ဒီအကြောင်းကတော့ ဖဘ မှာ တစ်ကြောင်းတစ်စ ရေးပြီးလို့ တော်တော်များများလည်းသိပြီးကြပါပြီ မိတ်ဆွေတစ်ချို့ က ရေးပါအုံးဆိုတာနဲ့ ကျောင်းဆရာဘ၀ အတွေ့အကြုံလေး ရေးလိုက်ပါတယ်း)
ဒီအကြောင်းရေးမယ်ဆိုရင် ကျေးဇူးတင်ရမယ့် သူတွေကလည်းတော်တော်များသား ဘန်ကောက်မှာ ကျောင်းတက်နေတဲ့ အသိ အစ်ကိုရယ် ညီမလေးတွေရယ်က တစ်ဆင့် ဒီအလုပ်အဆက်သွယ်ရလိုက်တာပါ သူတို့်ကိုလည်း တကယ်ကိုကျေးဇူးတင်တယ် ပြီးတော့ အွန်လိုင်းက ချစ်ရတဲ့ သူတွေ ဆြာဟန် နဲ့ မမေး) ဆြာက ပြောတယ် မောင်မျိုးရယ် သူများကို ဆရာလုပ်ရတဲ့ အလုပ်လောက် ဘာကောင်းတာရှိအုံးမလဲတဲ့ ဟုတ်သား ခုမှ ကောင်းမှန်းသိတယ်ဗျာ မမေကတော့ လိုအပ်မယ်ထင်တဲ့ စာတွေကော အွန်လိုင်းကနေပါ အကြံညဏ်တွေပေးတာ ကျနော်သိပ်ကံကောင်းတာပဲ ကျနော့်မှာ ဒီလိုမိတ်ဆွေတွေရှိနေတာ ကျေးဇူး ဆြာ နဲ့ မမေ ။
တကယ်တော့ ကျနော်က စာသင်နည်းနဲ့ ပက်သက်လို့ ဘာမှမသိတဲ့ကောင်ပါ အငယ်က တူတွေကို စာပြရင်တောင် တစ်လုံးသင်လိုက် တစ်ချက်ထုလိုက်လူစားမျိုးမို့ အစ်မကတော်ပါေံတာ့ မသင်ပါရစေနဲ့ အပြင်ကျူရှင်ပဲ အပ်တော့မယ်လို့ပြောရတဲ့အဖြစ် ။ အခု သင်ရမှာက ထိုင်းတွေကို မြန်မာစာ စကားသင်ရမယ့်အလုပ်ပါ ကိုယ့်လောက် စာလုံးပေါင်းမှားတဲ့သူကလည်း ဘလော့ရပ်ဝန်းမှာ ခပ်ရှားရှားရယ် ရှိတော့ရှိပါတယ် ဘူလဲလို့မပြောဘူးး)
လူများများရှေ့ထွက်ရရင် ကြောက်တတ်တဲ့ကောင် ခုလို သူများကို စာသင်ပြဖို့ဆိုတော့ ပိုဆိုးပေါ့ ဒါပေမယ့် လူဆိုတာမျိုးကလည်း ဘေးကြပ်နံကြပ်ဖြစ်တဲ့အခါမျိုးမှာ ထွက်ပေါက်က ဒါပဲရှိရင် ဒါကိုပဲ လုပ်ရဲလိုက်ကြရတာပဲမှတ်လား အင်တာဗျူးမသွားခင် သိထားတာက တစ်နေ့ကို ၁ နာရီ ဒါပေမယ့် တကယ်သင်ရတာက ၃ နာရီ ။ ၃ နာရီကြီးတောင် ငါဘာတွေပြောရမှာပါလိမ့်လိုလည်းဖြစ်မိတဲ့ စိတ် ပေးတဲ့ လုပ်အားခကလည်း ကိုယ်တစ်ခါမှ မရဖူးတဲ့လစာမျိုး အလုပ်ထွက်ထားပြီး ယောင်ခြောက်ဆယ်ဖြစ်နေတဲ့ကျနော် ဒါကိုလုပ်ဖို့အားတင်းလိုက်တယ် သင်ခန်းစာအတွက် ညီမလေးတွေနဲ့ နာရီ ၅၀ စာ စာတွေလုပ်ကြရသလို မှန်ထဲမှာလည်း စာသင်ပုံသင်နည်းတွေ ကျင့်ရသေးတယ် သွားသင်မယ့်နေ့အထိ ရင်ကတထိတ်ထိတ် ကိုယ်တာဝန်ယူ သင်ရမယ့်သူတွေက ယူနီဗာစတီက ၀န်ထမ်းတွေ အမေတို့အရွယ်ကနေ စပြီး အငယ်ဆုံး ကိုယ့်အရွယ်လောက်အထိ ပါတယ် စုစုပေါင်း အယောက်၂၀ ။
တပည့်တွေရဲ့ အိမ်စာ
