Friday, April 30, 2010

ရွာက မင်္ဂလာဆောင်ပွဲလေး

ရွာက မင်္ဂလာဆောင်ပွဲလေး သူတို့တွေကတော့ ဟုတ်နေတာပါပဲ ယူလိုက်ကြတာ လွယ်နေကော ကိုယ့်မှာပါ ဟတ်ကော့ကြီး ကျန်ကျန်နေတာ နောက်ကားတွေ ကျော်ကျော်တက်ကုန်လို့ ရွာသွားလည်ရင်စကုန်ကြပြီး ။ တကယ်တော့လည်း ဘ၀နှစ်ခုပေါင်းစပ်ကြတာ အများကြီးစဉ်းစားနေဖို့တော့မလိုဘူးထင်တယ်နော့် ဟဲဟဲ အထာကြီးနဲ့ ပြောနေတာ တကယ့်ဆရာကြီးကျနေတာပဲ ။ ကောင်လေးက ကော်ခြံ (ရာဘာခြံ) လုပ်သားလေး ကောင်မလေးက အိမ်နားက ဈေးဆိုင်လေးတည်ထားတဲ့ အိမ်က သူ့အဖေကော အမေကောကကြောက်စရာကြီးတွေ အပေါက်ဆိုးလို့ ဒီကောင်မလေးကတော့ တော်တယ်ပြောရမယ် တော်တယ်ဆိုတာက ရွာမှာ အပျိုဖြစ်ရင် ဘုတ်ကြီးတွေက လာလာသုတ်သွားလို့ ဒီတစ်ယောက်ကတော့ ရွာက ကောင်လေးနဲ့ပဲ ညားသွားတာမို့ တော်တယ်ပြောတာပါ ဘုတ်ကြီးတွေဆိုတာက ရွာက တပ်နဲ့နီးတော့ တပ်က နိုင်ငံသူရဲကောင်းကြီးတွေက ရွာက ခလေးမလေးတွေ အချိန်မနှောင်ခင် ပါသွားမှာစိုးလို့ သူတို့က လာလာချိန်ပြီး ပစ်ပစ်သွားတဲ့ တည့်တည့်ပဲ Heart ကိုပြောတာပါ ။

မှတ်မိသေးတယ် အိမ်ခြေနည်းနည်းနဲ့ ခေတ်ပ်ျကရွာလေးမှာ ဒီအသိုက်လေးကတော့ မခွဲမခွာ ဆယ်တန်းဖြေထားပြီးတုန်းက ရွာမှာနွားသွားပြန်ကျောင်းဖြစ်တာ အဲ့ခလေး ၂ ယောက်လည်းပါတယ် ပေါက်စနလေးတွေပေါ့ တစ်ခါခါပျင်းရင် မြှောက်ပေးပြီး သူတို့ ၂ ယောက်ကို နပန်းလုံးခိုင်းတာ အယ် ခုတော့တကယ်နပန်းလုံးကြပြီး အယ်လေ ဟုတ်ပါဘူး တကယ်ယူဖြစ်သွားကြပြီပြောတား) ရွာမှ မနေဖြစ်ပေမယ့် အနေစိမ်းပေမယ့် ရွာကလူတွေကိုတော့ မိသားစုတွေလိုခင်ပါတယ် တစ်အိမ်မှာ ဘာဖြစ်ဖြစ်တစ်ရွာလုံးက သိပေါ့ ။တစ်ချို့လေးတွေ ယူပြီး ကွဲကြတာတွေ တွေ့တော့ စိတ်မကောင်းလို့ အဲ့နေ့က သူတို့လေးတွေကိုတော့ ဆရာကြီးလေသံနဲ့ ဆုံးမခဲ့တယ် “ ရန်မဖြစ်ကြနဲ့နော် သင့်၂မြတ်၂ နေကြ ” တကယ်ပါ ။ ချစ်ကြတဲ့သူတွေကို ဘယ်လိုနည်းနဲ့မှ မကွဲစေချင်ဘူး ။



ရွာစုတ်လေးဆိုတော့ ခလေးနဲ့ ခွေးတွေပေါတာပေါ့ ပြီးတော့ မွေးမြူရေးလုပ်ကြတော့ နွားချေး ကျွဲချေးတွေလည်းပေါတယ် သေချာကြည့်ကြည့် သတို့သမီးဘေးမှာ နွားချေးပုံကြီးက အယ်နေတာပဲ ။ရှားတာက ပိုက်ဆံ အဲ့မင်္ဂလာဆောင်တော့ လက်ဖွဲ့ဘယ်လောက်ရလဲတော့မသိ တစ်ရွာလုံးတော့ မီးခိုးတိတ်ပဲ လွှမ်းမိုးဆိုထားတဲ့ ကျနော်တို့ရပ်ကွက်ထဲမှာ ဒီလိုပဲပေါ့ ။ အမှတ်တရပါ ချစ်သောသူတွေ အားလုံး ပျော်မြူနိုင်ကြပါစေလို့ ဒီပို့စ်လေးနဲ့ အမှတ်တရ ။

6 comments:

ShwunMi- said...

ငါ မနက်ကပဲ အဲ့ဒီသီချင်း နားထောင်နေသေးတယ်..
http://www.youtube.com/watch?v=PTSX9CIskuA
နင်တောင်ရွာမှာ လူကြီးဖြစ်နေပြီပဲ =)
ချစ်သောသူတွေ အားလုံး ပျော်မြူနိုင်ကြပါစေလို့ နင့်ဆုတောင်းကိုပဲ ပြန်ဆုတောင်းလိုက်ပါတယ်

Mirror said...

ထင်တာ...နင့်ကိုတော့ အလွမ်းနာ ကိုက်နေပြီ။း)
ရေးခဲ့သမျှ..အလွမ်းချည်းပဲ။

အိမ့်ချမ်းမြေ့ said...

အစ်မ ဒီပိုစ်ကို အရမ်းကြိုက်တယ် မောင်မျိုးရယ်...

စကားမစပ်...
ညား သွားတာ.. မဟုတ်ဖူးလား..

မင့်စာလုံးပေါင်းက အစ်မထက်ဆိုးနေပါပေါ့လား..ဟင်

လင်းဒီပ said...

ြ့ဖည်းဖြည်းပေါ့ ညီလေးရာ...
နောက်ကားတွေ ကျော်သလို ရှေ့ကားတွေလည်း ရှေ့မှာ အများကြီး အများကြီး...

:P said...

စာရော ၊ ဓာတ်ပုံလေးရော ကြိုက်တယ်။
ရွှန်းမီပေးတဲ့ လင့်ကို ကြည့်နေတယ်။

မိုးယံ said...

ဟဲ့ မောင်မျိုး ဟိုဘက်ကကောင်မလေး(အစိမ်းနဲ့) နောက်ချေးပုံ နင်းမိတော့မယ်... နင်က လူချောပဲ အသားကလေးဖွေးလို့ ခင်ဖို့လည်း ကောင်းတယ်.. ခင်ဖွေး ... ခင်ဖွေး... ဟာ ဒါဂျီးက မိန်းန နံမည်ကြီး ဒီတော့ ခင်ဖွေး မလုပ်နဲ့ ကွာ.. ပြောင်းပြန်လုပ်လိုက် ... (အကြည်တော့်စကားယူ သုံးတာ)

LinkWithin

Related Posts Plugin for WordPress, Blogger...