Tuesday, March 29, 2016

ကျနော် မင်းသမီးကို မြေအောက်ရထားပေါ်မှာတွေ့တယ်ဗျ




ထိုင်းနိုင်ငံရဲ့ ဘုရားတစ်ဆူကဲ့သို့ရိုသေလေးမြတ်ခြင်းခံရသော ဘုရင်မင်းမြတ်ကြီးရဲ့ သားတော်သမီးတော်၎ပါးထဲက  သမီးတော်တစ်ပါ ။  မြန်မာတွေ  အသိများတဲ့  သီရိဒုံမင်းသမီး  ရဲ့  ဖခမည်းတော်ကြီးကဲ့သို့  နှိမ်ချတတ်ခြင်း    ပြည်သူတွေနဲ့တစ်သားတည်းကဲ့သို့ မော်ဝံ့ကြွားခြင်းမရှိခြင်းတွေကပဲ သူ့ကို ပြည်သူတွေရဲ့  နှလုံးသားထဲဝင်ရောက်စေတော့တာပါ     ။ မင်းသမီးဟာ   သက်တော်  ၆၀  ရှိပြီး ဖခင်ဘုရင်ကြီးနဲ့စိတ်နှလုံးချင်းတူပြီး  ဘွားတော်ရဲ့  ချစ်ခင်အလေးပေးခြင်းကို  အခံရဆုံးမင်းသမီးတစ်ပါးပါ  ။  အိမ်ရှေ့မင်းသားကဲ့သို့ ဘွဲ့တော်သတ်မှတ်ပေးခြင်းလည်း ခံရသောမင်းသမီးပါ   မင်းသမီးသုံးပါး အနက်  သူမတစ်ဦးတည်း ယခုကဲ့သို့သတ်မှတ်ခြင်းခံရတာကတော့    အရပ်သားစကားနဲ့ပြောရရင်တော့  အပျိုကြီးဖြစ်နေပြီး  နာမည်ပျက်လုံးဝမရှိတာကလည်း အကြောင်းရင်းတစ်ရပ်ပါ ။    အခု   ရေးပြချင်တဲ့အကြောင်းရာလေးကတော့  ထိုင်းပြည်သူတစ်ယောက်  က မင်းသမီးကို ရထားပေါ်မှာ  အမှတ်မထင်ဆုံတဲ့အကြောင်း  ရေးထားတဲ့ပို့စ်လေးက   မိနစ်ပိုင်းအတွင်း ထိုင်းပြည်သူတွေကြား  Share ကြ  ချီးကျူးကြတာလေးပါ  ။  သူလို အရပ်သားက မင်းသမီးကို လူအများစီး ရထားပေါ်မှာ  ဘာအဆောင်ယောင်မှမပါ  သက်တော်စောင့်တွေအများကြီးနဲ့မဟုတ်ပဲ သာမန်အရပ်သူလို မြင်တွေရတာ  တကယ်ကိုကြက်သီးထစရာဖြစ်ရပ်ပါပဲ 




************************************

ကျနော် မင်းသမီးကို  မြေအောက်ရထားပေါ်မှာတွေ့တယ်ဗျ  ။ 


အကြောင်းအတိုတိုလေး  ပုံလေးကလည်း မသဲမကွဲလေးပါပဲ  ဒါပေမယ့် ထိုင်းနိုင်ငံသူနိုင်ငံသားတွေ အချိန်တိုအတွင်း ဆိုရှယ်နက်ဝါ့ခ်ပေါ်မှာ  ချီးကျူးထောပနာပြုကြတဲ့အကြောင်းလေးပါ  ။ ထိုင်းနိုင်ငံသားတစ်ဦး က    ဘုန်းတော်ကြီးမြတ်လှတဲ့ မင်းသမီးကို မြေအောက်ရထားမှာ ဆုံတွေ့ရတဲ့အကြောင်းကတော့ ယုံကြည်နိုင်ဖွယ်တောင်မရှိပါဘူး ။ 