ပထမ နေ့မှာ မိတ်ဆက် က ကြီး ကခွေ အရေးအဖတ်နဲ့ မင်္ဂလာပါ နှုတ်ဆက်ခြင်း တစ်ခြား မေးမြန်းခြင်းလေးတွေသင်တယ် အသံထွက်တွေကို ပီ အောင်ပြောရတာနဲ့ အချိန်က ကုန်လွယ်သား သရ တွေ သင်ရတဲ့အခါမှာတော့ သူတို့တွေ တော်တော် စိတ်ညစ်ကြတယ် ကိုယ်ကောပဲ ဘယ်တုန်းကမှာ မြန်မာစာကို ဒီလောက်ကျယ်ပြန့်မှန်း နားမလည်ခဲ့ဘူး ဒါ ကပထမဆုံးအကြိမ်ပဲ မမေ ကို ( သဝေထိုး ၊ ဟက်ထိုး ၊ အောက်ကမြင့်)ေ တွက အဲ့တာ သရတွေလားလို့ မေးရတဲ့အဖြစ်း) ထိုင်းမှာကျ သရ သပ်သပ်ခွဲထားပြီးသား သင်၇တာလွယ်တယ် တစ်နေ့တာ သင်ခန်းစာအတွက် ကြိုတင်ပြင်ဆင်ရတယ် စာအုပ်ထဲက အတိုင်းမသွားပဲ ချက်ချင်း အခြေနေကို ပြောင်းလဲပစ်လိုက်ရတဲ့ အနေထားတွေလည်းရှိခဲ့တယ် ကဗျာလေးတွေရွတ်လိုက်ရတာမျိုး ဂဏန်းအရေအတွက်တွေ သင်လိုက်ရတာမျိုးက ငြီးငွေ့နေတဲ့ အနေထားတွေကို ပြောင်းလဲပစ်လိုက်ရတာပေါ့ ။
၃ ရက်လောက်နေတော့ ကိုယ်တော်တော်ကျင့်သားရလာတယ် ကျောင်းသားတွေနဲ့လည်းခင်လာတယ် သင်ခန်းစာ ခဏရပ်တုန်း သူတို့သိချင်တဲ့ အကြောင်းအရာကို ကိုယ်က ရှင်းပြရတဲ့အခါတွေမှာတော့ အချိန် ၃ နာရီက ခနလေးလိုပါပဲ သူတို့က ဆင်ခြေပေးသား ကျောင်းသားတွေမဟုတ်ဘူး အသက်ကကြီးလာကြပြီမို့ တစ်ခါတည်း အများကြီးမသင်ပါနဲ့ မမှတ်နိုင်ဘူးတဲ့း) တစ်ချို့ကလည်း ခုထိရက်ပျက်မရှိပဲ နေ့တိုင်းလာတဲ့သူတွေရှိတယ် စာတွေလည်း သေသေချာချာ လိုက်မှာကြတာ သတိထားမိတယ် သင်ခန်းစာအပြင် ကြားဖြတ်မေးခွန်းလေးတွေအတွက်တော့ ကိုယ်က အကြပ်ရိုက်တာတွေတော့ရှိတာပေါ့ ။ဒါပေမယ့် ဘာသာစကား ကျွမ်းကျင်မှုလေးကတော့ အတိုင်းတာတစ်ခုလောက်အထိ အထောက်အကူဖြစ်သေသား ဥပမာ သောကြနေ့နံ ပူးကောင်လေးကို ကိုယ်က ချက်ချင်းစဉ်းစားမထွက်တဲ့အခါ ကြွက်လိုပဲလေ ဒါပေမယ့် သူက အမြှီးမပါဘူး ၊ ဂဌုန်က ထိုင်းနိုင်ငံ တံဆိပ်တုံးတွေထုတဲ့ဆီမှာ သုံးတဲ့ အကောင်လို့ အဲ့လို အနီးစပ်ဆုံးရှင်းပြတဲ့အခါတွေမှာကျတော့ နှစ်ဘက်စလုံးအဆင်ပြေသွားကြတာပေါ့ ။
မောင်မျိုး ရှိရင်တော့ အလွဲကတော့ ရှိနေမှာပဲလေး) စာလုံးပေါင်းတွေ ပေါင်းတက်လာကြတဲ့အခါမှာ ကိုယ်က အသံအတိုရှည်လေးတွေ ပြောပြလာနိုင်တယ် (း) ၀က်စာပေါက် ပါတဲ့အသံ အောက်ကမြင့်ပါတဲ့ အသံပေါ့ တစ်နေ့တော့ အစ်မတစ်ယောက်က မေးလာတာကို ကိုယ်က လိုချင်တယ် လို့ပြောရတယ်ဆိုပြီး သင်ပြတယ် အသံထွက် အဲ့တာသူက လိုချင်တယ်မဟုတ်ပဲ ၀က်စာပေါက် ပါတဲ့အသံကြီးနဲ့ ဆိုကော နောက်လူတွေကလည်း လိုက်ဆိုတာ ပြီးတော့ ဈေးဝယ်ရင် ဒါ ---ချင်တယ်လို့ပြောရမှာပေါ့နော်ဆရာ တဲ့ ငါတော့ ကားပြီ ကိုယ်မပြင်ရင် သူတို့ဒီတိုင်းကြီးကို မှတ်လိုက်ကြတော့မှာ ပြသနာကတက်မှာ အမှားကို အမှန်ထင်နေတာဆိုတော့ ဖြေရှင်းရတယ် အိုကေ ခဏလေး (း) ၀က်စာပေါက် အသံလုံးဝထည့်မဖတ်ပါနဲ့ လုံးဝမရပါဘူးဆိုပြီးပြောတော့ ဘာလို့မရတာလည်းဆိုတာ ပြောပြပါတဲ့ ကိုယ်လည်း ရှက်လာကော ( ငါဘယ်လိုလုပ်ရပါ့နော် ) အတင်းမေးလေ ကိုယ်လည်း မျက်နှာကရဲလာလေ နောက်ဆုံးတော့ အိုကေ ပြောပြမယ်ဆိုပြီး အသံထွက်ကော စာလုံးပေါင်းကော ပြီးတော့ အင်္ဂလိပ်လို ဆိုလိုရင်းပါ ရေးပြလိုက်တော့ သူတို့လည်း သြော် အဲ့တာလား ဒါကြောင့် ဆရာမျက်နှာရဲနေတာကိုးတဲ့ ဟဟား ။
နေ့တွေ ရက်တွေ လတွေ သင်တဲ့ အခါမှာ သူတို့စိတ်ဝင်စားကြတယ် ငွေအရေအတွက်ဆို သူတို့တော်တော်ရကြပြီ သူတို့စိတ်ဝင်စားတာဆို ခနလေးရကြတယ် လူကြီးတွေဆိုတော့ တန်ပြန်မေးခွန်းတွေကတော့များတယ် အရောင်တွေသင်ရင်း အရောင်ကြည်ကြည် ဆို ဘယ်လိုပြောလဲ အရောင်နောက်နောက်ဆို ဘယ်လိုပြောလဲဆိုတဲ့ မေးခွန်းတွေပါသလို သင်ခန်းစာတစ်နေ့တာက နေသွေဖယ်ပြီး တစ်ခြားအကြောင်းရာတွေလည်းရောက်ရောက်သွားတာတွေရှိတယ် ဘာပဲဖြစ်ဖြစ် ကိုယ့်မိခင်ဘာသာစကားကို တစ်ခြားလူမျိုးက လေးလေးစားစား သင်ယူနေတာ ကိုယ့်အတွက်တော့ ဂုဏ်ယူစရာပါပဲ။ သင်ပေးရင်းလည်း သင်ခန်းစာအပြင် အခြားအကြောင်းရာတွေ အများကြီး ထပ်ပြောပြဖြစ်တယ် အရင်ကြုံတွေ့ခဲ့ရတဲ့ ထိုင်းလူမျိုးတွေနဲ့ဆက်ဆံရေးလိုမဟုတ်ပဲ အစိုးရဌာနတွေက မျက်နှာ ၈ ခေါက်ချိုးနဲ့ လူတွေလိုမဟုတ်ပဲ ကိုယ့်ကိုယ် ကောင်း၂မွန်၂ နဲ့ဆက်ဆံကြတာ မြင်ရတော့ ၀မ်းသာမိတာ အမှန်ပဲ ငွေအခက်ခဲဖြစ်နေလို့ဝင်လုပ်လိုက်၇ပေမယ့် ခုသိလိုက်တာ ဒီအတွေ့အကြုံမျိုးက ငွေပေးလို့တောင် မရနိုင်ဘူးဆိုတာပါပဲ ကိုယ့်ရွေးချယ်မှုအတွက် ဒီတစ်ခါတော့ ကိုယ်တိုင် ကျေနပ်မိပါရဲ့ ... ။
ဆက်ပါအုံးမယ် ဇတ်သိမ်းပိုင်းး)
ဒါက ဆရာပွားး)
11 comments:
နိုင်ငံခြားသားအများစုက အဲဒီ ၀စ္စပေါက်ပါတာနဲ့ မပါတာ သိပ်မကွဲဘူး။ သူတို့ နားထဲမှာ ကြားနေတာလဲ ၀စ္စပေါက်ပါတာနဲ့မပါတာ အသံအတူတူဘဲတဲ့။ ပြောလေ့ပစေ အဲဒီလို အသံမျိုးနဲ့ အားရပါးရး)
မောင်မျိုးရေ
ကြိုးစားထား ဆရာဟန်ပြောသလိုဘဲ ..ဆရာလုပ်ရတာလောက်
ကောင်းတာ မရှိဘူး...ကျမဆို ဆရာလုပ်ချင်တာအရမ်းဘဲ
ကိုယ်ကဘဲ အသုံးမကျလို့လား မသိပါဘူး..
