တစ်ခါခါတော့ ဘ၀မှာ လူတွေမသိစေချင်သော အကြောင်းရာတွေကို စာအဖြစ်ဖန်တီးချင်မိတယ်။ ဟုတ်တယ် ဒီနေရာက အေးအေး ချမ်းချမ်းရှိတယ် ။ တိတ်ဆိတ်တယ် ချောက်မတွန်းဘူး သူစိမ်းမဆန်ဘူး။
တစ်ချို့ကတော့ပြောတယ် လူကြီးဆန်လာတယ်တဲ့ ( လူကြီးဆန်ဆို အသက်ကလည်း ၃၀ကျော် လေ)။ဟန်မဆောင်တတ်ပေမယ့်လည်း တစ်ချို့ကိစ်စတွေကိုတော့မသိဟန်ဆောင်တတ်လာတယ် ဒါဟာလည်း သက်သာရာတရားရနည်းတစ်မျိုးပဲ ။
တစ်ချို့ သေဖော်သေဖက် ၊ ရောင်းရင်းမိတ်ဆွေ ၊ သူငယ်ချင်းစစ်ကြီးတွေဆိုတာလည်း ခေတ်မှီတဲ့အွန်လိုင်းခေတ်ကြီးမှာတော့ အစိမ်းကလေးပြနေရုံကလွဲပြီး နေကောင်းရဲ့လားလို့တောင် သာကြောင်းမာကြောင်းမမေးဖြစ်တော့တဲ့အထိ ။ ကိုယ်ဟာ အရင်ကတည်းက လောကွတ်သိပ်လုပ်တတ်သလားမသိတော့ပါဘူး
ဆုံစည်းခဲ့ကြသူတစ်ချို့ဟာ ကိုယ့်ဘ၀ထဲက ရှင်လျှက်သေဆုံးသွားကြသူများပါပဲ ။ မလေး အိမ့်ချမ်းမြေ့ကတော့ပြောဖူးတယ် လူတွေဆီက အများကြီး မမျှော်လင့်နဲ့တဲ့ ။
( ပူပူလောင်လောင် ဖေ့ဘွတ် ကနေ ဒီနေရာမှာ အေးအေးငြိမ်ငြိမ်လေး ခဏလာပြန်ထိုင်ရင်း စာရေးချင်စိတ်ကို အသက်ပြန်သွင်းနေလေရဲ့ )
ဘယ်သူမှမဖတ်လည်း ကျနော့်ဘလော့ တစ်ပါတ်တစ်ခါလောက် ကျနော်ရောက်ဖြစ်ပါတယ် ။ပြီးတော့ အိမ်လည် လည်း တိတ်တိတ်ကလေးထွက်ဖြစ်ပါတယ်
3 comments:
မဖတ်ဘူးလို့ မထင်လေနဲ့မောင်မျိုးရေ ... အချိန်ရတိုင်း ဘလော့စာမျက်နှာတွေကို လာလာချောင်းတဲ့သူရှိနေပါတယ် ^_^
ဖတ်ပါတယ် ရေးပါ...း)
visit this website 7a replica bags wholesale click for more info aaa replica bags site here bags replica ysl
Post a Comment