သိပ်မကြာခင်အချိန်တွေင်းမှာပဲခင်ဗျ   ဘန်ကောက်ကနေ   အလုပ်ကိစ်စ်နဲ့ ဟွန်လဖုန်ကိုသွားဖို့ ကျနော်ရထားစီးသွားပါတယ်   အဲ့ဒီအချိန်မှာပဲ  အမျိုးသမီးတစ်ဦး   စူထိဆန် ဘူတာမှာတက်လာတယ် ဦးထုပ်လေးစောင်းလို့   ကျနော်ထိုင်နေတဲ့ရှေ့တည့်တည့်ကိုဝင်လာတယ်  ကျနော်လည်း  ထရပ်ပေးလိုက်တယ်  ဘာကြောင့်လည်းဆိုတော့ အကျင့်လိုဖြစ်နေတာကြောင့်ပါ  အမျိုးသမီးက  ကျနော်ထပေးတဲ့နေရာမှာ ၀င်ထိုင်ပါတယ်  ပြီးတော့ ကျနော့်ကိုမေးတယ်  **   ပစ်စည်းကူသယ်ပေးရအုံးမလားရှင့် ** ကျနော့်လက်ထဲမှာကလည်း အထုပ် ၂-၃ ထုပ်လောက်ဖြစ်နေတာဆိုတော့  အထုပ်ပေးလိုက်မိတယ်။ ဒါပေမယ့်  အမျိုးသားတစ်ဦးက ကျနော်ပေးတဲ့အထုပ်ကို  လှမ်းပြီး သယ်လိုက်ပါတယ်  ကျနော်လည်း  အဲ့အမျိုသားကိုကြည့်လိုက်တော့ ကျနော့်ကိုပြူံးပြပါတယ်  ပြီးတော့ရယ်နေတယ် ကျနော်လည်းကြောင်တောင်တောင်ဖြစ်သွားတယ် ။  စိတ်ထဲထင်လိုက်တာက  ခုနက အမျိုးသမီးရဲ့   မောင် ဒါမှမဟုတ်  ဆွေမျိုးသားချင်းတစ်ဦးဦးပေါ့   ကျနော် အမျိုးသမီးဆီကို အကြည့်ထပ်ရောက်သွားတယ်ခင်ဗျ.။  ဘုရားရေ   ဘယ်နှစ်ခေါက်ပဲထပ်ကြည့်ကြည့်  ဘုန်းတော်ကြီးမြတ်လှတဲ့ မင်းသမီးဖြစ်နေတော့တာ   မင်းသမီးက  ကမန်းကတန်း လက်ကလေးနဲ့ ပါးစပ်ကိုတေ့ပြီး  တိတ်တိတ်ကလေးနေဖို့အချက်ပြတယ်  ပြီးတော့ ကျနော့်ကိုပြောတယ် ** ရှူး....တိုးတိုး  ဟန်မပျက်နေထား အမူအယာပျက်ယွင်းသလိုမလုပ်နဲ့နော်  **

ကျနော်လည်း  အသဲနှလုံးကြွေသွားသလိုကိုဖြစ်လို့  ။ စောနက အစ်ကိုက( နားလည်လိုက်တာ   မင်းမှူထမ်းတစ်ဦးဦီးပဲဖြစ်မှာပါ  )  ။ ကိုယ့်ကိုယ်ကို မင်းသမီးကို  အရိုသေပေးဖို့ အနေထားယူလိုက်ပါတယ်   သိပ်နှမြောဖို့ကောင်းတာက  အခွင့်ရေးမရလိုက်ဘူးဗျာ  ပြီးတော့   မင်းသမီးနဲ့ဓာတ်ပုံလေးတစ်ပုံတောင်တွဲရိုက်ခွင့်မ၇လိုက်တာပါပဲ ။  ဒါပေမယ့် ကိုယ့်ပါသာပြန်နားလည်ပေးလိုက်တယ်   တကယ်လို့ ကျနော်က  ဟန်ပျက်ပြီး ရှစ်ခိုးမိ  ပူံရိုက်မိ၇င် တစ်ခြားသူတွေလည်းသတိထားမိသွားမယ် သူတို့လည်းပုံတွေရိုက်ချင်လိမ့်မယ်  မင်းသမီးလည်း သူ့ရဲ့ ကိုယ်ပိုင်အချိန်ကို လိုချင်မိမှာပဲလေ ။

ဒီဖြစ်ရပ်ကလေး ကျနော့်ဘ၀မှာတစ်ကြိမ်တည်းသော  ဘုန်းတော်ကြီးမြတ်လှတဲ့ မင်းသမီးကိုဖူးခွင့်ရလိုက်တာပါ ကျေးဇူးတော်ကြီးမြတ်လှတဲ့   ဖြစ်ရပ်လေးပါ ။     ဒီလိုဖြစ်ရပ်ကောင်းကောင်းလေးတွေကို ပြန်လည်ပြီး  မျှဝေလိုက်ရပါတယ်ဗျာာ   မင်းသမီး သက်တော်ရာကျော်ရှည်ပါစေကြောင်း ပူဇော်ပသလိုက်ရပါတယ်။


Credit Link 
https://www.facebook.com/permalink.php?story_fbid=1588868568104888&id=100009452796171&pnref=story

1 comment:

Aunty Tint said...

လူသားထဲကလူသားတစ်ယောက်ဆိုတာ မမေ့စေဘို့ သတိပေးလိုက်တဲ့ ပို့စ်ကောင်းလေးတစ်ပုဒ်ပါ မောင်မျိုးရေ။

TTT ^_^

LinkWithin

Related Posts Plugin for WordPress, Blogger...