တပည့်ဆို တယောက်မှကိုမရှိဘူး...
ဆက်ပါဦး ဆရာပွား အဲ ဆရာမျိုးရေ...မြန်မာဘာသာကို နိုင်ငံခြားသားတွေ သင်တော့ ကြုံတွေ့ ရတာတွေက စိတ်ဝင်စားဖို့ ကောင်းသား...
ထိုင်းတွေကိုမြန်မာစာသင်ပေးနေတယ်ဆိုတော့ နန်းတို့ကိုလဲထိုင်းစာ/ စကား သင်ပေးပါလားကိုမျိုး။
ဘာသာစကား သင်ရတာလောက် အတွေ့အကြုံတွေ အများကြီးရတာ၊ ကြိုတင်မှန်းထားလို့မရတဲ့ အဖြစ်တွေ ကြုံရတာမျိုး မရှိဘူး..၊ ဘာသာစကားသင်တာက စာသင်ကြားခြင်း တွေထဲမှာ အရမ်းစိတ်ဝင်စားဖို့ ကောင်းတဲ့ သင်ကြားမှုပါပဲ...၊ ဇတ်သိမ်းပိုင်း ဆက်ပါဦး ညီရေ..။
အခုထဲက ဘွတ်ကင်လုပ်ထားမယ် မောင်မျိုး မြန်မာပြည် ဘယ်တော့ပြန်လာမလဲ? ထိုင်းစာသင်ချင်လို့ ... :P
ဆရာမျိုး ... စခေါ်ပြီနော် ညင်းလို့ရတော့ဘူး ... :)
ကောင်းတဲ့အလုပ်ပါ မောင်မျိုးရေ.. အားပေးတယ်။
တီတင့်ရဲ့သားနှစ်ယောက်ကို ကိုယ်တိုင်စာမသင်ခဲ့ဘူး။ စိတ်မရှည်လို့ ဟာဟ။
BPP Challenge !!!!
သူကြီး... မပြင်ပေးပဲ ပေးပြောထားရင် သူတို့တကယ်သုံးတဲ့အခါကျတော့ ပြသနာတက်မှာပေါ့ဗျး)
ပစ်ပစ်.. ကျနော်လည်း ဒါ ပထမဆုံးပဲ လုပ်ဖူးတာ အရင်ကဆိုကြောက်နေတာ ။
ဆန်းထွန်း...ဟုတ်ကဲ့ ရေးမယ်လေ အရှိန်က ယူရင်း ပြန်ပြန်ကျသွားတာ
နန်းရွှေမှုံ.... ဟုတ် ဖေ့ဘွတ်က ပေ့စ်တစ်ခုမှာတော့ ကျနော် ထိုင်းစာတွေတင်ပေးနေတယ်ဗျ .
ကိုညီ.. ဟုတ်တယ် တန်ပြန်မေးခွန်းတွေ တစ်ချို့ဆို လန့်စရာ ချက်ချင်းစဉ်းစားလို့မထွက်လို့လေ ညီ့ရွေးချယ်မှုအတွက် ဒီတစ်ခါတော့ ပျော်တယ် အစ်ကို ။
တီတင့်... ဟုတ် သင်ပေးမယ် ဆရာလုပ်ရတာပျော်စရား)
သူကြိး...ရေးမယ်ရေးမယ်း)
မင်္ဂလာပါ ဆရာလေး
မင်္ဂလာပါဆရာ...
ဆရာအလုပ်က အရမ်းငြိမ်းချမ်းပါတယ် မောင်မျိုးရေ...
ဒီအလုပ်ကလေးနဲ့ အမြဲအဆင်ပြေဖြစ်နေပါစေလို့ ဆုတောင်းပေးပါတယ်...
တချို့ စကားလုံးလေးတွေ ရှင်းပြရတာခက်ရင် slides လေးနဲ့ ပုံလေးတွေနဲ့  သင်ကြည့်ပါလားဟင်... ဟိုတလောက လုပ်တဲ့ ယဉ်ကျေးလိမ္မာသင်တန်းမှာ ပုံလေးတွေနဲ့ သင်တာ ကလေးတွေပိုမှတ်နိုင်တယ် သိလား...
အကို့ရဲ့ ဖေ့ဘုတ်ပေ့ခ်ျ လိပ်စာမသိရဘူးလားအကို။ နန်းသိချင်ပါတယ်။
Post a Comment