတယ်လား ဒါဆို ငါကတော်တော်မကောင်းတဲ့သူကြီးဖြစ်သွားတာပေါ့ အဲ့လိုအတွေးပေါင်းများစွာနဲ့ ကျနော်ဟာ ကျနော့်ကိုကျနော်မကျေနပ်ရင်း တော်တော်ကိုစိတ်မကောင်းဖြစ်မိပါတယ်။

တစ်ရုံးထဲ တူတူလုပ်နေကျတာမို့ ရုံးကအစ်ကို အစ်မတွေက စိတ်မဆိုးကြပါနဲ့ မကောင်းဘူး ဘာညာဆုံးမပေမယ့်လည်း စိတ်ထဲမပျောက်တာက သူ့ကိုမြင်တိုင်း ငါက လူဆိုး ဆိုတဲ့အတွေးးဝင်ရင်း စကားမပြောချင်တော့လောက်အောင်ဖြစ်မိပါတယ် ။ အတွေ့ကြုံတွေရလာတာနဲ့အမျှ ပေးဆပ်ခြင်းခပ်များများနဲ့ သိလာရတဲ့ သင်ခန်းစာတွေကတော့ ရင်ထဲကို ခပ်ပြင်းပြင်းလာလာဆောင့်လို့ပါပဲ ။ သူ့ကို အဲ့နေ့ကဖြစ်ပျက်ခဲ့ရခြင်းတွေအတွက် ကျနော့်စိတ်ရင်းအမှန်ကို ဘယ်တော့မှရှင်းပြဖြစ်မယ်မထင်ပါဘူး ကျနော် မှားလား???? နားလည်မှုတွေလွဲမှားလေသော အခါ ကျနော် စိတ်မကောင်းဖြစ်မိပါတယ်။

8 comments:

အုပ်ကြီး said...

နားလည်မှုဆိုတာရှိသလို
နားလည်မှုလွဲချော်တာတွေလည်းရှိကြပါတယ်ဗျာ ..
ကျွန်တော်လည်း ပြန်ရှင်းပြခဲတယ်ဗျာ ..

အိမ့်ချမ်းမြေ့ said...

တစ်ခါတစ်လေ ရှင်းရင်ပိုရှုပ်သွားတတ်တယ်..
မောင်မျိုးဆိုလိုတာကို.. တစ်နေ့သူသိမှာပါ...
အချို့ အခြေအနေဖြစ်ရပ်တွေကို အချိန်နဲ့ပဲ ဖြေရှင်းလိုက်ပါ မောင်လေးရေ...

အကွေးရီးယစ်တွေဟာ တယ်လီပသီနဲ့ပဲ ပြောကြတာပဲ ကောင်းမယ်ထင်တယ်နော်..

Anonymous said...

နားလည်မှု့ လွဲတာဟာ တခါတလေမှာ ဘ၀တခုလုံးပြောင်းလဲသွားတတ်တယ်။ ဒို့ ၇ဲ့ ကိုယ်တွေ့ မို့ ပါ။ ကိုက်ချင်းစာ နားလည်ပါတယ်။


မလေး

မိုးခါး said...

တအိမ်တည်း တူတူနေတဲ့သူတွေ အိမ်သန့်ရှင်းရေးလုပ်ကြတာ လုပ်ကြမယ်ပြောတာ အပြစ်လို့တော့ ငါမထင်ဘူး .. တယောက်လုပ်တာ မြင်ရင်တောင် နောက်တယောက်က ကူပေးရမှာလေ ..
နားလည်မှုလွှဲစရာလို့လည်း မမြင်မိပါဘူး
တယောက်နဲ့ တယောက် အတွေးတော့ မတူဘူးပေါ့ ..
တခုက သူ့စိတ်ထဲ တခုခု ခံစားနေရတုန်းမို့လည်း ဖြစ်နိုင်ပါတယ် ..
ရှင်းပြနိုင်ရင်တော့ ကောင်းတာပေါ့ .. အခြေအနေကလည်း ပေးဦးမှကိုး ..
ဘာပဲဖြစ်ဖြစ် စိတ်မညစ်နဲ့ .. ကိုယ့်စိတ်ထဲရှင်းနေဖို့ပဲ အရေးကြီးတယ် ..း)

နေသွေး(ဘရာဗို) said...

နားလည်မှူ လွဲသွားတာပါ။
အစ်ကို ပြောလိုက်တဲ့စကားကို သူက တစ်မျိုးနာလည်းသွားတာပါ။
သူ စိတ် နည်းနည်း မရင့်ကျက်တာလည်း ပါမှာပေါ့

နှစ်ယောက်စလုံး လူဆိုးမဟုတ်ပါဘူးး)

White Dream said...

ကိုယ့်ကိုယ်ကို သုံးသပ်တာ။ သတိထားတာဟာ အင်မတန်မှ ကောင်းတဲ့ အလုပ်ပါ။ ဆက်လုပ်နေစေချင်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို အမှားလုပ်မိသူလို့ ဆုံးဖြတ်တာကတော့ အမြဲတမ်းမှန်လိမ့်မယ် လို့ မထင်ပါ။(ပြန်ခါနီးမှာ ဆုံးမသလိုလို ဆရာလုပ်သလိုလို ဖြစ်သွားပြီ။ ၀ါသနာတူသူလို့သာ အောက်မေ့ပေရော့)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖြစ်တတ်ပါတယ် မောင်မျိုးရေ
ကိုယ်က ဘာသဘောမှမဟုတ်ပေမဲ့ နားထောင်တဲ့သူရဲ့ စိတ်ပေါ်မူတည်ပြီး ကိုယ်ပြောတဲ့စကားတွေက အဓိပ္ပါယ်ပြောင်းလဲသွားနိုင်ပါတယ်..
တစ်ဘက်လူရဲ့ စိတ်နဲ့လည်း သက်ဆိုင်ပါတယ်...
ကိုယ်တိုင်လည်း ဒီလိုအဖြစ်တွေ မကြာခန ကြုံခဲ့ဖူးပါတယ်..
ဒါကြောင့်လည်း ကိုယ်ချင်းစာပေးလို့ ရပါတယ်..

Unknown said...

this contact form cheap designer bags replica Full Report Dolabuy Bottega Veneta hop over to here Dolabuy YSL

LinkWithin

Related Posts Plugin for WordPress, Blogger...